ဇာတ်သိမ်းပိုင်း
💛သီဟသက်လင်း + ဖြူရှင်းသန့်💛
လူကြီးက ရှင်းသန့် ကိုယ်ဝန်စရှိကတည်းက ပွဲရုံကို မသွားတော့ပဲ အိမ်ကနေပဲ ဖုန်းနဲ့ လှမ်းပြီး စီမံခန့်ခွဲ၍ ရှင်းသန့်အနားမှာပဲ နေကာ
လိုသမျှ ဖြည့်ဆည်းပေးသည်။
အခုလည်း စာရင်းတွေစစ်နေတဲ့ လူကြီးအား လှမ်းကြည့်ကာ ရှင်းသန့် သွားတွေပေါ်အောင်ပြုံးလိုက်ပြီး ကြွက်သားတွေနှင့် တုတ်ခိုင်နေတဲ့လူကြီး လက်မောင်းကြီးအား ဆွဲကိုက်လိုက်လျှင် လူကြီးဆီမှ အော်သံကြီးထွက်လာ၏။
"အား ... ဘာလို့ကိုက်တာလဲ။ "
"ကိုက်ချင်လို့ "
"ဟား ... ခွေးမလေး "
"ခင်ဗျားနော်... ရှင်းသန့်က ခွေးမလေးဆိုတော့ လူကြီးက
ခွေးမလေးရဲ့ယောင်္ကျား ခွေးထီးကြီးပဲ။"
"အဟား ဟား ဟား။ "
သူက မျက်လုံးတွေ မှိတ်သည်အထိ ဟက်ဟက်ပက်ပက်ရယ်နေလျှင် ရှင်းသန့် ကြွက်သားတုတ်ခိုင်လှတဲ့ သူ့လက်မောင်းအိုးကြီးအား
ထပ်ကိုက်ပစ်လိုက်၏။
"ဟေး ... ပြန်ကိုက်မှ မအော်နဲ့နော်။ "
"အဟီး ... လူကြီးလက်မောင်းကြီးက ကိုက်လို့ကောင်းလိုက်တာ။ "
"အဲ့တာနဲ့ပဲ သူများကို ပေါက်ပြဲနေအောင် ကိုက်တာပေါ့။ "
"ဘယ်မှာ ပေါက်ပြဲလို့လဲ။ အပိုတွေလုပ်ပြန်ပြီ။ "
ရှင်းသန့်က နှာခေါင်းလေးရှုံ့လျှက်ပြောလိုက်လျှင် သူက
သူ့ကျင့်အတိုင်း ရှင်းသန့် နှာခေါင်းဖျားလေးအား ညှစ်လေသည်။
"အာ့ ... နာတယ်လို့ လွှတ် လွှတ် "
ရှင်းသန့်နှာခေါင်းကို ဆွဲညှစ်ထားတဲ့ သူ့လက်ကြီးကို ပုတ်ချတော့မှ သူက တဟားဟားအော်ရယ်ကာ လွှတ်ပေးတော့သည်။
ဒီလူကြီး တော်တော်အူမြူးနေတာ။
"လူကြီး ... ရှင်းသန့်ပျင်းတယ်။ "
"ဟုတ်လား။
ဘာလုပ်ချင်လဲ။ "
"မသိဘူး။
ဘာလုပ်ချင်မှန်းမသိဘူး။"
"ဟောဗျာ ... အဲ့တော့ ကိုယ်က ဘာလုပ်ပေးရမှာလဲ။ "
"စဉ်းစားပေါ့။
ရှင်းသန့် အပျင်းပြေအောင် ဘာလုပ်ပေးရမလဲ စဉ်းစားလေ။ "
"အင်းပါ အင်းပါ။
ခဏလေး ... ဟို မုန့်စားမလား။ "
"မစားချင်ဘူး။
သူများ ပါးစပ်ပျက်နေပါတယ်ဆို။
အဲ့တာ ခင်ဗျားကြီးကြောင့်လေ ... သူများယောင်္ကျားတွေလို
မိန်းမကို မချစ်တော့ ကိုယ်ဝန်ဆိပ်ကလည်း ယောင်္ကျားဆီမကူးတော့ပေ။ ရှင်းသန့်ပဲ ခံနေရတာ။ "
"ဟာ ... စလာပြန်ပြီ။
နေဦး နေဦး ကိုယ်အမြန်စဉ်းစားဦးမယ်နော်။
ဟို ... အလည်သွားရင်ရော။ "
"ဟင် ..."
