ရှင်ငြိမ်း ဆိုင်ပိတ်ရန် ပြင်နေကာ ခုံများကို နေရာတကျ ပြန်စီနေလိုက်သည်။
ဝန်ထမ်းတွေရှိပေမယ့် သူတို့အိမ်ပြန်နောက်ကျမှာစိုးတာကြောင့် ဆိုင်စဖွင့်ကတည်း ဆိုင်ပိတ်ရင်တော့ ရှင်ငြိမ်းတစ်ယောက်တည်းသာပိတ်၏။
ထိုစဉ်မှာပင် ဆိုင်ရှေ့မှ ဆိုင်ကယ်ထိုးရပ်သံ ကြားလိုက်ရကာ လှည့်ကြည့်စရာပင် မလိုဘဲ ဘယ်သူလဲဆိုတာ သိလိုက်၏။
"ဆိုင်ပိတ်ပြီ ... မနက်ဖြန်မှ လာခဲ့တော့။"
ရှင်ငြိမ်းက သူ့ကို ကျောခိုင်းထားရင်းကပင် ခုံတစ်လုံးကို မ,ကာ နေရာရွှေ့ရန် ပြင်လိုက်သည်။ သို့သော် ခုံကို သူမ မ, မ ခင်မှာပင် နောက်ကျောဘက်မှ သူက လှမ်းယူကာ နေရာချပေးလိုက်သည်။
"ဖယ်... မမ ပင်ပန်းနေပြီမလား။ ကျွန်တော် လုပ်ပေးမယ်။"
"မလိုပါဘူး ... တို့ဘာသာ လုပ်နိုင်တယ်။ မင်း ပြန်တော့လို့ တို့ပြောထားတယ်လေ။"
ရှင်ငြိမ်း အနည်းငယ် အသံမာမာဖြင့် ပြောလိုက်ရင်း သူကိုင်ထားသော ခုံကို ပြန်ဆွဲယူရန် ကြိုးစားလိုက်သည်။ သို့သော် သူက လွှတ်မပေးဘဲ ရှင်ငြိမ်းဆီသို့ တိုးကပ်လာ၏။ သူ့အရပ်က ရှင်ငြိမ်းထက် ခေါင်းတစ်လုံးစာလောက် ပိုရှည်သဖြင့် ရှင်ငြိမ်း မော့ကြည့်လိုက်ရသည်။
"ကျစ်... မမက ဘာလို့ ဒီလောက် ခေါင်းမာရတာလဲ။ ကျွန်တော် လုပ်ပေးမယ်ဆို လုပ်ပေးမယ်ပေါ့ဗျာ။ အဲ့ဒီလောက်တောင် ကျွန်တော့်ကို အနားအကပ် မခံချင်တာလား။"
"ဟင်း... တို့ တကယ် ပင်ပန်းနေပြီ။ စကားများဖို့ အချိန်မရှိဘူး။"
"ကျစ် ... မမ မမိုက်ဘူးဗျာ။ ဟိုလူကဖြင့် တခြားမိန်းမတစ်ယောက်နဲ့ ပျော်ချင်ပျော်နေလောက်ပြီ။ အဲ့ဒါကို မမက ဘာကိစ္စ အဲ့ဒီလူကို မမေ့နိုင်သေးရတာလဲ။"
"စစ်မက်ရှင် "
သူမ မျက်နှာလေးက စိတ်တိုနေတဲ့ပုံစံလေးဖြစ်သွားတော့ စစ်မက်ရှင် သက်ပြင်းတစ်ချက်ချလိုက်ကာ သူမ ပခုံးလေးအား ဆုပ်ကိုင်လိုက်ပြီး သူမ မျက်လုံးတွေနှင့် အကြည့်ချင်းဆုံစေလိုက်သည်။
"ကျွန်တော့်ကို ကြည့်ပါ မမ... မမမှာ ခင်ပွန်းဟောင်း ရှိခဲ့တယ်ဆိုတာလည်း ကျွန်တော် ဂရုမစိုက်ဘူး။ မမက ကျွန်တော့်ထက် အသက်ကြီးတယ် ဆိုတာလည်း ဂရုမစိုက်ဘူး။ ဘာကိုမှ ဂရုမစိုက်ဘူး သိလား။ ကျွန်တော် သိတာက မမကို သဘောကျတယ် မမကို ကာကွယ်ပေးချင်တယ်။ ကျွန်တော် တစ်ခါမှ မြင်တောင်မမြင်ဖူးတဲ့ ဟိုဘိုးတော်ထက်တော့ ကျွန်တော်က မမကို အဆပေါင်းများစွာ ပိုချစ်ပေးနိုင်တယ်။"
"..."
