Bububai ဝတ္ထု အချစ်ဘတ္ထရီလေး အခန်းစာရင်း

အပိုင်း (၂၂ )

💛သီဟသက်လင်း + ဖြူရှင်းသန့်💛

"မဟုတ်ဘူးမလား။

သူပြောနေတာတွေအားလုံး အလိမ်တွေပဲမလား။

ကိုယ်သိတယ် ကလေးမ မဟုတ်ဘူးမလား။ "

"..."

သူမက နှုတ်ဆိတ်နေလေ၏။

ဆိတ်ဆိတ်နေခြင်းက ဝန်ခံခြင်းလို့ဆိုပေမယ့် သူမယုံပါဘူး။

ဖြစ်မှမဖြစ်နိုင်တာ။

ဟုတ်တယ်။

ဟုတ်မိန်းမက သူ့ကို လိမ်နေတာ။

"မဟုတ်ဘူးမလား။

ကိုယ်ယုံတယ် မဟုတ်ဘူးမလား။

ကိုယ့်ကို မဟုတ်ဘူးလို့ ပြောစမ်းပါကွာ။"

"ဟုတ်တယ်။ "

"ဘာ ..."

"သူပြောတာ အကုန်အမှန်တွေပဲ။

ခင်ဗျားကို ရှင်းသန့်ဆေးခပ်ပြီး လုပ်ကြံခဲ့တာ။ "

"မဟုတ်ဘူး။

ကလေးမ ကိုယ့်ကိုရွဲ့နေတာ။"

ခုနက မှုန်ယိုနေတဲ့ ဆင်ရိုင်းတစ်ကောင်အလား စိတ်တိုနေတဲ့

သီဟသက်လင်းက ပျောက်ကွယ်သွားကာ ပြိုလဲတော့မယ်

လူတစ်ယောက်အသွင်ဖြစ်နေလေသည်။

ဟုတ်တယ် သူငိုနေတာ။

သူနဲ့မလိုက်ဖက်တဲ့မျက်ရည်တွေက သူ့ပါးပြင်ပေါ်မှာ ကျဆင်းနေတာ။

"..."

"မဟုတ်ဘူးလို့ ပြောပါဆိုကွာ။"

"..."

"ဘာလို့ ... ဘာလို့အဲ့လို လုပ်ရတာလဲ။ "

"မုန်းလို့။

ခင်ဗျားကိုမုန်းလို့။

ခင်ဗျားနဲ့ အတူနေရတာ မွန်းကြပ်လွန်းလို့။

ခင်ဗျားနဲ့ ကွာရှင်းချင်လို့။ "

"ဘယ်လို "

သီဟသက်လင်းရဲ့ တောင့်တင်းနေတဲ့ ခန္ဓာကိုယ်ကြီးက

ယိုင်နဲ့သွားလေသည်။

သူ့ရင်တစ်ခုလုံးအား အစိမ်းလိုက်စုတ်ဖြဲခံလိုက်ရသလို

စုတ်ပြတ်သတ်သွားလေပြီ။

ဒါက ... ဒါက ဘယ်လောက်တောင် ဆိုးရွားတဲ့ ခံစားချက်ကြီးလဲ။

ကဆုန်ပေါက်နေတဲ့ သူ့ရဲ့ ဘယ်ဘက်ရင်အုံကြီးကလည်း

အောင့်တက်နာကျင်လာတော့သည်။

အကြည့်တွေ ... သူ့ကို မုန်းတီးရွံရှာဖွယ်ကြည့်နေတဲ့

သူသိပ်ချစ်၊သိပ်မြတ်နိုးရတဲ့ ကလေးမရဲ့ အကြည့်တွေ။

မကြည့်ပါနဲ့။

မခံစားနိုင်တော့လို့ပါ။

"အဲ့လောက်တောင် ... အဲ့လောက်တောင်ပဲလား။ "

အသံဩဩက တိုးရှစွာ။

"အဲ့လောက်တောင်ပဲ ကိုယ့်ကို မုန်းတာလား။"

"ဟုတ်တယ်။ "

"ကိုယ်ကတော့ မင်းကို သိပ်ချစ်တာ။ "

မျက်ရည်တွေကြားထဲမှ ခပ်ယဲ့ယဲ့အပုံ့းတစ်ပွင့်အား

ပန်ဆင်လျှက်ဆိုလိုက်သည်။

ကိုယ်က ချစ်ပေးပေမယ့် သူမက ကိုယ့်အချစ်တွေကို မလိုဘူးဆိုမှတော့လည်း ...

