ဘီလီယံနာသူဌေးလေးရဲ့အသဲ
ကိုကိုကတော့ သူပြောတဲ့အတိုင်း တကယ်ကို လုပ်ချလိုက်တော့တာ…..
ခရာ့မေမေတို့ဆီ သူကိုယ်တိုင် သွားတွေ့ပြီး တောင်းရမ်းဖို့ ပြောတယ် မင်္ဂဆောင်ဖို့ပါ ခွင့်ပြုချက်တွေတောင်းလာလေရဲ့
မေမေတို့ကလည်း လူကြီးလူကောင်းဆန်တယ် သမီးလေးအပေါ် တန်ဖိုးထားတက်လိုက်တာဆိုပြီး သမက်ဖြစ်သူကို သဘောတွေ ကျနေကြသည်။
“ကိုကိုနော် တွန်းလုပ်တော့တာဘဲ”
“တွန်းလုပ်တာမဟုတ်ဘူး သဲလေး ကိုကို့ သဲလေးက်ို အနားကနေ အပျောက်ကို မခံနိုင်တော့လို့ လုပ်ရတာပါနော်”
“မြန်တာက မြန်တာဘဲ “
“သဲလေးက စိတ်ထဲ ကိုကိုနဲ့လက်မထက်နိုင်လို့လား”
“ကိုကိုကလည်း”
“ရတယ်လေ အဲ့တာဆို ကိုကို ပွဲတွေဖျက်ပြီး နောက်ဆုတ်ပေးမယ် သဲလေးစိတ်အဆင်ပြေပြီဆိုမှ
စကြတာပေါ့”
လူကို လူဆိုးမကြီး ဖြစ်အောင််လုပ်နေတဲ့ ကိုကိုရယ်ပါ
မင်္ဂလာရက်တွေ အကုန်ရွေးပြီး ဖိတ်စာတောင် ရိုက်ပြီးနေတာကို အပိုတွေ တော်တော်ပြောနေတာမို့
“တော်ပါ ကိုကိုနော် လုပ်ချင်တိုင်းလုပ်ပြီး အခုမှ ခရာ့သဘောဆိုတဲ့အချိုး လာမချိုးနဲ့ မပြောလိုက်ချင်ဘူး ဟွန့်”
သူ့လက်ထပ်မှာကို မငြင်းဘူးဆိုတာ သိလို့သာ အတင်းအကျပ်မဟုတ်ပေမယ့် သူမလေးကို ပိုင်ဆိုင်ချင်တဲ့စိတ်ကြောင့် အမြန်စီစဉ်မိတာတော့အမှန်
မငြင်းပေမယ့်လည်း စိတ်ကောက်နေတဲ့ သူမလေးကို ပစ်ထားလို့လည်း မဖြစ်ဘူး ကြာလာရင် မင်္ဂလာရက်တွေရောက်မှ စိတ်ကပိုကောက်နေရင် ဒုက္ခ
“ဟုတ်ပါပီ ကိုကို့က တောင်းရမ်းပွဲ စေ့စပ်ပွဲလက်ထပ်ပွဲတွေ အကုန်ပြီးတာနဲ့ သဲလေး ကျေနပ်တဲ့ထိ အနိုင်ကျင့် ကိုကိုခံမယ်နော်”
“အရမ်းတွေ နစ်နာနေပါဦးမယ် ကိုဇွဲမဟာသွေးရယ် ရှင်ကြီးက လူကို အပိုင်သိမ်းပြီးမှ အချိုလာသွေးတယ်”
“အဟက်”
ဒီကောင်မလေးက ကျွန်တော့်ရဲ့တကယ့်ချစ်မဝလေး စိတ်ဆိုးနေတယ်ဆိုရင် စိတ်ဆိုးတဲ့အကြောင်းအရင်းလေးကို ထုတ်ထုတ်ပြောပြတက်တာမျိုးလေး……
ချော့လိုက်တာနဲ့ ပျော့တဲ့ကောင်မလေးက မင်္ဂလဋမဆောင်ချင်သေးဘူးဆိုပေမယ့် မင်္ဂလာပွဲနဲ့ပတ်သတ်သမျှ အစီအစဉ်တွေကို ဇွဲတစ်ယောက်ဘဲ တာဝန်ယူ စိတ်တိုင်းကျစီစဉ်နေသည်။
သူမလေးကတော့ ရွှန်းနဲ့အလှအပ လုပ်ဖို့သာ ဇွဲက မှာထားတာကြောင့် သူတို့အတွက် ဒီရက်ပိုင်းမှာ
Beauty clinic (အလှအပဆိုင်ရာ ဆေးခန်း)/Spa/nail arts ဒီနေရာလေးတွေနဲ့သာ အိမ်ဦး ကြမ်းပြင်လို သွားနေရတာမို့ တစ်ဖြေးဖြေး လှလာတဲ့ ခရာလေးကတော့ ပျော်နေလေရဲ့