ရှင်ငြိမ်း သူ့လက်တွေကို အသာ ဖယ်လိုက်ပြီး နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။
"မင်းက ငယ်ပါသေးတယ်...။ အချစ်ဆိုတာ မင်းထင်သလို လွယ်လွယ်လေး ပေးလို့ရတဲ့ အရာမဟုတ်ဘူး။ ပြီးတော့... တို့ နှလုံးသားထဲမှာ နောက်ထပ် ဘယ်သူ့ကိုမှ နေရာပေးဖို့ အစီအစဉ် မရှိတော့ဘူး။ ပြန်တော့။"
ရှင်ငြိမ်း ကျောခိုင်းပြီး ကောင်တာဘက်သို့ လျှောက်သွားလိုက်လျှင် စစ်မက်ရှင်ကတော့ သူမ ကျောပြင်ကို ကြည့်ရင်း အံကို တင်းတင်းကြိတ်ထားလိုက်မိသည်။
"ရတယ်... မမ အခု လက်မခံလည်း ကိစ္စမရှိဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ လုံးဝ လက်လျှော့မှာ မဟုတ်ဘူးဆိုတာပဲ မမ မှတ်ထားလိုက်။"
ကမူးရှူးထိုးနှင့် ပြောင်ချင်ရာပြောပြီး ထွက်သွားတော့မှ ရှင်ငြိမ်းလည်း သက်ပြင်းချလိုက်မိ၏။
______________
"ဟျောင့် ငသန့် ငါမင်းအတွက် သတင်းထူးပါတယ်။ "
"..."
မဆုံတာကြာတဲ့ သူငယ်ချင်းတွေ ဆုံဖြစ်ကြရင်း ရောက်ရောက်ချင်းပြောလာတဲ့ ဟိန်းမင်းသူစကားကြောင့် သန့်ဇင်လင်း မေးတစ်ချက်သာဆတ်ပြလိုက်သည်။
သူ့အတွက် သတင်းထူးဆိုတာ ဘယ်လိုဟာမျိုးပါလဲ။
"ငါ မရှင်ငြိမ်းကို တွေ့ခဲ့တယ်။ "
"... ဘာ ..."
အကျယ်ကြီး ထအော်လိုက်မိတာမျိုးမဟုတ်ပဲ နှုတ်ခမ်းပွင့်ရုံလေးသာပြောလိုက်မိ၏။
ကျန်တဲ့သူတွေကလည်း တအံ့တဩဖြစ်ကာ စန့်ဇင်လင်းကို ဝိုင်ကြည့်နေကြလေသည်။
ဒီကောင်ကြီး သူ့မိန်းမကို ဘယ်လောက်တောင် လိုက်ရှာနေသလဲဆိုတာ သူတို့အသိဆုံးပဲမလား။
"ဟျောင့် ... မင်း မင်းအခု ဘာပြောလိုက်တာလဲ။
နောက်တာဆိုရင်တော့ ငါမင်းကိုသတ်မှာနော်။ "
"မင်းကလည်းကွာ ဒီကိစ္စကနောက်စရာလားကွာ။
မင်းအတွက် ဘယ်လောက်အရေးပါလဲဆိုတာ ငါတို့သိနေတာကို။"
"အဲ့ဒါဆို ... ငါ့မိန်းမကို မင်းတကယ်တွေ့ခဲ့တာလား။"
"ဟုတ်တယ်... ငါ အလုပ်ကိစ္စနဲ့ ကလောဘက် ရောက်တုန်းက မင်းမိန်းမကို စားသောက်ဆိုင်တ်ဆိုင်မှာ တွေ့ခဲ့တာ။ ကြည့်ရတာ သူ့ဆိုင်ထင်တယ်။
သူကတော့ ငါ့ကို မမြင်ဘူး။ "
"ဘယ်မှာလဲ ... ဘယ်မှာတွေ့ခဲ့တာလဲ။
ငါ့ကို အမြန်ပြောစမ်းပါကွာ။ "
"နေဦး ... ငါလည်း ကိုယ့်ဒေသမဟုတ်တော့ လိပ်စာအတိအကျတော့ မသိဘူးကွ။
ဪ ... ငါ့ကားက gps ကို မင်းကိုပို့လိုက်မယ်ကွာ။
"အင်း ... အခု အခုပို့လိုက် "
သန့်ဇင်လင်း ပြောပြောဆိုဆိုနှင့် စားပွဲပေါ်က ကားသော့ကို အမြန်ဆွဲယူကာ မတ်တပ်ထရပ်လိုက်သည်။
"ဟာ ... ဟျောင့် မင်း မင်းအခုသွားမလို့တော့မဟုတ်ဘူးမလား။ "
အကုန်လုံး တအံ့တသြဝိုင်းမေးကြတော့၏။
"အင်း ... သွားမှာ အခု "
"ဟာ..."