ထိုအခါမှ ပွစိ ပွစိ ပြောနေတဲ့ ပါးစပ်လေးပိတ်သွားကာ
မျက်လုံးလေးလှန်ပြီး စဉ်းစားနေကာ ခေါင်းကို တဆတ်ဆတ်ညိတ်တော့သည်။
"အွန်း ... သွားမယ်။
ရှင်းသန့် သူငယ်ချင်းတွေအိမ်လိုက်ပို့ပေး။
အသွင့်အိမ်အရင်လိုက်ပို့ သူလည်း ရှင်းသန့်လို ကိုယ်ဝန်ကြီးနဲ့ဆိုတော့ အသွင့်ဆီ အရင်သွားမယ်။ "
"အွန်း ... ဟုတ်ပြီ သွားကြမယ် ... ဟေ့ ဖြည်းဖြည်းသွားပါ။ "
လှေကားနားအထိ လွှားခနဲ ပြေးထွက်သွားတဲ့ ကလေးမကြောင့် သူ့မှာ အနောက်ကနေ ပြေးလိုက်ကာ ထိန်းရလေသည်။
ဗိုက်က နည်းနည်းပူတယ်ဆိုရုံလေး ပူနေတဲ့အပြင် ကလေးလို မျောက်ကျနေတာနဲ့ နည်းနည်းမှ ကိုယ်ဝန်သည်နဲ့ တူမနေပါ။
အပြင်သွားရတာနဲ့ တက်ကြွနေတဲ့ ပလေးမက ကားပေါ်မှာကတည်းက သူမသူငာ်ချင်းကို ကြိုပြီး ဖုန်းဆက်ထားတာကြောင့်
သူတို့ ရောက်သွားတာနှင့် ဟိုကလည်း တံခါးဖွင့်ကာ ခြံရှေ့ထွက်ပြီး စောင့်နေ၏။
"အသွင် "
သူမသူငယ်ချင်းကို မြင်တာနှင့် ကားပေါ်မှ ပြေးဆင်းတဲ့ ကလေးမနောက်သို့ သီဟ အပြေးလိုက်ရပြန်သည်။
"အမယ်လေး ... မဗိုက်ကလည်း ကမြင်းလိုက်လိုက်နော်။ "
"ဟာ ... အသွင် နင်နော် ... သူများ သူ့ကို တွေ့လို့ ပျော်နေတာကို။ "
"နင်က အနေအထိုင်မဆင်ခြင်လို့ ပြောနေရတာလေ။ "
"နင်လေ ... အခုထိ ဆရာမကြီးအကျင့်တွေ မပျောက်သေးဘူး
သိလား။ "
"ဘာဖြစ်လဲ ။
မွေးသန္ဓေ သေမှ ပျောက်တဲ့။ "
"သူများကို ဆရာလုပ်နေတာ သူကျ ဗိုက်နဲ့ မဟုတ်တာ ကျလို့။ "
"ဟဲ့ ... ငါက နင့်လို စပ်စလူးစိန်မနေဘူးလေ။ "
"မှားတယ်။
သိလား နောက်တစ်ခါ နင့်ဆီ မလာတော့ဘူး။ "
"ကဲပါ ... အပိုတွေ လုပ်မနေနဲ့
အထဲဝင်ကြ "
"နင့်ယောင်္ကျားရော မတွေ့ပါလား။ "
"အပြင်သွားတယ်။ "
"ဟယ် ... မိန်းမက မွေးခါနီး ဖွားခါနီးကို အိမ်မှာ မနေဘူးလား။ "
အသွင်က ရှင်းသန့်ထက် အရင်ဗိုက်ကြီးတာကြောင့် အခုသူ့ကိုယ်ဝန်က ၉လတောင်ကျော်ကာ နေ့မွေးမလားညမွေးမလား နီးနေပြီဖြစ်၏။
"မဟုတ်ပါဘူးဟယ်။
နင်တို့လာမယ်ဆိုလို့ အိမ်မှာ ဘာမှ သိပ်မရှိလို့ ဦးကို မုန့်သွားဝယ်ခိုင်းလိုက်တာ။ "
"ဟယ် ... နင်ကလည်း အားနာစရာကြီး။
