ဘီလီယံတာ သူဌေးလေးရဲ့ချစ်သူ
“နိုးပြီလား ကလေး”
ရွှန်းရဲ့မျက်နှာပေါ်ကနေ အုပ်မိုးပြီး ကြည့်နေတဲ့ ဦးမျက်နှာ ချောချောကြီးကြောင့် ရွှန်းစောင်ထဲ ပြန်ဝင်လိုက်ပြီး
“အဟက် ကလေးလေးက ရှက်နေတာလား”
စောင်ကို အတင်းဆွဲချနေတာမို့
“ဖယ်နော် ဦး မဆွဲနဲ့”
“ကလေးမျက်နှာလေး မြင်ချင်လို့”
“မမြင်ချင်နဲ့”
“ဟ ရမလား”
“ဖယ်နော်”
“ဦးပြောစရာရှိလို့ကလေး ဖယ်ဦး တကယ်ပြောတာ”
ဆိုတော့မှ စောင်လေးအောက်ကနေ ပေါ်လာတဲ့ ခေါင်းသေးသေးလေး
“ဦး နဲ့မနေ့ညက ကိစ္စကို ရှက်နေတာလား”
“………….”
အသံထွက်မလာတဲ့ကလေးကြောင့် တကယ်ရှက်နေတာဘဲ
“မရှက်ရပါဘူး ကလေးရယ် ဦးတို့ လင်မယားတွေလေ ဦးမှာ ဒီသေးသေးလေးကို ချစ်လွန်းလို့ တုန်နေတာ သိတယ်မလား”
“မသိပါဘူး”
“ကိုကြီး ကိုကြီးရေ ကိုကြီးရေ”
အချိန်ကောင်းဆို လာဖျက်နေတဲ့ ဇွဲမဟာထက်ရယ်ပါ
အပြင်ကနေ တံခါးခေါက်ရင်ရရဲ့သားနဲ့ အသံဗြဲနဲ့ အော်နေတာကြောင့်
“ခနနေဦးကလေး သွားဖွင့်ပေးလိုက်ဦးမယ်”
သူတို့အခန်းရှေ့မှာ လက်ပိုက်ပြီးရပ်နေတဲ့ ဇွဲလေး
“ဘာကိစ္စလဲ”
“မနက်စာက လာပို့ရမှာလား အောက်ဆင်းစားမှာလားလို့ လာမေးတာ”
“ငါတို့ဆင်းစားမှာ ဘာကိစ္စလာပို့မှာလဲ”
“အော် တက်ရဆင်းရနဲ့ ခြေထောက်တွေမခိုင်မှာစိုးလို့ပါ”
မဟာရဲ့ခြေထောက်ကို ကြည့်ပြီး ပြုံးစိစိနဲ့ပြောလာတဲ့ ဇွဲကြောင့်
“ဒီကောင်သေတော့မယ်”
“အဲ့တာဆို အောက်ဆင်းစားတော့ စောင့်နေမယ်”
“မင်းဘာသာအရင်စားပါလား ဒီနေ့မှ ဘာကိစ္စ ဒီကောင် စကားများနေလဲမသိဘူး”
“သွားပါဝင်ပါတော့ အောက်ကစောင့်နေမယ်လို့”
အခန်းထဲ ပြန်ဝင်လာပြီး ချစ်မိန်းမလေးကို ကြည့်လိုက်တော့ ကုတင်ပေါ်မှာမရှိတော့တာမို့
“ကလေး ရေချိုးခန်းထဲမှာလား”
“အင်း”
ရေချိုးခန်းထဲကနေ အပြင်ထွက်လာတဲ့ သူလေးကို
“ကလေးသက်သာလား ဘယ်လိုနေလဲ”
“သက်သာမယ် ထင်လို့လား ဦးရဲ့အချိန်အဆကို ဦးသိပါတယ်”
“သိပါတယ် ကလေးရယ် နောက်ခါ ငြင်သာမယ် ဦးဂတိပေးပါတယ် ကွာ နော်”
လာပြန်ပြီ ညင်သာမှာ အမြဲတမ်း ညင်သာမယ်လို့ပြောနေတာ ခံရတဲ့ ရွှန်းသာ အသိဆုံး
“တော်ပါ အောက်ဆင်းမယ် ဦးမြန်မြန်လုပ်”
“အွန်း အွန်း”
ဦး မျက်နှာသစ်ပြီး အကျီလဲပြီးတာနဲ့ ဦးနဲ့တူတူ အောက်ထပ်ကို ဆင်းပြီး မုန့်ဝင်စားကာ
“မရီး ဒီနေ့ ဆိုင်လိုက်ဦးမှာလား”
“ဒီနေ့ မလိုက်သေးဘူးလေ ဘာကိစ္စရှိလို့လဲ”
“ဟုတ်သားဘဲ မြေးရယ် မြေးမလေးနားပါစေဦး”
