“ဦး”
“ကလေး”
သဇင်နွယ် မင်းတခေတ်ခါးကို ဖက်တဲ့ချိန်မှ အချိန်ကိုက် ဆိုသလိုရောက်လာတဲ့ ပီတိလေး
“မင်းလွတ်စမ်း” ဆိုကာ သဇင်နွယ်ကို တွန်းပစ်လိုက်ပီး သူမလေးနားကို သွားကာ
“ကိုယ်ရှင်းပြမယ် ကလေး”
“ဦးတို့ ဘာဖြစ်နေကြတာလဲဟင်”
မျက်ဝန်းထဲက မျက်ရည်စတို့နဲ့ မေးလာတဲ့သူမလေးကြောင့် ဘယ်လောက် စိတ်ထိခိုက်မလဲ ဆိုတာ မင်းတခေတ် ရိပ်မိတာပေါ့
“ဘာမှမဖြစ်ဘူး ကလေး မငိုရဘူး ဦးရှင်းပြမယ် သူကဦးပြောပြခဲ့ဖူးတဲ့ ဦးရဲ့ ရည်းစားဟောင်း လိုက်နှောက်ယှက်နေတာ ကလေးစိတ်ထဲမှာမထားနဲ့နော် ဦးသေချာဖြေရှင်းမယ် ဂတိပေးတယ်”
သူမလေး ပခုံးလေးကို ကိုင်ပြီး သူကိုယုံကြည့်ဖို့ မျက်လုံချင်းလေးစုံကြည့်ကာ မှာနေတဲ့ ဦးကြောင့်
“ဦးကို ယုံပါတယ်”
သဇင်နွယ်ကတော့ သူရှေ့မှာ အကြည်စိုက်သလို လုပ်နေတဲ့ အတွဲကြောင့် ဒေါသထွက်နေသည်။
“မြင်တယ်နော် သဇင်နွယ် ငါတို့ချစ်ခြင်းက မင်းဖြတ်လို့ရမယ့်အနေအထားမျိုး မဟုတ်ဘူးဆိုတာ”
“ဒါပေမယ့် ခေတ် သူကနောက်မှ လာတဲ့သူ ခေတ်နဲ့ငါက ၆နှစ်တိတိ တွဲခဲ့တာ ပြီးတော့ ငါနဲ့သူနဲ့အတိုင်းအတာ ဘယ်လောက်ထိ ရောက်ခဲ့လဲ မင်းသိပေါ့”
ဦးရဲ့စွမ်းဆောင်ရည် ဦးရဲ့ ချောမောမှု ဦးရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပီတိရှေ့မှာ ရပ်နေတဲ့ အမတို့က ဘယ်လောက်အခြေအနေထိ ရောက်နေမလဲ ဆိုတာ သိတာပေါ့
မသဇင်နွယ်က လှလွန်းပြီး ယောကျာ်းလေးတိုင်းကို ဆွဲဆောင်စရာတောင်မလိုတဲ့ အနေအထားမျိုးမှာ
ငါကရော……
ဦးနှောက်ထဲမှာ မေးခွန်းတွေပြည့်နှက်နေတဲ့ သူမလေး..
“သဇင်နွယ် မင်း မိန်းကလေးမဟုတ်ဘူးလား မိန်းကလေးဆိုတာ အရှက်တော့ရှိရတယ်ကွ”
“ခေတ်နဲ့ပတ်သတ်ရင် အရင်ထဲက အရှက်ဆိုတာမရှိဘူး ခေတ်တောင် တို့နဲ့ကလေးလိုချင်လို့ ခနခနပြောတုန်းကတောင် ခေတ် ရှက်လို့လား နွယ်ရဲ့အသွေးအသား ကိုယ်ပွါးကလွဲရင် ဘယ်သူ့ကိုယ်ပွါးမှ မလိုချင်ပါဘူးဆို”
မျက်ရည်စတွေ လှိုင်လှိုင် ကျလာတဲ့ ပီတိလေး ဦးက သူမလေးကိုယ်ဝန်ရှိတုန်းက မျက်နှာမသာမယာနဲ့ပေမယ့်
သဇင်နွယ်တုန်းက ထပ်ခါထပ်ခါ တောင်းဆိုခဲ့တာ ဘာလို့လဲ………..
