Bububai ဝတ္ထု ကျွန်မအတွက်ဆို ခမ်းနားမှုတွေပေးတဲ့ဦး အခန်းစာရင်း

အပိုင်း(၁၄)

“မမလေး နေသာရဲ့လား ဆရာဝန်ခေါ်လိုက်မယ်”

“ရတယ် မထား Dr ကိုခေါ်ရင် ဦးသိမှာဘဲ မခေါ်နဲ့”

ဦးအတွက် ကူညီပေးနိုင်တဲ့အလုပ် တစ်လုပ်မှ မလုပ်တက်တဲ့အတွက်ကြောင့်မို့ နှောက်ယှက်သူလေးလည်း မဖြစ်ချင်ပါ

“မထား မမလေးအတွက် သံပုရည် ရပါပြီ”

“အေး မမလေး သောက်လိုက်ပါဦး”

သံပုရာရည်လေးကို သောက်ပြီးပြီးချင်း

“အော့ ဝေါ့….”ဆိုကာ

ရင်ထဲမှာ ပျို့ ပြီး ဆို့ တက် လာတာမို့ နောက်ဖေးကို ပေးပြီး အန်ရတော့

“မမလေး အအေးပတ်တာထင်တယ် အစ်ကိုလေးကို ခေါ်လိုက်ပါ မမလေးရယ်”

“ရတယ် ရတယ် မခေါ်နဲ့ “

“ဗု န်းးး”

ဆိုတာ ခေါင်းမှာသလို မျက်နှာလေးမှာလဲ တစက်လေးမှ သွေး မ ရှိ တော့ သလို ဖြစ်ပြီး မူးလဲသွားတဲ့သူလေး

“မမလေး မမလေး လုပ်ကြပါဦး အစ်ကိုလေးကို ဖုန်းသွားခေါ်ကြ မမလေး မမလေး”

အလုပ်သာလုပ်နေရပေမယ့် သူ့အသဲလေးက နေ့လည်ရောက်နေပြီ ဖုန်းမဆက်သေးတာမို့ ဖုန်းမျှော်နေကာ အလုပ်ရှုပ်နေတဲ့ သူကလည်း မဆက်ဖြစ်မိလိုက်

အခုလည်း လုပ်ငန်းကိစ္စ စကားစကမပြတ်တာမို့ ထဆက်လို့ကမရ

“ဥက္ကဌ အစည်းအဝေး ခန်းထဲ ဝင်လို့ရပါပြီ”

“အင်း ငါ့ဖုန်းလာရင် ပီတိဆီကဆိုချက်​ပေးနော်”

“ဟုတ်ကဲ့ ဥက္ကဌ”

အရေးကြီးလုပ်ငန်းရှငိတွေနဲ့စကားပြောနေပြီး အစည်းအဝေး ခန်းထဲ ဝင်မယ်လုပ်တော့ ဖုန်းလာရင် ပေးဖို့ မှာနေသည်

“စာချုပ်ကိစ္စလေးလည်း ပြောလို့အဆင်ပြေတယ် CEO ခင်များရဲ့ လုပ်ဆောင်မှုတွေကို သဘောကျတယ်”

“ကျေးဇူးတင်ပါတယ် ကျွန်တော့် ဘက်က လိုအပ်တာ သစ္စာရှိမှုနဲ့ကတိဘဲ အဲ့ဒါဆို လက်မှတ် ထိုးကျတာပေါ့”

လက်မှတ်ထိုးပြီး လုပ်ငန်းကြောင်းထပ်ဆွေးနွေးနေချိန်

“ဥက္ကဌ ဖုန်းလာတယ် မမလေးတော့မဟုတ်ဘူး အိမ်ဖုန်း”

“ကျွန်တော့်အိမ်ကဖုန်းဆက်တာမို့ ခနလေးပါ”

“ဘာ!!!! စွမ်းထက်မင်းဆက်လုပ်ခဲ့တော့ ကလေးမူးလဲလို့တဲ့”

ရုတ်တရက်ဆန်ကာ ထွက်သွားတဲ့ မင်းတခေတ်သူ့မျက်လုံးထဲမှာ ပီတိကလွဲရင် ဘယ်သူ့မှ မမြင်နိုင်အောင် ပြာနေပြီး အတွေးပေါင်းစုံဝင်ရင်း စွမ်းထက် ကို ကုမ္မဏီ ထားခဲ့ရတာမို့ သူကိုယ်တိုင် ကားမောင်း လာရသည်။

“ဘယ်လိုဖြစ်တာလဲ”

“မမလေးက……”

“အဲ့တာ ငါ့ကို ခေါ်လေ နင်တို့တွေ လူ ဒီလောက်များတာ ငါ့ကိုခေါ်ဖို့ တစ်ယောက်မှ ပါးစပ်မပါဘူးလား”

“မမလေးက မခေါ်ခိုင်းတာပါ အစ်ကိုလေးက………..”

“ကျစ် ငါမအားတာ သူ့ထက် အရေးကြီးတဲ့အရာမရှိဘူး”ဆိုကာ

ခြေလှန်းကျဲတွေနဲ့ သူမလေးရှိရာကို အမြန်လာခဲ့ပြီး အိပ်ယာပေါ်မှာ ဖြူဖက်ပြီး သွေ း မရှိတော့သလိုပင် သတိနေတဲ့ကောင်မလေးကို စမ်းသက်ပေးနေတဲ့ Dr….

