💛သီဟသက်လင်း + ဖြူရှင်းသန့်💛
"ဟာ နှာချေးတွေသုတ်တယ် အာ မဲရှုပ်ညစ်ကွာ။
"ဘာလဲ ... မကျေနပ်ဘူးလား။"
"ဘာပြောလို့လဲ။
အိပ်ကြစို့ "
သူမကိုယ်လုံးသေးသေးလေးအား ရင်ခွင်ထဲ မြုပ်နေအောင် ဆွဲဖက်ပစ်လိုက်ကာ မျက်လုံးကို မှိတ်ထားလိုက်လျှင် ကလေးမရဲ့ ပွစိပွစိအသံတွေက ထွက်လာပြန်၏။
"ခင်ဗျားနဲ့ မနက်ကျမှ ထပ်ရှင်းမယ် " တဲ့။
______________
သီဟ မနက်စာအစုံ ပြင်ဆင်ပြီးသွားလျှင် နာရီကြည့်လိုက်ရာ
၇နာရီခွဲပဲရှိသေးတာကြောင့် ကလေးမကို သွားမနှိုးသေးပဲ
ခြံထဲဆင်းကာ ပန်းပင်တွေ ရေလိုက်ဖြန်းလိုက်၏။
အရင်လို ဗောက်နဲ့ ဇော်ဝင်းထွဋ်သီးချင်းတွေတော့ မဖွင့်ဖြစ်တော့။
တော်ကြာ ကလေးမက သူနိုးအောင် တမင်လုပ်ပါတယ်ဆိုပြီး
စိတ်ကောက်ပြန်ဦးမည်။
အသားညိုညိုမှာ စွပ်ကျယ်အဖြူနှင့် ပုဆိုးတိုတိုဝတ်ထားပုံက
လက်မောင်းကြွက်သားတို့ပေါ်ကာ ယောင်္ကျားပီသနေ၏။
ရေပိုက်ကိုင်ထားတဲ့ လက်မောင်းရှိအကြောတွေကလည်း ဆွဲဆောင်မှုတစ်မျိုးဖြစ်နေကာ နှုတ်ဖျားမှ ခပ်တိုးတိုးညဉ်းနေတဲ့ ဇော်ဝင်းထွဋ်သီချင်းကလည်း ယောင်္ကျားပီသသော သူ့အသံပါဝါနှင့် လိုက်ဖက်နေလေသည်။
ပန်းပင်တွေအကုန် ရေလောင်းလို့ ပြီးသွားပြီဆိုမှ ခြေ လက်ဆေးကာ အိမ်ထဲပြန်ဝင်ခဲ့ပြီး အခုထိ မထသေးတဲ့ အိပ်ပုတ်မလေးကို နှိုးဖို့အတွက် အခန်းထဲ ဝင်ခဲ့လိုက်၏။
အိပ်နေလိုက်တာများ ခြေပစ်လက်ပစ် အပူအပင်မရှိနှင့် အိပ်မောကျနေလေသည်။
ကုတင်ပေါ်တွင် ဘေးတစောင်းဝင်ထို မို့မို့ဖောင်းဖောင်းလေးဖြစ်နေတဲ့ သူမ မျက်နှာအနှံ့ လိုက်လံနမ်းရှိုက်လိုက်လျှင် ကလေးမကိုယ်လေးက တွန့်လာ၏။
"အဟက် "
အိပ်ပုပ်မလေးအားကြည့်ပြီး သူတစ်ချက်ပြုံးကာ အဆုံးသတ်အနေနှင့် နဖူးပြင်လေးအား နမ်းရှိုက်လိုက်၏။
"ကလေးမ ထတော့လေ။ "
"ဟေ့ ... ထတော့လို့ မနက်စာစားရအောင် "
သူကသာနှိုးနေပေမယ့် ကာလနဂါးမလေးကတော့ တုပ်တုပ်မျှမလှုပ်ပဲ အိပ်လို့ကောင်းနေဆဲပင်။
ထို့ကြောင့် သူမနားရွက်ဖျားနားလေးသို့ မျက်နှာကြီး တိုးကပ်လိုက်ကာ လေပူတစ်ချက်မှုတ်ထုတ်လိုက်လျှင် ကိုယ်လေးတွန့်သွားကာ တစ်ဖက်ကို လှည့်သွား၏။
"အင်း ..."
