Bububai ဝတ္ထု ဘီလီယံနာ သူဌေးလေးရဲ့ အခန်းစာရင်း

အပိုင်း(၁၃)

ဘီလီယံတာ သူဌေးလေးရဲ့ချစ်သူ

ဦးရဲ့စာပွဲခုံပေါ်က အလန်းလေးမြည်လာလို့ ရွှန်းကိုအလွတ်ပေးပြီး

“ဥက္ကဌ သခင်လေးဇွဲက တွေ့ခွင့်တောင်းနေပါတယ်”

“ဘာ!! လွှတ်လိုက်”

ဦးအော်လိုက်တဲ့ အသံကြောင့်

“ဘာဖြစ်တာလဲ ဦး”

“ချီးထုပ်ရောက်နေလို့”

“ဘယ်သူလဲ ဦး”

“ဝင်လာရင် တွေ့လိမ့်မယ်”

ပြောရင်းဆိုရင်း ဝင်လာတဲ့ကောင်လေး အသားဖြူဖြူ အရပ်ရပ်ရှည်ရှည်လေး တကယ်ကို ပိုးဟပ်ဖြူလေးလိုပင် ဆံပင်လေးတွေက နှာဖူးလေးတွေပေါ်ထိ ကြနေပြီး ချောလိုက်တာ ဦးလိုတော့ ခန့်ညားမနေပေမယ့်

(သားချောလေးတစ်ယောက် ထပ်ပြီး ထည့်ပေးထားပါတယ် နောက် ဝတ္ထုအတွက် ဇာတ်ကောင်လေး

လုပ်ရမလားလို့🥰)

“ကိုကြီး ပိုက်ဆံကဒ်ကို ဘာလို့ပိတ်လိုက်တာလဲ”

“မင်း ဒီလသုံးတာ ဘယ်လောက်လဲဆိုတာ သိတယ်နော်”

“ဟာ ကျောင်းစာအုပ်ဖိုးလေ”

“သေချာလား”

“ကိုကြီးလည်းဗျာ ပြန်လာတဲ့ လေယာဉ်ဖိုးနဲ့ကို လက်ကျန်ငွေက ကုန်ပြီ”

“မင်းကို ဘယ်သူက Business class ကနေ စီးခိုင်းလို့ စီးတာလဲ ကိုယ့်အပြစ်နဲ့ကိုယ်ခံလေ”

“ရိုးရိုးတန်းက မစီးနိုင်လို့”

ဇွဲ အစ်ကိုဖြစ်သူနဲ့ပြောနေရင်း အခုမှသတိထားမိတာက သူကို ကြောင်တောင်တောင်လေးကြည့်နေတဲ့ကောင်မလေး

လူကလက်တောက်လောက်လေးရှိသေးတယ် ငါ့အစိကိုရုံးခန်းထဲ ဘယ်လိုရောက်နေတာပါလိမ့်

“သူကဘယ်သူလဲ”

ရွှန်းရဲ့ခါးလေးကနေ ဆွဲဖတ်လိုက်ပြီး

“ငါ့ချစ်သူ ငါ့ကောင်မလေး”

“ဟားးးဟားး ကလေးကို ဒီကလေးကို”

“ဟဲ့ကောင် တိတ်စမ်း”

တိတ်ဆိုတော့မှ ဘာအသံမှ မထွက်လာဘဲ ငြိမ်သွားတဲ့ ဇွဲက သူ့အစ်ကိုကို ကြည့်ပြီး အစ်ကိုဖြစ်သူက ကောင်မလေးကို တကယ် သဘောကျနေတဲ့ပုံမို့

“တကယ်ကြီးလား Wow”

“ကလေး သူ့က ဦးရဲ့ညီ ကလေးထပ် ၂နှစ်ငယ်တယ်”

“ဟုတ်”

ဘယ်လိုကြီးပါလိမ့် ဦးက ညီရှိနေတာလား တစ်ဦးတည်းသော သားလို့ ဘွားဘွားကတောင် ပြောထားတာကို

“ဒီကောင်ကိုမှတ်ထားနော် နောက်မပတ်သတ်ဖို့”

“ဟာ ကိုကြီးကလည်း ဗျာ မရီး တွေ့ရတာ ဝမ်းသာပါတယ်”

လက်လေးလှန်းပေးပြီး မိတ်ဆက်တာကို

“အားးး”

လက်ကို ရိုက်ချလိုက်တဲ့ အစ်ကို ဖြစ်သူကြောင့်

“What”

“ငါ့ချစ်သူနားက ဝေးဝေးနေ”

“ကျွန်တော်က မရီးကို ဘာလုပ်ရမှာလဲ ကဒ်ဘဲ ဖွင့်ပေး”

“နားညီးတယ်ကွာ”

“ဒီခါဘဲ ဒီခါ ထိန်းထိန်းသိမ်းသိမ်းသုံးပါ့မယ် ဂတိပေးတယ် ဗျာနော်နော်နော်”

“အေး မင်း ဒီလတောင် မကုန်သေးဘူး မင်းသုံးတာ

သိန်း၇ထောင်ကျော်တယ်နော်”

အမလေး သိန်း၇၀၀၀တဲ့ ဘာတွေများ သုံးလို့ပါလိမ့် ဒါကိုများ စာအုပ်ဖိုး လို့ပြောနေတယ် မလွယ်ပါဘူး ကလေးတွေကတော့…..

