ဆေးရုံက ဆင်းလာပြီးတည်းက ဦးရဲ့ဂရုစိုက်မှုတွေကြား ပျော်မွေ့နေတဲ့ ပီတိလေးရယ်ပါ
“ဦး ကြည့်ပေးပါဦး ဝလာတယ်မလား”
ဂါဝန်လေးပန်းရောင် ဗိုက်ဖုံးလေးနဲ့ လုံးလုံးဝဝလေးဖြစ်နေတဲ့သူမက က်ုယ်ဝန်ရင့်လာလေလေ ချစ်စရာကောင်းလာလေလေမို့
“လာပါဦး”
သူမလေးရဲ့ လက်ကလေးကိုဆွဲပြီး ပေါင်ပေါ်ထိုင်ခိုင်းလိုက်ကာ ဆံပင်လေးတွေ သပ်ပေးလိုက်ပြီး
“ဝလာတာက ကိစ္စမရှိဘူး ချစ်ဖို့ကောင်းလာတဲ့ကိစ္စကို ဘယ်လိုလုပ်မလဲ ကလေး”
“ဦးကလည်း ဒီလောက်ပါးတွေလည်း ဖောင်းကားနေတာကာ”
“ရွှတ် ကိုယ်မှာ ဒီပါးလေးတွေကို နမ်းလို့ကို မဝဘူး ညနေကျ ကလေး ဘာစားမှာလဲ”
ပါးလေးကို နစ်ဝင်အောင်နမ်းလ်ုက်ပြီး ချစ်မဝဖြစ်နေတဲ့ ဦးရယ်ပါ
“စပ်တာလေးစားချင်တယ်”
“အွန်း စပ်တာဆိုပေမယ့် မွေးဖို့ က နောက်ထပ် ၃ရက်ဆိုရောက်တော့မှာ ကလေး နည်းနည်းဘဲ စားတော့နော်”
“အွန်းပါဦးရဲ့”
စားဖို့ဆို ဘာမစားနဲ့ ညာမစားနဲ့မပြောဘဲ စားချင်တာမှန်သမျှ တောင်းတတာနဲ့ လုပ်ပေးပေမယ့် မွေးဖို့နီးလာမှ မကျွေးချင်တာထက် စိတ်ပူလ်ု့ပြောတယ်ဆိုတာ ပီတိလေးသိတာမို့ ဦးစကားကို နားထောင်လ်ုက်သည်။
—————————
“ကလေး အသင့်ဖြစ်ပြီလား”
မွေးရမယ့်နေ့မတိုင်ခင် ဆေးရုံတက်ရတော့မှာမို့ တစ်အိမ်လုံး အလုပ်မအားဘဲ ပီတိလေးအတွက် လ်ုအပ်တာတွေ ပြင်ဆင်နေကြပြီး
အခန်းထဲမှာ တုတ်တုတ်တောင်မလုပ်ဘဲ ထိုင်နေတဲ့သူမလေးက်ု အခန်းတံခါးဖွင့်ပြီး ဝင်သွားတော့မှ
ဦးမြင်လိုက်တာမို့
“ကလေး ဘာဖြစ်လို့လဲ”
“ကြောက်လို့ပါ”
လက်ဖျားတွေအေးစက်နေပြီး ကြောက်လန့်နေတဲ့သူမလေးကို ရင်ခွင်ထဲ ထည့်လိုက်ပြီးမှ
“ကိုယ်ရှိတယ်ကလေး က်ုယ်က ကလေးလေးဘေးမှာ တစ်ချိန်လုံးရှိနေပေးမယ်”
အလုပ်တွေအားလုံးကို မမွေးခင်ကနေ ဆေးရုံဆင်းပြီး တဲ့ထိ ကိစ္စမှန်သမျှက်ု စွမ်းထက်နဲ့လွှဲထားတဲ့ သူရယ်ပါ
“ဒါပေမယ့်လေ ဒါပေမယ့်”
“ကိုယ်သိတာပေါ့ ကလေးမှတ်မိသေးလား ကိုယ် ဒေါက်တာခွန်းနဲ့ဖုန်းပြောတဲ့ညက ကလေးစိတ်အရမ်းဆိုးတဲ့ညကိုလေ”
“အွန်း မှတ်မိတယ်လေ”
“ကိုယ်က အခုလို ကလေးမှာ ကြောက်လန့်စရာတွေ ဖြစ်လာမှာ ကလေး ပင်ပန်းစရာတွေ ဖြစ်လာမှာစိုးလို့ ဒေါက်တာကို ဘယ်နည်းနဲ့မွေးတာအကောင်းဆုံးလဲဆိုတာရယ် ကလေး က ငယ်သေးတော့ ဆေးသုံးမယ် မလိုချင်သေးဘူး ထင်ခဲ့တာလေ ကလေး ကိုယ်ဝန်ရတော့ ကိုယ်မှာ ကလေးပင်ပန်းမှုက်ု အရင်တွေးမိတာ ကိုယ်မှားသွားလားထင်ခဲ့တယ် ကလေးနဲ့ရတဲ့ ရင်သွေးဆိုတာလည်း ကိုယ်မလ်ိုချင်ဘဲ နေပါ့မလား ကိုယ့်တ်ု့အချစ်ရဲ့ သက်သေလေးလေ”
“အဲ့လိုတွေမသိခဲ့ဘူး ဦးက မလိုချင်လို့ ပြောနေတယ်ထင်ခဲ့တာ”
