Bububai ဝတ္ထု ခင်ဗျားမသိပါဘူး (You don't know) အခန်းစာရင်း

အပိုင်း (၄၇)

သူမက သူ့ကို မုန်းသွားပြီဆိုပြီး သူ့မှာ ထိတ်လန့်နေရတဲ့အချိန် သူမသူငယ်ချင်းက သူမအတွက် ဟိန်းမင်းသူဆီမှာ သူ့ဖုန်းနံပါတ်တောင်းသွားတယ်ဆိုတာ သိလိုက်ရတော့ သူ့မှာ ပျော်လွန်းလို့ မျက်နှာပိုးပင်

မသတ်နိုင်ခဲ့။

သူမ သူ့ကို ဖုန်းဆက်လာမယ်ဆိုတဲ့ အတွေးနှင့် ရူးနေခဲ့ပေမယ့် နေ့လည်မှာတော့ သူအပျော်တွေက ‌ပျောက်ကွယ်သွားရတော့သည်။

သူမ လွယ်အိတ်ကလေးနှင့် အခန်းထဲကနေ ခပ်သုတ်သုတ် ထွက်သွားတာ မြင်လိုက်ရတာကြောင့် ဘာဖြစ်မှန်းမသိသဖြင့် သူမ နောက်ကနေ မသိအာင် လိုက်ချောင်းမိရင်း ...

"မမမှာ... ကိုသန့်ဇင်လင်း ဖုန်းနံပါတ်ရှိလားဟင်။"

"ဟင်..."

"ဟို ... ရှိရင် သမီးကို ပေးပါလား မမ "

"အွန်း .......ရှိတယ် မနက်ကပဲ ဖြူစင် အစ်မကို သူ့ဖုန်းနံပါတ် တောင်းပေးခဲ့တာ ရှိတယ်။"

"ဟယ် ... ဟုတ်လား။ အဲ့ဒါဆို သမီးကို ပေးပါလားဟင် မမ... နော်... နော်။"

"အွန်းပါ ... အစ်မလည်း ဘာမှ လုပ်ဖြစ်ဘူးဆိုတော့... ညီမလေး ယူလိုက်လေ။"

"ဟုတ် ဟုတ် ... ကျေးဇူးပါ အစ်မရယ်။"

"ဪ ... ဒါပေမယ့် ဖုန်းနံပါတ်က အစ်မဆီ အခု မပါခဲ့ဘူး။ ခုံအောက်မှာ ထည့်ထားခဲ့တယ်။ သွားယူလိုက်နော်... အစ်မထိုင်တဲ့ခုံ သိတယ်မလား။ ရှေ့ဆုံးတန်း အပေါက်ဝဘေးဆုံးကလေ။ မသိရင် ဖြူစင်တို့ကို မေးလိုက်နော်။"

"ဟုတ် ဟုတ်... သမီး အခုပဲ သွားယူလိုက်မယ်။ ကျေးဇူးပဲ နော် အစ်မ။"

"အွန်းအွန်း ... အဲ့တာဆို အစ်မ သွားတော့မယ်နော်။ "

"ဟုတ် ဟုတ် "

ကြားနေရတဲ့စကားတွေကြောင့် သန့်ဇင်လင်း လက်သီးကို ကျစ်နေအောင် ဆုပ်ထားလိုက်မိ၏။

"တောက် "

