Bububai ဝတ္ထု မျှော်လင့်သော ရောင်နီရယ် အဘယ်သို့ အခန်းစာရင်း

အပိုင်း ၄၃(ဇာတ်သိမ်းပိုင်း)

"အမေ့သမီး... မသေရပါဘူး... အမေ့ကို ထကြည့်ပါအုန်း သမီးရယ်...အမေ ညည်းကို ခေါ်နေတယ်လေ... အမေ့ကို ပြန်ထူးပါဦးကွယ်...''

ဒေါ်ယဥ်မေ အသက်မယ့်နေသည့် ခင်ဦးမျက်နှာလေးကို အသာကိုင်ပြီး ရင်ကွဲမတက် ငိုကြွေးလေ၏။အထွေးနဲ့ကျော်ကျော်ဦးကလည်း ခင်ဦးလက်လေးတွေကို ကိုင်ပြီး ငိုကြွေးကြလေတော့သည်။

"ငါ နင့်ကို အရင်လိုမဆူတော့ဘူး ညီမလေးရယ်...ပြန်နိုးလာပါတော့ဟာ...''

"မမ အထွေးတို့ကို နောက်နေတာမလားဟင်...အဲလိုကြီး မနောက်ပါနဲ့လို့ မမရယ်...ကလေးလေး ငိုနေတယ် ထပါဦးလို့...''

ကောင်းရဲ့ဒေါသတွေ လျော့ထားလိုက်ရ၏။မျက်ရည်စများနှင့် သမီးရယ်လို့ အော်ဟစ်ငိုလာသည့် ဒေါ်ယဥ်မေကို ကြည့်ပြီး ကောင်း

မယ့်ပြုံးပြုံးလိုက်၏။သေခါမှ ညီမလေးရယ် မမလုပ်နေသည့် ကျော်ကျော်ဦးနဲ့အထွေးကို တစ်စစီ လုပ်ချင်စိတ်က တဖွားဖွားပင်။

ခင်ဦးကို သုံးရက်ပြည့်လို့ မြေချမည့်အခါ လိပ်ပြာသည့်အချိန် ခင်ဦးနောက်ဆုံးကိုလိုက်ပို့ကြသည့် လူတိုင်း မျက်ရည်တွေ မဆည်နိုင်ပါ။

ဒေါ်စန်းတစ်ယောက် ခင်ဦး၏အဝတ်အစားရယ် ကလေးလေးရဲ့ အနှီးလေးရယ်ကို ထည့်ထားသည့် ချိန်ခွင်ကို ကိုင်ထားပြီး ပြတ်သားသည့် အသံနဲ့ မေးလိုက်တော့သည်။

"ဤကလေးငယ်သည် သင်နှင့်မသက်ဆိုင်တော့ဘူး..ဘဝခြင်းလည်းခြားနားသွားခဲ့ပြီ...ဒီနေ့မှစပြီး သင်ဘယ်သူ့ကို ပေးမလဲ...ဘယ်သူနဲ့ စိတ်ချသလဲဆိုတာ ကျုပ်ကို ချိန်ခွင်မှာပြပါ...ကလေးငယ်ကို အမေဖြစ်သူနဲ့စိတ်ချမယ်ဆိုရင် ကလေးဘက်ကိုသာပြပါ....''

ချိန်ခွင်လျာက မရွေ့လျားပေ။ဘယ်နှစ်ချိန်မေးမေး လှုပ်ရှားခြင်းမရှိ..။

"ဘဝခြင်းတွေခြားသွားပြီ...ကလေးငယ်ကို သူ့အဖေ မင်းမျိုးဇေယျာနဲ့ စိတ်ချမယ်ဆိုရင် ကလေးဘက်ကိုသာပြပါ...''

ဇေယျာနှင့်လည်း ကလေးကို စိတ်ချပုံမပေါ် ချိန်ခွင်ဟာ ငြိမ်သတ်နေသည်။ကျော်ကျော်တို့ အထွေးတို့နှင့်လည်း ထိုနည်းတူပဲ။ အချိန်တွေကြာလာတော့ ကောင်းက ဒေါ်စန်းကို ပြောလိုက်တော့သည်။

"ဒေါ်လေးစန်း...ခင်ဦးဆီက ကလေးလေးကို ကျွန်တော် တောင်းကြည့်ပါ့မယ်...ခင်ဦး နင့်ကလေးလေးကို ငါရယ် အကြည်နဲ့လုံးလုံးရယ် သုံးယောက်ကို စိတ်ချမယ်မလား...အဲ့ဒါဆိုရင် ကလေးလေးဘက်ကို သာပြပြီး...နင် ငြိမ်းချမ်းရာကို သွားပါဟာ...''

