💛သီဟသက်လင်း + ဖြူရှင်းသန့်💛
"ကလေးမ "
သီဟသက်လင်းခေါ်လိုက်လျှင် ရှင်းသန့်က မျက်လုံးလေးလှန်ကာကြည့်လေသည်။
" အပြင်သွားမယ်ဆို အဲ့လို ဘောင်းဘီအတိုတွေမဝတ်ပါနဲ့လားကွာ။ "
"ဘာ"
သီဟသက်လင်းစကားအဆုံးတွင် ရှင်းသန့်မျက်ခုံးလေးတွေ
တွန့်ချိုးသွားလေသည်။
"ဘာလဲ ... ခင်ဗျား နည်းနည်းလေးအရောဝင်လိုက်တာနဲ့
ရှင်းသန့်ကို ချုပ်ခြယ်ချင်တာလား။"
"အဲ့လိုမဟုတ်ပါဘူးကွာ။"
"ရှင်းသန့်ကို လာချုပ်ခြယ်ဖို့ မစဉ်းစားနဲ့။
ဒီလိုဝတ်လာတာ အခုမှလည်းမဟုတ်ဘူး။ခင်ဗျားနဲ့
မယူခင်ကတည်းက ဒီအတိုင်းပဲ ဝတ်လာတာ။
နောက်ပြီး ရှင်းသန့် ဝတ်ထားတာတွေကအမြင်ရိုင်းနေတဲ့ထိလည်း မဟုတ်ဘူး။ မေမေတို့တောင် ဘာမှ မပြောတာ ခင်ဗျားက ဘာတွေ လာပြောနေတာလဲ။ "
"ဟင်း ... ဆောရီးပါကွာ။
ကလေးမ မကြိုက်ရင် ကိုယ်မပြောတော့ပါဘူးကွာ။
စိတ်မဆိုးတော့နဲ့နော်။။ "
လေပြေအေးလေးနဲ့ ချော့ရင်း သူမပခုံးလေးအား
သွားကိုင်လျှင်ပုတ်ချခြင်းခံလိုက်ရပြန်သည်။
"လာ မထိနဲ့ "
_____________
"ကလေးမ "
သီဟက ခေါ်လိုက်လျှင် ရှင်းသန့်က ပြောဆိုတဲ့အမူအယာနှင့် မျက်လုံးလှန်ကြည့်လာလေသည်။
"ကိုယ်တို့ ကလေးယူကြမလား။"
"ဘာပြောတယ် ... ခင်ဗျား။"
ရှင်းသန့် စိတ်တိုသွားကာ သူ့အားဒေါသတကြီးကြည့်လျှက် အော်လိုက်လျှင် သူက ပျာပျာသလဲ ရှင်းပြလာလေသည်။
"မဟုတ် ... ကိုယ်ဆိုလိုချင်တာ အဲ့လိုမဟုတ်ပါဘူးကွာ။
ကိုယ်ကလေးမ ခန္ဓာကိုယ်ကို လိုချင်လို့မဟုတ်ပါဘူး။
ကိုယ်တို့ကြားသံယောဇဉ်အမျှင်တန်းလေး လိုချင်တဲ့သဘောပါ။
အခုချက်ချင်းယူဖို့လည်း ပြောတာမဟုတ်ပါဘူး ... နောက်မှ ..."