သူမ ကြိုက်တယ်ဆိုပြီး ဘယ့်နှယ့် တခြားတစ်ယောက်ဆီ ထိုးကျွေးချင်နေရတာလဲ။

သူချက်ချင်းပဲ သူမခုံအောက်က သူ့ဖုန်းနံပါတ်ကို

အမြန်သွားယူပစ်လိုက်သည်။

သူသွားယူချိန် အခန်းထဲမှာလည်း တစ်ယောက်မှ မရှိချိန်ဖြစ်နေ၏။

ခင်ဗျားက ထိုးကျွေးလည်း ကျုပ်ကတော့ အစားမခံနိုင်ဘူး။

သူမက သူ့ကို ကြိုက်တယ်ဆိုတာ တကာ်များမဟုတ်တာလား။

အဲ့တာကြောင့် သဝန်မတိုပဲ သူ့ကို တခြားတစ်ယောက်ဆီ ထိုးကျွေးချင်နေရတာပေါ့။

သူ စိတ်တိုမိတာကြောင့် သူမကိုရွဲ့ပြီး ရည်းစားတွေတစ်ယောက်ပြီးတစ်ယောက် တွဲပြလိုက်၏။

ဟုတ်တယ် ... သူမပဲ သူ့ကို ထိုကျွေးချင်နေတာမလား။

တကယ်ဆို သူ သူမကို ဗယ်လင်တိုင်းနေ့မှာ

ဖွင့်ပြောဖို့စီစဉ်ပြီးသားပါ။

သူမက သူ့ကို အခုတောင် ထိုးကျွေးနေတာ သူဖွင့်ပြောလိုက်ရင်‌လည်း သူ့ကို ပစ်သွားဖို့ ဝန်မလေးလောက်ဘူးမလား။

သူထပ်ပြီး ထားခဲ့ခံရဦးမှာမလား။

ထိုသို့နှင့် သူ သူမကို ဖွင့်ပြောဖို့ ရည်ရွယ်ပြီး သူကိုယ်တိုင်လုပ်ထားတဲ့ ပန်းစည်းနှင့် ချောကလက်လေးကို သူမ မသိအောင်သာ သွားထားလိုက်သည်။

'စာတွေချည်းပဲ လုပ်မနေနဲ့ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်'

သူ သူမကို စိတ်ဆိုးမပြေသေးပါ။

နွေရာသီကျောင်းပိတ်ချိန်မှာတော့ သူမကို မတွေ့ရတော့ သူ့မှာ မနေနိုင်တော့ပဲ ကျောင်းတုန်းက သူမ မသိအောင် ခိုးခိုးပြီ လိုက်ကြည့်ခဲ့ရတဲ့ သူမ အိမ်ကို

သူသွားသွားချောင်းခဲ့ရသည်။

ထိုအချိန်က သက်ပိုင်ကျော်နှင့် သူမကို တွဲမြင်လိုက်ရသေးတာကြောင့် သူ့ရင်တွေ ဗလောင်ဆူခဲ့ရသေး၏။

သက်ပိုင်ကျော်ကလည်း သူမကို ကြိုက်နေတယ်ဆိုတာ သူသိနေခဲ့တာကိုး။

ကျောင်းပိတ်ရက်တိုင်း သူနေ့စဉ်မပြတ် သူမအိမ်ကို သွားချောင်းရသလို သူတို့ ကျောင်းတွေဖွင့်ချိန်မှာလည်း ကျောင်းဆင်းတာနှင့် အိမ်တန်းမပြန်ပဲ သူမအိမ် အရင်ပြေးမိ၏။

တစ်ခါတလေ သူမ အိမ်ထဲက အိမ်ပြင်မထွက်တာကြောင့် မတွေ့ရတဲ့နေ့များဆို သူ့မှာ နေမထိ

ထိုင်မသာနှင့်ပင်။

အောင်စာရင်းတွေ ထွက်တော့ ဂုဏ်ထူးတွေနှင့် အောင်တဲ့ သူမအတွက် ဝမ်းသာရသလို သူ့လိုကောင်နှင့် အကွာကြီးကွာနေတာကြောင့် သူမနှင့်တက္ကသိုလ်အတူတူ တက်ခွင့်ရဖို့ သူစာတွေကြိုးစားရသည်။

ဆယ်တန်း repeater တွေ အောင်မြင်ကြောင်းလက်မှတ် လာယူမှာဆိုတာကြားတာကြောင့် သူ့မှာ သူမကို မျက်နှာချင်းဆိုင် ပြန်တွေ့ရမှာဆိုပြီး အပျော်လွန်ကာ ကော်ရစ်တာနှာ ထွက်မျှော်ခဲ့ရ၏။