အချင်းချင်းတွေပဲကို လိုမှ မလိုတာဟယ်။ "
"ဘာမှမဖြစ်ဘူး။
ခဏနေပြန်လာတော့မှာ "
"နင်က ဘယ်နေ့မွေးမှာလဲ။ "
"ဒိတ်ဖတ်ထားတာတော့ နှစ်ပတ်လောက်လိုသေးတယ်။ "
"ဟဲ့ ... စောပြီးလည်း မွေးတတ်တယ်နော်။ "
"အွန်း ... ငါလည်း အဲ့တာကြောင့် ဂရုစိုက်နေရတာ။ "
"ဘာလေးလဲရော သိရပြီလား။ "
"ဟင့်အင်း ... မွေးမှပဲ ရင်ခုန်ချင်လို့။ "
"အမယ်လေး ... ငါကတော့ မနေနိုင်လို့ အယ်ထရာစောင်း
သွားရိုက်ကြည့်ပြီးပြီ "
"ဟုတ်လား ... ဘာလေးတဲ့လဲ။ "
"ယောင်္ကျားလေးတဲ့။ "
"ဟယ် ... နင့်ပုံစံကဖြင့် ယောင်္ကျားလေး ကိုယ်ဝန်သည်နဲ့လည်း
မတူပါဘူး။ "
"ဘာလဲ ငါလှလာလို့လား။ "
ရှင်းသန့်က ရွှတ်နောက်နောက်ပြောလိုက်လျှင် အသွင်က နှာခေါင်းရှုံ့၏။
သီဟကတော့ သူ့မိန်းမသူကြည့်ကာ ပြုံးနေလေသည်။
"ဒါပေမယ့် ... အဲ့ဒါတွေကလည်း မမှန်တာတွေရှိပါတယ်။
ငါ့တုန်းကဆို မေမေပြောပြတာ ယောင်္ကျားလေးလို့ ဖတ်ထားပြီး ထွက်လာတော့ အမလေးတဲ့လေ။ "
"ဟား ဟား ... အဲ့တာကြောင့် နင်တအားကြမ်းနေတာနေမှာ "
"ဘာဖြစ်လဲ ... ဟဲ့ ဦးကလည်း ကြာလိုက်တာ။
ဧည့်သည်တွေ ဧည့်ခံဖို့ ဝယ်ခိုင်းပါတယ်ဆို သူက အခုထိ ပြန်မလာသေးဘူး။နေဦး ရေခဲသေတ္တာထဲ ရှိတာလေး ငါသွားယူလိုက်ဦးမယ်။ "
"ဟဲ့ ... မလိုပါဘူးဆို။ "
"ရှိတာယူခဲ့မယ် ... ခဏထိုင်ဦး "
ရှင်းသန့် ဘယ်လိုတားတား အသွင်က ဗိုက်ကြီး တကားကားနှင့်
ထသွား၏။
အပျိုဗိုက်ချင်းတူပေမယ့် အသွင့်ဗိုက်ကတော့ ရှင်းသန့်လို မဟုတ်ပဲ
တော်တော်ပေါ်လှ၏။
"လူကြီး ပျင်းနေပြီလား ..."
"အခုမှ ယောင်္ကျားကို သတိရတာလား။ "
"ဟီး "
"အား ... ရှင်းသန့်ရေ လုပ်ပါဦး အား "
"ဟင် "
မီးဖိုခန်းဘက်မှာ အသွင့်အသံကြောင့် ရှင်းသန့်ေရာ လူကြီးပါ
သွားလိုက်လျှင် အသွင်က ထမင်းစားစားပွဲကြီးအား လက်တစ်ဖက်နှင့်ဆုပ်ကိုင်ကာ နောက်လက်တစ်ဖက်က ဗိုက်ကို ကိုင်ထားပြီး မျက်နှာကြီးကလည်း ရှုံ့မဲ့နေ၏။
"ဟင် ... အသွင် ဘာ ဘာဖြစ်တာလဲ။ "
"ငါ ငါမွေးချင်နေပြီထင်တယ်။ "
"ဟင် ... မွေးချင်နေပြီတဲ့။
လူကြီး လုပ် လုပ်ပါဦး ..."
