တောင်ပေါ်သားလေးရဲ့ရင်ခုန်သံ
“ခွန်း နင်တို့လက်ထပ်တာ တစ်နှစ်ပြည့်တော့မယ်နော်”
“အင်း”
နောက်တစ်ပတ်ဆို ခွန်းနဲ့မောင် လက်ထပ်တာ ဘာလိုလိုနဲ့တစ်နှစ်ပြည့်တော့မယ်
တစ်နှစ်အတွင်း မောင်ရဲ့ချစ်ခြင်တွေကြောင့် ခွန်း တစ်နေ့ထပ်တစ်နေ့ပိုပျော်ရွှင်လာရသလို အကြည့်ဓာတ်လေးကလည်းအပြည့်ပေါ့
“ကလေး က ဘယ်တော့ယူကြမှာလဲ”
“ဟုတ်တယ်နော် ခွန်း နင်ယူထားတာ ငယ်ငယ်ချောချောလေး စိုင်းက နင်ကိုအရမ်းချစ်တာ သိပေမယ့် သားသမီးဆိုတဲ့ ကြိုးလေးနဲ့ပါ ထပ်ချည်”
“ငါသိပါတယ် အချိန်စောင့်နေတာပါ”
“ဘာအချိန်လဲ”
ထိုအချိန်ကြမှ မောင်ဆီက အချိန်ကိုက် ဖုန်းဝင်လာတာကြောင့်
“ဟလို မောင်”
“အားရင် အိမ်ခနပြန်ခဲ့ဦး”
အသံကြောင့်သာ မောင်ဆိုတာကို ယုံမိတယ် ဖုန်းပြောတဲ့ပုံစံက မောင် မဟုတ်တဲ့အတိုင်းမို့
“ဟင် ဘာလို့လဲ မောင်”
“ပြန်လာခဲ့”
“အင်းအင်း” ဖုန်းချပြီးတာနဲ့
“သူငယ်ချင်းတို့ ငါခနနေ ပြန်လာခဲ့မယ်နော် ခနအိမ်ပြန်လိုက်ဦးမယ်”
တစ်ခါမှ အရေးတကြီးမဖြစ်ဖူးတဲ့ ခွန်းက ပြာပြာသလဲဖြစ်နေတာမို့
“ဘာဖြစ်တာလဲ ခွန်း”
“မသိပါဘူးဟာ ဖုန်းထဲမှာ မောင်အသံမကောင်းလို့”
“ငါတို့အဖော်လိုက်ခဲ့ရဦးမလား”
“ဟင့်အင် ရတယိ အိမ်မှာဘဲ ဆိုတော့ မလိုက်ခဲ့နဲ့တော့
ငါသွားပြီ”
ဘာများဖြစ်လို့လဲဆိုတဲ့ စိုးရိန်စိတ်ကြောင့် အိမ်မရောက်ခင်အထိ ရင်တထိပ်ထိပ်နဲ့ပင်
အိမ်ကို ရောက်တာနဲ့ မောင်ကို အရင်ဆုံးလိုက်ရှာမိပြီး တွေ့လိုက်ရတာက
“ဒါဘာတွေလဲ မ”
အိပ်ခန်းထဲမှာ လစဉ်သုံးတားဆေးကဒ်တွေကို ခွန်းရှေ့ ပြစ်ချလိုက်တဲ့ မောင်
“ဟို ဟို….”
“ဘာလို့လဲ ဘာလို့ ဒီလိုတွေ လုပ်ရတာလဲ ဟမ်”
မောင်က ခါတိုင်းနဲ့မတူဘဲ မျက်နှာကဒေါသကြောင့် နီနေသလို လေသံတစ်ချက်တစ်ချက်ကလည်းကျယ်လွန်းတာမို့ ခွန်းကိုယ်လေးပင် တုန်သွားသည်အထိ
“မ ရှင်းပြပါ့မယ်”
“ပြော ဖြေရှင်းချက်လိုချင်တယ်”
“မောင် အခု လေ့လာနေတဲ့ Mch(ဦးနှောက်ခွဲစိတ်ရေး အမြှင့်ဆုံးဘွဲ့) ကတစ်နှစ်ကျော်လောက်ထိ လိုသေးတယ်လေ”
“…….”