သို့သော် သူမက ရောက်လာချိန်မှာတော့ သက်ပိုင်ကျော်နှင့် ဆိုင်ကယ်အတူစီးလာတာကို မြင်လိုက်ရတာကြောင့် သူအံကို တင်းတင်းကြိတ်လိုက်မိကာ တော်တော်လည်း စိတ်တိုသွားရသည်။

ကျန်တဲ့မိန်းကလေးတွေကလည်း တခြားယောက်ျားလေးတွေ ဆိုင်ကယ်နောက်ကနေ လိုက်လာနေတာမြင်ပေမယ့် သူသိတာ ရှင်ငြိမ်းပဲ။

________________

သူ့ကြိုးစားမှုတွေကြောင့် သူမတက်တဲ့ တက္ကသိုလ်ကို အမှတ်မှီတာကြောင့် သူမနှင့် တက္ကသိုလ်တစ်ခုတည်း တက်ခွင့်ရခဲ့တာကလည်း သူ့အတွက် ဆုလာဒ်တစ်ခုလိုပင်။

သူတို့နှစ်ယောက်က အလွဲကြီးလွဲလာခဲ့တာတွေ အဆုံးသတ်ဖို့ အချိန်ရောက်ပြီလို့ထင်ခဲ့ပေမယ့် တက္ကသိုလ်ရောက်ချိန်မှာ ကြားလိုက်ရတာက ခေါင်ကြီးကို သူမက အဖြေပေးတော့မယ်တဲ့။

သူကြားတုန်းကဆို ခေါင်ကြီးကို သတ်ပစ်ချင်စိတ်ပါ ပေါက်ခဲ့ရသည်။

ဒါပေမယ့် ... ဘာအရေးလဲ။

သူမ ချစ်သူရှိသွားလည်း သူ သူမကို မရရတဲ့နည်းနဲ့ ရအောင် ယူဖို့ပင် ဆုံးဖြတ်ခဲ့ပါသည်။

သူမ ခေါင်ကြီးနှင့် တကယ်တွဲခဲ့လားဆိုတာတော့

မသိပါ။

သိလည်းမသိချင်ပါဘူး။

သူတို့ဘွဲ့တွေရပြီး အလုပ်ခွင်တွေ ဝင်ကြချိန်မှာတော့

သူမကို တစ်ခါတစ်ခါ ယောက်ျားလေးတွေနှင့် တွဲတွဲတွေ့ရတာက သူ့ရင်တွေ တဆစ်ဆစ်နာကျင်ခဲ့ရကာ နောက်ဆုံး သူမအဖေနှင့် သူ့အဖေက သူငယ်ချင်းတွေဆိုတာ သိထားတာကြောင့် သူနှင့်လုံးဝ အစီးမကပ်တဲ့ သူ့အဖေကို အပူကပ်ရတော့သည်။

သူမကို တောင်းပေးဖို့ပြောတော့ သူ့အဖေအပါအဝင် တစ်အိမ်လုံး အံ့ဩခဲ့ကြပေမယ့် သူ့တောင်းဆိုမှုအောင်မြင်ခဲ့လေသည်။

ဘာတွေ အပေးအယူ လုပ်လိုက်ရလဲဆိုရင်တော့ သူတစ်သက်လုံး မလုပ်ဘူးလို့ ပြောခဲ့တဲ့ သူ့အဖေကုမ္ပဏီမှာ ဝင်လုပ်ခဲ့ရ၏။

ဘာနှင့်ပင် အပေးအယူလုပ်ရလုပ်ရ သူမအတွက်ဆို တန်ပါသည်။

သို့သော် ...

