"အဲ့လိုမလုပ်ပါနဲ့ မေမေ ယမုံအပေါ် မတရားရာကျပါတယ် ပြီးတော့ ယမုံရဲ့ ဂုဏ်သိက္ခာ ကျွန်တော့် ကြောင့် မထိခိုက်စေချင်ဘူး"
ဒေါ်ခင်မာလာ သက်ပြင်းချလိုက်ရင်း ဒီရက်ပိုင်း အနည်းငယ်မျက်တွင်းတွေ ချောင်နေတဲ့ သားဖြစ်သူရဲ့ မျက်နှာကို ကြည့်လိုက်ရင်း
"အခုလို လုပ်ရပ်က ယမုံအတွက် မတရားတာကို မေမေ သိပြီးသားပါ ဒါပေမယ့် ဒီလိုစီစဉ်မှ မြေးလေးအတွက် အဆင်ပြေလိမ့်မယ် ဒါက မေမေတို့ သွေးသား ဟုတ်သလို သူတို့ ရဲ့ သွေးသားဆိုလည်း ဟုတ်တယ် ပြီးတော့ ကလေးက ရောဂါသည် ချုချာတယ် ဆိုတာလည်း သားအသိပဲ"
ခမ်းနားသက်ပြင်းထပ်ချရင်း မေမေ့ကို မော့ကြည့်လိုက်ရင်း
"တော်ပါတော့ မေမေ သားအတွက်ကို ကျွန်တော် ဆရာဝန်ကြီးတွေနဲ့ တိုင်ပင်ပြီး အကောင်းဆုံးစီစဉ်ပေးမယ် ယမုံကို ဘယ်လို မျက်နှာနဲ့ ကျွန်တော်က လက်ထပ်ရဲမှာလဲ ပြီးတော့ ယမုံက ကျွန်တော့်ကို မုန်းနေတာ မေမေ သူ့ရဲ့ ဥပေက္ခာတရားတွေနဲ့တင် ကျွန်တော့်နှလုံးသား တစ်ခုလုံး ပြာကျနေပြီမို့
ထပ်ပြီး အမုန်းခံရအောင် မလုပ်ချင်တော့ဘူး မေမေ"
ဒီတစ်ခါ သက်ပြင်းချသူက ဒေါ်ခင်မာလာပင်ဖြစ်သည်၊
"မေမေ သားကို မေးပါဦးမယ် သားရဲ့ ကိုယ်ရေးကိုယ်တာမို့ မေမေ ဝင်မစွက်ဖက် သင့်ဘူးထင်လို့ မမေးခဲ့တာ သား အဂ်လန်ကို ရောက်တော့ ဘာလို့ ယမုံ့ကို မဆက်သွယ်ခဲ့တာလဲ"
ခမ်းနားယဲ့ယဲ့ပြုံးလိုက်ပြီး မေမေ့ကို နောင်တတရားတွေပြည့်နက်နေတဲ့ မျက်ဝန်းတွေနဲ့ စိုက်ကြည့်လိုက်ရင်း
"ကျွန်တော့်ရဲ့ တိုးတက်ခြင်တဲ့ လောဘ နေရာအသစ် အတွေ့အကြုံသစ်တွေနဲ့ ပျော်ဝင်သွားတဲ့ စိတ်က ယမုံကို သတိယပေမယ့် ဆက်သွယ်ဖို့အတွက် မကြိုးစားမိခဲ့ဘူး မေမေ ကျောင်းကပြန်လာရင် စက်ရုံ စက်ရုံပြီးတာနဲ့ ဘိုးဘိုးကြီး ရဲ့လုပ်ငန်ခွင်ထဲ လေ့လာရင် အချိန်တွေကုန်နေခဲ့တာ
အဲ့ဒီအချိန်ထိ ကျွန်တော် ယမုံ့ကို ဆက်သွယ်ဖို့ မကြိုးစားမိခဲ့ဘူး ခေါင်းထဲမှာ ပညာရေးနဲ့ အလုပ်ပဲ ဝင်သွားခဲ့ပြီး သတိရပေမယ့် မဆက်သွယ်ဖြစ်ခဲ့ဘူးပေါ့ မေမေ "
