ဦးပိုင်တဲ့ရစ်လုံးလေး
“တီတီရေ”
“သမီးလေး တီတီက လွမ်းနေတာ”
မိန်းကလေး အရမ်းချစ်တက်တဲ့ မေမေတို့က သံသာတေးနဲ့တွေ့ရင် သားကိုလည်းမေ့ ယောကျာ်းကိုလည်း မေ့တဲ့သူပါ
အခုလည်း အဖေ့ကို ဆေးရုံသွားဖို့ ပြင်ဆင်ပေးတက်တဲ့မေမေက သံသာတေးလာတော့ တေးအနားကမခွါ
“မိန်းမရေ ကိုယ် ဆေးရုံသွားတော့မယ်နော်”
“ဟုတ်အစ်ကို ဒီမယ် သမီးငယ်လေး ရောက်နေတယ်”
“ဟာ သမီးလေး”
တေးဆိုရင် ခန့်မေမေတင်မဟုတ် အဖေဖြစ်သူကပါ တုန်နေအောင် ချစ်ကြတာ
“ဟီး လေးလေး ဒီနေ့ အိမ်မှာ နေဦးမယ်နော်”
“နေစေဗျာ သမီး အတွက် ညနေဆေးရုံကပြန်ရင် ရေခဲမုန့်ဝယ်ခဲ့မယ်”
“ဟာ..အရမ်းကြိုက်တယ်”
ရေခဲမုန့်ဆိုတဲ့အသံကြောင့် မြူးထူးခုန်ပေါက်နေတဲ့ တေးလေးကို ဆံပင်လေးတွေသပ်ပေးလိုက် ပါးလေးကို ဆွဲလိုက်နဲ့ ချစ်မဝဖြစ်နေတဲ့ ခန့်ရဲ့မေမေ
ထိုမြင်ကွင်းလေးကို ခြံထောင့်တစ်နေရာကစာအုပ်တောင်ဆက်မဖတ်နိုင်ဘဲ ပြုံးပြုံးကြီး ကြည့်နေတဲ့ တစ်ယောက်ကတော့ ကိုယ့်ကိုကိုယ်တောင်သတိမထားမိ
“တီတီ သမီး ဦးခန့်ဆီသွားမလို့”
“သွားလေ အဲ့တာဆို တီတီက သမီးစားဖို့ မုန့်တစ်ခုခု သွားစီစဉ်ပေးထားမယ်”
“ဟုတ် တီတီ”
တီတီ အိမ်ထဲ ဝင်သွားတာနဲ့ တေးရဲ့ခြေလှန်းတွေက တေးအရမ်းချစ်ရတဲ့ ဦးဆီ
“ဦးခန့် ဘာလုပ်နေတာလဲ”
“စာဖတ်နေတာလေ”
“တွတ်ပီနဲ့ဗိုက်ကလေးဖတ်နေတာလား”
“ဘာကိစ္စ ငါက ကလေးကလား စာအုပ်ဖတ်ရမှာလဲ”
“မသိဘူးလေ ခနက ဦးမျက်နှာကြီးက ပြုံးစိစိဖြစ်နေတော့ ဗိုက်ကလေးတို့ ဖတ်နေတာထင်တာပေါ့”
ပြုံးတာကိုမိသွားတော့ သူခိုးလူမိသလို ချက်ချင်း မတ်တပ်ကောက်ရပ်လိုက်ကာ
“ကျစ် သူများအိမ်လာပြီး တစ်နေ့တစ်မျိုး ပတ်မွှေနေတာ”
ပြောပြောဆိုဆို ထထွက်သွားတဲ့ ဦးခြေလှန်းကျဲကြီးတွေနောက်ကို ပြေးလိုက်ရင်း
“ဟာ တေးက မမွှေပါဘူးနော် ပြီးတော့ ဒါကသူများအိမ်မဟုတ်ဘူး တေးခင်ပွန်းလောင်းအိမ်လေ”