“ဒီလို ချစ်စရာကောင်းတဲ့ ကလေးက မွေးလာမယ့် ကလေးပေါက်စလေးကို မလိုချင်ဘဲနေမလား”
“ဟီး” ဟုတ်တာဘဲနော် ဦး ဒီလောက်ချစ်စရာကောင်းတဲ့သူလေးတွေဘဲ မချစ်ဘဲ ဘယ်နေနိုင်ပါ့မလဲ”
“အဟက် ဟုတ်ပါပြီဗျာ ကဲ ဒါဆို သွားကြတော့မလား”
“အွန်း”
“ကိုယ် မနာမကျင်နဲ့မွေးလို့ရမယ့် နည်းလမ်းမှန်သမျှကို စုံစမ်းပြီး လုပ်ထားတာမို့ ဘာမှစိတ်မပူနဲ့ ကိုယ့်ရဲ့ကလေးလေးကို ဘာမှအဖြစ်မခံဘူးနော်”
“ဟုတ် ဦး သွားစို့လေ”
ဦးရဲ့အားပေးမှုတွေ ဂရုစ်ုက်မှုတွေကြောင့်မို့ အလိုလိုကျနေတဲ့အားလေးပြန်တက်ခဲ့ရပြီ
————————————
ခွဲခန်းရှေ့မှာ စိတ်လှုပ်ရှားမှုအပြည့်နဲ့စောင့်နေကြတဲ့ မင်းတခေတ်အဘိုးရယ် ပီတိလေးတို့မိသားစုရယ် မင်းတခေတ်ရယ်ပါ
“အူဝဲ အူဝဲ အူဝဲ”
ခွဲခန့်းထဲက အာပြဲနေအောင်အော်ငိုနေတဲ့ ကလေးလေးရဲ့ အသံကိုကြားတော့မှာ စိတ်ပူပန်မှုတွေလျော့သွားကာ စတင်စိတ်လှုပ်ရှားလာကြသည်။
“ကျွီ မိန်းကလေးပါရှင့် အရမ်းတော့ ငိုတယ်နော် ဥက္ကဌ ချီကြည့်ပါဦး”
ခွဲခန်းတံခါးလေးဖွင့်လာပြီး အနှီးထုပ်လေးတွေမှာ င်ုနေတဲ့ နီတာအဲလေးကိုမြင်တော့ nurse လေးက မင်းတခေတ် လက်ထဲ ထိုးပေးပြီး ချီခိုင်းတာမို့ ကလေးသေးသေးလေးကို မျက်ရည်တွေအဝိုင်းသားနဲ့ သူ့အမေနဲ့မတူဘဲ သူနဲ့တူလွန်းနေတဲ့သမီးလေး ကြည့်ပြီး”
“သမီး ဖေဖေလေ မငိုနဲ့တော့နော် မေမေက ပင်ပန်းနေတယ် သမီးအသံကြားပြီး လန့်သွားဦးမယ်”
ကလေးသေးသေးလေးက်ုကြည့်ပြီးပြောလိုက်တဲ့စကားကြောင့် မွေးကတည်းက အင်ုမတိတ်တဲ့ကလေးလေးက သူ့ဖခင်ပြောလိုက်တဲ့ စကားလေးကြောင့် တကယ်မယုံနိုင်လောက်အောင် အငိုတက်သွားသည်။
“ကြည့်ပါဦး သားနဲ့လည်း တစ်ပုံစံတည်း စကားကလည်း မွေးထဲက နားထောင်နေပြီ”
“အဖေကို သူ့အမေပေါင်းပြီး ဘယ်လို ချွဲပြကြဦးမလဲမသိဘူး”
ဖခင်လက်ထဲမှာ လိမ္မာတုံးလေးလုပ်ပြနေတဲ့ မြေးဖြစ်သူကိုကြည့်ပြီး ပြောနေတဲ့ ပီတိအမေဖြစ်သူနဲ့အစ်က်ုရယ်ပါ
“ငါ့ရဲ့မြစ်လေးအတွက် အကောင်းဆုံး အသန့်ဆုံး ပစ္စည်းတွေဘဲ စီစဉ်ပေးပါ”
အဘိုးဖြစ်သူလည်း လက်ထောက်တွေနဲ့ nurseတွေကို ဆက်တိုက်မှာနေသည်။
Nurseလေးတွေကလေးလေးကိုပြန်ခေါ်သွားကြပြီး အချိန်ခနကြာတော့ ခွဲခန်းထဲက ထွက်လာတဲ့ သူမလေး အားမရှိသလိုဖြူဖက်နေကာ သတိရတစ်ချက် မရတစ်ချက်ဖြစ်နေတဲ့ သူလေးကို
“ကလေး ပင်ပန်းသွားပြီ အရမ်းချစ်တယ်နော် အရင်က ပျက်ကွက်ခဲ့တာတွေအတွက်ရော အခုကစပြီး ကလေးလေးကို ပိုပြီးချစ်ပါ့မယ်နော် ရွှတ်”
နဖူးလေးကို အနမ်းလေးပေးပြီး ပြောလိုက်တဲ့စကားတိုင်းကိုတော့ ပီတိလေးကြားတာမို့ ပြုံးနေပြီး
သူမလေးနဲ့ VIP Roomထဲ တူတူလိုက်လာကြသည်။
—————————
အခန်းမှတ်ချက်များ (0)