ဒေါ်ခင်မာလာ သားဖြစ်သူရဲ့ မျက်နှာကို ကြည့်လိုက်ရင်း ခေါင်းယမ်းလိုက်မိသည်၊
"သားမှားခဲ့တာပဲ ဘာပဲဖြစ်ဖြစ် သားယမုံကို ဆက်သွယ်သင့်တယ် "
"အဲ့အချိန်တုန်းက အချစ်က အရေးမကြီးဘူး ထင်ခဲ့တာ မေမေ ကျွန်တော် ယမုံ့ကို သတိရပေမယ့် မဆက်သွယ်ဘဲ နေနိုင်ခဲ့တယ် အချစ်ကို ဘဝတစ်ခုလို့ မခံယူခဲ့တဲ့ အချိန်မို့ အခုချိန် ယမုံကို ပြန်တွေ့တဲ့ အချိန်ကျမှ တော့ ကျွန်တော် နောင်တတရားတွေ ပြင်မရ တဲ့ အမှားတွေ ကျုးလွန်ခဲ့ပြီးသားမို့ ဒီအတိုင်းပဲ ရှိပါစေတော့ မေမေ"
ဒေါ်ခင်မာလာ ဒီတစ်ကြိမ် သက်ပြင်းထပ်ချလိုက်မိပြန်သည်၊
"စနိုးနဲ့က ရော ဘယ်လို ဖြစ်ပြီးတွေ့ခဲ့ပြီး ကိုယ်ဝန်ရ လက်ထပ်ခဲ့ကြတာလဲ သား "
မေမေ့ ရဲ့ စနိုးနဲ့ ပက်သက်ပြီး မေးတဲ့ မေးခွန်းကြောင့်ခမ်းနားခေါင်းငိုက်စိုက်ကျသွားပြီး
"ဘိုးဘိုးကြီး စက်ရုံမှာ လှည့်ပတ်ကြည့်ရှုစဉ် သွေးတိုးပြီး မှုးလဲတုန်းက စနိုးအဖေ ဦးစိုးထွဋ်က တွေ့လို့ အလွယ်ပြောရ ရင် ဘိုးဘိုးကြီး အသက်ကို ကယ်ခဲ့တယ် ပေါ့ မေမေ ဦးစိုးထွဋ်က ဘိုးဘိုးကြီးရဲ့ လူယံလည်းဖြစ်သလို စက်ရုံမူးလဲ ဖြစ်ခဲ့တယ်
ဦးစိုးထွဋ်ကို စောင့်ရှောက်ဖို့ တတွင်တွင်မှာနေတာဘ်ုးဘိုးကြီးက အဲ့ဒီကနေ တဆင့် ဦးစိုးထွဋ် သမီး စနိုးကို ဘိုးဘိုးကြီးက ကျောင်းထားပေးရင်း ကျွန်တော်တို့ သိခဲ့ကြတယ် မေမေ "
ဒေါ်ခင်မာလာ မျက်မှောင်ကြုတ်လိုက်ပြီး
"ဒါဆို သားဘက်က ယမုံ့ကို သစ္စာဖောက်ခဲ့တာပေါ့ "
"မဟုတ်ဘူး မေမေ သားစနိုးကို မချစ်ခဲ့ဘူး ယမုံကို မဆက်သွယ်ခဲ့တာကလွဲရင် အခုချိန်ထိ ကျွန်တော့် နှလုံးသားထဲ ယမုံ တစ်ယောက်ပဲ ရှိခဲ့တာ
စနိုးနဲ့က မှားယွင်းမှုတစ်ခုကြောင့် အဲ့ဒီမှားယွင်းမှုကိုတော့ ကျွန်တော် ထုတ် မပြောချင်တော့ဘူး မေမေ"
