Bububai ဝတ္ထု ဘီလီယံနာသူဌေးလေးရဲ့အသဲSeason (2) အခန်းစာရင်း

အပိုင်း(၂၈)ဇာတ်သိမ်း

ဘီလီယံနာသူဌေးလေးရဲ့အသဲ

“ကိုကိုထတော့”

အတင်းလှုပ်နှိုးနေတဲ့ သူမလေးကြောင့် ဆက်အိပ်လို့လည်း မရတော့တာမို့

“ဟင် ဘာဖြစ်လို့လဲ သဲလေး”

“ဒီနေ့ ဘာနေ့လဲ သိလား”

“ဘာနေ့လဲ ခနလေး ဖုန်းကြည့်ပေးမယ်”

“တော်ပီ မကြည့်နဲ့တော့ဟာ တော်ပီ တော်ပီ ဆက်မပြောချင်တော့ဘူး”

“ဘာလို့လဲ သဲလေးရယ် မနက်စောစော စီးစီး မကောက်ရဘူးလေကွာ သဲလေး ဘာလိုချင်လဲပြော”

“လိုချင်လို့ တောင်းနေတယ် ထင်နေလား”

“မထင်ရပါဘူးဗျာ”

ဇွဲတစ်ယောက် အိပ်ယာထဲမှာ ထထိုင်လိုက်ပြီး သူမလေးခါးကို အနောက်ကနေ သိုင်းဖက်လိုက်ကာ

“ကိုကိုနဲ့သဲလေးရဲ့ မင်္ဂလာနှစ်ပတ်လည် တစ်နှစ်ပြည့်လေ ကိုကို သိတာပေါ့”

ဒီနေ့ဆို မင်္ဂလာဆောင်တာ ၁နှစ်ပြည့်ပြီ အချိန်ကုန်တာ မြန်တယ် ကြာတယ် ရောထွေးနေပေမယ့် ဇွဲမှာတော့ ခရာလေးကို ချစ်လို့မဝနေခဲ့တာတော့အမှန်

“သွားပါ ခရာစိတ်ကောက်မှ ရက်ပြန်စဉ်းစားပြိး တစ်ခုခုဘဲဆိုတာ တွေးလိုက်တာမလား”

“မဟုတ်ရပါဘူးဗျာ မင်းသမီးလေး မယုံရင် ခနနေ ဘာတွေ လာပို့ကြမလဲဆိုတာ ထိုင်စောင့်နေ အခုက စောသေးတယ်”

နာရီကြည့်တော့လည်း မနက်၆နာရီကျော်ကျော်လောက်မို့ ပြန်အိပ်ဖို့ သူမလေးကိုပါ စောင်ထဲ ဆွဲခေါ်နေပေမယ့်

“ခနနေဦး ကိုကို ပြစရာရှိတယ်”

“ဘာကြီးလဲ”

“ဒန် ဒန် ဒန်”

လက်လေးထဲမှာ ဆုပ်ကိုင်ထားတဲ့ ဆီးစစ်တန်လေး အနီမျဉ်းလေးနှစ်ကြောင်းက ကူးပြေးနေတာမို့

“ဒါက ဒါက”

“အွန်း ခရာဗိုက်ထဲ အူဝဲလို့ ငိုမယ့် ကလေးပေါက်စလေးရှိနေပြီ ကိုကို”

“ဟာ ကလေးရယ်”

သူမလေးကို အတင်းအကြပ်ဖက်ထားပြီး ရင်ထဲမှာ ဝမ်းသာလုံးကြီးက တစ်စို့နေတာမို့

မျက်ရည်တွေ တသွင်သွင်ကျကာ သူမလေးရဲ့ ဗိုက်လေးကို ပွတ်ပြီး ငိုနေတဲ့ ဇွဲကြောင့်

“ကိုကိုရေ ဘာလို့ ငိုတာလဲ”

“အရမ်းပျော်လို့ပါ ကလေးရယ် ကိုကြီးတုန်းကလေ တူမလေးမွေးတော့ ငိုလို့ ကိုကိုစဖူးတယ် အခု သဲလေး ကိုယ်ဝန်ရှိတာနဲ့ကို ကိုကိုရင်ထဲလေ ကိုကိုရင်ထဲ ဟင့် အင့်”