“မ ကိုယ်ဝန်ဆောင်လိုက်ရင် မ သိတယ် မောင် လေ့လာနေတဲ့ဘက်မှာ အရှိန်လျော့ပြီး မ ကြောင့်နဲ့ မောင့်ကိုမထိခိုက်စေချင်ဘူး”
“ပြောမိလား မောင့် ပါးစပ်ကနေ မ ကိုယ်ဝန်ဆောင်ရင်
မောင့် လေ့လာနေတဲ့အရာ ထိခိုက်မယ်လို့ပြောမိလား”
“မပြောပေမယ်…မောင်…..”
“တော်တော့!!!!!”
မောင်ရဲ့ပြတ်သားလွန်းတဲ့လေသံက ဟိန်းထွက်လာကာ
“အဲ့ဆေးတွေက လူကို အရမ်းထိခိုက်တယ် မောင့် ကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ဆို အဲ့ ဆေးတွေ ဆက်မသောက်နဲ့”
“မဟုတ်ဘူး မောင်”
ခွန်း ရှင်းပြဖို့ မောင့် အနားကို ပြေးသွားကပ်ပေမယ့်
မျက်ရည်တွေ ဝိုင်းနေတဲ့ ခွန်းမျက်ဝန်းကို ခါတိုင်းလို ဂရုတစိုက် မကြည့်တော့ဘဲ အကြည့်လွှဲပြီး
“ဆေးသောက်စရာမလိုအောင် အကွာအဝေးတစ်ခု ထားပြီး နေပေးမယ်”
မောင် က သူလိုအပ်တဲ့ စာရွတ်ဖိုင်တွေကို ယူပြီး ခွန်းကို တစ်စက်လေးမှ လှည့်အကြည့်ဘဲ အခန်းထဲကထွက်သွားတာမို့
“မောင်…ခနနေဦး မောင် နေဦး”
ခွန်းအနောက်က ပြေးလိုက်ပေမယ့် အရမ်းမြန်လွန်းတဲ့ မောင့် နောက်ကို တစ်စက်လေးမှ လိုက်မမှီခဲ့ဘူး
ကြီးကြီးမားမား ရန်ဖြစ်တာ စိတ်ဆိုးစိတ်ကောက်တာ မရှိဖူးတဲ့ ခွန်း အတွက် မောင်နဲ့ ရန်ဖြစ်ရတာက ကမ္ဘာပျက်သလိုပါဘဲ
*****************
မောင် ပြန်မလာတာ နှစ်ရက်ရှိပြီ ဆေးရုံကို လိုက်သွားတော့လည်း ခွဲခန်းဝင်နေတယ်ကြည့်ဘဲ
“မှတ်ပြီလား ခွန်းရှင်နံသာ ညည်းက အသက်ကြီးပြီး ဦးနှောက်မရှနဘူး”
“သမီးက မောင့် အတွက်လုပ်တာပါ မေမေရယ်”
မေမေတို့ကို ခွန်းမှားတာမို့ ဖွင့်မပြောချင်ပေမယ့် မောင်ကို ဘယ်လိုမှ တွေ့မရ ဆက်သွယ်မရတဲ့အဆုံး မေမေတို့ဆီ လာငိုရတော့တာပေါ့
“ညည်း က သားအတွက်လုပ်တာဆို တိုင်ပင်လေ လင်မယားမဟုတ်ဘူးလား တိုငိတိုငိပင်ပင်မရှိဘဲ
ကိုယ့်စိတ်ကိုယ့်သဘောတွေ လုပ်နေတာလေ”
“တော်ပါတော့ မေမေရယိ ခွန်းအပြစ်ရှိမှန်းသိပါတယ်”
“ခုမှ သိနေလည်း အလကားဘဲ ဘယ်နှဲ့အေ ငါတို့မှာလည်း မြေးချီချင်လို့ စောင့်နေရတာ ညည်းက လုပ်ချင်တာတွေ လုပ်နေတာ”
ခွန်းက ငို မေမေတို့က ပိုဆူနဲ့ တစ်နေကုန် မျက်ရည်နဲ့မျက်ခွက်ပင် ဘေးက မြဖူးနဲ့ခိုင် တို့ နှစ်ယောက်ဘဲ ခွန်းကိုအားပေးမယ့်သူရှိလို့သာပေါ့
အခန်းမှတ်ချက်များ (0)