"တစ်နေ့တော့ ကိုယ့်အချစ်တွေကို ကလေးမက မြင်လာလိမ့်မယ်လို့

ကိုယ်မျှော်လင့်ခဲ့မိတာ "

"ကောင်းပြီ။

ကလေးမ သဘောအတိုင်းဖြစ်စေရမယ်။

ကလေးမက ကိုယ့်ကို အဲ့လောက်တောင် ကွာရှင်းချင်နေရင်

ကိုယ်ကွာရှင်းပေးပါ့မယ်။"

"..."

"အခုချက်ချင်း ကွာရှင်းချင်တာလား။"

"အင်း "

"ဟုတ်ပြီ။

ကိုယ်အိမ်ကို ရှေ့နေ ခေါ်လိုက်ပါ့မယ်။"

ဖုန်းထုတ်ကာ ရှေ့နေဆီကို ဆက်သွယ်လိုက်ကြပြီး

သူတို့လည်း အိမ်ကို ပြန်လာကြလေသည်။

အိမ်ပြန်လမ်းတစ်လျှောက် သီဟသက်လင်း၏

မျက်လုံးတွေက မျက်ရည်စတွေဖြင့် ဝေဝါးနေတော့သည်။

အပြင်မှာ မျက်ရည်မိုးတွေက တဖြိုင်ဖြိုင်ရွာသွန်းဖြိုးနေသလို

ရင်ထဲမှာလည်း နှလုံးသားတစ်ခုလုံး အစိတ်စိတ်အမြွှာမြွှာကြေနေ၏။

သူတို့အိမ်ရောက်ပြီး သိပ်မကြာခင်မှာအဲ ရှေ့နေကရောက်လာလေသည်။

"ကွာရှင်းမှာ သေချာပြီလား။

စဉ်းစားကြပါဦး။"

ရှေ့နေက နှစ်ယောက်လုံးအား နားချဖို့လုပ်သည်။

ထိုအခါ သီဟသက်လင်းက ရှင်းသန့်အား မျှော်လင့်ချက်ရောင်ခြည်များ ကျန်ရှိနေသေးသော မျက်လုံးများဖြင့်ကြည့်လေသည်။

ဒါပေမယ့် ရှင်းသန့်ကတော့ ရှေ့နေအရှေ့မှ ကွာရှင်းစာချုပ်အား လှမ်းယူကာ လက်မှတ်ထိုးလိုက်၏။

"..."

သီဟသက်လင်း သူမလက်မှတ်ကလေးရှိနေတဲ့ ကွာရှင်းစာချုပ်ကြီးအား စိုက်ကြည့်နေတာ အတန်ကြာသည်အထိပင်။

ပြီးမှ သူ့စိတ်အား အဆုံးစွန်အထိ ပြင်ဆင်ကာ တုန်ယင်နေသော လက်နှင့် လက်မှတ်ထိုးပေးလိုက်သည်။

လက်မှတ်ထိုးအပြီးမှာတော့ ပေါက်ခနဲ မျက်ရည်တစ်စက်က စာချုပ်ပေါ်ကျလာကာ မျက်ရည်ကြည်မှာ မှင်ရောင်လေးတွေ ရောယှက်သွားတော့၏။

"ကဲ ... အဲ့ဒါဆို ကွာရှင်းစာချုပ်တစ်ယောက်တစ်စောင်ယူထားလို့ရပါပြီ။ "

"ကျွန်တော် မယူတော့ပါဘူး။

သူ့ကိုပဲ ပေးလိုက်ပါ။"

"..."