"ဟင်...''

ကောင်းပြောလို့ စကားဆုံးသည်နှင့် ကလေးဘက်ကို ချိန်ခွင်လျာက ကလေးဘက်ကိုသာသွားသည်မှာ ဘောင်တန်းသွား၏။သနပ်ခါးပန်းရနံံ့လေးကလည်း သင်္ချိုင်းတစ်ခုလုံး ပျံ့နှံ့သွားခဲ့သည်။

ဇေယျာကတော့ ခင်ဦး၏ ဆုံးဖြတ်ကို အပြစ်သားတစ်ယောက်လို ခံယူလိုက်ရ၏။

ကျော်ကျော်ဦးနဲ့အထွေးကတော့ နောင်တတရားတို့ကို ရင်ဝယ်ပိုက်လျက်..။ဒေါ်ယဥ်မေကတော့ သားသမီးဆုံးရှုံးသွားသည့် အပူမီးကို အသေအလဲခံစားနေရသည်။

ကောင်းကတော့ ကလေးကို ရက်လည်ပြီးထဲ ခေါ်သွားသည်။ရက်မလည်ခင်ရက်တွေမှာလည်း သူ သားကိုမြင်ခွင့်မရပေ။သားလေးက ကောင်းကောင်းလက်ထဲမှာမဟုတ်ရင် အကြည့်လက်ထဲမှာ အကြည့်လက်ထဲမှာ မဟုတ်ရင် လုံးလုံးလက်ထဲ၌သာရှိ၏။ခင်ဦး သေဆုံးရသည့်အရင်းမြစ်က သူဖြစ်နေတာကြောင့် ကလေးဘက်မျက်နှာမူရင်တောင် သူတို့ကလွှဲပါလိုက်သည်။ထို့ကြောင့်ဇေယျာ သားလေးကို ကြည့်ချင်သည်။ထွေးပွေ့ချင်သည်။သားလေးကို တွေ့ချင်လို့ ဒေါ်လေးအိမ်ဘက်ကူးလာသည့်အခါကောင်းကေားင်က တွေ့ခွင့်မပေးချေ။

ခင်ဦး သူ့အနားက ထာဝရသွားထွက်ထဲက သူဟာ အရက်နဲ့သာနှစ်ပါးသွားပြီး အရက်ကျေးကျွန်ဖြစ်ခဲ့သည်။အထွေးရဲ့စကား လောင်မြိုက်နေတဲ့ ခံစားမှုအစစ်က အခုမှ ခံစားနေသည်။သားကိုတွေ့ချင်လို့ သားဆီကို သွားတိုင်း သားရဲ့ ငိုသံကြားတိုင်း သူငိုကြွေးရသည်။

သုံးလဆိုသည့်အချိန်တစ်ခုကို ရောက်လာခဲ့သည်။သားရဲ့အသံသားကြားပြီး သားကြီးလာပုံကို မမြင်ရပေ။ခင်ဦး သားကိုမတွေ့မြင်သွားရသလို ကောင်းကလည်း သူ့ကို မမြင်စေချင်ပုံရသည်။သူအသက်ရှင်နေခြင်းက သားရှိနေလို့ပါ..သားသာ မရှိရင် သူ ခင်ဦးနောက် တစ်ပါတည်း လိုက်သွားခဲ့သည်။

ဗိုက်ရှိတယ်လို့ ပြောခဲ့သည့် အထွေးရဲ့ငါးလဗိုက်က ပူထွက်လာခြင်းမရှိပေ။ထို့ကြောင့် ဇေယျာ အထွေးကို သံသယဝင်လာသည်။ထို့ကြောင့်မူးမူးနဲ့ မေးလိုက်၏။

"မေမေ အထွေးရော..''

