Bububai ဝတ္ထု ဦးပိုင်တဲ့ရစ်လုံးလေး အခန်းစာရင်း

အပိုင်း(၂၇)

ဦးပိုင်တဲ့ ရစ်လုံးလေး

“ဥက္ကဌ”

“ရှုး တိုးတိုး ငါ့ကလေးအိပ်နေတယ်ကွ”

နာရီကြည့်လိုက်တော့ မနက် ၁၀ နာရီတောင် ကျော်နေပြီကို အိပ်နေသေးတာမို့ ဝန်းရံ အံ့ဩသွားတဲ့ ပုံစံကြောင့်

“နာရီကြည့်မနေနဲ့ ရှင်းမပြချင်တော့ဘူး မင်းလို ရည်းစားမရှိ မိန်းမမရှိတဲ့ကောင်က ဒါတွေ နားလည်မယ်မထင်ဘူး”

“ကျွန်တော် မထားတာမဟုတ်ပါဘူး”

“မရတာမလား”

မိန်းမ ပျောက်တုန်းကတော့ ငါဘေးမှာ တစ်လျှောက်လုံးရှိနေပေးခဲ့ရတာ အငတ်လေးလည်းပြေရော လေကြီးလေကျယ်တွေ ပြောနေတဲ့ ဥက္ကဌကို

“ကျွန်တော့ ရည်းစားပြစ်တာတို့ မိန်းမပြစ်တာတို့ မခံနိုင်လို့”

“မင်း ငါ့ကို ရွဲ့ပြောနေတာလား”

“မဟုတ်ပါဘူး ကိုယ့် ဘာသာကိုယ် ပြောတာပါ”

“ပြောတော့ ငါ့အခန်းရှေ့လာတာ ဘာကိစ္စလဲ”

“ဒီနေ့ မြတ် Groupနဲ့လုပ်ထားတဲ့ condoတွေ အဆုံးသတ်ပြီးသွားပါပြီ”

ဒါ မြတ်နဲ့မပတ်သတ်ဖို့ သူ လုပ်ထားတဲ့အရာကြီးက ကျေကျေနပ်နက်ကြီးကို ပြီးဆုံးသွားတာမို့

“အဟွန်းးးကောင်းပြီ လိုအပ်တဲ့ စာချုပ်တွေ ထပ်ချုပ်ဖို့ ကုမ္မဏီက ရှေ့နေတွေကို ခနနေ အရောက်လာဖို့ ခေါ်ထား”

“ဟုတ်ကဲ့ ဥက္ကဌ”

ဝန်းရံ ထွက်သွားတာနဲ့ သူကလေးရဲ့ အနားကို ပြန်သွားတော့

“ဦး….အင်းးးး”

ရုတ်တရက် ခန့်ကို ဖက်လိုက်ကာ ရေချိုးပြီးကာစ tower အကျီရဲ့အောက်ကို လက်လေးထိုးနှို-က်ကာ

ခန့်ရဲ့ ဗိုက်ကြွက်သား six-parkတွေကို ကိုင်နေတာကြောင့်

“အဟွန်းး ရ-န်မစနဲ့ နော် ကိုယ်ထပ်ဖြစ်သွားရင် ခနနေ ကလေး လမ်းမလျှောက်နိုင်ဘဲ ဖြစ်သွားမယ်”

“ဟီး”

“ထတော့ အသဲလေး”

“မထချင်သေးဘူး”

“မထချင်လို့ မရဘူး ကိုယ် အရေးကြီးကိစ္စရှိလို့ ကုမ္မဏီသွားရဦးမယ်”

“သွားပေါ့”

“မလိုက်တော့ဘူးလား ကလေးက”

“မထနိုင်ဘူး”

“ဟာ တစ်ညနဲ့ တစ်မနက်ဘဲ ရှိသေးတယ်လေကွာ”

“ဦးရဲ့ ကြ-မ်းတ-မ်းမှုကိုလည်း ဦးသိတယ်မလား”

