ဗိုလ်ကြီးပိုင်တဲ့ အားဆေးလုံးလေး
ဒီနေ့ ဦး ခွင့်ရက်ပြည့်ပြီ ပိုးတို့ တပ်ကို ပြန်ရတော့မှာမို့
ဦးနဲ့ပိုး အဝတ်အစားတွေ သိမ်းနေရတော့သည်။
“ပိုးသားငယ်”
ဦးက ပိုးကို မင်းလို့ ခေါ်ချင်ခေါ်တယ် မခေါ်ရင် နာမည်အရှည်ကြီးဘဲ ခေါ်တာ
“ဟုတ်”
“မေမေတို့က ဒီလာမလို့တဲ့ ကိုယ် ကားသွားကြိုခိုင်းလိုက်ဦးမယ်”
“ခန ပစ္စည်းတွေ ကူသိမ်းပေးထားဦး ပြီးရင် ပြန်လာခဲ့မယ်”
“ဟုတ်”
ဦး ထွက်သွားပြီဆိုတာနဲ့ ပိုး ဦးဗီရိုထဲက အကျီတွေခေါက်ပြီး ဦး Laggard ထဲကို ထည့်ပေးနေရင်း
ဗီီဒို ဒေါင့်မှာ အသဲပုံ ဗူးလေးကို တွေ့လိုက်တာမို့ ပိုး လှန်းယူလိုက်ကာ
“ဦးလို လူက ဗူး ပန်းရောင်ကြီးဘာလို့ သိမ်းထားတာပါလိမ့်”
ပိုး ဗူးကို ယူပြီး ဖွင့်ကြည့်လိုက်တော့ သော့ချိတ် အရုပ် လက်စွပ် စာအုပ် ဓာတ်ပုံတွေ အများကြီးဘဲမို့
ပိုး ဓာတ်ပုံတွေကို ကြည်လိုက်တော့
“ဟင်!!!”
ဦးနဲ့ ဟိုအစ်မရဲ့ ပုံတွေ ဦးက ပုံတွေ တိုင်းမှာ အချစ်
ရိပ်ရွှမ်းနေတဲ့ မျက်ဝန်းတွေနဲ့ ယွန်းရတနာကို ကြည့်နေလိုက်တာ ပြုံးလိုက်တာများ ပိုးမမြင်ဖူးခဲ့တဲ့ အပြုံးမျိုးတွေနဲ့
“ဦး က အရမ်းချစ်တက်တာဘဲ ဟို အစ်မက ဘာလို့ ရက်စက်တာပါလိမ့်”
စာအုပ်လေးကို ဖွင့်ပြီး ဖတ်ကြည့်တော့ ပိုးရင်ထဲ စို့နစ်လာခဲ့ရတဲ့ထိ ဦးက ဘယ်လောက်ချစ်ကြောင်းတွေ စာကြောင်းအရှည်ကြီးတွေနဲ့ကို ဖွင့်ဟထားတာ
“ဦး တော်တော် ခံစားခဲ့ရမှာဘဲ စိတ်မပူပါနဲ့ ဦးရယ် ပိုးရှိတယ် ပိုးက ပြန်ကုစားမယ်”
ဦးတို့ ပုံထည့်ထားတဲ့ သော့ချိတ်ကလေးတွေ ပစ္စည်းတွေ ကိုင်ကြည့်နေတုန်း
“ပိုးသားငယ်!! မင်း ငါ့ပစ္စည်းတွေကို ဘာလုပ်နေတာလဲ”
“ဟို ဟို”
ဦး ပိုးလက်ထဲကနေ ပစ္စည်းတွေ ပြန်လုနေသလို ကြောက်စရာကောင်းလွန်းတဲ့ ဒေါသမျက်လုံးတွေနဲ့
ပိုးထဲကနေ သူ့ ပစ္စည်းတွေကို ယူပြီး သိမ်းပြီးတာနဲ့
“ဘာ ဟိုလဲ”
“ပိုး ဒီတိုင်းတွေ့လို့”
“ကျစ် တွေ့တိုင်း ကိုင်ရအောင် မင်း ပစ္စည်းလား”
“မဟုတ်ပါဘူး”
“မဟုတ်ရင် မကိုင်နဲ့ မင်း ငါ့ပစ္စည်းတွေကို ထိစရာမလိုဘူး”
“ပိုးလည်း ထိချင်လို့ ထိနေတာ မဟုတ်ပါဘူး ကြည့်ရုံလေးဘဲ”
“ကြည့်စရာလည်း မလိုဘူး ထိဖို့ဆိုတာ ဝေးသေးတယ်
နောက်ခါမှတ်ထား ငါမှာရှိတဲ့ မင်းနဲ့ မဆိုင်တဲ့ ဘယ်
ပစ္စည်းမဆို မထိနဲ့”
“ဘာလဲ ဦးက ဦးရည်းစားဟောင်း ပစ္စည်းထိလို့ နာနေတာလား”
“နာတယ်ကွာ ဘာဖြစ်လဲ”