သူ့မှာတော့ သူမကို လက်ထပ်ရတော့မှာဆိုပြီး ပျော်နေရပေမယ့် သူမပြောလာတာ စေ့စပ်ပွဲကို သူ့ဘက်က ဖြတ်ပေးပါတဲ့။လူကို နင့်ခနဲ။

ဖြတ်ပေးရအောင် သူက ရူးနေလို့လား။

ဒေါ်ရှင်ငြိမ်းတို့က လူကို စိတ်ဆိုး၊စိတ်တိုအောင်လုပ်တတ်တဲ့နေရာမှာတော့ ပထမပဲ။

အဲ့လိုဖြတ်ခိုင်းတာတင် မလုံလောက်သေးပဲ သူနဲ့လက်ထပ်ရမှာစိုးလို့ အိမ်က ထွက်ပြေးလိုက်သေးသတဲ့။

တော်သေးတာပေါ့။

သူ သူမကို လွမ်းလို့လာကြည့်နေတဲ့အချိန်နဲ့တိုးလို့။

မဟုတ်လျှင် သူရူးရဦးမည်။

ဒါ့အပြင်ကို မယ်တော်လေးက အိပ်ယာခွဲအိပ်ချင်သေးသတဲ့လေ။

သူ့မှာ ရုပ်တည်ကြီးနဲ့ ရုပ်တိရှိအောင်ပြောကာ ခွဲမအိပ်ဖို့လုပ်ရသေးပါသည်။

သူ့ကို အသေအကြေငြင်းထားတော့ သူ့မှာ သူမကို ဖက်အိပ်ချင်တာတောင် သူမအိပ်တဲ့အချိန်ထိစောင့်ပြီး ခိုးခိုးဖက်အိပ်ရလေသည်။

မနက်မိုးလင်းလို့ လူမိရင်တော့ ဖက်လုံးနဲ့ မှားပါတယ်ပေါ့။

သူမ စိတ်ဆိုးအောင် စရတာလည်း အကျင့်တစ်ခုလိုဖြစ်ကာ စိတ်ဆိုးရင်း စိတ်ကောက်ရင်းနဲ့များ ရင်းနှီးမှုလေးရလာမလားလို့ပါ။

သူ့မှာ မိန်းမသာရပေမယ့် မြင်သာမြင်မကြင်ရဖ်ြကာ နောက်ဆုံးမနေနိုင်တဲ့အဆုံး ဆေးမိတယ်လို့ လီဆယ်ကာ အရယူရတော့သည်။

နောက်အကြိမ်တွေတော့ ဒီ‌အတိုင်းရွှီးရွှမ်း ဖြီးဖြန်းရတာပေါ့။

ငယ်ငယ်ကတည်းက ကိုယ်သိပ်ချစ်ရတဲ့အမျိုးသမီးလည်းဖြစ်၊သူ့ရဲ့ တရားဝင် ဇနီးမယားလည်းဖြစ်နေပြီး တစ်ခုတင်တည်းအတူအိပ်နေရတာကို ညညခိုးခိုးဖက်ရုံနဲ့ ဘယ်ကျေနပ်နိုင်ပါ့မလဲ။

သူ့မှာ ညဘက် သူမအိပ်ချိန် ခိုးခိုးဖက်တိုင်း အောက်ကအကောင်က တောင့်တင်းကာ ဆန္ဒတွေ ထထပြလို့ လက်သမား ထထလုပ်ရပါသေးသည်။

သူ့ကို တကယ်မချစ်တော့ဘူးလားဆိုတော့ မတြန့်ဆိုင်းပဲ အွန်းတဲ့လေ။

သူ့ရင်တွေ ဘယ်လောက်တောင် ဗလောင်ဆူခဲ့ရလဲ။

သူ့မှာ သူမ သဝန်တိုပြီးများပြန်ချစ်လာမလားလို့ ရူးကြောင်ကြောင်နဲ့ အင်္ကျီမှာနှုတ်ခမ်းနီရာတွေလုပ်ပြီး အတူနေတုန်း ပါးစပ်ထဲရှိရာ သူများနာမည်တွေ လျှောက်ညဉ်းတာတွေ လုပ်ခဲ့ပေမယ့် သူမက တုပ်တုပ်မျှမလှုပ် ဘာမှမဖြစ်တာကြောင့် သူမက သူ့ကို တကယ်မချစ်တော့ဘူးပဲဆိုပြီး မချင့်မရဲဖြစ်ကာ စိတ်တိုခဲ့ရသေးသည်။