“အ့”
လှန်းနေတဲ့ ခြေလှန်းတွေကို ရပ်လိုက်တော့ ဦးရင်ပြင်ကျယ်ကြီးနဲ့ တေးနဖူး တိုက်မိကာ
“သံသာတေး”
“ဘာလဲ ဦးခန့်ရယိ နာလိုက်တာကို”
“ဘယ်သူက မင်း ခင်ပွန်းလောင်းလဲ”
“ဦးခန့်လေ”
“ကျစ် ဘယ်သူက မင်းကိုယူမယ်ပြောလဲ”
“ဦးခန့်ပြောတာလေ”
“ငါကဘယ်တုန်းကပြောတာလဲ”
“ဟာ ဦးခန့် အသက် ၃၀ကျော်လေးရှိသေးတာကို မှတ်ဉာဏ်တွေပျောက်နေပြီလား”
“ဘာကွ”
နည်းနည်းလေးမှ စရင်မကြိုက်တဲ့ ဦးက စလိုက်တာနဲ့ဖြူဖြူဖွေးနေတဲ့ မျက်နှာကြီးက နီရဲလာသလို ထူထဲလှတဲ့ မျက်ခုံးမွှေးကြီးကလည်း ညွှန့်ကွေးသွားပြီ
“ဦးခန့်မေ့နေလညိး တေးပြောပြမယ် တေး ငါးနှစ်အရွယ်တုန်းက မွေးနေ့မှာ ဦးခန့်ကို တေးက လက်ထပ်ခွင့်တောင်းတော့ ဦးခန့်ဘဲ အသက် ၂၀နည်းနည်းကျော်တာနဲ့ ယူမယ်ပြောတာလေ”
“ဟာ ကလေးတုန်းကစကားလေ မင်းက တကယ်ထင်နေတာလား”
“ဦးခန့်က လူကြီးနော် လူကြီးဆိုတာ ဂတိနဲ့ ဘဝကြီးတည်ဆောက်ရတာလေ”
“မင်းနဲ့တော့ မတည်ဆောက်ချင်ပါဘူး”
“ဦးခန့် မတည်ဆောက်လည်း တေးကတော့ တည်ဆောက်မှာဘဲ”
“မင်း!!!”
ဆက်ပြီးပြိုင်ငြင်းနေလည်း သူဘဲရှုံးမယ်ဆိုတာသိနေတဲ့ ခန့်တစ်ယောက် အိမ်အပေါ်ကို တက်သွားတော့
“သား ဘယ်သွားမလို့လဲ မုန့်လုပ်ထားတယ် လာစား”
“မေမေ သမီးဘဲ ကျွေးလိုက်ပါ သူအိမ်က အငတ်ထားတော့ သူများအိမ်လာစားနေတာ”
“ဟဲ့ မကြီးမငယ်နဲ့ ကလေးကို ဘယ်လိုတွေပြောနေတာလဲ”
“ပြောပါစေ တီတီရယ် ကိုယ့်အိမ် ကိုယ်ယာ ကိုယ့်အမေ လက်ရာကို စားတာဘဲ တိုက်ခိုက်နေလည်း ဘာမှမဖြစ်ဘူး”
“ဘာ!!!မင်းကို ငါက တိုက်ခိုက်တယ်”
“တော်ပါတော့ သားရယိ ကလေးနဲ့ဖက်ပြီး မင်းက ရန်ဖြစ်နေတာလား”
“ဖက်ပြီးမဖြစ်ပါဘူး သားက လှေကားထိပ်မှာ”
“အဲ့တာဆို တေး လာဖက်လိုက်မယ်လေ”
လှေခါးတစ်ထစ်ကို တက်ဖို့ ခြေတစ်လှန်း လှန်းလိုက်တဲ့ တေးကြောင့်
“မင်း!!!”
