Bububai ဝတ္ထု ကျွန်မအတွက်ဆို ခမ်းနားမှုတွေပေးတဲ့ဦး အခန်းစာရင်း

အပိုင်း(၁၇)

“အစ်ကိုလေး မမလေးက ဘာမှမစားဘူး တံခါးလည်း ဖွင့်မပေးဘူး”

“ရတယ်ငါသွားကျွေးမယ်”

အိမ်အကူမလေးထဲက ထမင်း လင်ဗန်းလေးကို ယူပြီး သူမလေးရှိရာအခန်းကို

“ကလေး ဘာမှမစားဘူးဆို”

စာအုပ်ပေးဖတ်ပြီး နေရောင်ခြည်လေးအောက်မှာ ထိုင်နေတဲ့ ကောင်မလေးက မင်းတခေတ်ကို အရေးမလုပ်တာမို့

“ကိုယ် ရှင်းပြတာတွေ ကလေး နားမထောင်ချင်လည်း ကလေး စိတ်အေးမှ ကိုယ်ပြောပြပါ့မယ် အခု ကလေး ဒီလို ထမင်းမစားတာတော့မလုပ်ပါနဲ့ ကလေးဗိုက်ထဲမှာ ရင်သွေးရှိသေးတယ်”

ကလေးမလိုချင်တုန်းက ဆရာဝန်နဲ့တောင် တိုင်ပင်နေပြီးမှ စိတ်ပူသလိုလုပ်ပြတဲ့ ဦးကို

“ဒါ ကျွန်မ ကလေး ရှင့်ကလေးမဟုတ်ဘူး ကျွန်မကို ထမင်း ကျွေးချင်တယ်စားစေချင်တယ်ဆို ကျွန်မရှေ့ ရှင်ပေါ်မလာနဲ့ ကျွန်မ မေမေတို့ကိုခေါ်ပေး ကျွန်မရှေ့ ရှင်ပေါ်လာရင် ကျွန်မကိုယ် ကျွန်မ ထိခိုက်အောင်လုပ်ပစ်မယ်”

ရင့်သည်းလွန်းတဲ့အသုံးအနှုန်းတွေ နဲ့ ခက်ထန်လွန်းတွေ စကားတွေကို ချစ်ရတဲ့သူလေးဆီက ကြားရတာမို့ မင်းတခေတ် မျက်ရည်ဝဲတဲ့ထိ ယောကျာ်းကြီးမတန်ဘဲ ခံစားနေရတာ သူကိုယ်သူလည်း မသိတော့လို……..

ပြောလိုက်တဲ့ ပီတိလေးလည်း သူချစ်တဲ့သူကိုယ် ပြောလိုက်တဲ့စကားလုံးတွေကြောင့် ရင်ထဲနာကျင်နေအောင်ခံစားနေရတော့ နှစ်ယောက်ဦးလုံး စိတ်ထဲတင် ကမ္ဘာပျက်မလိုပင် ………

“ကောင်းပြီ ကိုယ်အတက်နိုင်ဆုံးနေပေးပါ့မယ် ကလေး ကိုယ်ကိုကိုယ် ထိခိုက်အောင်တော့မလုပ်ပါနဲ့ ကလေးတစ်ခုခုဖြစ်ရင် ကိုယ်သေသွားလိမ့်မယ် ကိုယ်ကလေးရှေ့ ပေါ်မလာစေရဘူး “

ဆိုကာ မျက်ရည်တွေနဲ့ လှည့်ထွက်သွားလို တိတ်ဆိတ်နေတဲ့ အခန်းထဲမှာ ကျန်ခဲ့တဲ့ သူကလည်း

“ဟင့် ဟင့် ဦးရယ် တောင်းပန်ပါတယ် ဟင့် ဦး ဟင့်”

အောင့်နေတဲ့ ရင်ဘတ်လေးကို ထုကာ ငိုနေတဲ့သူမလေး….

———————————

“သမီးတို့ ဘယ်လိုဖြစ်ကြတာလဲ”

“ဟငျ့ အီးးးးဟီးးးးး”

မိခင်ဖြစ်သူရောက်လာထဲက မေးတော့လည်း ပီတိလေးက မေးမရ ငိုသာငိုနေပြီး သမက်ဖြစ်သူကြတော့လည်း ဒူးမထောက်ရုံတမယ် တောင်းပန်နေပြီး ပီတိလေးကို ဂရုစိုက်ဖို့သာမှာနေသည်။

အိမ်အကူလေးတွေကို မေးတော့လည်း ရန်ဖြစ်သံတောင်မကြားရဘဲ တိတ်တဆက်နဲ့ စစ်အေးတိုက်ပွဲလိုဖြစ်နေတာမို့ မိခင်ဖြစ်သူလည်း ငိုနေတဲ့ သူလေးကို ဆက်မမေးတော့ဘဲ…..