"မပြောနဲ့... အဲ့စကား ဘယ်တော့မှ ထပ်မပြောနဲ့။"
"ဟင်း ... အင်းပါ။ "
_____________
ရှင်းသန့် သူ့ပွဲရုံလိုက်လိုက်သွားတာ အခေါက်ပေါင်းမနည်းတော့
ပေမယ့် မသင်္ကာစရာဘာမှ မတွေ့ရတာကြောင့် အားလျှော့လာချင်မိပြီဖြစ်၏။
ဒီနေ့တော့ ခင်ဇာ့ကိုပြန်မေးပြီး အကြံဉာဏ်တောင်းကြည့်ရဦးမှာပင်။
ရှင်းသန့် ကျောင်းကန်တင်းထဲဝင်လိုက်လျှင် ခင်ဇာနှင့်အတူအသွင်နဲ့
မေခိုင်ပါရောက်နေကြလေသည်။
သူတို့က ရှင်းသန့်ကို မြင်လျှင် လက်လှမ်းပြကာ လှမ်းနောက်ကြလေသည်။
"လာပါပြီ ... ကိုကြီးရဲ့ ကလေးလေး "
"နင်တို့နော်... အဲ့လိုစတာ ငါမကြိုက်ပါဘူးဆို "
"ဟဲဟဲ ... နင်ကလည်း ကိုယ့်ယောင်္ကျားစတာ ဘာမကြိုက်စရာရှိလဲဟာ။ "
"ဟင်း ... တော်ပြီ မပြောတော့ဘူး။
နင်တို့နဲ့ငါ ကီးမကိုက်ဘူး။ "
"အေးပါ ... ကိုကြီးရဲ့ ကလေးလေးဖြစ်နေပြီဆိုတော့
အခုတော့ ချေနိုင်ပြီပေါ့။ "
"အသွင် ..."
ရှင်းသန့်မျက်မှောင်လေးကြုတ်ကာ ခပ်ဆတ်ဆတ်အော်လိုက်လျှင် အသွင်က တဟားဟားနှင့် ရယ်တော့သည်။
"ကဲပါဟာ ... နင်တို့ကလည်း သူများမကြိုက်ပါဘူးဆို
မစနဲ့တော့လေဟာ။ "
ခင်ဇာက ဝင်ပြောလိုက်မှ အသွင်နှင့် မေခိုင်တို့က မျက်နှာစပ်ဖြဲဖြဲကြီးတွေနှင့် တိတ်သွားကြတော့သည်။
"ခင်ဇာ ... ငါနင်ပြောသလို သူ့ပွဲရုံကို ခဏခဏ လိုက်သွားကြည့်ပြီးပြီဟ။ မထူးပါဘူးဟာ။ "
"ဟုတ်လား။
အဲ့ဒါဆို နင်အဲ့လို ယောင်္ကျားရထားတာ တော်တော် ကံကောင်းတာပဲလေဟာ...ဒီအတိုင်း သူ့ကို ချစ်ဖို့ ကြိုးစားကြည့်ပါလား။ "
"နင်ကလည်း ငါအပြတ်ပြောထားပြီးသားလေ။
အဲ့လူကြီးကို လုံးဝ ချစ်လို့မရပါဘူးဆို "
ရှင်းသန့်နဲ့ ခင်ဇာတို့ပြောနေကြတာကို အသွင်နဲ့ မေခိုင်က ဘာမျှ နားမလည်တာကြောင့် ဒီအတိုင်းသာ ကြည့်နေကြလေသည်။
"ကဲ ... အဲ့ဒါဆို ငါတို့ နောက်ဆုံးအကွက်ကို ထုတ်သုံးရတော့မှာပဲ။ "
"နောက်ဆုံးအကွက် "
ရှင်းသန့် ခင်ဇာ့စကားကို သံယောင်လေးလိုက်ပြောလိုက်လျှင်
ခင်ဇာက ခေါင်းညိတ်ပြလေသည်။
"ဟုတ်တယ် ... ငါတို့နောက်ဆုံး အကွက် ထုတ်သုံးရတော့မယ်။
ဒါပေမယ့် သူ့အတွက်တော့ တော်တော် မတရားရာကျမှာဟဲ့။ "
"ဘာမှမဖြစ်ဘူး။
ပြောပြစမ်းပါဟယ်။ "
"ဒီလိုလေဟာ ... သူ့မှာ ပြစ်ချက်မရှိတော့ ငါတို့က ဖန်တီးယူရမှာပေါ့။ "
