နှစ်ပတ်ကြာပြီနောက်.....
ယမုံရှေ့က ပါဆယ်ဘူးကြီးကိုကြည့်ပြီး စိတ်ကညစ်လာရသည်၊ဒီ လွင်ပြင်မုန်းက ဘယ်လိုလုပ်ပြီး ယမုံ့ မွေးနေ့ကို သိလာရပြန်ပြီလဲတကယ်ပါပဲ
အခုလဲ ဆိုင်ကကောင်မလေးတွေကို လာပို့ထားသည်တဲ့လေ ယမုံ လာရင် မွေးနေ့လက်ဆောင် ပေးပေးပါဆိုပြီးတဲ့...
အချစ်ဆိုတာလုပ်ကြံ ဖန်တီးယူလို့ရတဲ့အရာမဟုတ်ဘူးဆိုတာ သူ မသိဘူးလား...
ယမုံက အစွဲအလန်းကြီးတဲ့လူစားမို့ တစ်ယောက်ပြီးတစ်ယောက် ပြောင်းဖို့ ဆိုတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပေ!
သို့ပေမယ့် ခမ်းနားကို ပြန်လက်ခံဖို့ ဆိုတာကယမုံ့အတွက် နောက်ထပ် တစ်ခေါက်ပြန်ပြီးလှန်မဖတ်ချင်တော့တဲ့ စာတစ်အုပ်လိုပါပဲ
"ကေသာ ဒီပါဆယ် ဘူးကို ကိုလွင်ပြင်မုန်းဆီ ပြန်ပို့ပေးလိုက်ပါ မမ လက်မခံဘူးလို့ ပြောလိုက်ပါ နောက်ထပ်လည်း မပို့ပါနဲ့လို့ "
ကေသာ့ရှေ့ကို ပါဆယ်ဘူးလေးကို ချပေးလိုက်လေသည်၊ကေသာက ယမုံ့ကို မော့ကြည့်ရင်း ခေါင်းညိတ်ပြလိုက်ကာ
"ဟုတ်ကဲ့ မမ ကေသာ ပြန်ပို့ပေးပါမယ်နော် "
ယမုံလည်း ဒီရက်ပိုင်း စိတ်ဖိစီးမူတွေက များနေပြီးလူလည်းပင်းနေပြီမို့ ဆိုင်ကို ငုဝါတို့နဲ့ လွဲထားပြီး အိမ်ပြန်နားရန် စိတ်ကူးလိုက်သည်
"ကေသာတို့ နှစ်ယောက် ဆိုင်ပိတ်လို့အဆင်ပြေရင် မမ အိမ်ပြန်ချင်လို့ ရလား "
"ဟုတ် ရတယ်မမ ကေသာတို့နှစ်ယောက် ပိတ်လိုက်ပါမယ် မမ ပြန်နားလေ "
ယမုံခေါင်းညိတ်ပြလိုက်ရင်း ကားသော့ယူကာဆိုင်ပြင်ထွက်လာခဲ့လိုက်သည်၊
ဒီနေ့ ယမုံ့ မွေးနေ့ဆိုတာ ယမုံမေ့နေတာ အမှန်ပင်!ဖုန်းကို ညကတည်းက ပိတ်ထားမိတာ အခုထိ မဖွင့်ကြည့်ရသေးပေ!
ကားလေးက တငြိမ့်ငြိမ့်မောင်းလာရင်း အိမ်ရှေ့ရောက်တော့ ခြံတံခါးပိတ်ထားသည်မို့ အသစ်ခေါ်ထားတဲ့ ဒေါ်မိုးကို ခြံတံခါးလာဖွင့်ရန် ယမုံ ဖုန်းခေါ်ဖို့ ပြင်လိုက်သည်!