“တိတ် တိတ် ကိုကိုရယ် မငိုပါနဲ့”

ကိုယ်ဝန်ရှိတာ လူမှားနေသလားတောင် ထင်ရလောက်အောင်ထိ တစ်ခါမှ မငိုဘူးတဲ့ ဇွဲ အငိုအရမ်သန်နေတာမို့ ခရာမှာ ကျောလေးပွတ်ပြီး ချော့နေရတဲ့အဖြစ်……

“ကလေး ခုကစပြီး အိမ်မှာဘဲ နားနေရမယ်နော်”

“ဟမ် ဘာလို့လဲ ကိုကိုကလည်း ခုမှ နုနုလေးရှိသေးတယ် ပြီးတော့ ကိုယ်ဝန်ဆိုတာ ၁နှစ်နီးပါးဆောင်ရတာ ၁နှစ်လုံး ခရာက အိမ်ထဲနေရမှာလား”

“၁နှစ်ဘဲလေ သဲလေးရယ်”

ကြည့် စကားကို သေချာမတွေးဘဲ ပြီးပြီးရော လာပြောနေတဲ့ ဇွဲကြောင့်

ဇွဲလက်တွေကို ခါထုတ်ပြီး အိမ်အောက်ကို ဆင်းသွားတဲ့ ဇနီးလေးကြောင့် အနောက်က အမြန်လိုက်ရတော့သည်။

“ဘာဖြစ်လာတာလဲ ခရာ ဖြေးဖြေး ဆင်း”

လှေကားထစ်ကနေ ဒန်းဆိုင်း ဆင်းလာတဲ့ ခရာကြေင့် မမရွှန်းကလည်း သတိပေးလိုက်သလို

“ဘယ်လိုတွေ ဆင်းနေတာလဲ မိန်းမရယ် ဖြေးဖြေးလုပ်ပါ ကိုယ်ရင်ကျိုးရလိမ့်မယ်”

အနောက်ကနေ တောက်လျောက်လိုက်လာပြီး ထိန်းနေတဲ့ သူကြောင့်

“ဖယ် လွှတ် မကိုင်နဲ့”

“ဟော”

“မင်း ငါ့ညီမကို ဘာလုပ်လိုက်တာလဲ”

အရမ်းကို တည့်ကြနေကြတဲ့ လင်ညီမရယ်ပါ မင်္ဂလာဆောင်ပြီး အိမ်ခွဲနေပေမယ့် ၁၀ရက်တောင် မပြည့်လိုက်ဘဲ မမရွှန်းနဲ့တူမလေးတို့နဲ့ဘဲ တူတူနေမယ်ဆိုတဲ့ ဂျီကျမှုကြောင့် အိမ်တော်ကိုဘဲ ပြန်ပြောင်းနေရတဲ့အဖြစ်

အခုလည်း ဘာဖြစ်လာတယ်မမေးဘူး တန်းပြောတော့တာဘဲ

“ခနနေပါဦး ခနက မရီးက ခရာ့လေးဖြေးဖြေးဆင်းဆိုတော့ ကိုယ်ဝန်ကိစ္စ မရီးသိပြီးပြီပေါ့”

“အင်းလေ ဘာထူးဆန်းနေတာလဲ”

“ထူးဆန်းတာပေါ့ မထူးဆန်းလို့ရမလား ကျွန်တော့်မိန်းမကိုယ်ဝန်ကို ကျွန်တော်အရင်သိရမယ်လေ သဲလေးအဲ့တာတော့မဟုတ်သေးဘူးနော်”

“အမယ် မင်း ငါ့ညီမကို အော်စရာမလိုပါဘူး”

“မအော်ပါဘူး မေးနေတာလေ သိချင်တယ် ဖြေ”

ဆီးစစ်တန်က လမ်းညွှန်ပါပေမယ့် မိန်းကလေးချင်းမို့ မေမေတို့ကို ဖုန်းဆက်မေးဖို့လည်း ရှက်တာမို့ မမရွှန်းကို မေးပြီး စစ်ရတာမို့ မမက ကိုကိုထက်အရငသိတာလို့ ပြောချင်ပေမယ့် ကိုကို့ ကို စချင်တာကြောင့် ဘာမှပြန်မပြောခဲ့…..