"သူ့အမေအိမ်ကို သွားတယ်...ယဥ်မေ နေမကောင်းလို့တဲ့ မနက်က မောင်ပိုက်ထွေးလာခေါ်သွားတယ်...''

ဇေယျာ ဒေါသတွေကြောင့် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ယိုင်တိုင်တိုင် ခြေလှမ်းများဖြင့် အထွေးဆီကို ထွက်လာခဲ့သည်။အိမ်ထဲ ဝင်ဝင်ခြင်း အထွေးရဲ့ ငိုကြွေးနေသည်ကို ကြားလိုက်၏။

"အထွေး နောင်တတွေရနေပါပြီ မမရယ်..အထွေးကြောင့် မမကို အများကြီးခံစားသွားရမယ်လို့ မထင်ခဲ့ဘူး...အထွေး တောင်းပန်ပါတယ် မမရယ်...''

အထွေး စာအုပ်လေးကို မျက်နှာကပ်ပြီး ငိုရှိုက်နေသည်။ဇေယျာ ထိုအခြင်းရာကို မြင်ရသည့်အခါ အထွေးလက်ထဲက စာအုပ်လေးကို ဆွဲယူလိုက်၏။စာအုပ်ထဲမှာ မြင်လိုက်ရသည်က လက်ရေးဝိုင်းဝိုင်းလေးတွေပင်..။

"ကိုကြီးဇေယျာ ခင်ဦးအပေါ် ဂရုစိုက်တဲ့အခါ သိပ့်ပျော်တာပဲ ကိုကြီးဇေယျာရယ်...ကောင်း ခင်ဦးကို ဖက်လာတဲ့အခါ ခင်ဦးပျော်တယ်..ကိုကြီးဇေယျာ ခင်ဦးကိုဖက်လာချိန်မှာတော့ မတူဘူးသိလား...ခင်ဦး ရင်တွေတုန်လိုက်တာ တဒိတ်ဒိတ်နဲ့...''

"ကြာလာတော့ ကိုကြီးဇေယျာနဲ့နေလာရတာ ခင်ဦးပျော်တယ် သိလား...ခင်ဦးလေ ကိုကြီးဇေယျာ ရင်ခွင်ထဲမှာ အိပ်ရတာကို သဘောကျလာတယ်..ကိုကြီးဇေယျာ ခင်ဦးကို နမ်းတာကိုလည်း ပျော်တယ် သိလား..''

"ခင်ဦးလေ..ခင်ဦး ကိုကြီးဇေယျာကို ချစ်တယ် သိလား...ကောင်းကို ချစ်တဲ့အချစ်မျိုးမဟုတ်တဲ့ အချစ်မျိုးနဲ့ချစ်တာသိလား...ကိုကြီးဇေယျာလည်း ခင်ဦးကိုအဲလိုမျိုးချစ်ရင် ခင်ဦး အရမ်းပျော်မှာ သိလား...''

"အထွေးနဲ့ကိုကြီးဇေယျာကို တွဲတွေ့ရင် ခင်ဦး ရင်ထဲမကောင်းဘူး... ရင်ဘတ်ထဲက အောင့်အောင့်သွားတယ် ...နောက်ဆုံးတော့ ခင်ဦး ကြောက်သလို ဖြစ်လာတာပဲ...ကိုကြီးဇေယျာနဲ့အထွေးအတူတူရှိနေတဲ့ မြင်ကွင်းကိုမြင်လိုက်ရတော့လေ ခင်ဦး ရင်တွေနာလိုက်တာ ကိုကြီးဇေယျာရယ်...''

"အထွေးကို လူသိရှင်ကြား ယူတော့မှာမို့ ခင်ဦးအိမ်ပြန်လာတဲ့အခါ ခင်ဦးမအိပ်တက်တော့ဘူး သိလား...ခင်ဦး နွေးထွေးစွာ အိပ်စက်တဲ့ ကိုကြီးဇေယျာရဲ့ ရင်ခွင်မှမရှိတော့လေ...

နောက်ရက်မှာ အမေ့ဆီက ကြားတဲ့စကားကြောင့် ခင်ဦးငိုမိတယ်...အထွေးမှာ ကလေးလေးရှိနေပြီတဲ့... ကြီးကြီးဝင့်ဝါက အရမ်းပျော်နေတယ်ဆိုပဲ...ကိုကြီဇေယျာလည်း ပျော်နေမှာပေါ့လေ....

