Bububai ဝတ္ထု ဗိုလ်ကြီးပိုင်တဲ့အားဆေးလုံးလေး အခန်းစာရင်း

အပိုင်း(၂၄)

ဗိုလ်ကြီးပိုင်တဲ့ အားဆေးလုံးလေး

“ခလွ၊မ်း”

“ဒု၊န်း”

အိမ်ပြန်ရောက်တာနဲ့ ရှိသမျှ ပစ္စည်းတွေ ရို၊က်ခွဲပြီး သောင်းကြမ်းနေတဲ့ ပိုးသားငယ်

အစ်ကိုတွေ ထိန်းနေပေမယ့် တစ်စက်လေးမှ ထိ၊န်းမရ

တစ်အိမ်လုံးလည်း ရစရာမရှိအော၊င် ရှု၊ပ်ပွ နေပြီ

“ပိုး စိတ်အေးအေးထားပါ”

“အားးးမပြောနဲ့ မကြားချ၊င်ဘူး ဘယ်သူ့အသံမှ”

“ခလွမ်း”

“ဟာ တော်ပြီ အေး အေး ဟု၊တ်ပီ ဟု၊တ်ပီ မပြောတော့ဘူး”

ထပ်ပြောလို့လည်း မရ အဆိုးလေးက လူတစ်ယောက် စကား တစ်ခါပြောတိုင်း ပန်ကန်တွေကို ဆ၊က်တိုက်ခွဲပ၊စ်နေတာ

“ပြန်ကြတော့”

“မပြန်ဘူး နင်တစ်ယောက်ထဲ ဘယ်လိုလုပ် အဆင်ပြေမှာလဲ”

အန်တီမြကလည်း မရှိတာကြောင့် တစ်ယောက်ထဲတော့ မထားခဲ့နိုင်

“ပိုးတစ်ယောက်ထဲ နေချင်လို့ ထွက်သွားကြ”

“မဟုတ်…”

“သွားကြ အခုသွားကြ”

“သွားရအောင်ကွာ မင်းညီမ တစ်ယောက်ထဲ နေချင်လို့ထင်တယ်”

သက်ဦးပိုင် သူငယ်ချင်းတွေ ဆွဲခေါ်လို့ ပါလာခဲ့ပေမယ့် ညီမဖြစ်သူကို စိတ်မချတာကြောင့် အိမ် အပြင်မှာဘဲ ဂုဏ်ကို ရပ်စောင့်နေသည်။

ပိုး အခန်းကို အမှောင်ချပြီး အလဲလဲ အပြိုပြိုငိုကြွေးနေခဲ့ကာ စိတ်တွေလည်း တော်တော်လေး ထိ၊န်းချုပ်မဲ့နေခဲ့တာ

တစ်ဖက်မှာလည်း…….

“ယွန်းရတနာ ငါမင်းကို ခုလို ခေါ်လာတယ်ဆိုတာ ငါ့မိန်းမ မင်းအပေါ် လုပ်လိုက်တာကြောင့် မင်းရှက်မယ်ထင်လို့ ငါ ကူညီပေးတာ ဒါလည်း ငါမိန်းမအစား တောင်းပန်တာ”

“ယွန်း သူ့ကို ဘာမှမလုပ်ပါဘူး”

“မင်း အဲ့စကားမပြောနဲ့ ပိုးသားငယ်ဆိုတဲ့ ကလေးအကြောင်း ငါကောင်းကောင်းသိတယ် လူတစ်ဖက်သားကို လက်လွှတ်စပယ် ထိတက်တဲ့သူမဟုတ်ဘူး”

“အဲ့တာဆို ဂုဏ်က ယွန်းမှားတယ်ပြောချင်တာလား”

အဲ့ဒီနေရာမှာ ငါမရှိနေခဲ့လို့ ဘယ်သူ မှားတယ် မှန်တယ် တိတိကျကျ မသိပေမယ့် ကလေးက ဒီလောက် ဖြစ်နေတယ်ဆိုကတည်းက မင်းသွားဆွတယ်ဆိုတာ ငါသိတယ်”

“ဂုဏ်လည်း ယွန်းကို အပြစ်မြင်နေတာဘဲ ဟင့်”

မျက်ရည်ခံထိုးပြနေပေမယ့် ဂုဏ် ရင်ထဲ ဘယ်လိုမှ မနေ ခုချိန် မြင်ယောင်နေတာ ပိုး မျက်နှာလေးပင်

ဂုဏ်အတွေးထဲမှာလည်း ဒေါ်ကောက်စိန်လေးကို ဘယ်လောက်ထိ ချော့ရမလဲပင်

“မင်း အခု အဆင်ပြေပြီဆို ငါသွားတော့မယ်”

“နေပါဦး”

ဂုဏ်ခါးကို ပြေးဖက်လိုက်တဲ့ ယွန်း

“ယွန်းရတနာ ငါက အိမ်ထောင်သည် မင်းသတိကပ်ဦး”

ခါးမှာ ဖက်ထားတဲ့ ယွန်းလက်တွေက တင်းနေတာကြောင့် ဂုဏ် မနည်းခွါလိုက်ရကာ

“ဂုဏ် ယွန်းတို့…’”

“မင်း ဘာဆက်ပြောမှာလဲ ဆိုတာငါသိတယ် ငါတို့ မဖြစ်နိုင်တော့ဘူး ယွန်းရတနာ ဒါကို မင်းလည်းသိတယ်”