"ဟင် ... ဘယ်လိုမျိုးလဲ။ "
ခင်ဇာပြောလာမယ့်စကားကို ရှင်းသန့်နဲ့အတူ အသွင်နဲ့မေခိုင်ကလည်း စိတ်ဝင်တစားနားထောင်နေကြလေသည်။
"သူ့မှာက မိန်းမကိစ္စအရှုပ်အရှင်းလည်း မရှိဘူးဆိုတော့
ငါတို့က ဘားက မိန်းမတစ်ယောက်ကိုငှားပြီး သူနဲ့လက်ပူးလက်ကြပ်မိတဲ့ပုံစံမျိုးလုပ်မယ်ဟာ။
အဲ့အချိန် နင်က သူ့ကို ကွာရှင်းခွင့်တောင်းလိုက်ရင်
သူလည်း ငြင်းလို့မရတော့ဘူး။
ငါ့အကြံ ပိုင်တယ်မလား။ "
"အင်း ... ကျေးဇူးပါ သူငယ်ချင်းရယ်။ "
ခင်ခင်ဇာ့ စကားအဆုံးတွင် ရှင်းသန့် မျက်နှာမှာ ပြုံးရွှင်သွားပေမယ့်
သူတို့အကြံကို အခုမှ နားလည်သွားတဲ့ အသွင်နဲ့မေခိုင်ကတော့
တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ခေါင်းတွေရမ်းခါလျှက် သက်ပြင်းကိုယ်စီချကြတော့သည်။
"ဟဲ့ ခင်ခင်ဇာ နင်ကလည်း သူများလင်မယားကွဲအောင်
မလုပ်စမ်းပါနဲ့ဟယ်။ နင်ဝဋ်လည်နေမယ်နော်။ "
"အေးလေ ... ဟုတ်ပ။
အဲ့ဒါကြီးကတော့ တစ်ဖက်လူအတွက်လည်း မကောင်းပါဘူးဟာ။ "
အသွင်နဲ့မေခိုင်က တစ်ယောက်စကားတစ်ယောက်ထောက်ခံကာ
ဝင်ပြောကြလျှင် ရှင်းသန့်မျက်နှာပျက်ကျသွားလေသည်။
"နင်တို့ကလည်း ငါလည်း တမင်လုပ်ပေးတာမှ မဟုတ်ဟ။
ငါ့သူငယ်ချင်း စိတ်ဆင်းရဲနေတာကို မကြည့်ရက်လို့ပါဟာ။ "
"အလကား ... ရှင်းသန့်မလည်း ရှိတုန်းတန်ဖိုးမထားဘူး။
မရှိတော့မှ နောင်တတွေ အကြီးအကျယ်ရတော့မှာ ကြည့်ထား။ "
"ဟုတ်တယ် ... အဲ့အချိန်ကျမှ နှစ်ယောက်လုံး ဝဋ်တွေလည်နေကြတော့မှာ။ "
"ကဲ ... တော်တော့ဟာ နင်တို့လည်း မကူညီချင်နေ
မနှောင့်ယှက်ကြနဲ့။ ခင်ဇာ ငါ့ကို ကူညီပေးနော်။
ငါအဲ့လူကြီးနဲ့ တကယ်ကွာရှင်းချင်တာ။လုံးဝနောင်တ မရဘူး။ "
"ဟင်း ... နောက်မှနောင်တရကြမှ ထိုင်ကြည့်နေဦးမယ်။ "
အဲ့လိုနဲ့ ရှင်းသန့်နဲ့ခင်ဇာတို့ကတစ်ဖက် အသွင်နဲ့မေခိုင်တို့က တစ်ဖက်ဖြစ်သွားကြတော့သည်။
_______________
"ဟေ့လူကြီး "
"ဟင် "
"ဒီနေ့ ရှင်းသန့် သူငယ်ချင်းနဲ့ ဘာသွားချင်လို့။ "
"ဟာ ... ကလေးမကလည်း။။ "
"ဘာလဲ ... မလွှတ်ပြန်ဘူးလား။
ခင်ဗျားကလေ ရှင်းသန့်ကို အကုန်လိုက်ချုပ်ခြယ်နေတော့တာပဲ
အဲ့တာကြောင့် ရှင်းသန့်က ခင်ဗျားကို ပိုပိုမုန်းလာတာ သိရဲ့လား။ "
"ဟင်း ... ဘားဆိုတဲ့နေရာက လူကောင်းတွေ လာကြတာမဟုတ်တော့ ကိုယ်က ကိုယ့်ကလေးမကို စိတ်မချလို့ပါကွာာ။"