"အင်း ... အင်း "
သီဟ ခေါင်းညိတ်ကာ အရှေ့မှ လမ်းမလျှောက်နိုင်တော့တဲ့ ကလေးမသူငယ်ချင်းအား သူ့ယောင်္ကျားလည်းပြန်မရောက်သေးတာကြောင့်ပွေ့ချီလိုက်ရသည်။
ကားပေါ်တစ်ခါတည်းတင်ပေးလိုက်ပြီးလျှင် ကားပေါ်တက်မလို့ လုပ်တုန်း အနောက်မှ ကလေးမဆီက အော်သံထွက်လာပြန်၏။
"အား ... လူကြီးရေ "
"ဟင် ..."
သူ့လှည့်ကြည့်လိုက်တော့ ကလေးမကလည်း ဗိုက်ကြီးကိုင်ကာ အော်နေ၏။
ဒါပေမာ့် ကလေးမက လမစေ့သေးဘူးမလား။
လမစေ့သေးပဲ မွေးမှာများလား။။
"ကလေးမ ဗိုက်နာလို့လား။ "
"အင်း ... ဟုတ်တယ်။
တအားနာတယ် အား ရှင်းသန့်လည်း အာ့ မွေးတော့မယ်ထင်တယ် အား "
"အား ... ရှင်းသန့်ရေ ဆေးရုံမြန်မြန်ပို့ပါ ငါမွေးတော့မယ်။ "
ကားပေါ်မှ အသွင်ဆီမှလည်း အော်သံထပ်ထွက်လာပြန်ကာ သီဟတစ်ယောက်တည်း ဗိုက်ကြီးသည်နှစ်ယောက်ကြား ဗျာများနေရတော့သည်။
ရှင်းသန့်အား ပွေ့ချီကာ ကားပေါ်တင်လိုက်ပြီး ဆေးရုံသို့ အမြန်မောင်းရတော့သည်။
အသွင်ကလည်း ကားပေါ်မှာ သူ့ယောင်္ကျားဆီ ဖုန်းလှမ်းဆက်ပြီး ဆေးရုံကို လိုက်လာခိုင်း၏။
ဆေးရုံရောက်တော့ နှစ်ယောက်လုံးကို မွေးခန်းထဲသို့ တပြိုင်နက်သွင်းကာ ပြိုင်တူမွေးကြတော့သည်။
သီဟကလည်း လိုက်ဝင်မလို့ လုပ်လျှင် နာ့စ်မတွေက တား၏။
"အမျိုးသားက မွေးခန်းထဲ ဝင်လို့မရပါဘူးရှင်။ "
"ဟုတ်ကဲ့ "
သီဟ အပြင်မှာကျန်ခဲ့ကာ မွေးခန်းရှေ့ ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း အဆင်ပြေပြေမွေးဖို့ ဆုတောက်းကာ ကလေးမ မိဘတွေကိုလည်း ဖုန်းလှမ်းဆက်လိုက်သည်။
ခဏနေတော့ အသွင့်ယောင်္ကျားဖြစ်သူကလည်း မွေးခန်းရှေ့သို့ အမောတကောနှင့် ရောက်လာ၏။
"သွင်လေးက မွေးခန်းထဲမှာလား ညီ "
"ဟုတ်"
အခုတော့ နှစ်ယောက်ဖြစ်သွားကာ နှစ်ယောက်လုံးဂဏာမငြိမ်ကြပဲ
ပါးစပ်မှလည်း တတွတ်တွတ်ဆုတောင်းနေကြ၏။
သီဟကလည်း ရှင်းသန့်က လမစေ့ပဲ မွေးတာကြောင့် ရင်ထဲ အပူလုံးတွေ ပိုတို့လို့နေ၏။
ဒါပေမယ့် ကံကောင်းတယ်ဆိုရမည်။
နှစ်ယောက်လုံး မွေးတာ သိပ်မကြာလိုက်ပဲ မွေးခန်းတံခါးကြီးက ပွင့်လာကာ သူနာပြုတစ်ဦးက ပြုံးလျှက် ထွက်လာ၏။
"မွေးလူနာ နှစ်ယောက်လုံး မွေးပါပြီရှင့် "