လက်ကိုင်အိတ်ထဲက ဖုန်းကိုထုတ်ယူလိုက်ပြီးယမုံဖွင့်ကြည့်လိုက်တော့ ပထမဦးစွာ ဝင်လာခဲ့တဲ့ မက်ဆေ့ တစ်ခုကြောင့် ရင်ထဲဆွေးကနဲ ဖြစ်သွားရသည်၊
"ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ ယမုံ" တဲ့ ညက 12.00တိတိက ပို့ထားတဲ့ မက်ဆေ့လေးက ခမ်းနားဆီက လာတာပင်ဖြစ်သည်၊ခြောက်နှစ်လုံးလုံး ယမုံ့ကို ပစ်ထားတဲ့သူက အခုမှ ပထမဆုံးအကြိမ် မွေးနေ့ဆုတောင်း လာပို့သည်တဲ့လား
ယမုံ နာနာကျင်ကျင် ပြုံးလိုက်မိသည်၊နာကျင်မူတွေနဲ့ ယမုံဆိုတာ အသားကျပြီးသားမို့ သိပ်တော့ မထူးဆန်းတော့ချေ၊
Contact list ထဲက အိမ်ဖုန်းကို ယမုံခေါ်လိုက်ရင်း ကားမောင်းဝင်ဖို့ ပြင်ထားလေသည်၊
"ဒေါက် ဒေါက်"
ဖုန်းခေါ်နေစဉ် ကားမှန်ကို လာခေါက်သဖြင့် ယမုံ လှည့်ကြည့်လိုက်မိတော့ ယမုံတစ်ခါမှ မမြင်ဖူးသည့် လူငယ်တစ်ယောက်ကို မြင်လိုက်ရသည်၊
ဘယ်သူများလဲ?
"ဒေါက် ဒေါက်"
ထပ်မံလို့ တံခါးခေါက်လာသည့် လူငယ်ကြောင့် ယမုံမျက်မှောင်ကြုတ်လိုက်ရင်း လူမကြောက်တတ်သည့် စိတ်ကြောင့် ကားမှန်ကို ချလိုက်ရင်း ထိုလူငယ်ကို ကြည့်လိုက်ကာ မေးငေါ့ပြလိုက်ရင်း
"ဘာကိစ္စရှိလို့လဲရှင့်"
လူငယ်က သူမထက်တော့ အသက်ငယ်မည့်ပုံပင် ဖြူစွတ်စွတ်အသားရောင်နှင့် ခမ်းနားတို့လောက် အရပ်မရှည်ပေမယ့် အရပ်မြင့်တဲ့ အထဲပါလေသည်၊ ယမုံ့ကို ထိုလူငယ်က ငုံ့ကြည့်လိုက်ပြီး ပြုံးပြကာ
"ကျွန်တော် အစ်မနဲ့ စကားပြောလို့အဆင်ပြေမလား နှင့်ပွင့်ဖြူကိစ္စနဲ့ ပက်သက်ပြီးပေါ့ "
စနိုးနာမည်ပါလာသည့် အတွက် ယမုံမျက်မှောင်ကြုတ်သွားရကာ ထိုလူကိုကြည့်လိုက်ရင်း ဖေဖေ ပြောပြခဲ့သည့် စနိုးနဲ့ ပက်သက်ခဲ့သည့် တေဇမ်ုး ဆိုသည့် လူကို စိတ်က အမှတ်ရသွားလေသည်၊
ထို့ကြောင့် စကားပြောရန် ဆုံးဖြတ်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်၊
🍀🍀🍀🍀🍀
"ယမုံ ဘယ်လိုဆုံးဖြတ်ချင်လို့လဲ ကိုယ့်ကိုပြောလေ"
ခမ်းနားက ယမုံ့မျက်နှာကို စေ့စေ့ကြည့်ရင်း မေးလာသည်မို့ ယမုံ ခေါင်းညိတ်ပြလိုက်ရင်း..
