Bububai ဝတ္ထု အချစ်ဦး ပုံပြင် အခန်းစာရင်း

အပိုင်း(၉)

"Green Leaf Hotel" ပိုင်ရှင်ကလူငယ်လားလူကြီလားမမ"

စပ်စုတတ်သည့် ကေသာနဲ့ ငုဝါနဲ့က ယမုံပြန်ရောက်လာကတည်းက မေးလေတော့သည်၊ယမုံ လိုအပ်တဲ့ ပန်းမျိုးစိတ် စာရင်းကို note မှတ်နေရင်း သူတို့ နှစ်ယောက်ကို မကြည့်ဘဲ ဖြေလိုက်သည်၊

"လူငယ်ပါပဲ '

မမယမုံအဖြေဖြေကြောင့် ကေသာတို့နှစ်ယောက်ပြုံးစိစိ ဖြစ်သွားကြပြီး

"ဟိ ပျော်စရာကြီး "

ကေသာက ရုတ်တရပ်ထပြောလိုက်တဲ့ အတွက်ယမုံ note မှတ်နေရင်း လှမ်းကြည့်လိုက်ကာ

"ဘာလို့လဲ ကေသာ "

ကေသာက ပြုံးစိစိမျက်နှာပေးဖြင့် ယမုံကိုလှမ်းကြည့်လိုက်ပြီး

"မသိဘူး မမရဲ့ စိတ်ထဲ မှာ မမြင်ဘူးလဲ တို့မမယမုံနဲ့ အဲ့လူကို သဘောတူ နေတာလေ ဟုတ်တယ်မလားငုဝါ "

ကေသာက ငုဝါကိုပါ စစ်ကူခေါ်ပြီ ယမုံကို စလေသည်၊ အမြဲတမ်းမိသားစုလို နေလာတဲ့ ယမုံ့စိတ်ထဲမှာ သူတို့ကို ညီမလေးတွေလို့ပဲ သက်မှတ်ထားမိသည်၊ဒါ့ကြောင့်လည်း ယမုံ စိတ်မ‌ဆိုးရက်ခဲ့ပါ ၊

ဒါပေမယ့် သူတို့ ပြောသလို ဖြစ်ဖို့ဆိုတာတော့ ယမုံအတွက် ဘယ်လိုမှ မလွယ်ကူခဲ့ပေ၊

ခြောက်နှစ်တိုင်တိုင် တစ်ဦးတစ်ယောက်ထဲကိုပဲ စွဲမြဲစွာ ချစ်ခဲ့ဖူးသည့် ယမုံ့နှလုံးသား ချစ်ဦးသူကို နာကျည်းစိတ်ကြောင့် ချက်ချင်းမေ့ပစ်လိုက်ပြီး ပြောရင်းမုသား ပြောရာကျလိမ့်မည်၊

တဖြေးဖြေးတော့ အချိန်ယူမေ့ပစ်ရမှာပေါ့!သိပ်ပင်ပန်းလွန်းတယ့် အချိန်တွေကို ယမုံ တစ်ယောက်ထဲ ဖြတ်သန်းနေရတယ် ဆိုတာ ယမုံကလွဲပြီး ဘယ်သူသိမှာလဲ!

"ပေါက်ကရ မပြောနဲ့ သူများက မိန်းမရှိချင်ရှိနေမှာ နေရင်းထိုင်ရင်း ငရဲကြီးအောင်လို့ "

ယမုံ ထပြောလိုက်တော့မှ ငုဝါနဲ့ ကေသာဇာတ်ကလေးပုပြီး ညိမ်သက်သွားကြသည်၊

🍂🍀🍂🍀🍂🍀🍂

လွန်လေပြီးသော ခြောက်နှစ်ခန့်...