"အဟက် "
သူနဲ့သိပ်ကို ကွာခြားလွန်းသည့် အရှေ့ကလေးမအား အူယားစွာ
နားရွက်ဖျားလေးအား ဆွဲကိုက်၍ အက်ရှရှအသံနှင့် ထပ်မံနှိုးလိုက်သည်။
"ကလေးမ ထတော့လို့ "
ထိုအခါမှ ကလေးမလေးက သူမနှုတ်ရွက်လေးအား လက်နှင့် ပွတ်ကာ လှုပ်လှုပ်ရွရွ ဖြစ်လာတော့သည်။
"ဟေ့ ... ထတော့လို့ "
"ဟင့်အင်း ... မထချင်သေးဘူး "
"မထလို့ မရဘူးလေကွာ မနက်စာလွတ်သွားမှာပေါ့။
လိမ္မာတယ်နော် ပြီးမှ ပြန်အိပ်လေ။ "
"ပြီးမှ ပြန်အိပ်လို့ဘယ်လိုလုပ်ရတော့မှာလဲ။
တစ်ခါတလေ မနက်စာလွတ်လဲ ဘာမှ မဖြစ်ဘူး။
လူကြီး သွားတော့ကွာ။ အိပ်ချင်ပြီ "
မျက်လုံးက မဖွင့်ပဲ သူ့ကို အသံစွစွာလေးနှင့် ပြန်အော်နေတာလည်း အူယားစရာပင်။
"ဟား ဟား ... မရဘူးလေကွ။ ထ ... ထတော့ "
သူမကိုယ်လေးအား ဆွဲထူလိုက်ပြီး ပွေ့ချီကာ ရေချိုးခန်းထဲ ခေါ်သွားလိုက်၏။
"ဟာ ... အိပ်ချင်တယ်လို့။
အောက်ချပေး "
"၈နာရီခွဲနေပြီ အိပ်ပုတ်မလေးရဲ့။
ပြီးမှ ဆက်အိပ်နော် "
"မအိပ်ဘူး။
အခုအိပ်မှာလို့ "
ရေချိုးခန်းထဲရောက်တဲ့အထိ မျက်လုံးမဖွင့်သေးပဲ ဂျီကျနေတဲ့ ကလေးမလေးအား ရေကန်ဘောင်ပေါ်ချပေးကာ မျက်နှာသစ်ပေးတော့မှ မျက်လုံးလေး ပြူးတူးပြဲတဲနှင့် ပွင့်လာတော့၏။
"အား ... အေးတယ်။ "
"ဟား ဟား ... မအေးပါဘူးကွာ။
လာ သွားတိုက်ရအောင် "
"မတိုက်ဘူး။ "
မှုန်ကြုတ်ကြုတ်နှင့် ပါးစပ်ကြီးအားစေ့ပိတ်ထားလျှင် သီဟက
သွားတိုက်တံမှာ သွားတိုက်ဆေးထည့်ပြီး ပြုံးပြုံးကြီးစိုက်ကြည့်နေ၏။
"သွားမတိုက်ရင် အာပုတ်စော်နံမှာပေါ့။ "
"နံပါစေ "
"ဟား ... မဲရှုပ်ညစ်တို့ကတော့ နာမည်နဲ့လိုက်အောင် ညစ်ပတ်တယ်ကွာ။ "
"ခင်ဗျားနော်... ဘာနာမည်နဲ့လိုက်အောင်လဲ။
ရှင်းသန့်နာမည် ဖြူရှင်းသန့် "
"မဲရှုပ်ညစ်ပါကွာ။