“ပိုး က ဦးကို တစိမ်းမိန်းမတစ်ယောက်နဲ့ တွေ့တာလေ
အခု ဒေါသထွက်ရမှာက ပိုးပါ”
“နောက်ခါ လက်လွှတ်မပယ် ငါပစ္စည်းတွေ ထိလို့ကတော့ မင်းနဲ့ငါနဲ့ တွေ့မယ်”
“ဦး ပိုးတို့က လင်မယားတွေနော်”
“လင်မယားတိုင်း ထိခွင့်မရှိဘူး”
“ဦးက အဲ့အစ်မကို ခုထိ မမေ့နေသေးတာဘဲ”
“အဲ့တာမင်းနဲ့ဆိုင်လား”
“အဲ့တာများ သူများ သားသမီးကို ဘာလို့ လက်ထပ်ခဲ့သေးလဲ”
ခြေစောင့်ကာ ငိုယိုနေတဲ့ ပိုးကို ကြည့်ပြီး ပို စိတ်တိုသွားတဲ့ ဂုဏ်
“ငါလက်ထပ်ချင်တာလား မင်း ငါ့ကားပေါ် လိုက်လာလို့ ဖြစ်တာလား မင်းဘာသာစဉ်းစားလေ”
“လူယုတ်မာ အကျင့်မကောင်းတဲ့လူ စားပြီးနားမလည် လုပ်ချင်နေတာ စစ်သားတဲ့ ဘာစစ်သားလဲ မပြတ်သားတဲ့လူ အကျင့်မကောင်းတဲ့လူ”
ဂုဏ်ကို ငိုယိုပြီး ရင်ဘတ်တွေ ထုရိုက် ကျိမ်-ဆဲနေတာမို့
“ဟိတ် မင်း အရင် သူများပစ္စည်းထိတာနော် ငါ့ကို လာမဆဲနဲ့”
အပေါ်က ဆူညံ့သံတွေ ငိုသံတွေ ကြားတာမို့ မိခင်နှစ်ယောက် အပေါ်တပ်ကြည့်တော့ ပိုးက ဂုဏ်ရင် ဘတ်တွေကို ထုရိုက်ပြီး ငိုနေတာမြင်တော့
“ဟယ် သမီး ဘာဖြစ်တာလဲ”
“သားရယ် သမီးက ဘာဖြစ်တာလဲ”
“အမေ့ ချွေးမ အမေ့ဘာသာမေး”
ဗူးကို ကိုင်ကာ လှည့်ထွက်သွားတဲ့ ဂုဏ်ကို ကြည့်ပြီး
“လူယုတ်မာ ရှင်ကြီးကို မချစ်တော့ဘူး မကောင်းတဲ့လူ!!!!”
“သမီး ကိုယ့်ထက်အကြီးကို အဲ့လို မပြောရဘူးလေ ဘာဖြစ်ကြတာလဲ”
ပိုး မေမေတို့ကိုလည်း ပြောမပြချင်ပါ မေမေတို့ သိသွားရင် ပြသာနာကြီးမှာစိုးတာကြောင့်
“မုန့်ဆိုင်သွားချင်တယ်လို့ပြောတာကို ဒီနေ့ တပ်ကိုပြန်မှာမို့ လိုက်မပို့တော့ဘူးပြောတာ”
“ပိုးသားငယ် မေမေ ဘာပြောထားလဲ အိမ်ထောင်ကျနေပြီလေ မဆိုးစမ်းနဲ့”
“ဟင့်”
“သမီးကို မဆူပါနဲ့ ဒီကောင်လေးကလေ ကိုယ့်မိန်းမကို
လိုလိုက်မယ်မရှိဘူး”
ပိုးတို့ ရန်ဖြစ်ထားတာကြောင့် မေမေတို့နှစ်ယောက်လုံး ပိုးတို့ကို တပ်ထိလိုက်ပို့ကြသည်။
ကားထဲမှာ ပိုးလည်း ဦးကို စကားမပြောသလို ဦးလည်း ပိုးကို စကားမပြော
သူကလည်း အော်သေးတယ် သူကလည်း စကားမပြောဘူး နေပေါ့ လုဂွစာကြီး မပြောနဲ့
ပိုး ဦးဘက်ကို လှည့်ကြည့်တော့လည်း မျက်နှာကို တင်းထားတာမို့ မျက်စောင်းထိုးပြီး ကားမှန် အပြင်ဘက် ရှုခင်းကိုသာ ကြည့်နေတော့သည်။
ဂုဏ်လည်း အနားမှာ လိုက်ကပ်ပြီး စကားပြောနေကြ ကောင်မလေးက တိတိဆိတ်နေတာမို့ သူလည်း လုံးဝမနေတက်
~~~~~~~~~~~~~~~~~~
အခန်းမှတ်ချက်များ (0)