ဒေါ်ခင်မာလာ စိတ်မသက်မသာဖြစ်ခဲ့ရပြီးသားဖြစ်သူ အခန်းထဲက ပြန်ထွက်ဖို့ ပြင်လိုက်သည်၊
🍀🍀🍀🍀
ဒီနေ့ သစ်ခွပန်းအစိုတွေ ရောင်စုံရောက်တာမို့ ဝယ်သူတွေကျတဲ့တဲ့ ယမုံတို့ အတော်အလုပ်ရှုပ်နေကြလေသည်!မိတ်ဟောင်းမိတ်သစ်လည်း အတော်ရှိလာပြီးမို့ ရောက်သမျှ ပန်း မကုန်တဲ့ ဆိုတာ မရှိရပေ၊
အဆိုးဆုံးက ပန်းအစိုနဲ့ ပန်းစည်းအပ်တဲ့ အော်ဒါတွေလက်မလည်တာပင် ဖြစ်သည်၊
"ဒီပုံစံ အတိုင်းဆို လူတစ်ယောက်လောက် ထပ်ငှားရမယ် ထင်တယ် နော်ငုဝါ "
ယမုံက ယိုးဒယားစပ်နှင်းဆီအဖြူတွေကို ပန်းစည်းစည်းနေရင်း ဆိုင်ထဲက ကောင်မလေး နှစ်ယောက်ကို ပြောလိုက်သည်၊
"မငှားနဲ့ မမ ငုဝါတို့ အချိန်ပိုလုပ်မယ် လစာသာတိုးပေး ဟီး"
ငုဝါက အရင်ကတည်းက ပွင့်ပွင့်လင်းလင်းပြောတတ်သူမို့ ထိုသို့ ပြောလေတော့ ကေသာနဲ့ ယမုံက ရယ်လျက်ဖြင့်
"တကယ်ကြီး အချိန်ပို ဆင်းမှာလား ငုဝါ တကယ်ဆင်းရင်း လစာတိုးပေးမှာနော်"
ယမုံစကားကြောင့် ငုဝါ ခေါင်းမြန်မြန် ညိတ်လိုက်ကာ
"ဆင်းမှာမမ ငုဝါက ချိန်းတွေစရာ ကောင်လေးလည်း မရှိဘူး မေမေနဲ့ နှစ်ယောက်ထဲ နေတာဆိုတော့ အေးဆေး ရတယ်"
ငုဝါ စကားကြောင့် ယမုံပြုံးလျက်ဖြင့် ဆယ်တန်း အောင်စာရင်း ထွက်တဲ့ နေ့ကို ပြန်မြင်ယောင်ရင်း မျက်နှာလေး ပျက်သွားရသည်၊
ကျောင်းမှာဆို အရပ်ရှည်ရှည် ကျစ်လစ်တဲ့ကိုယ်ဟန် မျက်နှာချောချောနဲ့သူက အရမ်းပေါ်ပြူလာဖြစ်လွန်းသလို စာလည်း အရမ်းတော်သူမို့ မိန်းကလေး တော်တော်များများရဲ့ အသဲကျော် ဖြစ်ခဲ့ဖူးသည်၊
ယမုံရယ် သူရယ် ကျော်ဇင်လတ်ရယ်က စာသင်ဝိုင်း တစ်ဝိုင်းထဲ သင်ခဲ့ရင်း ကျော်ဇင်လတ်နဲ့သူက Bio တွဲယူခဲ့ပြီး ယမုံက Eco တွဲယူခဲ့လေသည်၊
တော်ရုံ မိန်းကလေး အပေါင်းအသင်းမလုပ်ခဲ့တဲ့သူက
ယမုံကိုတော့ကို အတော်အရေးပေးသည် တစ်ခါတစ်လေ သူ့ရဲ့ ဘာလိုလို စကားတွေ စူးရှရှ အကြည့်တွေကြောင့် ယမုံ ရင်ခုန်သံ တွေ လွဲမှာခဲ့ရဖူးသည်၊
တီ တီ..
ဟင်...
