ဗိုလ်ကြီးပိုင်တဲ့အားဆေးလုံးလေး
“ဖယ် ဦးကို စိ၊တ်ကု၊န်နေပြီ စိတ်လည်း ပျ၊က်နေပြီ”
“ဟာ ကလေးရာ”
“ဦး အသံလည်း မကြားချင်ဘူး ပိုးနဲ့ ဝေးဝေးနေ”
ဒီကောင်မလေးက တော်တော်လေးကို ဂျီကျတက်လာသလို အရမ်းလည်း ဆိုးလာတာပါ
ဘယ်လောက်ဆိုးဆိုး အချစ်မလျော့ဘဲ စိတ်ဆိုး စိတ်ကောက်တာလေးကိုမှ ပိုပြီး အသဲယား ချစ်မဝဖြစ်နေတာက ဂုဏ်
“ကလေးရယ် ကိုယ်က မကျွေးချင်လို့ ပြောနေတာမှ မဟုတ် မတည့်လို့လေ”
“ဦး က သပ်သပ်မယ့် ညစ်နေတာ ပိုးစားချင်တယ်ပြောရင် ကျွေးပေါ့ ခုဟာက အချဉ်အစပ်မစားရဘူးဆိုတော့ ပိုးက ဗိုက်ကြီးနေတာလဲ မဟုတ်ဘူး”
“တည့်ရင် ဦးက ကျွေးတယ်လေ ကလေး ဟိုနေ့ကမှ အစာအိမ်ယောင်ထားတာလေ ဘယ်လိုလုပ် စားရမှာလဲ”
အစာအိမ်ယောင်တုန်းက သနားစရာမျက်နှာလေးနဲ့ကောင်မလေးက အခု စပိုက်စီအနက်ရောင် မစားရလို့ ရစ်နေတာ တစ်မနက်ခင်းလုံး
“တော်ပီ တော်ပီ မစားတော့ဘူး ဦးနဲ့လည်း စကားမပြောချင်ဘူး”
“ဟာ ကလေးရာ”
“ဘာဖြစ်နေကြတာလဲ”
အချိန်ကိုက်ဆိုသလို ရောက်လာကြတဲ့ သက်ပိုင်ဦးတို့ အုပ်စုတွေ
“ဘာဖြစ်ရမှာလဲ ကလေးက စပိုက်စီစားချင်တာတဲ့”
“ဟာ ဘယ်လိုလုပ်ရမှာလဲ နင် ဆေးရုံ ပြန်တက်ချငိလို့လား”
“ဟာ ဖွဖွ လွှဲပါစေ ဖယ်ပါစေ သက်ပိုင်ဦး မင်း ဘယ်လိုတွေပြောနေတာလဲ”
သူဟာလေးကို ဆေးရုံတက်ရမယ်ပြောလို့ ဖြစ်သွားတဲ့ ဂုဏ်ရဲ့မျက်နှာက မချိတင်ခဲ
“ငါက ဥပမာပြောနေတာလေ မင်းကိုက ပိုလွန်းနေတာ ဒီကောင်မလေးဆိုးနေတာ မစမ်းဘူး”
“ဟုတ်ပ ဂုဏ်ရာ အထူးတပ်ရဲ့ ခေါင်းဆောင်က မယားကြော၊က်ဖြစ်နေတာ လူကြားမကောင်းဘူး”
“လူကြားမကော၊င်းလည်း ဘာဖြ၊စ်လဲကွာ ချစ်တာကို နော်ကလေး”
“မသိဘူး”
“ဟာဗျာ”
မသိဘူး တစ်လုံးထဲ ပိတ်ဟောက်တာနဲ့တင် မျက်နှာက တော်တော်လေးပျက်နေတဲ့ ဂုဏ်ကြောင့် ရီချင်နေကြပြီ
“မင်းတို့က ဘာကိစ္စလာတာလဲ”
“မြေအောက်လမ်း ပုံလေးတွေ ပြန် တို၊င်ပင်ချငိလို့တဲ့”
ဦးတို့ အလုပ်ကိစ္စစကားပြောမှာမို့ ပိုး မုန့်တစ်ခုခုစီစဉ်ပေးဖို့ သွားမယ်အလုပ်
“ကလေး ဘယ်လဲ”
အလုပ်စကားပြောနေရင်းတောင် သူကလေးသွားတာကို မြင်လိုက်တဲ့ ဂုဏ်
“မီးဖိုခန်းထဲလေ”
“အင်း ဖြေးဖြေးနော်”
“ဟုတ်”
သက်ပိုင်ဦးတို့ အဖွဲ့လည်း ဂုဏ်ကို ပိုတယ်ဆိုတဲ့ အကြည့်တွေနဲ့
“မင်းကလည်း မီးဖိုထဲသွားတာကို”
“အေးလေကွာ အကဲပိုလွန်းတယ်”