"ကျွန်မကတော့ ကလေးကို ရှင်တို့ဆီမှာပဲ ထားစေချင်တယ် တေဇမိုး ဆိုတဲ့သူက သူ့ကလေးကို သူပြန်ခေါ်ချင်တဲ့ အကြောင်း ကျွန်မကို အတိအလင်းပြောလာတာမို့ ကလေးအတွက် စိတ်ပူမိတာတော့ အမှန်ပဲ ဖေဖေ မသေခင်က ပြောပြခဲ့ပုံအရ တေဇမိုးက ဆေးသမားလို့လဲ ပြောတယ် အဲ့ဒါကြောင့် ပိုပြီးစိတ်မချဖြစ်မိတယ် စနိုးနဲ့ရှင်နဲ့က လက်ထပ်ထားတာ ဆိုတော့ စနိုးရဲ့ ကလေးကလည်း ရှင့်ရဲ့ကလေးပါပဲ "
"ယမုံ"
ဆွေးမြည့်စွာကြည့်နေတဲ့ ခမ်းနားရဲ့ မျက်လုံးတွေကို ယမုံ ဥပေက္ခာပြုရင်း သူမလိုချင်တဲ့အချက်ကိုသာ အဓိက ထားပြောနေမိသည်၊ယမုံ့စကားမဆုံးခင် စ
ခမ်းနားက စကားဖြတ်ပြီ သူမနာမည်ကို ခေါ်လာသည့်အတွက် အလိုမကျသည့် ယမုံ မျက်ခုံးတန်းလေးတွေ တွန့်ချိုးသွားလျက် ရှိသည်၊
"ဘာပြောစရာရှိလိုလဲ ကလေးနဲ့ပက်သက်တာပဲပြောပါ ပြီးခဲ့တဲ့ကိစ္စတွေက အတိတ်မှာ ကျန်ခဲ့ပြီမို့ ထည့်မပြောစေချင်ဘူး "
သူမစကားကြောင့် ခမ်းနားဘာဆက်ပြောလို့ ပြောရမှန်းမသိတော့ပေ၊ကိုယ်ဟာ အခုအချိန်မှာ အပြစ်ရှိဆုံးလူသားမို့ သူမ ဘာပြောပြော ခေါင်းညိတ်လက်ခံယုံသာ တတ်နိုင်သည်မို့..
"ကလေးက ကိုယ့်ကလေးမဟုတ်ပေမယ့် ယမုံကြောင့် ကိုယ်လက်ခံထားပေးတယ်ဆိုတာ သိစေချင်တယ် စနိုးအတွက်ကြောင့် ဆိုရင်တော့ ကိုယ်ဒီခလေးကို စွန့်ပစ်မိမှာ အမှန်ပဲဒါပေမယ့် ယမုံ့ကြောင့်.."
စူးကနဲ ကျရောက်လာသည့် မျက်လုံးတွေကြောင့် ခမ်းနားဟာ သေမိန့်ချခံရမယ့် တရားခံလို အလိုလိုသိမ်ငယ်သွားရပြီး ဘာစကားမှ မဆိုနိုင်တော့ဘဲ ယမုံကိုသာ ကြည့်နေမိသည်၊
"ယမုံ့ကြောင့် ဆိုတဲ့စကားကို မသုံးနဲ့ ခမ်းနား ဒါက ရှင်ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ လမ်းပါ ရှင့်အတွက် ကောင်းမယ်ထင်လို့ ရှင်ကိုယ်တိုင်ဖောက်ခဲ့တဲ့လမ်းမို့ ကျွန်မကို ကြားခံပစ္စည်းအဖြစ် လာဆွဲမထည့်နဲ့ မကြိုက်ဘူး"