“ကလေး ကိုယ်တောင်းပန်ပါတယ် ကလေးရယ် “

ဆိုကာ နဖူးလေးကို နမ်းပြီး လက်လေးတွေကိုပါ နမ်းကာ မျက်ရည်ဝဲနေတဲ့ ဦးကို

သတင်းကြားကြားချင်း လူကြီးတွေလဲ ရောက်တာကြတာမို့ လူကြီးတွေလဲ စုံနေကာ အဘိုးဖြစ်သူက ဦးရဲ့ ပခုံးကို ကိုင်ရင်းး

“ငါ့မြေး အဘိုးကျေးဇူးတင်တယ် အဘိုးအတွက် တန်ဖိုးရှိတာလေး ယူခဲ့ပေးလို့”

“ဘာလဲ အဘိုး”

“သား သမီးလေးက ကိုယ်ဝန်ရှိနေတာ”

“ဗျာ”

“ဟုတ်တယ် ဥက္ဏဌ ဂုဏ်ယူပါတယ် ဗျာ ပြီးတော့ ဆေးရုံကို မနေ့ဖြန် ဥက္ကဌကတော်ကို ခေါ်ခဲ့ပေးပါ လိုအပ်တာ စီစဉ်ထားပါ့မယ်”

“အင်း ပိန်သွားတာကရော တကယ်က ဝလာရမှာလေ”

သူမလေး ပိန်သွားတာကိုတော့ သတိထားမိခဲ့ပေမယ့် ကိုယ်ဝန်ကြောင့် လို့မထင်ခဲ့ ကလေးက ငယ်သေးတော့ ကလေးမလို ချင်လို့ ဆေးဘဲ စားတယ်ထင်ခဲ့မိပြီး ဆေးကြောင့် ပိန်တာ ဝတာ အတက်အကျရှိတာလို့ ထင်ခဲ့မိတဲ့ သူအမှား

“ဥက္ကဌကတော်က စစချင်းမို့ အစားသောက်ပျက်တာပါ ပြီးတော့ ကိုယ်ဝန်လက္ခာဏာက သုံးလမှာဆို အရမ်းပြတက်တော့ မမလေးက ခံနိုင်ဖြစ်သွားတာ”

ပိန်သွားတယ်လို့ ကလေးကို ပြောရင်လည်း လှချင်လို့ ဝိတ်ချနေတာလေ ဆိုကာ ဂတွင်းပျက်တာကို

သူ့ကို မပြောခဲ့

ကိုယ်ဝန်ရှိနေတာကို မသိဘဲ ညတိုင်း ကလေးကို ပင်ပန်းအောင် လုပ်ခဲ့မိတာတွေအတွက်လည်း ခံစားနေရသည်။

သူမလေးလက်ကိုသာ တင်းတင်းကိုင်ထားပြီး ကလေး ရှိတာ မရှိတာထက် သူမလေး နေပြန်ကောင်းဖို့သာ သူ့အတွက်အဓိကမို့

“ခုကမနိုးသေးဘူးလား”

“အားဆေးထိုးပေးခဲ့လို့ အရှိန်နဲ့အိပ်နေတာ ခနနေရင် နိုးတော့မှာပါ”

ကလေးရယ်ကိုယ်တောင်းပန်ပါတယ် ကလေးကို ပင်ပန်းအောင်လုပ်ခဲ့တာမို့ ကိုယ်ကလေးလေးသာ တစ်ခုခုဖြစ်ရင် ကိုယ်တကယ် ေ သ မှာ

“သား သမီးက ဘာမှမဖြစ်ပါဘူး အရမ်းစိတ်မပူပါနဲ့

ကိုယ်ဝန်ရှိစဆိုတာ ဒီလိုပါဘဲ သူက ပျော့တဲ့သူမဟုတ်ဘူး ဖြစ်တုန်းသာ ဆူညံနေပေမယ့် ပြီးရင် သူမဟုတ်တဲ့တိုင်း မြန်မြနိသက်သာမှာပါ”

ပီတိလေးခေါင်းလေးကိုပွတ်လိုက် လက်လေးကို နမ်းလိုက်နဲ့ အကြည့်ကတစ်စက်မှမခွါသလို မျက်ရည်တွေ ဝဲနေနဲ့ဦးကို ပီတိလေး မိခင်ကပါ သမီးဖြစ်သူကိူ အချစ်ကြီးလွန်းတဲ့ မင်းတခေတ်ကြောင့်

အားပေးနေရသည်။

“ဟုတ်ကဲ့” သာပြောပေမယ့် ဘယ်သူဆီမှ အကြည့်မရောက်ဘဲ သူမလေးကိုဘဲ အရိပ်လိုကြည့်နေတော့သည်။

အားဆေး အရှိန်နဲ့မို့ ၂နာရီကျော်ထိအိပ်နေတဲ့ ပီတိလေး မင်းတခေတ် ဘာမှမစားရသေးတာသိတာမို့

ပီတိလေးမိဘတွေရော အစ်ကိုဖြစ်သူရော ဘယ်လိုပြောပြော ဘာမှမစားဘဲ ပီတိဘေးကတဖွားမှမခွါ

အစ်ကိုဖြစ်သူ အောင်ပြည့်လျှံတောင် သူ့မိန်းမတောင် သူဒီလောက်ထိ မသည်းမိ မင်းတခေတ်ကျမှ သူ့ညီမလေးက သူ့ကမ္ဘာလို ဖြစ်နေပုံမြင်ရတော့ မင်းတခေတ်ကို သူတွေးခဲ့တာ မှားတာသိပြီး လက်ခံလိုက်တော့သည်။

« ရှေ့အခန်း - အပိုင်း(၁၃) နောက်အခန်း - အပိုင်း(၁၅) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