"ဘာလဲ ... ခင်ဗျားက ရှင်းသန့်ကိုပါ လူကောင်းမဟုတ်ဘူးလို့ ပြောချင်တာလား။"
"မဟုတ်ရပါဘူးကွာ။
ကိုယ်တကယ် ကလေးမကို စိတ်မချလို့ပါကွာနော်။
ကိုယ့်စေတနာကို နားလည်စမ်းပါကွာ။"
"အို ... နားမလည်ပါဘူး။
ရှင်းသန့်ကတော့ ခင်ဗျား ရှင်းသန့်ကို ချုပ်ခြယ်တယ်လို့ပဲမြင်တယ်။
စိတ်မချဘူးဆိုရင်လည်း ခင်ဗျားပါ လိုက်ချင်လိုက်ခဲ့လေ။ "
"ဟင် ... အဲ့လိုရလား။
ကိုယ်နဲ့ တွဲသွားလို့ အဆင်ပြေတယ်လား။ "
"ပြေပါတယ်။
ခင်ဗျားမပါရင်လည်း ခင်ဗျားက ရှင်းသန့်ကိုမှ မလွှတ်တာ။"
"ကိုယ်က စိတ်မချလို့ပါကွာ။
စိတ်မဆိုးနဲ့နော်။အဲ့တာဆို ကိုယ်လိုက်ခဲ့မယ်နော်။"
"အင်း "
"အိုကေ အိုကေ ခဏစောင့်
ကိုယ်အဝတ်အစားသွားလဲလိုက်ဦးမယ်နော်။ "
ပြောပြောဆိုဆိုနှင့် ရှင်းသန့်ခေါင်းကိုပုတ်ကာ တက်ကြွစွာ
ထွက်သွားတဲ့ ကျောပြင်ကြီးအား ကြည့်ကာ ရှင်းသန့် အပြုံးမမည်တဲ့ အပြုံးတစ်ခု ပြုံးလိုက်သည်။
ဖြူရှင်းသန့်ကို ခင်ဗျားက လျှော့တွက်ခဲ့တာကိုး။
ပြီးတာနှင့် ဖုန်းကိုထုတ်ကာ ခင်ဇာ့ဆီသို့ စာလှမ်းပို့လိုက်သည်။
ခဏနေတော့ သီဟက လှေကားမှ အပြေးအလွှားဆင်းလာလျှင်
ရှင်းသန့်လှမ်းကြည့်လိုက်သည်။
ခါတိုင်းလို တီရှပ်နဲ့ပုဆိုးမဟုတ်ပဲ ဘားသွားမယ်ဆိုတော့
နက်ပြာရောင် စပို့ရှပ်နဲ့ စတိုင်ပန်အမဲကို တွဲဝတ်ထားတော့လည်း
Gentleman ပုံ ပေါက်သားပဲဟု ရှင်းသန့် ကိုယ့်ဟာကိုယ်
စိတ်ထဲမှာ မှတ်ချက်ပေးလိုက်မိသည်။
"သွားစို့လေ ကလေးမ
ဘာတွေကြည့်နေတာလဲ။ ကိုယ်ချောလို့လား။ "
သီဟက စပို့ရှပ်ကော်လံအားဆန့်ကာ မျက်ခုံးပင့်လျှက်
မေးလာတာကြောင့် ရှင်းသန့် နှာခေါင်းရှုံ့ပြလိုက်သည်။
ထိုအခါသီဟက ရှင်းသန့်နှာခေါင်းလုံးလုံးလေးအား
အသည်းယားစွာ ဖွဖွဆွဲလိမ်ဆွဲလိုက်၏။
"အ ... နာတယ်နော်။ "
"အဟက် ... သွားကြစို့လေ။ "
"အင်း ... ရှေ့နားက လမ်းထိပ်မှာ သူငယ်ချင်းတစ်ယောက်ကို
ခေါ်ရဦးမှာ ကားရပ်ဦးနော်။ "
"အွန်း "
အဲ့လိုနဲ့ ကားလေးက ခြံထဲမှာထွက်ကာ လမ်းမှာ ခင်ခင်ဇာ့အား ဝင်ခေါ်ပြီး ရှင်းသန့်သို့ ဘားသို့ရောက်ခဲ့ကြလေသည်။
ပြောရမယ်ဆို အကြံတစ်ဝက်အောင်မြင်နေပြီပေါ့။
အပိုင်း (၂၀) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)