ရှေ့နေကြီးက သူ့အလုပ်ပြီးတော့ ပြန်သွားလေသည်။

အိမ်ထဲဝယ် သူတို့နှစ်ဦးသာ ကျန်ခဲ့တော့၏။

"ကျေနပ်ပြီလား။ "

"..."

ထိုစကားက နောက်ဆုံးဖြစ်ပြီး အိမ်ကြီးထဲတွင် တိတ်ဆိတ်သွားပြီး

နှစ်ယောက်လုံး ထိုအိမ်ကြီးအား စွန့်ခွါသွားကြတော့သည်။

ဖြူရှင်းသန့်က သူ့မိဘအိမ်ပြန်ပြီး သီဟသက်လင်းကလည်း

ထွက်သွားသည်။

_____________

"ဟဲ့ ... မိရှင်းသန့်

အထုတ်အပိုးတွေနဲ့ ဒါက ဘယ်လိုဖြစ်လာရတာလဲ။ "

ရှင်းသန့် အိမ်ထဲဝင်ဝင်ချင်း မေမေက ဆီးကြိုလျှက်မေးလျှင်

ရှင်းသန့် မျက်နှာသေနှင့် ပြန်ဖြေလိုက်သည်။

"သမီးတို့ ကွာရှင်းလိုက်ကြပြီ မေမေ "

"ဘယ်လို ..."

ဒေါ်ဖြူဖြူခင်တစ်ယောက် အံ့ဩသွားပြီး

ဘာစကားမျှပင် မဆိုနိုင်တော့ပေ။

ရှင်းသန့်ကတော့ ထိုအချိန်အတွင်း အိမ်ပေါ်သို့တက်သည်။

ဒေါ်ဖြူဖြူခင်လည်း အတန်ကြာထိ ဆွံအနေမိပြီးမှ သူမသမီးနောက်သို့ လိုက်သွား၏။

"ဖြူရှင်းသန့် ... သမီး ခုနက ဘာပြောလိုက်တာလဲ။

ဒီလို ကိစ္စက နောက်စရာမဟုတ်ဘူးနော်။ "

"သမီးနောက်နေတာ မဟုတ်ဘူး မေမေ

သမီးနဲ့သူနဲ့ တကယ် ကွာရှင်းပြီးသွားပါပြီ။။ "

ပြောလည်းပြောသလို လက်ကလည်း ကွာရှင်းစာချုပ်အား

သူမအမေဆီ လှမ်းပေလေသည်။။

"ဟင် ..."

ဒေါ်ဖြူဖြူခင် ကွာရှင်းစာချုပ်ကြီးအား ကြည့်ရင်း

မျက်လုံးအစုံမှာ ပြူးကျယ်လာတော့သည်။

"ဘယ်လို ... ဘယ်လိုဖြစ်တာလဲကွယ်။

အမေ့ကို ပြောပါဦး။

နေဦး အမေ သားသီဟကို သွားခေါ်လိုက်မယ်။"

"သူလည်း အိမ်က ထွက်သွားပြီ မေမေ "

"ဟင် ... ဘာလို့ ညဉ်းတို့သဘောအတိုင်းပဲ ဆုံးဖြတ်ရတာလဲ။

ငါတို့ကို မိဘလို့ရော သတ်မှတ်သေးရဲ့လား။

ငါတို့ကို တစ်ခုမှ မတိုင်ပင်ပဲ။

ပြော ဘယ်လိုဖြစ်လို့ အခုလို ကွာရှင်းရလောက်တဲ့အထိ ဖြစ်သွားရတာလဲ။ "

"သမီးက ကွာရှင်းခွင့်တောင်းခဲ့တာပါ။

သူနဲ့ မပေါင်းချင်တော့လို့ပါ။"

"အမယ်လေးလေး ... အိမ်ထောင်တစ်ခုလို အဲ့လို

လွယ်လွယ်နဲ့ ဖျက်ဆီးပစ်ရသလား မိရှင်းသန့်ရဲ့။"

"..."