"ဆရာမ ဆရာမ ကျွန်တော့်မိန်းမ အဆင်ပြေရဲ့လား ဘာလေးမွေးတာလဲ။ "
"ဆရာမ ကျွန့်တော့်မိန်းမရော "
"ဟုတ်ကဲ့ ... မွေးလူနာ မအသွင်က ယောင်္ကျားလေးမွေးပြီး
မဖြူရှင်းသန့်ကတော့ မိန်းကလေးမွေးပါတယ်ရှင့်
မွေးရက် မွေးနေ့ မွေးချိန်တွေကလည်း အတူတူပါပဲရှင့်။
ကလေးတွေရော မိခင်တွေရော ကျန်းမာပါတယ်နော်။
ခဏနေ သန့်ရှင်းရေးလုပ်ပြီးရင် အမျိုးသားတွေက ဝင်တွေ့လို့ရပြီး
မွေးခန်းထဲက ထုတ်လို့ရပါပြီ။ "
"ဟုတ်ကဲ့ ... ကျေးဇူး ကျေးဇူးပါဗျာ။ "
သူနာပြုဆရာမရဲ့ စကားကြားမှပဲ နှစ်ယောက်လုံး ရင်ထဲမှ အပူလုံးတွေကျဆင်းသွားကာ မျက်နှာတွေ ဝင်းပသွားကြတော့သည်။
"သား ... ဘယ်လိုလဲ သမီးလေးအဆင်ပြေရဲ့လား။ "
ရှင်းသန့်မိဘတွေကလည်း အပြေးရောက်လာကြလျှင် သီဟ ခေါင်းညိတ်ကာ ပြုံးပြလိုက်၏။
"ဟုတ် ... မွေးပြီ မွေးပြီဗျ ။"
"ဟုတ်လား ... ဘာလေးတဲ့လဲ။ "
"မိန်းကလေးတဲ့ "
"အေးအေး ... ချောချောချူချူမွေးလို့ တော်သေးတာပေါ့
သမီးလေးရော ကျန်းမာတယ်တဲ့လား။ "
"ဟုတ် ... ကလေးရော အမေရော ကျန်းမာတယ်တဲ့ဗျ "
"အေးအေး ... တော်သေးတာပေါ့။
လမစေ့ပဲ မွေးတော့ အမေတို့က စိတ်ပူနေတာ "
"အမျိုးသားဖြစ်သူတွေ ကလေးကို ကြည့်လို့ရပါပြီ "
သူနာပြုနှစ်ယောက်က ကလေးကို ခေါ်လာပေးလျှင် သီဟသက်လင်းနှင့် အသွင့်အမျိုးသားဖြစ်သူ ဦးမင်းသုတဉာဏ်တို့က သူနာပြုရှေ့ သွားလိုက်ကြ၏။
"ဒါက မဖြူရှင်းသန့်ကလေးပါ။
မိန်းလေးပါရှင့် "
"ဟုတ်ကဲ့ ... ကျွန်တော့ကလေးပါ။ "
"ဒါက မအသွင်ရဲ့ကလေးပါ
ယောင်္ကျားလေးပါရှင့် "
"ဟုတ်ကဲ့ ... ကျွန်တော့်ကလေးပါ။ "
နှစ်ယောက်လုံး သူတို့ကလေးတွေ သူတို့ ချီလိုက်ကြ၏။
"အမယ်လေး ငါတို့မြေးလေးက ချစ်စရာလေးတော်။ "
သီဟသက်လင်းနဲ့ ဖြူရှင်းသန့် ပေါက်စမလေးက အသားဖြူတာပဲသူ့မအမေနှင့်တူပြီး ကျန်တာက သူ့အဖေနှင့် တစ်ရုပ်တည်းပင်။
လမစေ့ပဲ မွေးတာကြောင့် ကလေးက နည်းနည်းတော့ သေးချင်၏။
တစ်ဖက်က မင်းသုတဉာဏ်ကလည်း နှစ်ဖက်မိဘကို ဖုန်းဆက်ကာခေါ်၏။
ရှင်းသန့်နှင့်အသွင် မွေးခန်းထဲက ထွက်လာကြတော့
နှစ်ယောက်လုံးရဲ့ သဘောတူညီချက်နှင့် VIP နှစ်ဦးတွဲခန်းယူလိုက်ကြသည်။
မွေးပြီးကြောင်း အသိမိတ်ဆွေတွေကို အသိပေးလိုက်ကြတော့