မနက်စောစော ဆိုင်ကယ် ဟွန်းတီးသံကြောင့် ယမုံ အိမ်ရှေ့ကို ကြည့်လိုက်တော့ ဆိုင်ကယ်ကြီးကို ခွလျက်ရပ်နေပြီး ယမုံတို့ အိမ်ထဲကို လှမ်းကြည့်ကာ
"ယမုံ ...ယမုံလာလေ ဒီနေ့ ဆယ်တန်းအောင်စာရင်းထွက်ပြီး သွားကြည့်ရအောင် "
မေမေက မနက်အစောကြီး ပန်းဆိုင်ကိုသွားသဖြင့်ယမုံ တစ်ယောက်ထဲ အိမ်မှာ ကျန်ခဲ့လေသည်၊ဆယ်တန်းအောင် စာရင်း ထွက်မယ့်နေဆိုတာ ယမုံလည်း သိပြီး သားပါ ဒါပေမယ့် သူလာခေါ်တာ စောနေသဖြင့် ယမုံဘာမှ မပြင်ဆင်ရသေးပေ၊
သို့ပေမယ့် စက်ဘီးနှင်းပြီးသွားရင် ကျောင်းကို လေးဆယ်ငါးမိနစ်လောက် နှင်းရမှာမို့ သူ့ဆိုင်ကယ်နဲ့လိုက်သွားတာက ပိုမြန်ပါလိမ့်မည်မို့ ယမုံတီရှပ်အဖြူပွပွလေးနဲ့ ချည်ဘောင်းဘီအပွ တစ်ထည်ကို လွယ်လွယ်ကူကူ ဝတ်ဆင်လိုက်ပြီး ထွက်လာခဲ့လိုက်သည်၊
ဆိုင်ကယ်နားရောက်တော့ သူ့ဆိုင်ကယ်က အမြင့်ကြီးမို့လို့ ယမုံ စိတ်ညစ်သွားရပြီး
"တော်ပါပြီဟာ ငါ့ဘာသာ စက်ဘီးနဲ့ပဲ သွားကြည့်တော့မယ် "
ယမုံ့ စကားကြောင့် သူယမုံဘက်ကိုလှည့်ကြည့်ပြီး
"ကဲ တက်ပါ ယမုံရာ နောက်ကျနေပြီး စောစောသွားကြည့်ရအောင် တက် "
"နင် ဖြေးဖြေးမောင်းနော် ငါကြောက် တယ် သိပ်မစီးရဲဘူး"
"တက်မှာသာတက် နင်အန္တာရာယ်ဖြစ်အောင် ငါမလုပ်ဘူး စိတ်ချ"
ယမုံသက်ပြင်းချပြီး ခြေနင်းပြားကို နင်းကာ နောက်ကခွစီးလိုက်ပြီးသူ့အင်းကျီစကို ဆုပ်ကိုင်ထားလိုက်သည်၊ ပြီးနောက် သူက ယမုံလက်နှစ်ဖက်ကိုဆွဲယူလိုက်ပြီး သူ့ခါးမှာ ဖက်စေကာ
"ခါးကိုဖက်တာ မဟုတ်ရင် ပြုတ်ကြလိမ့်မယ်"
ဟင်..
ပြောပြီးသည်နှင့် ဝူးကနဲ မောင်းထွက်သွားသောဆိုင်ကယ်ကြောင့် ယမုံမျက်လုံးစုံမှိတ်ပြီး သူ့ခါးကို ကျစ်ကျစ်ပါအောင် ဖက်ထားမိလေသည်၊
ဆယ့်ငါးမိနစ်ခန့်ကြာတော့ အောင်စာရင်းကပ်ထားသည့် ဘောကို ယမုံတို့ ဝင်ကြည့်ဖို့ လုပ်တော့ များပြားလှတဲ့လူအုပ်ကြီးနဲ့ မို့ ယမုံ ခန္ဓာကိုယ်သေးသေးလေးနဲ့ ဝင်တိုးကြည့်ဖို့က မလွယ်ပေ ၊ဒါ့ကြောင့် စိတ်ပျက်စွာဖြင့် မတ်တပ်စုံရပ်နေရင်း ခမ်းနားကို မော့ကြည့်လိုက်ကာ
"ငါ ... ငါမကြည့်ချင်တော့ပါဘူး ခမ်းနားရယ် ငါတို့စာသင်ဝိုင်းက ဆရာတွေလည်း သိလောက်ရောပေါ့အဲ့ဒီကိုပဲ ဖုန်းဆက်မေးလိုက်တော့မယ် "
ယမုံကို ငှဲ့ကြည့်လာတဲ့ ခပ်စူးစူးမျက်ဝန်းတွေက အောင်စာရင်းအတွက် ရင်မခုန်သလို ပုံစံမို့ ယမုံအံ့ဩမိသည်၊တကယ်က ယမုံ တစ်ညလုံး အိပ်မပျော်ပေ ၊ယမုံက သူတို့လို့ ဂုဏ်ထူးမမှန်းပေမယ့် အောင်တယ် ဆိုရင်ပဲ ကျေနပ်တဲ့ သူမို့ ဘုရားနားငြီးအောင် တစ်ညလုံး ဆုတောင်းနေခဲ့ရသူပင်!