“လှလာလိုက်တာ ကိုကို့ သဲလေးက”
“မလှဘဲနေမလား တစ်နေ့ထဲ နေရာ ၅ခုလောက် သွားနေတာ ဘယ်လောက် လှလာလဲ စဉ်းစားလေ”
“အဟက် ကိုကို သဲလေး ဒီလိုလေး လှနေရင် ရပြီ သဲလေးသုံးသမျှ ရှာဖို့က ကိုကို့ တာဝန်ထား”
“ဟုတ် ဟီး မင်္ဂလာတောင် ခနခန ဆောင်ချင်လာပြီနော် နေရတာမင်းသမီးလေးနဲ့ တူလာလို့”
“ကိုကို့ သဲလေးက ဒီလိုဘဲ နေချင်ရင် အမြဲနေလို့ရတယ် ကိုကို့က အဲ့လိုဆိုင်တွေ ကိုကို့ သဲလေးအတွက် ထောင်ပေးမယ်”
“တော်ပါပြီနော် ခနခန လုပ်နေလဲ မကောင်းဘူးလေ ဒီလိုပွဲလေးရှိမှပေါ့”
“ဟုတ်ပါပြီဗျာ သဲလေးသဘော ဘယ်ချိန် ဘာလုပ်လုပ် ကိုကိုရှာသမျှက သဲလေးအတွက်ဘဲ”
“အဲ့တာဆို ကိုကိုရှာတဲ့ပိုက်ဆံထဲကနေ ကိုရီးယားကိုသွားပြီး မင်းသားချောချောလေးတွေကို သွားကြည့်မယ်ဆိုရင်ရော”
“ဟိတ် ဟိတ် အဲ့တာတော့မပါဘူးနော် ကိုရီးယားကို သွားလို့ရတဲ့ သူတို့နဲ့တော့ နိုးဘဲနော်”
“ဟီးး”
သူမလေးနဲ့နေရတာ လုံးဝကို မပြင်းရဘူး နှစ်ယောက်တူတူ ရှိနေရင် အခုလို ပြောစရာတွေ မကုန်တဲ့ထိ
ခရာလေးကလည်း အလှပြင် ဇွဲကလည်း ပွဲတွေ စီစဉ်ရင်းနဲ့ဘဲ မင်္ဂလာပွဲအခမ်းအနားတွေက ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ပြီးဆုံးသွားတော့သည်။
“ကိုကိုရယ် ပင်ပန်းလိုက်တာနော်”
မင်္ဂလာဆောင်လေးကို လမ်းလျှောက်ရတယ် ပြီးရင် သူ့အပေါ် တစ်ချိန်လုံး မှီနေတဲ့ သူလေးက ပင်ပန်းတယ်ဆိုလို့
ခြေထောက်လေးကို ဇွဲပေါင်ပေါ်တင်ပြီး သူမလေး ခြေဖဝါးလေးကို နှိပ်ပေးနေလေရဲ့
“ဟုတ်ပ ကိုကို သဲလေး အရမ်းပင်ပန်းသွားပြီ”
“အွန်းဆို ကိုကို့လည်း အရမ်းပင်ပန်းခဲ့မှာနော် တစ်ယောက်ထဲ စီစဉ်ခဲ့ရတာလေ”
“မပင်ပန်းပါဘူးဗျာ ဒီလောက်ချစ်ဖို့ကောင်းတဲ့ ကိုကို့ အသဲတုန်းလေးကို အပိုင်ယူရတဲ့ ပွဲလေးစီစဉ်ရတာက ပင်ပန်းစရာလား”
တကယ်တော့ အလုပ်ပြေးရ ပွဲ စီစဉ်ဖို့ ပြေးရနဲ့ အလုပ်တွေ ရှုပ်နေတဲ့ ဇွဲကတော့ သူမလေးနဲ့တွေတိုင်း အမောတွေ ပြေတာ သူသာအသိဆုံး
“ဟီး ချစ်လိုက်တာ လာပါဦး နမ်းချင်လို့”
သူမ ခြေဖဝါးလေးကို နှိပ်ပေးနေတဲ့ ဇွဲကို လက်ကလေး ဆန့်တန်းပြီး ခေါ်နေတာမို့ ဇွဲရဲ့ခေါင်းလေး တိုးကပ်လိုက်တော့
“မွ ချစ်တယ် ကိုကို”
“ဒီကောင်မလေး မကြောက်မလန့် လာနမ်းနေပြီ”
အခန်းမှတ်ချက်များ (0)