နှစ်တွဲလုံးရဲ့ မိတ်ဆွေသူငယ်ချင်းတွေနှင့်လူတွေ အပြည့်ဖြစ်သွားတော့သည်။
"ဟဲ့ ... နင်တို့ ကလေးတွေက မွေးကတည်းက ဖူးစာပါတာထင်တယ် သိလား။ "
ခင်ဇာက စပြောလိုက်လျှင် မေခိုင်ကလည်း ခေါင်းညိတ်၏။
သူတို့နှစ်ယောက်ကတော့ အခုထိ ဂေါ်မစွံအပျိုကြီးမမတွေ ဖြစ်နေကြလေသည်။
ကြိုက်မယ့်သူမရှိတာမဟုတ်ပဲ အရွေးလွန်နေတာဖြစ်၏။
"ဟင် "
"ဟုတ်တယ်လေ။
မွေးနေ့ မွေးရက် မွေးချိန်တိုက်ဆိုင်တဲ့အပြင် မွေးခန်းတစ်ခုထဲမှာ အမေနှစ်ယောက်က အတူမွေးတာ နည်းတဲ့ဖူးစာလား။
ဟော ... နောက်ပြီး နင်က အသွင့်အိမ်သွားလည်တဲ့နေ့မှာပဲ မွေးတာမလား။
သေချာတယ် နင်တို့ကလေးတွေ ကြီးလာရင် ညားမှာ။ "
ခင်ဇာက စွတ်ပြောလျှင် ကျန်တဲ့သူတွေအားလုံး ပြုံးနေကြပေမယ့် လူကြီးကတော့ သူ့သမီးပေးရမယ်ဆိုတာနှင့် မျက်နှာကြီးက မဲ့နေ၏။
ထိုအချိန် အသွင့်ယောင်္ကျားက လူကြီးဘက်လှည့်ကာ လှမ်းစလေသည်။
"ကဲ ... ငါ့ညီ အဲ့ဒါဆို အကို တစ်ခါတည်း သမီးတောင်းထားလိုက်မယ်နော်။ "
ထိုအခါ လူကြီးမျက်နှာကြီးက မထိန်းနိုင်တော့ပဲ မဲ့ကျသွားကာ
အကုန်လုံးကလည်း လူကြီးကို ကြည့်၍ ဝိုင်းရယ်ကြတော့သည်။
"ဟား ဟား ဟား ဟား "
ဆေးရုံတစ်ခုလုံး ရယ်သံတွေ ဖုံးလွှမ်းသွားလျှင် ပုခက်ထဲက ကလေးနှစ်ယောက်ရဲ့ ငိုသံပြိုင်တူကလည်း ထွက်လာတော့သည်။
ထိုအခါ ခင်ဇာကလည်း ...
"ဟော ... ငိုတာတောင် ပြိုင်တူ သေချာနေပါပြီ "ဆိုပြီး ထပ်နောက်လိုက်ပြန်၏။
သီဟသက်လင်းကတော့ ငိုနေတဲ့ သူ့သမီးသူချီကာ ဟန်ဆောင်ပန်ဆောင်တောင် မရယ်နိုင်တော့ပါ။
သူများသမီးကျရအောင်ယူထားပြီး သူ့သမီးအလှည့်ကတော့
မွေးခါစလေးတောင် တိုနေတဲ့ လူ့ဘီလူးကြီး ဦးသီဟသက်လင်းပါ။
ပြီးပါပြီရှင် ...
(extra တော့ကျန်ပါသေးတယ်ရှင့်
Extra ကတော့ အမှောင် 🔞သီးသန့်လိုလိုပဲမို့ မကြိုက်တဲ့သူကတော့ ဒီမှာပဲ သိမ်းလို့ရပါပြီနော်)
ဇာတ်သိမ်းက ထင်သလိုမဖြစ်ခဲ့ရင် ဖတ်ရတာအဆင်မပြေဖြစ်ရင်
စာရေးသူဖြစ်တဲ့ကျွန်မရဲ့ အမှားဖြစ်တာကြောင့် အနူးအညွတ်တောင်ယပန်ပါတယ်ရှင့် ...
အဆုံးထိ ဖတ်ရှုပေးတဲ့ တစ်ယောက်ချင်းစီတိုင်ယကို ကျေးဇူးအထူးပဲ တင်ရှိပါတယ်ရှင့် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)