"ယမုံ"
"ဟင်"
"နင်အောင်တယ် တကယ်က ညကတည်းက ငါသိပြီးပြီ ဘောဂ ဂုဏ်ထူးပါတယ် နင်က"
သူ့စကားကြောင့် ယမုံ့ရင်ထဲ ဒိန်းကနဲ ဖြစ်သွားရကာ သူ့ကို မယုံသလို ပြန်ကြည့်ရင်း
"နင် ...နင်ငါ့ကိုမညာနဲ့နော် ခမ်းနား"
သူမခေါင်းက ဆံပင်တွေကို အသာဆွဲဖွလိုက်ရင်း
"ငါဘယ်တုန်းက နင့်ကိုညာဖူးလို့လဲ ကျော်ဇင်လတ်က ခြောက်ဘာသာ ပါတယ် "
ဟင်
ယမုံ မျက်လုံးပြူးသွားရင်း သူ့ကိုမော့ကြည့်လိုက်ကာ
"နင် ..နင်ကရော?"
"......."
သူ ပြန်မဖြေဘဲ ယမုံ မျက်နှာကို စိုက်ကြည့်နေလိုက်သည်၊
"ခမ်းနား နင်ကရောလို့ !"
ယမုံ သူ့လက်မောင်းကို ကိုင်ပြီးမေးလိုက်တော့...
"ငါက လေးဘာသာပါတယ်"
ဟမ်..
တကယ်ဆိုရင် ကျော်ဇင်လတ် ထက် ခမ်းနားက ပိုတော်သလို ပိုပြီးလည်း ဉာဏ်ကောင်းသည်မို့ ယမုံ မယုံနိုင် ဖြစ်ခဲ့ရသည်၊ သူ့ပုံစံကို ကြည့်လိုက်တာတော့ ဒီကိစ္စနဲ့ ပက်သက်ပြီစ အထူးတလည် ခံစားရတာမျိုး မတွေ့ရပေ!
"ယမုံ ငါနင့်ကို ပြောစရာရှိလို့ ခဏငါနဲ့လိုက်ခဲ့ပေး"
မျက်တောင်ရှည်တို့ ပုတ်ခတ်လိုက်ပြီး ယမုံကသူ့ကိုနားမလည်သလို ပြန်ကြည့်လိုက်ကာ
"နင် ဘာပြောစရာရှိလို့လဲ ဒီမှာပြောလေ ပြီးရင် ငါမေမေ နောက် လိုက်သွားပြီး ဆိုင်ကူသိမ်းပေးရဦးမယ်"
"ဟိုရောက်ရင် သိမယ် ခဏပဲ မကြာဘူး ဆိုင်ကယ်ပေါ်တက်လိုက်"
ပြောရင်း သူက ဆိုင်ကယ်ကြီးကို ခွလျက် စက်နိုးလိုက်သည်မို့ ယမုံ အမြန် တက်လိုက်ရသည်၊
မိနစ်နှစ်ဆယ်လောက် ထပ်မောင်းပြီးတဲ့အခါ ကမ်းနားလမ်းက အပင်အောက်ကို ရောက်တော့ ဆိုင်ကယ် ရပ်လိုက်သည်မို့ သူရော ယမုံပါ ဆိုင်ကယ် ပေါ်က ဆင်းလိုက်ကြသည်၊
ပြီးနောက် သူက ယမုံရှေ့မှာ မတ်တပ်ရပ်လိုက်ပြီးယမုံမျက်လုံးတွေထဲ ထိုးဖောက် မတတ် ကြည့်လိုက်ကာ
"ငါနင့်ကို ချစ်တယ် ယမုံ"
ဟင်...
