Bububai ဝတ္ထု ဗိုလ်ကြီးပိုင်တဲ့အားဆေးလုံးလေး အခန်းစာရင်း

အပိုင်း(၁၉)

ဗိုလ်ကြီးပိုင်တဲ့ အားဆေးလုံးလေး

“ဦး ဆန်ပြုတ်စားရအောင်”

“အင်း”

“ပိုးလည်း ဦးနဲ့တူတူ စားမယ် အဲ့တာကြောင့် များများ လုပ်ခဲ့တာ”

ချိုင့်လေးဖွင့်ကာ ပြုံးရွှင်ပြီး ပြောနေတဲ့ မျက်နှာလေးကို ဂုဏ် ကြည့်လို့မဝ

“ကိုယ်စားဖို့လား ပိုးစားဖို့လား”

“ဟီး ပိုးစားဖို့”

ပိုး ချပေးတဲ့ ဆန်ပြုတ် ချိုင့်လေးကို သောက်မယ် ပြင်နေတဲ့ ဂုဏ်

“ဂုဏ် မသောက်နဲ့”

ဂုဏ်လက်ကို ရို၊က်ချလိုက်တာကြောင့် ဆန်ပြုတ် ပန်းကန်တွေ အကုန် မှောက်ကျပြီး တစ်ခန်းလုံး ဗြော၊င်းဆန်သံတွေ

ပိုး လုပ်ထားတဲ့ ပစ္စည်း ဖျ၊က်စီးတာ အမု၊န်းဆုံး အရာမို့

“အမ ဘယ်လိုလုပ်လိုက်တာလဲ”

“မင်းကို မေးရမှာ”

“ဘာကိုလဲ”

“မင်း ဆန်ပြုတ်ထဲ ပုဇွန်တွေ ထည့်ပြုတ်ထားတယ်မလား”

“အဲ့တာ အမနဲ့ ဘာဆိုင်လို့လဲ”

“ငါ့နဲ့မဆိုင်ပေမယ့် ဂုဏ်နဲ့ဆိုင်တယ်လေ သူ ပုဇွန်နဲ့ ဓာတ်မတည့်ဘူးလေ”

“ဟင်!!!”

အိမ်မှာ ပုဇွန်ချက်တိုင်း ဦး မစားတာကို သတိထားမိပေမယ့် ဓာတ်မတည့်တာကိုတော့ မသိခဲ့

ဦးကလည်း ပြောမပြသလို ပိုးကလည်း မမေးမိခဲ့ ဒါဆို ဒီအစ်မ ဘယ်လိုသိနေတာလဲ

“ပိုး ကိုယ် ပုဇွန်နဲ့ မတည့်တာ မသိဘူးလား”

“ပိုး တောင်းပန်ပါတယ်ဦး ပိုး သတိမထားမိခဲ့တာ”

“မင်း သတိမထားမိတာ လူတစ်ယောက် ထိခိုက်နိုင်တယ်နော်”

ဦးကတောင် ဘာမှမပြောတာကို ဘေးကနေ ဒေါသတကြီး လာပြောနေတဲ့ မိန်းမကြောင့်

“အမ နဲ့ ဘာဆိုင်လို့ ဝင်ပြောနေတာလဲ ဘာတွေ နာနေတာလဲ”

“မနာပါဘူး မင်း သတိထားရအောင် သတိပေးရုံပါ”

“မလိုပါဘူး အစ်မ နောက်ခါ ဝင်မပါနဲ့ ကိုယ့် အကန့်နဲ့ကိုယ်နေပါ လူဆိုတာ စည်းရှိရတယ် သိက္ခာရှိရတယ်”

“နင် ဘာပြောတယ်”

အခန်းထဲမှာ ဆူညံ့နေကြတာမို့

“တော်ကြတော့ ပိုး ပြန်တော့”

ပိုးကို ဦး ပြန်ခိုင်းတာကို ဟိုအစ်မက ကျေနပ်နေတဲ့ မျက်နှာ လုပ်ပြနေတာမို့

“ဦးက ဘာလို့ ပိုးကို နှင်ထုတ်နေတာလဲ”

“နှင်ထုတ်နေတာမဟုတ်ဘူး မင်း နေလည်စာ မစားရသေးဘူး မလား သွားစားတော့”

အနီးနားမှာ တစ်ချိန်လုံး ရှိနေပြီး ပုဇွန်နဲ့မတည့်တာကို ပိုး မသိတာကို ဂုဏ် ဒေါသထွက်နေတာပင်

အထူးသဖြင့် ရည်စားဟောင်းရှေ့မှာ ပိုး ဂရုစိုက်တာ ခံချင်ပေမယ့် ဓာတ်မတည့်တာတောင် မသိတာမို့ ရင်ဝကို ဆော၊င်က၊န်သလိုပင်

“ပိုး သွားစားရင် ဦးကရော ဘာစားမှာလဲ ပိုး တစ်ခုခု သွားဝယ်လာခဲ့မယ်”

“နေပါ တို့မှာ ဂုဏ်အတွက် ဆန်ပြုတ်ပါလာတယ်”

“ဒါဘဲ စားလိုက်မယ် ပိုးပြန်တော့”