"ယမုံ မောင် မနက်ဖြန် သွားတော့မယ် စာကြိုးစားနော် ဟိုရောက်တာနဲ့ ယမုံဆီကို မောင် ဆက်သွယ်လိုက်မယ် "

ဒီနေ့က ယမုံနဲ့ မောင် နောက်ဆုံးတွေ့ဆုံကြတဲ့ရက်မို့ နှစ်ယောက်သား ကမ်းနားလမ်းရဲ့ လူရှင်းတဲ့ နေရာကို ရွေးချယ်ခဲ့ကြသည်၊

တိုးတက်ခြင်တဲ့ မောင်နဲ့ မောင့်ကိုမခွဲနိူင်တဲ့ယမုံကြား မိနစ်အနည်းငယ်မျှ တိတ်ဆိတ်ညိမ်သက်နေခဲ့သည်၊ဖြစ်ချင်တာကို ဖြစ်အောင်လုပ်တတ်တဲ့ မောင့်ကို ယမုံဘယ်လိုနည်းနဲ့ မသွားဖို့ တားမြစ်နိုင်မှာတဲ့လဲ!

ပေါင်ပေါ်တင်ထားတဲ့ ယမုံလက်ကလေးကို ခမ်းနား ဆွဲယူလိုက်ရင်း သက်ပြင်းချလိုက်ကာ

"အဲ့လိုကြီး စကားမပြောဘဲ တိတ်ဆိတ်မနေပါနဲ့ ယမုံရယ် မောင် သွားတယ် ဆိုတာ က မောင်တို့ ရှေ့ရေး အတွက် လိုအပ်လို့ လေ ဟိုမှာ မောင် ကျောင်းဆက်တက်ရင်း လုပ်ငန်းခွင် ထဲ လေ့လာလို့ ရတယ်လေ

ယမုံက အခုလိုကြီး နှုတ်ဆိတ်နေတော့ မောင်သွားရမှာ စိတ်မဖြောင့်ဘူး "

ခမ်းနားက ဆံပင်တွေထဲ လက်ထိုးဖွပြစ်လိုက်ပြီးထိုသို့ စိတ်ပျက်စွာသော စကားသံဖြင့် ဆိုလာသည့်အတွက် ယမုံ အားယူပြုံးလိုက်ရင်း

"မောင် စိတ်ဖြောင့်ဖြောင့်သွားပါ ယမုံက ဒီအတိုင်း မောင့်ကို ခွဲရတော့မှာမို့ စိတ်မကောင်းဖြစ်ရုံပါ ကျန်တာ မတွေးနဲ့နော်"

မျက်လုံးအိမ်ထဲ မျက်ရည်ကြည်တွေပြည့်လျှံနေတဲ့ ယမုံ့မျက်နှာလေးကို ကြည့်ရင်း ခမ်းနား မွန်းကြပ်လာရသည်၊

သူသွားဖို့ ဆုံးဖြတ်ထားပြီးပြီမို့ မေမေကလည်း အကုန် စီစဉ်ပေးနေပြီ ယမုံရဲ့ အခုလို ပုံစံကို သူမြင်လိုက်ရတော့ သွားချင်စိတ်က မရှိတော့ပြန်ပေ၊

"ယမုံ"

ယမုံအနားတိုးကပ်လာတဲ့ မောင့်ကြောင့် ယမုံကားတံခါးဖက်အခြမ်းကို တိုးကပ်လိုက်တော့ခမ်းနားက သူမခါးလေးက နေ ဆွဲဖက်လိုက်ပြီး

"မောင် မသွားဘဲ နေလိုက်ရမလား ဟင် ယမုံမသွားစေချင်ရင် မောင် အစီအစဉ် တွေအကုန်ဖျက်လိုက်မယ်လေ"

ဒီလိုကျတော့လည်း ယမုံလက်မခံနိုင်ပြန်ပေ၊သူမကြောင့် မောင့်ဘဝကို ပိတ်မမိစေချင်တာက ယမုံရဲ့ စိတ်ဆန္ဒအမှန်ပါ

"မဟုတ်ပါဘူး မောင် ယမုံက ရပါတယ် နည်းနည်းစိတ်မကောင်းဖြစ်ရုံပါပဲ မောင် စိတ်ထဲ မထားနဲ့နော် မနက်ဘယ်အချိန်သွားမှာလဲ ဟင် "