“ဒါပေမယ့် ဂုဏ် သူ့ကို မချစ်ဘူးမလား”

“အဲ့တာငါကိစ္စပါ မင်းကိစ္စမဟုတ်ဘူး”

“မချစ်တဲ့သူနဲ့ ဘာလို့ နေချင်နေတာလဲ ယွန်းတို့ ပြန်ပြီး”

“မင်းငါ့ကို ထားသွားခဲ့တာနော် တစက်လေးမှ လှည့်မကြည့်ခဲ့ဘူး”

“ပိုးသားငယ်က ငါ့ကိုထားသွားတဲ့လူ မဟုတ်ဘူး ကောက်ယူခဲ့တဲ့သူ ဒဏ်ရာတွေ အနာတရတွေ ပလပွနဲ့ငါ့ကို မျက်လုံးမှိတ်ပြီး သူ့ငယ်ရွယ်မှုတွေ အကုန် ငါ့ကိုပေးခဲ့တာ”

“မင်းလို ငယ်ရွယ်မှုကို ငါနဲ့မလဲဘဲ သူရဲ့ငယ်ရွယ်မှုတွေကို ငါ့ဆီပုံအပ်ခဲ့တာ ငါ့မိန်းမကို ငါတန်ဖိုးထားတယ် သူ့ကငါ့အတွက်အရေးကြီးတယ် နောက်ခါ ဒီလိုတွေ ထပ်ဖြစ်ရင် ငါအဆိုးမဆိုပါနဲ့ ဒါမင်းကို သတိပေးတာ”

ဂုဏ် ထွက်လာတော့ ယွန်းရတနာ ငိုသံကို ကြားပေမယ့် အရေးမစိုက် အခုချိန် သူထားခဲ့မိတဲ့ အဆိုးလေးဆီ သွားရဦးမည်။

“ဂုဏ်”

အိမ်ရှေ့မှာ ရပ်နေတဲ့ သူတွေကြောင့် အံ့ဩသွားကာဂုဏ် ပြန်လာတာကြောင့် သက်ဦးပိုင်တို့ အုပ်စု အိမ်အတွင်းထဲမှာ ဖြစ်နေတာတွေ ပြောပြလိုက်ပြီး

“ရတယ် ငါ ထိန်းလိုက်မယ်”

“ဖြစ်ပါ့မလား”

“ရတယ် မင်းတို့လည်း နားကြတော့”

“အေးပါ ပိုးက ဆိုးပေမယ့် ဒီလို ဖြစ်တာ ငါတစ်ခါမှ မမြင်ဖူးဘူး သူ့ကို ချော့ပြောလိုက်ပါကွာ”

“အေးပါ ငါသိပါတယ်”

သက်ပိုင်ဦးတို့ ပြန်သွားတာနဲ့ ဂုဏ်အိမ်ထဲ ဝင်တော့

ပြောတာထက်တောင် ဆိုးနေသေးတယ် တစ်အိမ်လုံး ဇော၊က်ထိုး ဖြစ်ထားသလားလို့တောင် ထင်ရတယ်

“ပိုး”

“ပိုး တံခါးဖွင့်စမ်း ပိုး ကိုယ်ပြောနေတယ်လေ”

အခန်းထဲက အသံတစ်သံမှ တုန့်ပြန်မလာတာကြောင့် ဂုဏ် စိတ်ပူသွားကာ အခန်းသော့ လိုက်ရှာကာ

အခန်းတံခါး ဖွင့်လိုက်တော့ ကုတင်ဘေးမှာ ခွေခွေလေး ငိုနေတဲ့ ကောင်မလေးကို မြင်မှ စိတ်အေးသွားပြီး

“ဟင်းးး”

“ပိုး”

“မခေါ်နဲ့ အဲ့ဒီနာမည် ရှင်ပါးစပ်က လာမခေါ်နဲ့ ရွံတယ် ရှင်ကိုလည်း ရွံတယ်”

“ကိုယ်ပြောမယ်”

“မပြောနဲ့ ရှင်ကောင်မဆီ ရှင်သွား ကျွန်မဆီမလာနဲ့ ရှင်မျက်နှာ မမြင်ချင်ဘူး”

“မမြင်ချင်လို့မရဘူး စိတ်အေးအေးထားဦး”

“အဟက် ရည်းစားဟောင်းနဲ့ ချစ်ကြည်နူးပြီး တူတူထွက်သွားတာကို ကျွန်မက စိတ်အေးအေးထားပေးရမှာလား ရှင်သာဆိုရင်ရော ကျွန်မ ကောင်တစ်ကောင်နဲ့ အဲ့လိုထွက်သွားရင် ရှင်လက်ခံမလား”

“ပိုး!!!!”

မှန်တယ် သူလုံးဝလက်မခံနိုင်ဘူး ပိုးသားငယ်ဆိုတာ သူ့အပိုင် ဘယ်သူမှ ထိခွင့် ကြည့်ခွင့်မရှိတဲ့ သူ့အပိုင်လေ မခံနိုင်တာကြောင့် လေသံမာသွားတော့

“ရှင် ကျွန်မကို လာမအော်နဲ့ ရှင်ကောင်မကို ရှင်ဒီအသံနဲ့အော်လေ”

« ရှေ့အခန်း - အပိုင်း(၂၃) နောက်အခန်း - အပိုင်း(၂၅) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