မနေ့ညက သူ့အသဲလေးပင်ပန်းထားတာ သူသာအသိဆုံး အရိပ်အကဲနားမလည်တဲ့ကောင်က ဆိုင်ခေါ်နေတာမို့
“မင်းဘာသာ ဘာကိစ္စရှိရှိ ဒီနေ့ ငါ့မိန်းမကို ထည့်မလွတ်နိုင်ဘူးနော်”
ဇွဲရဲ့ စိန်လုပ်ငန်းတွေ ပန်းထိမ်လုပ်ငန်းတွေမှာ အုပ်ချုပ်ရေးတာဝန်ကို ယူထားတဲ့ ရွှန်း
ဇွဲ မရီးဖြစ်သူကို စနေပေမယ့် အဖြစ်သည်းလွန်းနေတဲ့ အစ်ကိုဖြစ်သူကြောင့်
“အကဲပိုလိုက်တာ မနေ့ကမှ မိန်းမရတာဆိုတော့ ဖြစ်တက်ပါတယ် အဟက် မရီးသာ မယူရင် ကိုကြီးက ယူမယ်သူမရှိဘူးလေ ရတဲ့တစ်ယောက်လေးကို ဆွဲထားရတာ”
“ဟဲ့ကောင် ငါလိုရုပ်ရည်မျိုးနဲ့ မင်းလိုသာဆို ငါခုချိန် မိန်းမ ၁၀ယောက်မကဘူး ရနေမှာ”
ဦးပြောလိုက်တဲ့ စကားကြောင့် နွားနို့သောက်မလို့ လုပ်နေတဲ့ ရွှန်း ဆက်မသောက်ဘဲ ခွက်ကို ဆောင့်ချလိုက်ပြီး
“ဇွဲလေး အမတို့ ဆိုင်သွားကြစို့ ဘွား သမီး ဆိုင်သွားဦးမယ် မွ”
“အေး အေး မြေး”
ချက်ချင်းထရပ်လိုက်ပြီး ဘွားဘွားကို နမ်းကာအပေါ်ကို တက်သွားတဲ့ ကလေးကြောင့်
“ဟာ ကလေး”
“ကောက်သွားပြီ ထင်တယ်”
“မင်းကြောင့် မင်းမရီးကမှ ကောက်ရင် ချော့ရခက်ပါတယ်ဆိုကွာ”
ဗျစ်တောက်ဗျစ်တောက်ပြောပြီး မရီးနောက်လိုက်သွားတဲ့ အစ်ကိုကြောင့် အဘွားနဲ့ဇွဲ ရီနေကြတော့သည်။
“ကလေးရေ တံခါးဖွင့်ဦးကွာ”
အခန်းတံခါးပိတ်ပြီး ကောက်နေတဲ့ ကလေးလေး ယောကျာ်းရတာတောင် မရင့်ကျက်တဲ့အပြင် ပိုပြီး ကလေးဆန်လာတဲ့ပေါက်စလေး
ဟော တံခါးဖွင့် ထွက်လာပြီ အကျီအစိမ်းနုရောင် ဝမ်းဆက်လေးနဲ့ အလုပ်သွားမယ့် ပုံဖြင့်
“ဖယ်”
“မဖယ်ဘူး”
တံခါးရှေ့ကနေ ခန္တာကိုယ်ကြီးနဲ့ပိတ်ရပ်ထားတာမို့ ရွှန်းစိတ်တိုလာပြီး
“ရတယ်လေ မဖယ်နဲ့ အခုမဖယ်ရင် ကျွန်မ ထွက်လို့ရတဲ့အချိန်ကျ အိမ်ပြန်မလာဘူး”
ကျွန်မတွေရော ထိပြောနေတဲ့ ကလေးကြောင့် စိတ်ဆိုးတာ တန်ပိုမြှင့်နေပြီဆိုတာ သဘောပေါက်လိုက်ပြီး
“ကလေးရယ် ဘယ်လိုတွေပြောနေတာတုန်း ဦးကစတာပါကွာ ဦးက အခုချိန် ကလေးရှိနေတာ ဘယ်မိန်းမကို စိတ်ဝင်စားရမှာလဲ”
“ကျွန်မရှိနေလို့ ဦးမင်းမဟာသွေး မိန်းမတွေကို စိတ်မဝင်စားရဘူးဆိုရင် အခုကွာရှင်းလိုက်လေ”
ပူပူနွေးနွေး လက်ထပ်ပြီးခါစရှိသေးတယ် ကွာရှင်းမယ်ပြောခံလိုက်ရတဲ့ မဟာ မျက်နှာကြီး အတော်ပျက်နေပြီး
“ဟာ ကလေးရာ မနေ့ကမှ လက်ထပ်ထားတာလေကွာ ဘယ်လိုတွေပြောနေတာတုန်း”
အခန်းမှတ်ချက်များ (0)