“သိပြီ”

“ဒီခါနောက်ဆုံးဘဲ နောက်ခါအပြီး ပိတ်ပစ်မယ်”

“ဟုတ်ကဲ့ပါ အဘွားဆီ သွားလိုက်ဦးမယ်”

ပျော်ပြီးထွက်သွားတဲ့ကောင်လေးကို ရွှန်းကြည့်လိုက်တော့ ဦးနဲ့ရုပ်ချင်းတူပေမယ့် ပုံစံကတော့ တော်တော်လေးကို ကွာနေတာ

“ဦး ဦးက တစ်ယောက်ထဲဆို တစ်ဦးတည်းသော သားဆို”

“ဘွားဘွားက ပြောတာလား”

“အင်း”

“ဘွားက အငယ်ကောင်ကို ထည့်ထည့်ပြောလေ့မရှိဘူး အဆိုးလေးမို့လို့ အခုကိုကြည့်လေ သူ့ကို စင်ကာပူကို ပို့ထားတာ အသုံးအဖြုန်း ကြီးလွန်းလို့ ဒီကို ပြန်ခေါ်ဖို့ စီစဉ်ရတော့မယ်”

“ဦးက ချစ်တက်လိုက်တာနော်”

ရင်ခွင်ထဲ ဝင်ပြီးတိုးဝှေ့နေတဲ့ ခန္တာကိုယ်သေးသေးလေးကြောင့်

“ဟာ အချွဲလေ ချက်ချင်း ကောက်ချွဲနေတော့တာဘဲ”

“ချစ်လို့ပေါ့”

“ဟုတ်ပါပြီဗျာ…”

~~~~~~~~~~~~~~~~~~~

“ဘွားရေ ဘွားရေ”

“သခင်မကြီး သခင်လေးဇွဲပြန်လာတယ်”

“ဘယ်လို ဒီကောင်လေးနဲ့တော့”

ပြောကာရှိသေး အခန်းထဲ ဝင်လာပြီး ပြေးဖက်ကာ

“ဘွားရယ် လွမ်းလိုက်တာ”

“ဖယ်စမ်း”

“အဘွားကလည်းဗျာ လွမ်းနေတာကို မလွမ်းဘူးလား”

“မလွမ်းပါဘူး ဖယ်”

“အဘွားမလွမ်းလည်း သားလွမ်းတယ်လေ မွ မွ မွ”

အဘွားဖြစ်သူ မျက်နှာ အနှံ အနမ်းတွေ လိုက်ပေးနေတဲ့ ဇွဲလေးကြောင့်

“ကဲ တော်ပီ ဘယ်လိုအကြောင်းရှိလို့ ချက်ချင်း ကြွလာရတာလဲ ပြောဦး”

“ဟီး လွမ်းလို့ပါဆို”

“ငါသတင်းကြားပြီးပြီနော် ဇွဲမဟာသွေး”

“ဘွားကလည်း လိမ္မာပါ့မယ် သား ကိုကြီးကို ဂတိပေးထားပါတယ် နော်နော်နော်”

“မငိး ဟိုကို ပြန်မသွားနဲ့ ဒီမှာဘဲနေတော့”

“ဗျာ”

“ဟုတ်တယ် ဒီမှာဘဲ နေတော့ ငါအကုန်စီစဉ်ပြီးပြီ မင်းကို ဟိုထပ်ပို့လို့ကတော့ ငါဒေဝါလီခံရလိမ့်မယ်”

ဘယ်ချိန်ကရောက်နေမှန်း မသိတဲ့ အစ်ကိုဖြစ်သူက အခန်းပေါက်ဝကနေ မရီးနဲ့တူတူဝင်လာပြီး ပြောတာကြောင့်

“ဒါပေမယ့်”

“ဒါပေမမယ့်နဲ့ သွားချင်လည်း ရတယ် Go ကဒ်ကတော့ အကုန်ပိတ်လိုက်ပြီ”

“ဟာ”

ဟိုမှာ မပြတ်သေးတဲ့ ချစ်သူလေးတွေ ရှိသေးတာကို ရက်စက်တဲ့အစ်ကိုဖြစ်သူကြောင့်

ငါ့ကလေးတွေကတော့ ငါ့ကို လွမ်းနေကြတော့မှာဘဲကွာ ဒီကနေ ကလေးအသစ်တွေ ထပ်ပွါးရုံဘဲ☺️

« ရှေ့အခန်း - အပိုင်း(၁၂) နောက်အခန်း - အပိုင်း(၁၄) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