ဦးက ဘာအချိုးချိုးတာလဲ အဲ့ဒီ အစ်မက ငါ့ထဲက ဦးကို စနို၊က်ချင်နေတာလား

ထိုနေရာမှာ ဆက်နေချင်သေးပေမယ့် နှင်ထုတ်လိုက်တဲ့ ဦးကို အချ၊ဉ်ပေါက်လွန်းကို ထွက်လာခဲ့သည်။

“ကိုသက်”

ပိုး ပေါင်မုန့် ထွက်ဝယ်လာပြီး အပြန်မှာ လေ့ကျင့်ရေးကွင်းထဲ ကိုသက်ကို တွေ့တာမို့ သွားခေါ်လိုက်ကာ

“ဘယ်ကပြန်လာတာလဲ”

“မုန့်ဝယ်လာတာ ပိုး မေးမလို့ ဦး အနားက တစ်ယောက်က ဘယ်သူလဲ”

“ဟမ် နင်မသိဘူးလား”

ညီမဖြစ်သူ ယွန်းရတာနာကို သိတယ် ထင်ထားလို့ ရောက်ထဲက ဘာမှမပြောခဲ့တာ

“မသိဘူး ဘယ်သူလဲ”

“အဲ့တာ ယွန်းရတနာလေ အထူးတ၊ပ်ဝင်ခွင့်ITထိ၊န်းချုပ်ရေးနဲ့ တာဝန်ကျတာ နောက်ပိုင်း နင်မမြင်ချင်လဲ ငါတို့ နဲ့ တူတူရှိတော့မှာ”

“ခနနေဦး ဦးရဲ့ex ယွန်းရတနာက သူလား”

“ဟုပ”

“တောက်!!!!”

လက်ထဲက မုန့်ထုပ်လေးကို လွင့်ပစ်ပြီး ဒေါသတကြီး ပြေးသွားတဲ့ ညီမဖြစ်သူနောက်ကို သက် ပြေးလိုက်ရသည်။

ဦး နေရော ညပါ ယောင်နေလိုက် တမ်းတလိုက် ဖြစ်နေတာ အဲ့ဒီမိန်းမလား ဟွန်းး တွေ့ကြသေးတာပေါ့

“ဦးဂုဏ်မာန်ထွဠ်ခေါင်”

စာဖတ်နေတုန်း အပြင်ကနေ ခေါ်လိုက်တဲ့ အသံကြောင့် ကြည့်လိုက်တော့ ပိုး ဖြစ်နေကာ

“ပြော”

“ဘာပြောလဲ ပြောရမှာ ခင်ဗျားကြီးလေ ex တိုက်တဲ့ ဆန်ပြုတ်ကို သောက်ချင်တာနဲ့ ဉာဏ်များတာ ခင်ဗျားကြီးလေ”

သူကလည်း ပုဇွန်ထည့်ပြုတ်လာသေးတယ် အခုလူကို စွပ်စွပ်စွဲစွဲပြောနေတဲ့ သူမလေးကြောင့်

“ဟာဟိတ် မင်း ပုဇွန် ထည့်ပြုတ်လာတာကို ထည့်ပြောလေ”

“မသိလို့ပေါ့”

“အေးလေ ကိုယ့်ယောကျာ်း ဘာနဲ့ မတည့်တာကစ မင်းမသိထဲက မင်း ငါနဲ့ပတ်သတ်ပြီး စိတ်ဝင်စားမှု မရှိလို့လေ”

“မရှိတာလား ခင်ဗျားကြီး မပြောလို့ မသိတာလား”

“ဟာ ပြောမှ သိမှာလား”

“ပြောမှ သိမှာပေါ့ မပြောဘဲသိမြင်နေရအောင် တရားပေါက်နေတာမဟုတ်ဘူး ပြောလေ ငါပုဇွန်နဲ့မတည့်ဘူးလို့”

စကားကို ကပ်ပြောနေတဲ့ ကောင်မလေးကို ကိုင်ပေါက်ချင်စိတ် တစ်ဖွားဖွား အကြီးကိုများ ပြန်ပြောနေတာ ရွယ်တူလိုဘဲ

“မပြောဘူး”

“မပြောနဲ့ မပြောနဲ့ တစ်သတ်လုံး မပြောနဲ့ လူအိုကြီး”

“ဟာ ဟိတ်”

သူကလည်း မှားသေးတယ် သူကလည်း စိတ်ကောက်ပြီး ထွက်သွားတဲ့ ကောင်မလေးရယ်ပါ

“ဂုဏ် မင်း ယွန်းရတနာနဲ့ ဆင်ဆင်ခြင်ခြင်နေနော်

မင်းနဲ့သူ ရည်းစားတွေဖြစ်ခဲ့တာ ပိုးသိသွားပြီ”

“မင်းပြောလိုက်တာမလား”

ဖောက်သည်ချထားတယ်ဆိုကတည်းက သက် ကလွဲရင် ဘယ်သူမှ မရှိ

“သူမေးလို့ ငါပြောတာ”

« ရှေ့အခန်း - အပိုင်း(၁၈) နောက်အခန်း - အပိုင်း(၂၀) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