ရင်ဘက်ထဲစူးအောင့်လာသည့် ခံစားချက်ကြောင့် ရှတတမွန်ထုံ နေတဲ့ခံစားချက်တွေက အာခေါင်ထိခြောက်ကပ်လာသလို ခံစားရပြီး သူ့ရှေ့မှာ သူမထိုင်နေတာ မြင်နေရပေမယ့် သူမနဲ့သူဟာ ကမ္ဘာတစ်ဖက်ဆီ ကွာဝေးနေသလို ခံစားလာရသည်၊
ယမုံသူ့ကို တကယ် မေ့နိုင်သွားပြီထင်တယ်၊မြင်နေရတဲ့ ယမုံ့မျက်ဝန်းတွေထဲ သူ့အတွက် သံယောဇဉ် အမျဉ်တန်းလေး ရှာကြည့်မိသည်၊သို့သော် အစိမ်းရောင်လွင်ပြင် တစ်ချပ်ကိုသာ မြင်နေရသည်မို့ ရင်ဘက်ထဲ ပိုလို့ တင်းကြပ်လာရသည်၊
ခြောက်နှစ်လုံးလုံး ယမုံ့ကို သူ မဆက်သွယ်ဘဲ နေနိုင်ခဲ့သည့် အချိန်က... သူမအပေါ်ထားသည့် သူ့အချစ်တွေကြောင့်ပင် ဖြစ်သည်။
မိမိရည်မှန်းချက်တွေကို အကောင်အထည်ဖော်နေစဉ်အတွင်း ယမုံ့အသံလေး ကြားလိုက်ရရုံ၊ မျက်နှာလေး မြင်လိုက်ရရုံမျှဖြင့် အရာအားလုံးကို ပစ်ချပြီး မြန်မာပြည်သို့ အပြေးပြန်လာမိမှာ စိုးရိမ်၍သာ ထိုအလွမ်းတွေကို ကြိတ်မှိတ်မျိုသိပ်ခဲ့ရခြင်းဖြစ်၏။ သို့သော် ကံကြမ္မာ၏ ရက်စက်လှည့်စားမှုကြောင့် စနိုးနှင့် မလွှဲမရှောင်သာ လက်ထပ်ခဲ့ရသည့်တိုင်... သူ့ဘဝတစ်ခုလုံးမှာ အစအဆုံး ရူးရူးမူးမူး ချစ်ခဲ့ရတာ ယမုံတစ်ယောက်တည်းသာ ဖြစ်ကြောင်းကိုမူ သူမ သိအောင်သူ ပြောပြဖို့ အခွင့်အရေးမရှိတော့ဘူး ထင်ပါရဲ့.
မိနစ်ပိုင်းမျှ အတွေးကိုယ်စီနဲ့ တိတ်ဆိတ်သွားခဲ့ပြီးနောက် ခမ်းနား ထံမှ သက်ပြင်းချသံတစ်ခုကိုကြားလိုက်ရသည်၊ပြီးနောက်...
"မင်းမကြားချင်ဘူးဆိုတာ ကိုယ်သိပေမယ် ပြောချင်ခဲ့တာ ကြာပြီ ဖြစ်တဲ့ စကားလေးကို ကိုယ်ပြောပါစေ ယမုံ"
'မပြောနဲ့ မကြားချင်ဘူး ကလေးကိစ္စတစ်ခုနဲ့ပဲ ကျွန်မတို့ ပက်သက်စရာအကြောင်းရှိမယ် ကျန်တဲ့စကား တွေ အပိုအလို ပြောလို့ ကျွန်မ လက်မခံဘူး ဆိုလိုရင်းလည်း ပြောပြီးပြီ ဆိုတော့ ကျွန်မ ပြန်တော့မယ် "
ပြောရင်း ယမုံက ထိုင်ခုံမှ ထရပ်လိုက်သည်မို့ခမ်းနားပါအတူ ထရပ်လိုက်ပြီး..