လူပျိုကြီးတစ်ယောက် ရှက်ကာ အခန်းတံခါးဆောင့်ပိတ်သံကြီးထွက်တော့
သားဖြစ်သူကို စိတ်ဆိုးအောင်လုပ်လို့ တေးကို စိတ်မဆိုးတဲ့အပြင် သဘောတွေကျနေကာ
“ဟားးဟားး သမီးတစ်ယောက်ဘဲ သားကို နိုင်တာ”
“ဟီး ဦးက တအားစိတ်ကောက်တာပါဆို”
“လာ သမီးလေး တီတီတို့ မုန့်စားကြစို့”
“ဟုတ်”
ဦးကတော့ အလုပ်ပိတ်ရက် ဆိုပေမယ့် တေးကြောင့်
အခန်းပြင်မထွက်
ထမင်းစားချိန်လောက်ဘဲ အခန်းအပြင်ကို ထွက်လာပြီး တစ်နေကုန် အခန်းအောင်းနေတော့တာ
တေးကတော့ ဦးတို့အိမ်မှာ တစ်နေကုန်နေပြီးစားလိုက်သောက်လိုက် ကစားလိုက်ပင်
“တေး ညီမလေး”
ညနေ စောင်းနေပြီမို့ တေး အစ်ကိုဖြစ်သူ လာကြိုတော့
“ကိုကို!!!!”
အိမ်အောက်ထပ်က ကိုကို ဆိုတဲ့ အသံစူးစူးလေးကို ကြားလိုက်တာကြောင့် ခန့် အောက်ထပ်ကို ပြေးဆင်းလာကာ
“မင်းဆက်”
“အေး ခန့်ပြော”
“နောက်ခါ မင်းတို့အိမ်က အမွှေစိန်ကို ငါတို့အိမ်လာပို့မထားနဲ့”
“ဟဲ့ သား ကလေးကို”
သူတို့အကြောင်းသိနေပြီဖြစ်တဲ့ မင်းဆက်ကတော့ ပြုံးနေကာ
“ဦးခန့်ကျွေးထားရတာမို့လို့လား”
“ဒါငါ့အိမ်!!”
“ဦးခန့် ထမ်းထားရတာလား”
“မထမ်းထားရလဲ မျက်စိရှုပ်တယ်”
“တစ်နေကုန် အခန်းအောင်းနေပြီး ဘယ်နေရာ မျက်စိရှုပ်သွားတာလဲ”
“မင်းဆက် မင်းမြင်တယ်နော် မင်းညီမ တစ်လုံးတစ်လုံး ပြန်ပြောနေတာ”
မြတ်ရှိန်ဝါခန့် အာဏာကြီးတယ်ဆိုတာ လုပ်ငန်းခွင်မှာပါ တေးနဲ့တွေ့ရင်တော့ မနိုင်တဲ့အဆုံး အစ်ကိုဖြစ်သူကိုပါ တိုင်ရတော့သည်။
“အေးပါကွာ တေး အဲ့လိုမပြောရဘူးလေ”
အစ်ကိုဖြစ်သူက ဆူလိုက်တာနဲ့ ခန့်အမေဆီ ပြေးကပ်ခါ
“တီတီ ဦးခန့်ကလေ တေးဆို အပြစ်အမြဲရှာနေတာ သူကို ချစ်မှန်းသိတော့ အရမ်းအနိုင်ကျင့်တယ်”
အကယ်ဒမီရှော့ ကတော့ သံသားတေးလေးပါ
မျက်ရည် တအားလွယ်သလို ချွဲရင်လည်း လူတိုင်းရင်ကို လှုပ်ခက်သွားအောင် ချွဲနိုင်သူလေး
အခုလည်း မေမေရင်ခွင်ထဲ ပြေးဝင်ကာ မျက်ရည်ကို ဗူးသီးလောက်ကျပြကာ အတိုင်ကြောထူနေတော့
ခန့်နဲ့ မင်းဆက် အံ့ဩမှုအပေါင်းဖြင့် တေးကို ကြည့်နေကြကာ
“သား မင်း ကလေးကို ဘာမှပြောစရာမလိုဘူးနော် ဒါ ငါ့အိမ် ငါ့သမီးကို ငါခေါ်ထားတာ အပြစ်လား”
“ဟာ မေမေ”
သံသာတေးနဲ့တွေ့ရင် ခန့် ဘယ်လိုမှမနိုင်တော့တာကြောင့် သက်ပြင်းတစ်ချက်ချကာ အခန်းထဲ ပြန်ဝင်သွားတော့သည်။
အခန်းမှတ်ချက်များ (0)