ခင်ဦးကလေးလေးတုန်းကတော့ ဘယ်သူ့မှမလိုချင်ကြဘူးနော်....''

"ခင်ဦးလေ ကိုကြီးဇေယျာကို တွေ့ချင်လို့လာခဲ့သေးတယ်...ကိုကြီးဇေယျာကို ခင်ဦးတွေ့ခဲ့တယ် သိလား...ခင်ဦး တွေ့ရလို့ပျော်ပေမယ့် ဝမ်းနည်းရပြန်တယ်....အထွေးကို ဂရုစိုက်တာမြင်ရတာ ခင်ဦးဝမ်းနည်းမိတယ်...ခင်ဦး ကလေးလေးကို မွေးပဲမွေးတော့မယ် အထွေးလိုဂရုမစိုက်ခဲ့ဘူးလေ...အထွေးတစ်ဝက်လောက် ဂရုစိုက်တာကို ခင်ဦးက တစ်ခါမှ ကိုကြီးဇေယျာဆီကနေ မရခဲ့ဘူးတော့ အရမ်းပျော်ခဲ့တာ...အထွေးလို ခင်ဦးကို ချစ်လာမလားလို့ မျှော့လင့်ခဲ့တာပါ...''

"သို့သော် ခင်ဦးအတွက် ရောင်နီက လာတော့မလိုလိုနဲ့ ဘယ်ကိုရောက်သွားမှန်းမသိဖြစ်ခဲ့ တာ...''

ဇေယျာ စာလေးကို ဖတ်ပြီးချိန်မှာ မျက်ရည်တို့က မျက်နှာရွဲနစ်နေတော့သည်။ စာအုပ်ကလေးကို ပိုက်ပြီး ခြေလှမ်းကျဲများဖြင့် ထွက်သွားတော့သည်။ဇေယျာထွက်လာသည့် နေရာက ခင်ဦးရဲ့ အုတ်ဂူလေးဖြစ်သည်။

"ကိုယ် နောက်ကျသွားတယ်.. မင်းလိုချင်တဲ့ စကားတစ်ခွန်းကို ကိုယ် မင်းအသက်ရှင်တုန်းက မပြောနိုင်ခဲ့ဘူး...ကိုယ်လည်း မင်းကိုချစ်ပါတယ်...အရမ်းချစ်ခဲ့တာ ကိုယ့်သက်လျာရယ်...ကိုယ့်ရင်ထဲက စကားအမှန်တွေပါ ...မင်း မျှော်လင့်ခဲ့သလို ကိုယ်ဟာလည်း မင်းကို ချစ်ပါတယ် ကိုယ့်သက်လျာရယ်...

နောင်ဘဝအဆက်ဆက်မှာ ကိုယ်ကမင်းကို ချစ်စကားတွေ တဖွဖွပြောပါ့မယ်...

ကိုယ့် အသက့်လောက် ချစ်တယ်...ကိုယ့် အသက့်တမျှ ချစ်တယ်...ကိုယ့် အချစ်ထက်မက ချစ်တယ်..

ဆိုတဲ့ အချစ်စကားတွေကို မင်းတစ်ယောက်တည်းကိုပဲ အချိန်တိုင်းတဖွဖွ ပြောပါ့မယ်... ကိုယ့်သက်လျာရယ်... ''

ဇေယျာ မိုးချုပ်သည်အထိ ပြန်မသွားဘဲ ခင်ဦးအုတ်ဂူအနားမှာ ခင်ဦးမကြာနိုင်တော့မှ ချစ်တဲ့အကြောင်းတွေကို အရူးတစ်လို တစ်ဖွဖွ ပြောနေသည်။ သည်းထန်စွာ ရွာသွန်းသော ညောင်ရေသွန်မိုးဟာ တစ်ညလုံးသည်းကြီးမဲကြီးရွာသွန်းလေသည်။ထိုမိုအအေးဒဏ်ကြောင့် လောကကြီးအမှောင်ကျသွားသလို မျက်လုံးဝေဝါးပြီး အမှောင်အတိ ဖြစ်သွားတော့သည်။မနက်မိုးလင်းတော့ ခင်ဦးရဲ့အုတ်ဂူဘေးမှာ စာအုပ်လေးပိုက်လျက် ဇေယျာ လှဲကျသေဆုံးသွားခဲ့သည်။

"ငါးနှစ်ခန့် ကြာပြီးနောက်....''