"ကိုယ်မင်းကို အရမ်းချစ်တယ် ယမုံ "
တစ်ဖက်လှည့်ပြီး ယမုံနှုတ်ခမ်းအတွင်းသားလေးကို ဖိကိုက်ထားပြီး ခပ်မဲ့မဲ့ပြုံးလိုက်မိသည်၊
"ကျွန်မအချစ်တွေက ရှင်နဲ့မထိုက်တန်ခဲ့ဘူးဆိုတာ အခုလက်ရှိဘဝက သက်သေပဲလေ ဓာတ်ပြဟောင်းကြီးကို ခဏခဏ လာဖွင့်မပြပါနဲ့လား အချစ်သစ်ဆိုတာ ရှင်ရှာ တွေ့ခဲ့သလို ကျွန်မလည်း ရှာ တွေ့နိုင်တယ် ဒါပေမယ့် ခမ်းနားသွင်ပြင်ဆိုတဲ့ ရှင့်ကို တော့ ကျွန်မ ထပ်ပြီးချစ်ရအောင် လက်ခံရအောင် အချစ်က ကျွန်မအတွက် ဘဝ တစ်ခုမဟုတ်ခဲ့ဘူး နောက်ဆို အဲ့ဒီ စကားမျိုး မပြောပါနဲ့ "
ပြောရင်းလှည့်ထွက်သွားတဲ့ ယမုံ့ကြောင့် ခမ်းနားခေါင်းငိုက်စိုက် ကျသွားခဲ့ရသည်၊
🍀🍀🍀🍀🍀🍀🍀
တစ်လမ်းလုံးမငိုမိအောင် ထိန်းလာတဲ့ မျက်ဝန်းထဲက မျက်ရည်တွေက မျက်တောင်ရှည်တို့ ပုတ်ခတ်လွန်းသဖြင့် ယမုံရဲ့ မျက်တောင်ဖျားတို့ စိုစွတ်နေလေသည်၊
တကယ်ဆိုရင် ယမုံ သူနဲ့ စကားလက်ခံမပြောသင့်တော့ဘူး မဟုတ်လား၊ ကလေးကြောင့်သာ ပြောနေရခြင်းဖြစ်လေသည်၊ ကလေးကို မရမက ပြန်ခေါ်မည်လို့ ပြောသွားခဲ့တဲ့ တေဇမိုးကြောင့် သူမဆီမှာထက် စာရင် ခမ်းနားဆီမှာ ရှိနေတာက သတိုးလေးအတွက် ပိုလုံခြုံပါလိမ့်မည်၊
ကားလေးက ဆိုင်ရှေ့ ရောက်သည်နှင့် သူမဆိုင်ရှေ့ ရပ်ထားသည့် အဖြူရောင် ကားတစ်စီးကြောင့် ယမုံ ပိုလို့ စိတ်ရှုပ်သွားရသည်၊လွင်ပြင်မုန်း ဒီလူက တကယ်ပဲ အာရုံနောက်ရလွန်းလို့ ယမုံစိတ်တိုမိသည်က အမှန်ပင်!
ကားရပ်ပြီးသည်နှင့် ယမုံ ကားတံခါးဖွင့်ကာ ချက်ချင်းဆင်းလာခဲ့လိုက်သည်၊ဆိုင်ထဲ ဝင်လာသည်နှင့် ဧည့်သည် အတွက် နေရာချပေးထားသညိ့ ဆိုဖာမှာ ခြေချိတ်ထိုင်လျက်ဖုန်းကြည့်နေသည့် လွင်ပြင်မုန်းကို ယမုံ တွေ့လိုက်ရသည်၊
ယမုံ ဆိုင်ထဲဝင်လာတာကို တွေ့လိုက်ရတော့ လွင်ပြင်မုန်းက ဆိုဖာမှ ထရပ်လိုက်ပြီး ယမုံ့ကို ပြုံးပြရင်း..