ပြောပြောဆိုဆိုနှင့် ထွက်သွားပြီဖြစ်တဲ့ သန့်ဇင်လင်းအား သူတို့လည်း ဘာမှ မပြောလိုက်နိုင်တော့။
အဆင်ပြေကြဖို့သာ ဆုတောင်းရမှာပင်။
__________
သန့်ဇင်လင်း ကားကို အရှိန်ကုန်မောင်းနှင်ရင်း ပြင်ဦးလွင်ကနေ ကလောကို ရောင်လာတော့၏။
ဟိန်းမင်းသူပေးတဲ့ GPS အတိုင်း ရှင်ငြိမ်းရှိနေတယ်ဆိုတဲ့ စားသောက်ဆိုင်ကို သူဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့လေသည်။
ဆိုင်က မှန်အကာနဲ့မို့ ဆိုင်ထဲကို လှမ်းမြင်နေရကာ
ဆိုင်အတွင်းထဲတွင် သူ့ကို ကျောပေးထားတဲ့ ကျောင်ပြင်လေးတစ်စုံသာရှိနေပြီး ထိုကျောပြင်လေးအားကြည့်ရင်း သူ့အမြင်တွေ ဝေဝါးလာ၏။
ဘယ်လောက်တောင် လွမ်းနေခဲ့ရသလဲ။
ဆိုင်တံခါးကို ဆွဲဖွင့်ကာ ဝင်လိုက်လျှင် တံခါးဝရှိ ဆွဲလဲလေးရဲ့ ချွင်... ခနဲ မြည်သွားသံနှင့်အတူ ...
"ဆိုင်ပိတ်ပါပြီရှင်..."
ရှင်ငြိမ်း နောက်ကျောပေးထားရာမှ လှည့်ကြည့်ရင်း ပြောလိုက်မိသော စကားလုံးတို့က လည်ချောင်းဝမှာတင် တစ်ဆို့ပြီး ရပ်တန့်သွားရသည်။
"သန့်... သန့်ဇင်လင်း..."
ရှင်ငြိမ်း အံ့ဩလွန်းတာကြောင့် ခြေလှမ်းတွေပါ နောက်သို့ ဆုတ်မိလျက်သား ဖြစ်သွားပြီး ဆွံ့အကာ ရပ်နေမိသည်။ အိပ်မက်လား တကယ်လား ခွဲခြားမရနိုင်အောင် ဖြစ်နေစဉ်မှာပင် သူက ရှင်ငြိမ်းဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် တိုးကပ်လာခဲ့ကာ
ရှင်ငြိမ်း ခါးသိမ်သိမ်လေးကို အတင်းဆွဲပွေ့လိုက်ပြီး နှုတ်ခမ်းအစုံကို အတင်း ဆွဲနမ်းတော့သည်။
"ပြွတ်စ်... အွန်း..."
