ဘီလီယံတာ သူဌေးလေးရဲ့ချစ်သူ
“ဦး လွှတ်ပါဦး”
ရွှန်းကားပေါ်ရောက်တော့ ချက်ချင်းဆိုသလို ဖက်
လိုက်တဲ့ ဦးကြောင့် အသက်ရှုကြပ်မတက်ဖြစ်နေသည်။
အိစက်လွန်းတဲ့ ခန္တာကိုယ်လေးကို ဖက်လိုက်ရတော့မှ လိုအပ်နေတဲ့ အရာလေးကို ပြည့်စုံသွားသလို….
“ဦးရဲ့ ကလေးလေးက နူးညံ့အိစက်နေတာဘဲ”
“သိရင် ဘာလို့ အတင်းဖက်လဲ”
“အဟက် ချစ်လို့ပေါ့ အူယားလို့ပေါ့”
“ဦးက ပိုကို ပိုတယ်”
“အဟက် ဒီနေ့ ကုမ္မဏီ လိုက်ခဲ့နော်”
“ဘာလို့လဲ ဦး”
“ကလေးနဲ့မခွဲနိုင်ဘူးလေ ဦးဘေးမှာဘဲ နေရမယ်”
ဒီလူကြီး ဘယ်လိုဖြစ်နေမှန်းကို မသိတော့ဘူး ပိုကို ပိုတယ်
မျက်လုံးလေးဒေါင့်ကပ်ပြီး ကြည့်နေတဲ့ သူဘေးက ကောင်မကြောင့် မျက်နှာလေး ပြုံးပြကာ သနားခံနေတဲ့ပုံမို့
“အွန်းပါ ဒါပေမယ့် အဘွားက”
“အဘွားကို ဦး အကုန်ပြောလိုက်ပြီ”
“ဟင် ဘာပြောလိုက်တာလဲ”
“ဦးတို့ အကြောင်းပေါ့”
“အဘွားက ဘာပြောလဲဦး”
“သဘောကျနေတယ် ပြီးတော့ မြစ်ကလေး လိုချင်တယ်လို့ တစ်ဖွဖွပြောနေလေရဲ့ ကလေးကရော ဘယ်လိုထင်လဲ”
“ဦးနော်”
ရွှန်းကို မနက်စာ လိုက်ဝယ်ကျွေးရင်း ဘွားဘွားနဲ့ ခနဝင်တွေ့ပြီး ဦးရဲ့ ကုမ္မဏီကို ရွှန်း လိုက်လာခဲ့သည်။
မဟာရဲ့ကား ကုမ္မဏီရှေ့ ရပ်လိုက်တာနဲ့ တံခါးလာဖွင့်ပေးကြပြီး မဟာကတော့ သူရဲ့ အသဲလေးကို တံခါးဖွင့်ပေးကာ ခေါင်းတိုက်မှာစိုးလို့ လက်လေးနဲ့တောင် ခေါင်းပေါ်ကို ကာထားတဲ့ မြင်ကွင်းကို
ကုမ္မဏီ အပေါက်ဝက ဝန်ထမ်းတိုင်းမြင်ပြီး ပါးစပ်အဟောင်းသားဖြင့်…..
ကုမ္မဏီထဲ ဝင်တဲ့ချိန်လဲ ရွှန်းလက်ကို ဆွဲပြီး သွားတဲ့ဦးကြောင့် ကုမ္မဏီ ဝန်ထမ်းတိုင်း ဦးကို အရိုအသေပေးနေကြပေမယ့် မျက်လုံးတွေကတော့ ရွှန်းက ဘယ်သူလဲဆိုတာ သိချင်နေကြတယ် ထင်ပါရဲ့
“ကလေး ဒီမှာထိုင် ဘာစာချင်သေးလဲ”
“ဟင့်အင် အခုမစားချင်သေးဘူး ဦး”
“ဟုတ်ပီ စားချင်တဲ့ချိန် ဦးကိုပြောနော်”
“ဟုတ်”
ဦးက ဒီလောက် ကျယ်တဲ့အခန်းကြီးထဲ တစ်ယောက်ထဲ အလုပ်လုပ်ရတာ ဘယ်လောက်ပျင်းနေမလဲနော်……
အခုလည်း ဦးရောက်ပြီဆိုတာနဲ့ လာလိုက်တဲ့ သူတွေ မနားတမ်းဘဲ တစ်ခါတစ်ခါ စိတ်ရှုပ်တာ စိတ်တိုတာမို့ထင်ပါရဲ့ လှပတဲ့မျက်ခုံးလေးက တွန့်ကွေးသွားသေးတယ်……
“ခိုးကြည့်လို့ ဝပြီလား”
သူခိုးလူမိသလို ရှက်သွားတဲ့ ရွှန်းလေးက မှန်ပြင်ဘက်က်ု လှည့်ရင်း ရှု့ခင်းတွေက်ု ကြည့်နေတာ
“ခလေးလေး ဘာလို့ ခိုးကြည့်နေတာလဲ”