အခုတောက် ကြည့်ပါလား သွားလည်းမတိုက်ဘူး။
အော့ အော့ ရွံလိုက်တာကွာ။ "
"ခင်ဗျား ... ပေး ကိုယ့်ဟာကိုယ်တိုက်မယ် "
သီဟက နှာခေါင်းကြီးရှုံ့ကာ ရွံသလို လုပ်ပြတော့မှ ကလေးမက
သူ့လက်ထဲက သွားတိုက်တံကြီးအား ဆွဲယူသွားတော့သည်။
သွားတိုက်လို့ပြီးလျှင် ပလုတ်ကျင်းကာ သူမရှေ့မှာ ပိတ်ရပ်နေတဲ့
သီဟ ရင်ဘတ်ကြီးအား လှမ်းရိုက်ကာ ဆူအောင့်အောင့်နှင့် ဖယ်ခိုင်းလေသည်။
"ဖယ် "
သီဟကလည်း မဖယ်ပေးပဲ ပေရပ်နေကာ မှုန်ကြုတ်ကြုတ် မျက်နှာလေးအား ပြုံးလျှက်စိုက်ကြည့်ရင်း ဆွဲမော့ကာ ဆူပွပွ နှုတ်ခမ်းလေးအား ဆွဲငုံပစ်လိုက်၏။
"အွန့် ..."
"ပြွတ်စ် ပြွတ်စ် "
ရုတ်တရတ်မို့ ရှင်းသန့် မျက်လုံးလေး ဝိုင်းစက်သွားကာ
ရင်တွေလည်း တဒိမ်းဒိမ်းနှင့် ခုန်လာတော့၏။
စိတ်ဆိုးနေတဲ့အချိန် ဘာမပြော ညာမပြော လာနမ်းတာကြောင့် လူကြီးရင်ဘတ်ကြီးအား တဘုန်းဘုန်း ထုရိုက်ပေမယ့် သူက
တုပ်တုပ်မျှမလှုပ်ပဲ နှုတ်ခမ်းကို အဆက်မပြတ်နမ်းရှိုက်လေသည်။
နောက်ဆုံးတော့ အနမ်းခံရတဲ့ ရှင်းသန့်ပဲ စိတ်မဆိုးနိုင်တော့ပဲ ရင်တွေခုန်ကာ သူ့အနမ်းအောက်မှာ မေ့မေ့မူးမူး နစ်မြုပ်သွားရတော့သည်။
"ပြွတ်စ် ပြွတ်စ် ပြွတ်စ် "
နုဖက်နေသော နှုတ်ခမ်းသားလေးက လေဆာသွားတိုက်ဆေးအနံ့လေးသင်းနေကာ အိစက်၍ အရသာထူးနေ၏။
"ပြွတ်စ် ပြွတ်စ် အွန်း ... လူကြီး တော် တော်ပြီလေ။ "
"အွန်း ... ပြွတ် ပြွတ်စ် "
သူမခေါင်းလေးအား ထိန်းကာ နမ်းရှိုက်နေရာမှ အနမ်းတွေမရပ်တန့်နိုင်ပဲ အနမ်းတွေ ရှည်ကြာနေရာ ရှင်းသန့် တားတော့မှ မလွှတ်ချင် လွှတ်ချင်နဲ့ အနမ်းတို့အား လက်စသတ်လိုက်၏။
"အဟွန်း ... ပြွတ်စ် "
နှုတ်ခမ်းလေးအား လွှတ်ပေးကာ စပ်ဖြဲဖြဲလုပ်လိုက်လျှင်
ကလေးမက သူ့အား မျက်စောင်းထိုးကာ ...