ရုတ်တရပ်မို့ ယမုံ နားထဲမယုံကြည်နိုင်အောင်ဖြစ်ခဲ့ရပြီး သူ့ကို ထူးဆန်းသလို ကြည့်နေခဲ့မိသည်၊သူက ယမုံ လက်ဖဝါးနှစ်ဖက်ကို သူ့လက်ဖဝါးကျယ် တွေထဲ ထပ်အုပ်ဆုပ်ကိုင်လိုက်ပြီး
"ငါ ဒီစကားကို ဆယ်တန်းအောင်စာရင်းထွက်တဲ့နေ့မှ ဖွင့်ပြောမယ် မနှစ်ကတည်းက ဆုံးဖြတ်ထားခဲ့တာ
အခုတော့ ဒီနေ့ရောက်လာပြီး ငါ့ကို ပြန်ချစ်မှာလား မဟုတ်ဘူး ငါ့ချစ်သူအဖြစ် နင်ရှိနေပေး ယမုံ"
သူ့လို လူမျိုးကို ယမုံ စိတ်မဝင်စားဘူးဆိုရင်ယမုံ ရူးနေလို့ ဖြစ်ပါလိမ့်မည်၊ သို့ပေမယ့် ယမုံ ချက်ချင်းကြီးတော့ အဖြေမပေးချင်တာမို့ မျက်နှာလွဲလိုက်ကာ
"မဖြစ်နိူင်တာ ခမ်းနားရယ် ငါ့ကို မနောက်နဲ့
ပြန်ကြရအောင်"
"နင်ငါ့ကို ချစ်တယ်လို့ မပြောရင် နင့်ကို ငါပြန်မပို့ပေးဘူး တစ်ခါထဲ ဆိုင်ကယ်ပေါ် တင်ပြီး ခိုးပြေးမှာ ခမ်းနားသွင်ပြင်နော် မလုပ်ရဲဘူး မထင်နဲ့ "
အတည်ပေါက် ပုံစံဖြင့် ပြောနေသော ခမ်းနားကြောင့် ယမုံ စိတ်ညစ်လာရကာ
"နင့်စကားကို ငါကဘယ်လိုယုံရမှာလဲ"
သူက ယမုံလက်ဖဝါးလေး တစ်ဖက်ကို ဆွဲယူလိုက်ပြီးသူ့ရဲ့ ဝဲဘက်ရင်အုံပေါ်ကို တင်ပေးလိုက်သည်၊
ဘုရားရေ!ဒါ သူရင်ခုန်နေတာလား? ယမုံလည်း သူ့ကိုကြည့်ရင်း ရင်ခုန်သံတွေ မြန်လာရသည်၊
"တွေ့လား ငါ့ရင်ခုန်သံတွေက ညာနေတယ်လို့ ထင်နေသေးလား"
ယမုံ သူ့ကို ရင်ဆိုင်မကြည့်ရဲတာမို့ ခေါင်းလေးငုံ့ကြသွားတော့ သူက ယမုံမျက်နှာလေးကို လက်နှစ်ဖက်ဖြင့် ညှပ်ယူလိုက်ကာ
"ငါ့ကို ပြန်ချစ်ပါ ယမုံ မစဉ်းစားနဲ့တော့ တကယ် တစ်နှစ်ပတ်လုံး စောင့်ခဲ့ရတာမို့ ထပ်ပြီး မစောင့်ခိုင်းပါနဲ့တော့ "
ယမုံ လက်ဖျားတွေ အေးစက်လာရသည်မို့ ပါးပြင်က သူ့လက်တွေကို ဖယ်ချတော့ သူက ဖယ်မပေးဘဲ
"ဖြေပေးပါ ကြားချင်လို့ နော် "
"....."