ရွှန်းရဲ့ ခါးလေးကို နောက်က ဖတ်ပြီး ရောက်လာတဲ့ဦးက လည်ပင်းနားလေး တိုးဝှေ့ပြီး စကားပြောတာမ်ု့ ရင်တွေကိုခုန်လို့……
“ဖယ်ပါ ဦးရဲ့”
“မဖယ်ပါဘူး ခနတုန်းက ခိုးကြည့်တာ ဘယ်သူလဲ သူခိုးမလေးကို လာဖမ်းတာလေ”
“ဦးနော် ရွှန်း ခိုးမကြည့်ရပါဘူး ဒီတိုင်းဘဲ ဦးဘာလုပ်နေတာလဲ ကြည့်တာ”
“ဟုတ်လို့လား”
“အွန်းဆို”
“ဒီကလေးပေါက်စလေးကို ဦးနားနေပြီး ပြုံးနေတာလေးကို ခိုးကြည့်ချင်လို့ ခေါ်လာတာ အဟက်”
“အဲ့တာဆို ခိုးကြည့်တာက ဦးပေါ့”
“အဟက်”
ရုပ်တည်ကြီးနဲ့နေတဲ့ ဦးမင်းမဟာသွေးကို ပြုံးအောင်ရီတက်အောင်လုပ်ပေးနိုင်တာ ဒီကောင်မလေးဘဲရှိတာ အဲ့ဒါက်ို ဒီပေါက်စလေးက သိရဲ့လားတောင်မသိဘူး
“တီ…တီ…တီ.”
“ရွှန်းဖုန်းလာနေတယ် ဦး”
“အွန်း ဦးယူပေးမယ်”
ရွှန်းကို ဖက်ထားတဲ့နေရာကနေ စာပွဲခုံပေါ်က ဖုန်းလေး ယူပေးပြီး
“မေမေတဲ့ ကလေး”
“ဟုတ် ပေး ဦး”
“ဟယ်လို မေမေ”
“သမီးလေး ဘာလုပ်နေတယ်”
“ဦးတို့ ကုမ္မဏီမှာ မေမေ”
ရွှန်းပြောလိုက်တဲ့ စကားကြောင့် မဟာတောင် မျက်လုံးပြူးသွားသည်။
ဦးက အံ့ဩနေတာမို့ မေမေဘာပြောလဲ သိရအောင် ရွှန်း စပီကာ ဖွင်လိုက်တော့
“သမီး ဘိုးဘိုးပြောတယ် အဆင်ပြေလား အဲ့ဒီမှာ”
“ဟုတ်မေမေ ပြေပါတယ်”
“မေမေ နောက်လကျ အဲ့ဒီလာမှာ ဘာစားချင်လဲ ကလေးလေး”
“မေမေနဲ့ဘဲ နေချင်တာ”
လို့ပြောပြီး တစ်ဖက်မှာ ဦးရင်ခွင်ထဲ ဖုန်းပြောရင်း ချွဲနေတဲ့ လူလည်မလေးပါ…..
“အမလေးတော် အဆိုးလေးက ချွဲနေပြန်ပါပြီ မေမေလာရင် သမီးကို မေးစရာတွေရှိတယ် သမီး သိတယ်နော်”
“သိပါတယ် မေမေ လာရင် အကုန်ပြောပြဖို့ အဆင်သင့်ဘဲ မေမေ”
“ဟုတ်ပါပြီရှင် မေမေသမီးလေးကို မေမေက ယုံပြီးသား မေမေသမီးက ချွဲပြီး ဆိုးတာကလွှဲလို့ ပျက်စီးလွယ်တဲ့မိန်းကလေးမဟုတ်ဘူးဆိုတာ မေမေကသိပြီးသား မေမေမွေးတဲ့သမီး မေမေလက်အောက်ကထွက်တဲ့ ရွှန်းလေးက အလိမ္မာတုံးလေး”
ငယ်ငယ်ထဲက မေမေပြောနေကြစကားလေးက မေမေ့ရွှန်းလေးက အလိမ္မာတုံးလေးဆိုတာဘဲ
“ဟုတ် မေမေ သမီး မျှော်နေမယ်နော်”
“ဟုတ်ပါပြီတော်”
မေမေ ဖုန်းချပြီးတော့ တင်းကြပ်စွာဖက်လာတဲ့ဦးက
“ဦးရဲ့ကလေးလေးက အဖိုးတန်ရွှေဥလေး ချွဲစိန်လေး”
“အားးးဦး လွှတ်ဦး”
“မလွှတ်ပါဘူး ချစ်လို့တောင် မဝသေးဘူး”
“ဦးနော် အကျင့်ကိုမကောင်းဘူး လူကိုအရုပ်များထင်နေလား ညှစ်လိုက် ဖက်လိုက် နမ်းလိုက်နဲ့”
“အွန်းလေ ဦးရဲ့ အရုပ်မလေး”
“ဟာ ဦးနော်”
“အဟက် ဦးနော်”
အခန်းမှတ်ချက်များ (0)