“ခုကို အော်နေတာ မမ တွေ့လား”

“ဟုတ်တယ် ဇွဲ မင်း လေသံ ဘာကိစ္စမာနေတာတုန်း”

“ဟာ မမရွှန်းနော် ခရာ့ဘက်ကကြည့် လာမပါနဲ့”

“ဟ ငါ့မိန်းမကို ဘယ်ကောင်က လေသံမာမာနဲ့ပြောနေတာလဲ”

အိမ်ပေါ်ကနေ တူမလေးကို ချီပြီး ဆင်းလာတဲ့အစ်ကိုဖြစ်သူ ရဲ့ အပြစ်တင်သံကလည်း ဇွဲကိုမို့

“ဘာလဲ တစ်အိမ်လုံး လူကိုဘဲ ဖိပြောနေကျတာလား ရတယ်လေ ရတယ်”

ဆိုကာ စိတ်ဆိုးပြီး အိမ်ပေါ်တက်သွားတဲ့ ဇွဲမဟာသွေးကြောင့် တဟီးဟီးတဟားဟားနဲ့ ပွဲကျကုန်ကျသည်။

“ကိုကိုရေ မနက်စာ စားမယ် ဆက်ပြီးကောက်မနေနဲ့တော့”

“………..”

“မင်းလား ကိုကို့က ခရာ့ကိုသာ ကလေးဆန်တယ်ပြောနေတာ ကိုကိုက ပိုဆန်နေတယ်”

“ဆန်ဆန်ကွာ”

ကြည့်ပါဦး ရန်လုပ်ဖို့ကျတော့ အသံက ပြန်ထွက်လာတယ်….

“ထ မနက်စာ စားရမယ်”

“မစားဘူး”

“မစားလို့မရဘူး ခနနေ ဗိုက်သွားအပ်ရမယ်လေသိလား”

ထိုစကားကို ကြားတော့မှ ချက်ချင်းထလာတဲ့ ကိုကိုကြောင့်

“အရမ်းချစ်တယ် ကိုကို ခရာ့အပေါ် ချစ်ခြင်းမေတ္တာတင်မကဘူး စေသနာတွေရော လုံခြုံမှုတွေရော ပေးခဲ့လို့”

ဇွဲခါးလေးကို ဖတ်ပြီး အခုမှ ရင်ခွင်ထဲ တိုးဝှေ့လာတဲ့ ကလေးငယ်ကြောင့်

“ကိုယ်လည်း အရမ်းချစ်တယ် သဲလေးရယ်”

တကယ်ပါ ကျွန်တော် နှစ်နှစ်ကာကာ မြတ်နိုးရတဲ့ ခရာလေးသာရှိရင် ဘာမှထပ်မလိုတော့ဘူး

ကျွန်တော်ပေးသလောက်မဟုတ်ရင်တောင် စစ်မှန်တဲ့မေတ္တာရောင်ပြန်လေးတော့ ပြန်ရချင်တယ် သူမလေးဆီကဘဲပေါ့

ကျွန်တော် ပျော်ရွှင်မှုဆိုတာ သူမလေးဖြစ်ပြီး ဝမ်းနည်းမှုကိုလည်း သူမလေးဘဲ ဖန်တီးနိုင်တာ

တစ်ယောက်လေးဘဲရှိတဲ့ ဒီတစ်ဦးတည်းသော သူလေးလေးကို မေတ္တာတွေပုံအောပြီး အများကြီးချစ်ချင်သေးတာ

ကျွန်တော်ရှိတာနဲ့ သူမလေးကို ပျော်ရွှင်စေဖို့ နွေးထွေးစေဖို့ လုံခြံစေဖို့ ဘဝနဲ့ရင်းပြီး သက်သေပြမယ်

ကျွန်တော်အတွက်ကတော့ တစ်သတ်လုံးစာ ဒီတစ်ယောက်လေးနဲ့ လုံလောက်သွားပြီမို့ နှလုံးသားလေးထဲ ဘယ်သူ့မှ မကြိုဆိုတော့ဘူး………..

(ဆက်လျက်ကြိုးစားပါဦးမယ်….

ပန်းနုရောင်’………..)

« ရှေ့အခန်း - အပိုင်း(၂၇) နောက်ဆုံးအခန်းဖြစ်ပြီး

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