ယှဥ်တွဲလျက်ရှိတဲ့ အုတ်ဂူနှစ်ခုအပေါ် ကောင်း ပါလာသည့် သနပ်ခါးပန်းတို့ကို တင်လိုက်၏။ထို့နောက် ကောင်း သူချီထားသည့် လင်းသုတလေးကို အောက်သို့ချလိုက်ပြီး ဇေယျာနဲ့ခင်ဦး၏ ယဥ်တွဲထားသည့် အုတ်ဂူနှစ်ခုကို ကန်တော့ခိုင်းလိုက်၏။

"သား ကန်တော့လိုက်ပါဦးကွာ...''

"ဟုတ်ကဲ့ ဖေဖေ....''

လင်းသုတလေးက အုတ်ဂူနှစ်ခုကို ငုံ့ကန်တော့ပြီး ကလေးသဘာဝ အပြုံးလေးတစ်ပွင့်ဖြင့် ကောင်း၏လက်ကို ဆုပ်ကိုင်လိုက်သည်။

"ကိုကြီးဇေယျာနဲ့ခင်ဦးကို နောက်ဆုံးအကြိမ် လာနှုတ်ဆက်တာပါ...နောက်ပြီး နှစ်ယောက်စလုံးရဲ့ သားလေးကို အကောင်းဆုံးစောင့်ရှောက်ပေးမယ်လို့လည်း ကတိပေးပါတယ်...''

ကောင်းပြောတာ လင်းသုတလေးက ခေါင်းလေးမော့ပြီး ကြည့်သည်။

"ဖေဖေ..သူတို့က ဘယ်သူတွေလဲ...''

"သား မေမေနဲ့ဖေဖေလေ...''

"သားဖေဖေက ဒီမှာလေ...မေမေက ညီမလေးနဲ့ ဟိုးအဝေးကြီးမှာလေ...''

"ဟုတ်ပါပြီဗျာ..''

"ဖေဖေ ပြန်ကြမယ်လေ... မြို့သွားပို့ ရထားမမှီဘဲ နေမယ်...သား မေမေနဲ့ညီမလေးကို တွေ့ချင်လှပြီ...''

"အေးပါကွာ...''

ကောင်း လင်းသုတလေးကို ပွေ့ချီကာ ထိုနေရာမှ ဖြည်းဖြည်းချင်း လှည့်ထွက်လာပြီးနောက် အုတ်ဂူနှစ်ခုကို နောက်ဆုံးအကြိမ် ငေးကြည့်လိုက်၏။ နောက်တွင် ကျန်ရစ်ခဲ့သော ယှဉ်တွဲအုတ်ဂူနှစ်ခုအပေါ်သို့ လေညင်းတစ်ချက် ဝေ့ဝဲလာပြီး သနပ်ခါးပန်းတို့ အောက်ကိုတဖြုတ်ဖြုတ်ကြလာပြီး သနပ်ခါးပန်းရနံ့သင်းသင်းလေးက တိတ်ဆိတ်စွာ ပျံ့လွင့်သွားလေသည်။

မျှော်လင့်ခဲ့သော ရောင်နီသည် နောက်ဆုံးတွင် ရောက်ရှိလာခဲ့သည်။ သို့သော် ထိုရောင်နီကို မြင်ခွင့်ရသူတို့မှာ ဤလောကတွင် မရှိကြတော့ချေ။

"တစ်ချိန်က ခင်ဦး စောင့်မျှော်ခဲ့သော ချစ်ခြင်းရောင်နီက ရောက်လာခဲ့သော်လည်း...

ထိုရောင်နီကို မြင်တွေ့ရဖို့ စောင့်နေခဲ့သူမဆီကိုတော့ အချိန်မီ ရောက်မလာခဲ့ပါလေ...''

ပြီးပါပြီ

« ရှေ့အခန်း - အပိုင်း၄၂ နောက်ဆုံးအခန်းဖြစ်ပြီး

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