နှုတ်ခမ်းလေးဆူကာ စောင်ပုံလေးထဲကနေ ရန်

ပြန်တွေ့နေတဲ့ ပေါက်စလေးရဲ့

“အွန့်”

နှုတ်ခမ်းလေးကို နမ်းလိုက်ပြီးမှ

“ထတော့ လိမ္မာတယ် ကုမ္မဏီမလိုက်ဘူးဆို အိမ်မှာ နေခဲ့မှာလား”

“ဟင့်အင် မေမေတို့ဆီသွားမလို့”

“ကိုယ်နဲ့တူတူမှသွားမယ်လေ”

“ဘာလဲ တေးက အရင် တိုင်ထားမှာ စိုးလို့လား”

မေမေကို အကုန်ပြောပြီးတိုင်ထားရင် ရှင်းမရမှာ စိုးရိမ်နေတဲ့ ခန့်အကြောင်းကို ကြိုသိနေတဲ့ တေး

“မဟုတ်ပါဘူး သွားချင်သွား ကိုယ်လိုက်ပို့ပေးမယ်”

“ရတယ် ဦးလိုက်မပို့နဲ့တော့ ဘိုးဘိုးနဲ့ ကိုကိုဆီ တေးအရင်သွားမှာ ပြီးရင် ကိုကို့ ကို မေမေဆီ လိုက်ပို့ခိုင်းလိုက်မယ်”

“အင်း အဲ့တာဆို ဘိုးဘိုးတို့ အိမ်အရင်လိုက်ပို့ပေးမယ် ထ”

“ဟုတ်”

**************

ဘိုးဘိုးတို့အိမ်ရောက်တာနဲ့ တေးအရင်ဆုံး သွားတဲ့နေရာကတော့

“တီလေးရေ တီလေးရေ”

တီလေးရှိနေတက်တဲ့ စံအိမ် အနောက်ဖေးက နှင်းဆီခြံကြီးထဲ

“သံသာတေး”

“ရှင်”

အိမ်အပေါ်ကနေ လှန်းကြည့်နေတဲ့ အဘိုးဖြစ်သူက တုတ်ကောက်ကို ပြကာ လှန်းခေါ်လိုက်တာမို့ အိမ်ထဲ အရင် ဝင်သွားတော့သည်။

“ဘာတွေ ပတ်မွှေနေတာလဲ”

“ဟာ ဘိုး တေး ပတ်မွှေတာ တစ်ခုမှမရှိဘူးနော် ဦး မကောင်းလို့ လုပ်တဲ့ ဥစ္စာ”

“လင်မယားဆိုတာ ပြသာနာတစ်ခု ဖြစ်ရင် မျက်နှာချင်းဆိုင် ရင်ဆိုင်လေ ဘယ်နှယ့်…ပတ်ပြီး ပြေးရတယ်လို့”

ဘိုးဘိုး ဩဝါဒတွေကို ဆက်ကြားရတော့မယ်ဆိုတာ သိတာမို့

“အာ သိပြီ သိပြီ အခု အရမ်းကို အဆင်ပြေနေပြီ ဦးကလည်း တေးကို ချစ်လိုက်တာမှ တုန်လို့ တေးကလည်း ဦးကို အရမ်းချစ်တာ”

ထိုအခါမှ ဘိုးဘိုး တစ်ကတော့ သက်ပြင်းတစ်ချက်ချပြီး

“နောက်ထပ် ဘာသံညာသံထပ်မကြားချင်ဘူးနော်”

“ဟုတ်”

ဘိုး ဆီက ခွင့်ပြုချက်ရတာနဲ့ တီလေး ဆီပြေးကာ တီလေးလုပ်ကျွေးတဲ့ မုန့်တွေ အဝစားပြီး

အပြင်ရောက်နေတဲ့ ကိုကို့ ကို ဖုန်းဆက်ခေါ်ကာ ဦး မေမေတို့ဆီ လိုက်ပို့ ခိုင်းလိုက်တော့သည်။

« ရှေ့အခန်း - အပိုင်း(၂၆) နောက်အခန်း - အပိုင်း(၂၈) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