“တော်ပြီ မငိုနဲ့တော့ သမီး ငိုနေလို့ ပြသာနာ ပြီးမသွားဘူး အခု သားက သမီး သဘောအတိုင်း လုပ်ပေးထားတာလေ ဘာကို အလိုမကျနေသေးတာလဲ သူလည်း အခြားမှာပြောင်းနေမှာ”

“ဟင်”

ဦးကို မတွေ့ချင်ဖူးပြောလိုက်တာ ဦးဒီလောက်ထိ လုပ်မှာလို့ မတွေးမိတာမို့

“ဟုတ်တယ် သမီးပြောတာဘဲလေ သူက လိုက်လုပ်ပေးတာ ခုမှ ငိုမနေနဲ့”

“မေမေ သမီးမှားသွားလားဟင်”

“မေမေ ဘယ်သူမှားတယ်မှန်တယ်မပြောချင်ဘူး က်စ္စတိုင်းကို သင်ခန်းစာယူ ဒီကိစ္စတွေက သမီးတို့ စဉ်းစားဆုံးဖြတ် တက်ဖို့ လိုတယ် မေမေတို့က ပြန်အဆင်ပြေလိုက်ပါပြောပေမယ့် မေမေတို့ ညိှနှိုင်းပေးလို့ အဆင်ပြေတယ်ဆို သမီးတို့ နောက်ခါတွေ မေမေတို့ ဖြေရှင်းပေးတာဘဲ စောင့်နေမှာ အဲ့တော့ ဘယ်လို ဖြေရှင်းကြမလဲ စဉ်းစားကြ ဒါမှ နောက်ဖြစ်လာတာလေးတွေက အသေးအမွှားလေးပါဆိုတာ ဖြစ်လာလိမ့်မယ်”

မေမေပြောတဲ့ စကားတိုင်းက အဓိပ္ပါယ်ရှိနေတာမို့ မျက်ရည်ကျရုံကလွှဲပြီး ဘာမှမပြောနိုင်ပါ။

—————————

“သမီး သားက ဖိနပ် လာပေးသွားတယ် ရေချိုးခန့်စီးဖို့နဲ့ အခန်းထဲစီးဖို့ထဲ ဒီကောင်လေးလဲ နော် နဲနဲနောနောမဟုတ်ဘူး အများကြီးဘဲ”

ရေချိုးခန်းစီးဖို့ ဖိနပ် ၃ရံရယ် အခန်းထဲနဲ့ အပြင်သွားစီးဖို့ ၁၀ရံလောက်တောင် ဝယ်လာတာမို့ သယ်ရတဲ့သူတွေတောင်မနိုင်နေပါ။

💭လိုချင်နေတာ ဒါတွေမဟုတ်ဘူး လိုချင်နေတာ ဦး ကိုယ်ဝန်လေးက လေးလထဲ ရောက်နေပြီ လာတောင်မကြည့်ဘူး ရက်စက်လိုက်တာ နေနိုင်လိုက်တာ ဦးရယ်💭

မျက်ရည်တွေ တွေတွေစီးပြီး ငိုနေတဲ့ သူမလေး စားချိန်မှန် ဆေးသောက်ချိန်မှန်နေပေမယ့် မျက်နှာလေးက ငြိုးကျနေကာ ဗိုက်လေးလည်း အနည်းငယ်ထပ် ပိုပေါ်နေတာမို့ လူလေးက လုံးလုံးလေး ဖြစ်ပြီး တကယ်ကို နဂ်ုကထပ် ချစ်ဖို့ကောင်းနေသည်။

“ဒါတွေနောက်ခါမပို့နဲ့တော့လို့ ပြောလိုက်ပါမေမေ သမီးအတွက်မလိုဘူးလို့”

စိတ်ထဲမှာသာ ပြောနေပေမယ့် ရင်တွေကွဲကြေမတက်ခံစားနေရတဲ့ သူမကိုယ်သူမသာအသိဆုံးပေါ့

“သမီးအဲ့လောက်မဆိုးနဲ့နော် အခုမေမေ နေနေတဲ့ တစ်လအတွင်း နေ့ရော ညရော သမီးစားချင်တာမှန်သမျှ လိုအပ်တာမှန်သမျှ ဖုန်းတောင်ဆက်စရာမလ်ုဘူး သူကိုယ်တိုင် လာပို့နေတာ”

“သမီးလိုချင်နေတာ အဲ့ဒါတွေလို့ ထငိလို့လား မေမေက”

“လိုချင်တာကို အပွင့်လင်းဆုံးပြောပြီး ဖြေရှင်းကြလေ အခုက ပြသာနာကို ရှောင်ပြေရနေကြတာ ခု သားလည်း အရမ်းပိန်သွားတယ် ထမင်းပါ စားရဲ့လားမသိဘူး”

မေမေပြောလိုက်မှ ဦးက ဘာလို့ပိန်ကျရတာလဲ ဦးရော ငါလိုဘဲ ခံစားနေရတာလားဆိုတဲ့ စိုးရိမ်စိတ် ပူပန်စိတ်တွေ ဆိုးမိုးနေကာ

“သူအရမ်းပိန်သွားတာလား”

“နေရစားရ ဘယ်အဆင်ပြေမလဲ သည်းကတော့ အိမ်မှာ နေနေရတာလေ ဟိုက အလုပ်ကလည်း လုပ်ရသေးတယ် နေတော့လဲ အဆင်ပြေသလိုနေရသေးတယ်”

“ဟင့် သမီး အပြစ်ကြည့်ပါဘဲ ဟီီးးးဟီးးး”

ငိုချလိုက်ဆဲ့သူမလေးကြောင့်

“ငိုမနေနဲ့ လုပ်တုန်းကတော့ လုပ်ပြီးသွားပြီမလား သူများတွေက သမီး ဗိုက်ကြီးနေတာကို နှိပ်စက်နေတဲ့ အမေဖြစ်နေဦးမယ်”

ငိုနေတဲ့သမီးဖြစ်သူလေးက်ု သနားလည်း သနားသလို တစ်ဖက်က မင်းတခေတ်က ပိုခံစားနေရမှာဆိုတာလည်း အမေဖြစ်သူသိတာမို့ သူကိုယ်တိုင်လည်း အတွေးလွန်နေရသည်။

………………

« ရှေ့အခန်း - အပိုင်း(၁၆) နောက်အခန်း - အခန်း(၁၈) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