"ဒီတစ်ခါ အလုပ်ကိစ္စလေး ပြောချင်လို့ပါ မြတ်လေးယမုံ "
ယမုံ လေပူအချို့မှုတ်ထုတ်လိုက်ပြီး ကေသာနဲ့ ငုဝါကို ကြည့်လ်ုက်တော့ ပြုံးစိစိ မျက်နှာ ပေးဖြစ်နေကြသည်ကို မြင်လိုက်ရသည်
"ဘာအလုပ်ကိစ္စလဲ "
လွင်ပြင်က ပခုံးတွန့်ပြလိုက်ပြီး ...
"ပထမ ဆင်ထားတဲ့ ပန်းဒီဇိုင်းတွေကို မကြိုက်လို့ အခု အသစ်ပြန်ဆင်ပေးနိုင်ဖို့ လာဆွေးနွေးတာ ယမုံ"
"အဲ့ဒါဆို အခြားပန်းအလှဆင်ဝန်ဆောင်မှုကို ရွေးလိုက်ပါ "
ယမုံ့စကားကြောင့် ဒီတစ်ခါ မျက်ခုံးပင့်သွားရသူက လွင်ပြင်မုန်းပင်ဖြစ်သည်၊ ဒီမိန်းကလေးက အသည်းနှလုံး မရှိအောင် မာကျောနေသည်တဲ့လား!
"အခြားဝန်ဆောင်မှု မကြိုက်လို့ ယမုံ့ဆီလာတာပေါ့ ဗျာ ပြီးတော့ ယမုံ့ကို တွေ့ချင်တာလည်း ပါတာပေါ့"
ဆိုင်ထဲမှာ ကလေးတွေ ရှိနေသည့် အတွက် ယမုံမျက်နှာ ပျက်သွားရပြီး လွင်ပြင်မုန်းကို တည့်တည့် ကြည့်လိုက်ကာ..
"ပရမ်းပတာ တွေ ပြောနေမယ်ဆို ကျွန်မ ဆိုင်ထဲကအခုထွက်လိုက်ပါ ကိုလွင်ပြင်မုန်း မိန်းကလေးတွေပဲ ရှိတဲ့ ဆိုင်ဆိုပြီး မလေးမစား မလုပ်ပါနဲ့"
လွင်ပြင့် မျက်နှာ ပြန်လည်လို့ လေးနက်သွားရပြီးယမုံ့မျက်နှာလှလှလေးကို ကြည့်လိုက်ကာ
'မလေးမစား မလုပ်ဝံ့ပါဘူးဗျာ ဒီဆိုင်ထဲက ကလေးတွေကို သက်သေထားပြီး ပြောပါရစေ
ကျွန်တော် ယမုံကို အရမ်းချစ်တယ် ကျွန်တော့်ကို လက်ခံဖို့စဉ်းစားပေးပါဗျာ "
ယမုံ့မျက်နှာ အတော်ကို ပျက်ယွင်းသွားသည်မို့ ကေသာတို့ ကောင်မလေးတွေ ခေါင်းငုံ့နေမိကြသည်၊
"လွင်ပြင်မုန်း ရှင်သိအောင် တစ်ခါထဲ ပြောလိုက်ပါမယ် အဲ့ဒီ အချစ်ဆိုတာကို ကျွန်မ အယုံကြည် မရှိတော့တာကြာပြီမို့ ချစ်ခြင်းမေတ္တာနဲ့ ပက်သက်တဲ့ စကားတွေ ကျွန်မကို နောက်ထပ် လာမပြောရင်း ကောင်းမယ်
ယမုံ ဧည့်သည်ကို တံခါးဖွင့်ပေးလိုက်ပါ "
"ဟုတ်ကဲ့ မမ"
ယမုံ သူမနားရာ အခန်းထဲ ဝင်သွားသည်မို့ လွင်ပြင်မုန်းသက်ပြင်းချလိုက်ရင်း ပြန်ထွက်လာခဲ့သည်၊
ခက်ခဲလေ ပိုလိုခြင်လေပဲ မြတ်လေးယမုံ!
အခန်းမှတ်ချက်များ (0)