“ကျစ် မင်းတို့ ငါ့အိမ်လာတာ အလုပ်ကိစ္စလား လျှာရှည်ဖို့လား”
ထိုအခါမှ အသံတွေ တိတ်သွားကြသည်။အထူးတပ်ဖွဲ့ကို နိုင်သမျှ အိမ်မှာပြန်အနိုင်ကျင့်ခံနေရတာဘဲလို့ တွေးနေကြတော့သည်။
“ခလွမ်း ဒုန်း”
မီးဖိုချောင်ထဲကနေ အသံအကျယ်ကြီး ကြားလိုက်တာမို့
“ဟာ…”
ဂုဏ် တစ်ယောက် ထပြေးသွားတော့ ခွေခွေလေး လဲနေတဲ့ ပိုး
“ဟာ ကလေး ကလေး သတိထားဦးလေ”
“ဘာဖြစ်တာလဲ “
“တပ်ဆေးရုံကို ဖုန်းဆက်လိုက် လူလွှတ်ပေးလို့ မြန်မြန်”
“အေးအေး”
တို၊က်ပွဲတွေ ဘ၊ယ်လော၊က်ပြင်းထန်နေပါစေ အေးဆေးလေး ဖြေရှင်းနိုင်တဲ့ နို၊င်ငံထိပ်တ၊န်းအထူးတ၊ပ်သားက
ဇနီးဖြစ်သူ မေ့လဲတာနဲ့တင် ကမ္ဘာပျ၊က်သလို ယောက်ယက်ခက် သွေးပျ၊က်နေတာက ဘေးက လူတွေမြ၊င်ခဲလှတဲ့ ဖြ၊စ်ရပ်
ပိုးကို အခန်းထဲပွေ့ပြီးတာနဲ့ ဆရာဝန်တွေရောက်လာကာ စမ်းသပ်တော့
“ကိုယ်ဝန်ရှိနေပြီ ဗိုလ်ကြီး”
“ဟာ congratulations ဂုဏ်”
“ဗိုလ်ကြီး ဝမ်းသာပါတယ်”
“ဗိုလ်ကြီး ဂုဏ်ယူတယ်ဗျာ”
တစ်ယောက်တစ်ပေါက်ပြောနေလည်း ဂုဏ်မပျော်နိုင်ပါ အိပ်ယာပေါ် လှဲနေတဲ့ ပိုးကိုဘဲ ကြည့်နေပြီး
“ကိုယ်ဝန်က အသာထား ငါ့ကလေးက ဘယ်ချိန်မှ နိုးမှာလဲ”
“ကိုယ်ဝန်ကြောင့် မေ့လဲ သွားတာ ခနနေဆို သတိရမှာပါ”
“အင်း”
“မင်းက မပျော်ဘူးလား ဂုဏ်ရာ”
“ဟာ ပျော်နေရအောင် ငါ့ ကလေးက သတိလစ်နေတာကွာ”
ဘယ်ကလူတွေ ဘာတွေပြောပြော ဂုဏ် မျက်လုံးထဲ မြင်တာ ပိုးတစ်ယောက်ထဲပင်း
ပိုး သတိရလာတော့လည်း ကိုယ်ဝန်အကြောင်းကို ကိုသက်တို့ပြောမှ သိရကာ ဦးကတော့ ပိုးကလွဲရင် ဂရုမစိုက်တဲ့ပုံ
“ဦး ကလေးရတာ မပျော်လို့လား”
“ပျော်ပါတယ် ပျော်ရုံနဲ့မပြီးဘူးနော် ကလေး ကလေးပင်ပန်းမှာ ကိုယ်သိတယ်”
“ဘာဖြစ်လဲ ဦးရဲ့ရင်သွေးလေးကို လွယ်ပေးထားရတာလေ ပင်ပန်းတယ် မထင်ပါဘူး”
“ဖြစ်နိုင်ရင် အဲ့ဒီ ဗိုက်ကို ကိုယ်သာ ယူလိုက်ချင်တယ် ကလေး ပင်ပန်းပြီဆို ကိုယ် မနေတက်ဘူး”
“ဦးကလည်း”
ဦးရဲ့အချစ်တွေက တစ်ဖြေးဖြေးနဲ့ အစွ၊န်းရော၊က်တယ်ပြောပြော ပိုး အရ၊မ်းပျော်တ၊ယ် ဦးဆီက အချစ်တွေက ပိုးအပေါ်မှာ နွေးနွေးထွေးထွေးလေးကို သက်ရောက်နေလို့
ပိုးသိတာပေါ့ ဦး ကလေးမချစ်တက်သလို့သာဖြစ်နေတာ ပိုးမွေးလာတဲ့ ရင်သွေးလေးကို ပိုးကိုချစ်တာလောက်မချစ်ရင်တောင် ပိုးနဲ့ဦးရဲ့ကိုယ်ပွါးလေးတွေမို့ ဦး အရမ်းချစ်မယ်ဆိုတာတော့ အသေအချာပင်
အခန်းမှတ်ချက်များ (0)