အခုလည်း သူမက သူ့ကို ဘာမှမပြောပဲ ထားသွားပြန်ပြီ။

သူ့ကို လက်ထပ်ရတာက သူမအတွက် အဲ့လောက်တောင် ဝန်ထုပ်ဝန်ပိုးဖြစ်ခဲ့တာလား။

နောက်တစ်ယောက်ရှိနေတာလား။

ဟာ ... ရှိစရာလား။

အတိတ်ရဲ့ ပုံရိပ်တွေထဲကနေ ပစ္စုပ္ပန်ကို ပြန်လည်ရုန်းထွက်လာချိန်မှာတော့ သန့်ဇင်လင်းရဲ့ ပါးပြင်ပေါ်မှာ မျက်ရည်တွေက ခြောက်သွေ့လုနီးပါး ဖြစ်နေပြီဖြစ်ကာ ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေတဲ့ အရက်ပုလင်းခွံတွေကိုကြည့်ရင်း သူ ခပ်ဟဟ ရယ်လိုက်မိသည်။

"အခုတော့ ခင်ဗျား ကျွန်တော့်ကို တကယ်ထားသွားပြီပဲ။ခင်ဗျား ရက်စက်တယ်ဗျာ ... အား ဟား ဒုန်း

ခွမ်း "

အရက်ပုလင်းတွေကို ပစ်ပေါက်ရင်း ကွာရှင်းစာချုပ်ကို လှမ်းယူလိုက်ပြီး စာရွက်အောက်ခြေက သူအ လက်မှတ်လေးကို လက်မနှင့် ခပ်ဖွဖွလေး ပွတ်ဆွဲလိုက်၏။ ထို့နောက် သူ့ မျက်ဝန်းများက နီရဲလာကာ အံကို တင်းတင်းကြိတ်လိုက်ရင်း...

"ရွှီး... ဗြီး..."

လက်ထဲမှ စာရွက်ကို အပိုင်းပိုင်းအစစ ဖြစ်သွားအောင် အားရပါးရ ဆွဲဖြဲပစ်လိုက်တော့သည်။

"ကျုပ်က ခင်ဗျားကို ဘယ်တော့မှ ကွာရှင်းမပေးနိုင်ဘူး ရှင်ငြိမ်း... ခင်ဗျား ကျုပ်ကို မချစ်တော့ဘူးဆိုရင်တောင် ကျုပ်အနားမှာပဲ နေသွားရမှာ။ ကျုပ်ကို ဒီလိုလွယ်လွယ်လေး ပစ်သွားခွင့် လုံးဝမရှိဘူး..."

ဆွဲဖြဲထားသော စာရွက်စများကို အခန်းထောင့်သို့ လွှင့်ပစ်လိုက်ပြီး စားပွဲပေါ် က သူမထားခဲ့တဲ့ လက်ထပ်လက်စွပ်လေးကို ကောက်ယူလိုက်ကာ သူ့ လည်ပင်းတွင် ဆွဲထားသော ဆွဲကြိုးလေးထဲသို့ ထည့်ကာ ဆွဲပြီး လက်နှင့် ဆုပ်ကိုင်ထားလိုက်၏။ လက်စွပ်လေးဆီမှ သူမ ကိုယ်ငွေ့လေးကို ခံစားနေရသလိုပင်။

ခင်ဗျား ဘယ်တွေများ ရောက်နေတာလဲဗျာ...

အပိုင်း (၄၈) ဆက်ရန် ...

(ဇာတ်က နည်းနည်းရှည်ဦးမယ်နော် ရတယ်မလား)

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၄၆) နောက်အခန်း - အပိုင်း (၄၈) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