ယမုံဆံပင်လေးတွေကို ဆွဲယူနမ်းရှိုက်နေတဲ့ခမ်းနားက ယမုံစကားကြောင့် အနည်းငယ် ပြုံးယောင် သမ်းသွားပြီး

"မနက်ဖြန် မနက်ရှစ်နာရီ လောက် ထွက်ဖြစ်မယ်ထင်တယ် ယမုံမောင့်ကို လိုက်ပို့မယ်မ့လား"

ယမုံ့မေးဖျားလေးကို ပင့်ကိုင်ရင်းမေးလိုက်တော့ယမုံသက်ပြင်းချလိုက်ပြီး

"ဟင့်အင်း ယမုံ လိုက်မပို့ပါရစေနဲ့ မောင် အဲ့တစ်ခုတော့ ယမုံကို နားလည်ပေးပါ ယမုံအဲ့ဒီလို ရပ်ကျန်ခဲ့ပြီး မောင်ထွက်သွားတာကို ဘယ်လိုမှ ရပ်ကြည့်ပြီးမနေနိုင်လို့ပါ "

ဒီတစ်ခါ ခမ်းနားသက်ပြင်းချလိုက်ရင်း ယမုံကိုယ်လေးကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ကာ နဖူးပြင်လေးကို ဖိနမ်းလိုက်ရင်း

"ယမုံရယ် "

"မောင် ဟိုရောက်ရင် ယမုံ့ကို ဆက်သွယ်နော်"

"စိတ်ချယမုံ မောင်ရောက်တာနဲ့ ဆက်သွယ်လိုက်မယ်နော်"

ယမုံ~~~~~

ခမ်းနားအိမ်မက် မက်နေရင်းထအော်မိလေသည်မို့ စနိုးလန့်နိုးသွားပြီး ကိုကို့ နှုတ်က မမနာမည် ခေါ်လိုက်သံကြားရသဖြင့် မျက်ခုံးတွေ တွန့်ကုတ်သွားရပြီး

"ကိုကို ..."

ခမ်းနားက သူမနဲ့ အတူမအိပ်တာ ဒီကိုယ်ဝန်ရခဲ့တဲ့အမူးလွန်တဲ့ညက လွဲပြီး အခုချိန်ထိပင်!ဆိုဖာထက် အိပ်နေရင်း ကိုကို့ နှုတ်ဖျားက ထအော်လိုက်သည့် နာမည်က ယမုံတဲ့လား..ဒီကိုယ်ဝန်ရခဲ့တဲ့အမူးလွန်တဲ့ညက လွဲပြီး အခုချိန်ထိပင်!ဆိုဖာထက် အိပ်နေရင်း ကိုကို့ နှုတ်ဖျားက ထအော်လိုက်သည့် နာမည်က ယမုံတဲ့လား..

မမနဲ့များ....

စနိုးနှုတ်ခမ်းလေးကို ဖိကိုက်ထားလေပြီးအိပ်ယာထက်အသာဆင်းလာကာ ကိုကို အိပ်တဲ့ဆိုဖာနားလျှောက်လာခဲ့လိုက်သည်၊

ချောလွန်းတဲ့ဤယောက်ျား ယမုံ အဂ်လန်မှာဖေဖေ့အလုပ်ထဲလိုက်သွားတဲ့အချိန် ပထမဦးဆုံးတွေ့ဖူးစအချိန်ကတည်းက ရူးသွပ်စွာ စွဲလန်းခဲ့ရတဲ့ ယောက်ျား

သူမအပိုင်အဖြစ်ရရှိထားသော်လည်း မပိုင်ဆိုင်သလိုခံစားနေရသည့် ခံစားချက် နှလုံးသားကို အောင့်တက်စေသည်၊သူအိပ်နေတဲ့ ဆိုဖာအစပ်ကို အသာဝင်ထိုင်လိုက်ရင်း ပြည့်စုံလှတဲ့ မျက်နှာကျ ထက်က စိမ်းမြမြ ပါးမြိုင်းမွှေးနဲ့ အတူ ခပ်ညိုညိုနှုတ်ခမ်းတွေကို သူမလက်ချောင်းကလေးဖြင့် တို့ထိချင်လာသည်မို့ တဖြေးဖြေးရွေ့လာခဲ့သည်၊

"မောင်...တောင်းပန်ပါတယ်ယမုံရယ်"

ဟင်! ပီသစွာကြားလိုက်ရတဲ့ကိုကို့ နှုတ်ဖျားက နာမည်ကြောင့် စနိုးမျက်ရည်တွေ ပါးပြင်ထက်စီးကျလာရပြီး

"ကိုကို့"

ဟင်..