“မင်းပြီးခဲ့တာတွေ ပြန်ပြောနေလဲ မင်းမောရုံဘဲရှိမယ် သဇင်နွယ် ငါပြောလိုက်မယ် ခုကစပြီး ငါ့မိန်းမက ပီတိပြည့်လျှံဘဲ သူ့ကို ထိခိုကိမယ့်အလုပ်မျိုး တစ်ခုမှ ငါမလုပ်ဘူး အေး လုပ်တဲ့သူရှိလဲ ငြိမ်ခံမနေဘူးနော် မင်းသွားလို့ရပြီ”
“အိုကေလေ ခေတ် တို့ဆီပြန်လာတဲ့ထိ စောင့်မယ်”
“ကလေး မငိုပါနဲ့ ကလေးရယ် သူပြောတာတွေ ကလေးက ယုံနေတာလား”
“အိမ်ပြန်တော့မယ်”
ဦးရှင်းပြတာကို နားထောင်သင့်တယ်ဆိုပေမယ့် ဦးနဲ့သူ့ရဲ့ကြားမှာရှိတဲ့ အတိုင်းအတာ ကို ကြားရုံနဲ့တင် ပီတိမှာ ရူးမတက်ခံစားနေရသည်။
———————-~~~~~~~~~————-
နေ့လည်က ဦးရှင်ရပြတာကို နားမထောင်ဘဲ ချက်ချင်းလှည့်ပြန်လာကာ
အနောက်က ချက်ချင်းလိုက်လာပြီး ချော့တော့လဲ လက်မခံတဲ့ သူမလေး
ဦးကို စိတ်ကောက်ပြီး တံခါးပိတ်ထားတာ ည၈နရီတောင် ရောက်ပြီ ပီတိလေး စိတ်ကောက်ပြေပြီး
ဦးရှိတဲ့ စာဖတ်ခန်းကို လာရင်း
“ကလေးကို ငါမလိုချင်ဆိုတာ မင်းလဲသိတာဘဲ”
“………..”
“ငါကလေးကိုတားမယ်ထင်ခဲ့တာ သူက မတားထားဘူးလေး”
“ခလွမ်း”
ပန်းအိုး ကျကွဲတဲ့ အသံကို ကြားတော့မှ လှည့်ကြည့်လိုက်တော့ သူနောက်မှာ နောက်နေတဲ့ သူမ
မျက်ရည်စတွေနဲ့ အရုပ်ကြိုးပျင်လိုပင် တုန်လှုပ်မှုတွေ အပြည့်နဲ့
သူမလေးနဲ့နားထဲမှာလဲ
“ခေတ်က တို့နဲ့ကလေးလိုချင်လို့ခနခနပြောတာ”
“ခေတ်က တို့အသွေးအသားလေးကိုဘဲလိုချင်တာ”
ဆိုတဲ့ စကားသံတွေက ပဲ့တင်ထပ်သံတွေလိုပင်
ခြေလှန်းတွေက နောက်ဆုပ်နေပေမယ့် ပီတိမှာ တကယ်အားမရှိပါ လှန်းချင်တဲ့ခြေလှန်းက လှန်းမရတော့သလို လူက ဝေဝါးမှူ ခြောက်ခြားမှူတွေနဲ့
“ဟာ…..ကလေး ကိုယ်ရှင်းပြပါ့မယ်ကွာ”
“မကိုင်နဲ့ ငါ့အသားကို မထိနဲ့ ရွံတယ် ငါ့ဝမ်းထဲမှာရှိတဲ့ ငါ့သားသမီးကို ငါစောင့်ရှောက်နိုင်တာမို့ နင်ဆိုတာ မလိုဘူး”
လက်ကို လာကိုင်ပြီး ချက်ချင်းဆိုသလို ပီတိလေးပုံစံကို မြင်ပြီး ထိတ်လန့်သွားတဲ့ ဦးက ရှင်းပြဖို့ပြောပေမယ့်
ပီတိရဲ့စကားလုံးတိုင်းဟာ ဦးအတွက်တော့ တစ်ခါမှ မထင်မှတ်ထားတဲ့ စကားလုံးတွေလိုပင်
“အဲ့လိုမပြောပါနဲ့ ကိုယ် ခွန်းမင်းစံနဲ့စကားပြောနေတာပါ”
(သူနာပြုလေးကြွေတဲ့ရေခဲတုံးဆရာဝန်လေး ဝတ္ထုထဲက ဒေါက်တာခွန်းတို့ အတွဲလေး နည်းနည်းပြန်ပါမယ်နော်)😙
ဒေါက်တာတို့အတွဲလေးကို မဖတ်ရသေးတဲ့သူလေးတွေ ပန်းရဲ့ pageထိပ်ဆုံးမှာ တင်ပေးထားပါတယ် စဆုံးပါတာမို့ရှာဖတ်လို့ရပါတယ်
🎀🎀🎀🍓🎀🎀🎀
“ဘာလဲ ဒေါက်တာခွန်းနဲ့ဖုန်းပြောတာ ကလေးဖျက်ချဖို့လား”
“ကလေး ဘာတွေပြောနေတာလဲ”
“မကြားချင်ဘူး ရှင်နဲ့ကျွန်မ ဇာတ်လမ်းပြီးပြီ”
ဆိုကာလှည့်ထွက်လာတဲ့ သူမလေးကို နောက်ကနေ ဖက်လိုက်ပြီး
“ကလေး ဘာတွေပြောနေတာလဲ ကိုယ့်ကို ရှင်းပြဖို့ အခွင့်အရေးလေးတော့ ပေးပါဦးကွာ”
“ရှင်ကျွန်မကို လွှတ်မှာလား ကျွန်မနဲ့ကွာရှင်းမှာလား”
ဆိုတဲ့မေးခွန်းကြောင့် မင်းတခေတ်လက်လေး အလိုလို ပြေကျလာတဲ့အချိန်မှာဘဲ သူမလေးထွက်ခွါသွားတော့သည်။
အခန်းမှတ်ချက်များ (0)