၅ နှစ်လုံးလုံး နေ့ရောညပါ အသည်းအသန် ရှာဖွေခဲ့ရသည့် သူမကို အခုလို မြင်လိုက်ရချိန်မှာတော့
သန့်ဇင်လင်း စိတ်တွေ ဘာမှ ထိန်းချုပ်လို့ မရတော့ပေ။
"အွန့် ... အွန်း "
ရုတ်တရက် ပြင်းရှလှသည့် အနမ်းကြောင့် ရှင်ငြိမ်း မျက်လုံးများ ပြူးကျယ်သွားရပြီး သတိလက်လွတ်ပင်ဖြစ်သွားရသည်။
အတန်ကြာသည်အထိ သူ့အနမ်းတွေအောက်တွင်
မလှုပ်မယှက်ငြိမ်နေမိကာ နောက်မှ သတိဝင်လာပြီး ချက်ချင်းပင် သူ့ရင်ဘတ်ကြီးကို အားကုန်သုံးကာ တွန်းထုတ်ရင်း ...
"ဖြန်း ..."
ပြင်းထန်လှသည့် ပါးရိုက်သံက တိတ်ဆိတ်နေသည့် ဆိုင်ထဲတွင် ဟိန်းထွက်သွားကာ သန့်ဇင်လင်း မျက်နှာက ဘေးသို့ စောင်းသွားရကာ ပါးပြင်ပေါ်တွင် နီရဲနေသည့် လက်ဝါးရာက ချက်ချင်းပင် ထင်ထင်ရှားရှား ပေါ်လာတော့သည်။
"နင် လွှတ်စမ်း"
ရှင်ငြိမ်း အသက်ကို လုရှူရင်း ဒေါသတကြီး အော်ပစ်လိုက်သည်။ သို့သော် သူက ခပ်ဟဟ တစ်ချက်ရယ်လိုက်ပြီး ရှင်ငြိမ်းကို နောက်က နံရံဆီသို့ အတင်းတွန်းကပ်ကာ ဒုတိယအကြိမ် နှုတ်ခမ်းများကို ထပ်မံ၍ အငမ်းမရ သိမ်းပိုက်ပစ်ပြန်သည်။
"အွတ်... လွှတ်..."
ဘယ်လိုပင် ထုရိုက်ပြီး ရုန်းကန်ရုန်းကန် သန်မာလှသည့် သူ့ ကိုယ်လုံးကြီးအောက်တွင် ရှင်ငြိမ်း ရုန်းကန်မှုများက လုံးဝ အရာမထင်ခဲ့ပေ။ အနမ်းများက ပိုမိုပြင်းရှလာပြီး ရှင်ငြိမ်း နှုတ်ခမ်းများ နာကျင်ပြီး သွေးစို့လုနီးပါး ဖြစ်လာတော့မှ သူက အနည်းငယ် လွှတ်ပေးလိုက်သော်လည်း ပခုံးနှစ်ဖက်ကိုတော့ တင်းကျပ်စွာ ဆုပ်ကိုင်ထားဆဲပင်။
ရှင်ငြိမ်း မျက်ရည်များ ဝဲတက်လာရင်း သူ့ကို မုန်းတီးစွာ စိုက်ကြည့်ကာ...
"နင်အခု ဘာလုပိတာလဲ ... နင်နဲ့ငါ ကွဲပြီးပြီ"
"ဘာကွဲတာလဲခင်ဗျား မကွဲဘူး လုံးဝ မကွဲဘူး။"
သန့်ဇင်လင်း အံကို တင်းတင်းကြိတ်ရင်း ပြန်အော်ပစ်လိုက်သည်။
"ဘယ်လိုပဲနေနေ ငါနင့်ကို မေ့ပစ်လိုက်ပြီ "
"မမေ့ရဘူး "
သူမကိုယ်လေးအား ပိုပြီး တင်းကျပ်စွာ ဆွဲဖက်လိုက်ရင်း အလွမ်းမပြေသေးတဲ့ နှုတ်ခမ်းလေးကိုလည်း တစ်ချက်ဆွဲနမ်းလိုက်သေး၏။
"နင်လွှတ် လွှတ်လို့ "
"ကျုပ်ကို ဘာလို့ပစ်သွားတာလဲ ပြော..."
အပိုင်း (၅၀) ဆက်ရန် ...
(သာသာ အပိုင်းဘယ်လောက်ထိရေးမှာလဲလို့ မေးလာတိုင်းတော့ ဖြေမိတာ ၅၀ပဲ အမြဲတမ်းကျော်ကျော်သွားတာတော့ ကျွန်မလာ်း မတတ်နိုင်ဘူး 🤭)
Author -Anna Lynn
အခန်းမှတ်ချက်များ (0)