သူ့ရင်ဘက်ကို ထုချလိုက်တဲ့ ယမုံ့လက်သီးဆုပ်ကြောင့် ခမ်းနားမျက်လုံးတွေ ပွင့်လာခဲ့ရပြီး သူ့အနားမှာ ထိုင်လျက် ငိုနေတဲ့ စနိူးကြောင့် ထထိုင်လိုက်ရင်း

"စနိုး ဘာဖြစ်လို့လဲ နေမကောင်းလို့လား"

နှုတ်ခမ်းတွေကို ပေါက်ထွက်မတတ်ဖိကိုက်ထားပြီးသူ့ကို စိုက်ကြည့်နေရင်း

"စနိုးက ကိုကို တရားဝင် လက်ထပ်ထားတဲ့ ဇနီးနော်

ဟောဒီ ဗိုက်ထဲက ကလေးက ကိုကိုနဲ့ ရခဲ့တဲ့ ကိုကို့သွေးသား အဲ့ဒါကိုရော သိတယ် မဟုတ်လား"

ခပ်မာမာ စနိုးစကားသံတွေကြောင့် ခမ်းနားမျက်နှာတည်သွားရပြီး

"မင်းဘာတွေ ပြဿနာလာရှာပြန်ပြီလဲ စနိုး ငါ့အမှားကြောင့် မင်းကို ငါတာဝန်ယူခဲ့တယ် မင်းဖြစ်စေချင်သလ်ု ငါအကုန် လုပ်ခဲ့ပေးပြီးပြီ ဒါကို ပြောနေရတာလည်း ထပ်ခါထပ်ခါ ဖြစ်နေပြီ မင်းကျန်းမာရေး ကိုပဲ မင်းဂရုစိုက်ပါ "

ပြောရင်း ဆိုဖာပေါ်က ထရပ်လိုက်တော့..

"မမနာမည်ကို ဘာလို့ခေါ်နေတာလဲ"

စနိုးမေးလာသည့် မေးခွန်းအတွက် ခမ်းနားခြေလှမ်းတွေ ရပ်တန့်သွားရပြီး

"မင်း ဘာတွေပြောနေတာလဲ စနိုး"

စနိုးနှုတ်ခမ်းတွေ မဲ့ချလိုက်ပြီး..

"ကိုကို အိပ်နေရင်း မမနာမည်ကို ခေါ်တာနှစ်ခါတောင် ဘာလဲ ဘာဇာတ်လမ်းတွေ ရှိခဲ့ဖူးလို့လဲ"

ခမ်းနားလက်သီးတွေတင်းကနဲ ‌ဆုပ်လိုက်မိရင်း

"မင်း တော်လိုက်တော့ စနိုး"

စနိုး မျက်ရည်တွေ စီးကျလာရရင်း ရှိူက်ငိုမိကာ

"က်ုကို နှုတ်ဖျား က ထွက်လာတဲ့ ယမုံဆိုတာ

မမ မြတ်လေးယမုံ လား ဟုတ်လား ဖြေလေ ဖြေပေး အခုဖြေပေး"

"မင်း တော်တော့ အဓိပ္ပါယ် မရှိတာတွေကို ဆက်မပြောနဲ့ တော့ စနိုး"

ပြောရင်း ခမ်းနား အခန်းပြင်ကို လျှောက်ထွက်လာခဲ့လိုက်သည်၊

« ရှေ့အခန်း - အပိုင်း(၈) နောက်အခန်း - အပိုင်း(၁၀) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