"စောစောစီးစီး ပြောကို မပြောချင်ဘူး။
ပြောတော့ မနက်စာ စားဖို့ဆိုပြီး နှိုးပြီးတော့ "
"အခုလည်း မနက်စာ စားနေတာပဲလေ အဟမ့် "
"အီး ... တအားပဲ "
"ချစ်စရာကြီးမလား။ "
"အော့ "
"ကိုယ့်အစွမ်းအစကိုယ် သိပါတယ်ဆို "
"ဦးသီဟသက်လင်း "
"ဗျ "
ရှင်းသန့်က စိတ်တိုတိုနှင့် အော်လိုက်လျှင် သူက ပြောင်စပ်စပ်နှင့် ပြန်ထူးပြီး အပြင်သို့ ပြေးထွက်သွားတော့သည်။
_____________
"လူကြီး "
"ဟင် "
"တချို့လင်မယားတွေဆို မိန်းမက ကိုယ်ဝန်ရှိရင် ကိုယ်ဝန်ဆိပ်က
မိန်းမမှာ မတက်ပဲ ယောင်္ကျားမှာ သွားတတ်တာ အဲ့ယောင်္ကျားက မိန်းမကို တအားချစ်လို့မလား။ "
"အွန်းပေါ့။
အဲ့တာကြောင့် စိတ်ချင်းဆက်ပြီး စာနာကိုယ်ဝန်ဖြစ်လာတာပေါ့။ ယောင်္ကျားက မိန်းမအစား ကိုယ်ဝန်သည်နာကျင်မှုတွေ ခံစားရတာလေ။ "
"ဪ ... အဲ့တာဆို လူကြီးကကျ ရှင်းသန့်ကို သိပ်မချစ် အဲ့လို
မဖြစ်တာပေါ့နော်။ "
"ဟင် ..."
"ဟုတ်တယ်လေ။
လူကြီးက ရှင်းသန့်ကို မချစ်လို့ အခုလို ကိုယ်ဝန်ဆိပ်တွေကို ရှငသန့်ကပဲ ခံစားရပြီး လူကြီးက ပေါ့ပေါ့ပါးပါးနဲ့ ဘာမှမဖြစ်တာပေါ့ "
"ဟာ ... အဲ့တာတော့ ..."
"ဘာမှ အဲ့တာတော့မနေနဲ့။
အဖြေက ရှင်းနေတာပဲကို ... အမယ်လေး ယောင်္ကျားတွေများနော်
မယုံရပါလား။ "
"ဟာ ကလေးမကွာ။
ကိုယ်ကလေးမကို ဒီလောက်ချစ်တာသိရဲ့သားနဲ့။ "
"အပြောပဲရှိတာလေ။ "
"ဟာ ... ဟေ့ ဘာအပြောလဲကွ။ "
"အဲ့တာဆို ဘာလို့ လူကြီးက ကိုယ်ဝန်ဆိပ်မတက်တာလဲ။"
"အဲ့တာတော့ ကိုယ်လည်း မသိဘူးလေကွာ "
"ရှင်းသန့်ကို တကယ်မချစ်လို့ပေါ့။ "
"ဟာ ... ကလေးမကတော့ အိပ်ရေးမဝတာနဲ့ ရစ်ပြီကွာ။ "
"ဟွန့် ... ယောင်္ကျားတွေများ မြင်ရုံနဲ့ မသိနိုင်ဘူးဆိုတာ ဒါကို
ပြောတာနေမှာပဲ။ "
"ဟား ဟား ... ဒီကောင်မလေးကတော့ သူများရင်ခွင်နေပြီး
တအားရစ်နေတာ နေဦး "
သူ့ပေါ်ပေါ်မှ ရစ်လုံးလေးအား ကလိလိုက်ထိုးလိုက်လျှင်
ဆက်မရစ်နိုင်တော့ပဲ တွန့်ထိုးရုန်းကန်လာတော့သည်။
"အား ... လူကြီး ဘာလုပ်တာလဲ ခစ် ခစ် မလု ပ် မလုပ်နဲ့လို့ ခစ်
ယားတယ် အား "
အပိုင်း (၄၅) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)