"နေပါဦး။

သားသီဟက အဲ့လိုတောင်းဆိုရုံ‌နဲ့တော့ ကွာရှင်းပေးမှာမဟုတ်ဘူး။

ညဉ်းတစ်ခုခု လုပ်လိုက်တယ်မလား။"

သူမမျက်စိရှေ့တင် ကြီးလာတဲ့ ကလေးနှစ်ယောက်အကြောင်းကို

သိနေတာကြောင့် သီဟက ရှင်းသန့်အပေါ် ဘယ်လောက်ထိ

ချစ်တယ်ဆိုတာလည်း သိလေသည်။

ဒေါ်ဖြူဖြူခင်က အတပ်သိနေစွာ မေးလျှင် ဖြူရှင်းသန့်ကလည်း

လိမ်ညာခြင်းမရှိပဲ ခေါင်းငြိမ့်ကာ သူမလုပ်ခဲ့တဲ့အကြောင်းတွေ အကုန်ဖွင့်ပြောလိုက်၏။

ထိုအခါ ဒေါ်ဖြူဖြူခင်တစ်ယောက် သူမသမီး အား မယုံနိုင်လောက်အောင်ဖြစ်သွားကာ ရှင်းသန့်လက်မောင်သားတွေအား ထုရိုက်ကာ

ဆူတော့သည်။

"ဘာ ... ညဉ်း ညဉ်း ငါ့သမီးရော ဟုတ်ရဲ့လား။

ညဉ်းကို ငါ့သမီးလို့ ပြောရမှာ ငါရှက်တယ် သိလား။

မိရှင်းသန့်ရဲ့ "

"..."

ကိုယ့်အပြစ်ကိုယ်သိတဲ့ ရှင်းသန့်က နှုတ်ဆိတ်လျှက် ငြိမ်နေလေ၏။

"အမယ်လေး ... ငါ ငါ့ကျေးဇူးရှင်တွေကို ဘယ်လိုမျက်နှာပြရပါ့မလဲ။

ညဉ်းက မိန်းမကောင်းမဟုတ်ဘူးသိလား။

ကိုယ့်အပေါ် ဒီလောက်ကောင်းတဲ့ ယောင်္ကျားကို ပြစ်မှားတာ

ညဉ်း ကံကြီးထိုက်ဦးမှာ သိရဲ့လား။ "

"..."

ဒေါ်ဖြူဖြူခင်စကားတွေအား ဖြူရှင်းသန့်ဘာမျှ မတုံ့ပြန်နိုင်ပဲ အသံတတိတ်သာငိုကြွေးလေသည်။

ဒီမျက်ရည်တွေက ဘာအကြောင်းကြောင့်ကျလာရတာပါလဲ။

သူမအမေရဲ့ ဆူပူရိုက်နှက်မှုကြောင့်လား။

ဒါမှမဟုတ် သူမကို သိပ်ချစ်ပေးတဲ့ လူတစ်ယောက်အား ဆုံးရှုံးလိုက်ရခြင်းအတွက်လား။

ဝေခွဲမရပေမယ့် မျက်ရည်မိုးတွေကတော့ တဖြိုင်ဖြိုင်ရွာသွန်းလေတော့သည်။

အပိုင်း (၂၃) ဆက်ရန် ...

Author -Anna Lynn

(ဖတ်တဲ့သူတွေတော့မသိဘူး။

ကျွန်မတော့ ရေးနေရင်း ရင်တွေဆို့ပြီး ငိုနေရပါပြီ။

သူများကို ငိုစေချင်တာ။

ကျွန်မအရင်ငိုနေရ ပြီ။😭

ဦးသီဟသက်လင်းကြီးကို သနားလွန်းလို့ပါ။)

« ရှေ့အခန်း - အပိုင်း (၂၁ ) နောက်အခန်း - အပိုင်း (၂၃) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