"ယမုံ"
ဘယ်လိုအင်အားနဲ့ ယမုံသူ့ကို ငြင်းနိုင်မှာလဲ လွယ်လွန်းတယ်ပဲ ပြောပြော ယမုံ သူ့ကို မငြင်းဆန်နိုင်တာတော့ အမှန်တရားပဒ မဟုတ်လား!
"ယမုံ "
"အင်း"
"ဘာအင်းလဲ ပါးစပ်ကနေ မောင့်ကိုချစ်တယ်လို့ ပြော"
"အာ အဲ့လိုကြီး မပြောချင်ပါဘူး အင်းပဲ"
"မရဘူးကွာ ပါးစပ်ကပြော ကြားချင်လို့ "
ယမုံ ခေါင်းလေးငုံ့ပြီး နှုတ်ခမ်းလေးကို ဖိကိုက်လိုက်ကာ အသက်ဝဝရှုလိုက်ပြီး
"မောင့်ကို ချစ်တယ် "
"ချစ်လိုက်တာ ယမုံရယ်"
သူ့ရင်ခွင်ကျယ်ထဲ ယမုံ ရောက်သွားရသည်မို့ ဝဲဘက်ရင်အုံက နှလုံးခုန်သံတို့ကို အတိုင်းသား ကြားနေရသည်၊
🍂🍂
ပန်းစည်းလေးကို ကိုင်ပြီး ယမုံပြုံးလိုက်မိပြီးမှ အတိတ်တွေက ပြန်နိုးထ လာသူလို မျက်နှာကို ပြန်လည်ပြုပြင်လိုက်ရင်း ခေါင်းခါ ထုတ်ပစ်လိုက်သည်၊ဘာ့ကြောင့် များပြန် တွေးမိခဲ့ပါလိမ့် ယမုံ ခေါင်းထဲက ထုတ်ပစ်စမ်းပါ..
ကိုယ်ကိုယ်ကိုယ် ပြန်သတိပေးရင် ယမုံး မျက်လုံးတွေ ခဏ မှိတ်ထားလိုက်သည်၊
Ring Ring Ring....
လက်ကိုင်အိတ်ထဲက မြည်လာတဲ့ ဖုန်းသံကြောင့် ယမုံ ပန်းစည်းကို ချပြီး ဖုန်းကို ထုတ်ယူကြည့်လိုက်တော့ဖေဖေ့ ဆီကမို့ ယမုံ ကိုင်လိုက်သည်၊
"ဟယ်လို"
"သမီးကြီး သမီး သမီးတူလေး ငိုရင်းတတ်သွားလို့ အခု ကလေးဆေးရုံမှာ အရေးပေါ်ကုသနေရတယ်"
"ရှင်"
ငိုသံရောထွေးလျက် အလျင်စလိုနိုင်တဲ့ ဖေဖေ့ အသံကြောင့် ယမုံ ဖုန်းချလိုက်ပြီး ကားသော့ယူလိုက်ကာ
"ကေသာ နဲ့ ငုဝါ မမ အရေးကြီး အပြင်သွားစရာရှိလို့ဆိုင်ကို ကြည့်ထားပေးပါဦးနော်"
"ဟုတ်ကဲ့ မမ"
ယမုံ ဆိုင်ထဲက အမြန်ထွက်လာခဲ့လိုက်ရင်း သတိုးသွင်ပြင်ရဲ့ ချစ်စဖွယ် မျက်နှာလေးကို ပြန် မြင်ယောင်လာပြီး စိတ်ထဲ ပူပြင်းလာရသည်၊
သူ့အဖေနဲ့ ဘယ်လောက် မပက်သက်ချင်ဘူးပဲပြောပြော သတိုးလေး က ယမုံရဲ့ တစ်ဦးတည်းသောသွေးသား တူတော်စပ်သူ မဟုတ်လား!
ဘာကြောင့် ဒီလောကမ ကျန်းမာရေး ချုချာ ရပါလိမ့် ကလေးရယ်။
အခန်းမှတ်ချက်များ (0)