Bububai ဝတ္ထု မျှော်လင့်သော ရောင်နီရယ် အဘယ်သို့ အခန်းစာရင်း

အပိုင်း ၃၇

"ကြီးကြီး ကိုကြီးနဲ့မမတို့က ပြန်မလာသေးဘူး...သမီးက မမကိုတွေ့ချင်လို့ လာခဲ့တာအခု ညနေဖြင့်စောင်းနေပြီ...''

အထွေး နောက်တစ်ခေါက်ပြန်လာခဲ့တဲ့ အချိန်ထိ ဇေယျာနဲ့ခင်ဦးတို့ ပြန်မရောက်သေးတာကြောင့် ခုံမှာထိုင်ဝင်ရင်းမေးလိုက်သည်။ထိုအခါ ဒေါ်ဝင့်ဝါ မယ့်ကာရွဲ့ကာနဲ့ မကျေနပ်သည့် လေသံနဲ့ ပြောလိုက်သည်။

"မပြောချင်ဘူးအေ..ညည်းအမကို ငါတော့ ကြည့်လို့ကိုမရဘူး... မလိုက်သွားနဲ့ ဆိုတာကို လိုက်သွားတယ်..ငါ့မှာ မတော်ချင်တဲ့သူကို ချွေးမတော်လိုက်ရတာ ကိုတွေးပြီး ဒေါသအလိပ်လိပ်ကို ထွက်နေရတာလည်း နေ့တိုင်းပဲ..ညည်းကိုကြီးလည်း မလိုက်နဲ့ပြောတာကို မရဘူး..''

မမက ကိုကြီးကို ပူဆာတယ်ဆိုတာ အထွေးမယုံနိုင်၍ မေးမိသည်။

"ဟုတ်ပါ့မလား ကြီးကြီးရယ်..မမက ကိုကြီးဇေယျာကို သိပ်ကြောက်တဲ့သူပါ...ကိုကြီးက ခေါ်လို့ဖြစ်ပါလိမ့်မယ်..''

"အခု ညည်းကိုကြီးက ခင်ဦးကို ကြောက်နေရတာအေ..စိန်နားကပ် မလုပ်ပေးရင် သူ့ကလေးကို ဖျက်ချခိုင်းပါတယ်လို့ တစ်ရွာလုံး လိုက်ပြောမယ်ဆိုပြီး ပြောနေလို့ လုပ်ပေးလိုက်ရတယ်..နောက်ထပ်ဘာတွေတောင်းဆိုသေးတယ်ထင်သလဲ..ညည်းဘဘရဲ့ ဘိုးဘွားပိုင် ပတ္တမြားလက်စွပ်ကို တောင်းလို့ ပေးလိုက်ရတယ်..ဆံထုံးတောင် ပူဆာလို့ထင်ပါရဲ့...ရွှေအစစ်နဲ့လုပ်ထားတဲ့ ဆံထိုးကို ညည်းကိုကြီးက လုပ်ပေးထားသေးတယ်အေ...''

အထွေးကြားသည့်စကားတွေနဲ့ကြီးကြီးပြောတဲ့ စကားတွေက နည်းနည်းလေးမှတောင် မတူတာကြောင့် ဘယ်ဘာအမှန် ဘယ်ဟာအမှားဆိုတာ မသိတော့တာကြောင့် အထွေး ခေါင်းလေးရမ်းလျက် ပြောလိုက်သည်။

"သမီးကို မေမေကပြောတော့.. အဲ့လိုမဟုတ်ပါဘူး.. ကိုကြီးဇေယျာက မမကို ကြည်ကြည်ဖြူဖြူနဲ့ ပေးထားတာတဲ့..အခုဆို မမကို ကြင်ကြင်နာနာ ဆက်ဆံတယ်ပြောတယ်..''

"တကယ့် အမှန်တရားက အဲ့လိုမဟုတ်ပါဘူးကွယ်..ညည်းကိုကြီးက ညည်းကိုပဲ ချစ်တာ အထွေး..ညည်းအမခင်ဦးကိုတော့ မယူလို့မဖြစ်တော့တဲ့ အနေအထားနဲ့မို့လို့ ယူလိုက်ရတာ..ညည်းရော ငါ့သားကို မမုန်းဘူးမလားအေ..''

အထွေး တွေဝေသွားမိသည်။မမရဲ့ လင်ယောကျ်ားဖြစ်သွားသော်လည်း

ကိုကြီးအပေါ် အချစ်တွေရှိနေတာကြောင့် မပြောသင့်မှန်းသိပေမယ့် တွေဝေရင်း

ခဏအကြာမှာ အထွေး ခေါင်းညိတ်လိုက်၏။ထိုအခါ ကြီးကြီးရဲ့ မျက်နှာမှာ အပြုံးတစ်စ ပေါ်လာပြီး အထွေးရဲ့ နားကိုကပ်ပြီး တိုးတိုးလေး စကားဆို၏။

ကြီးကြီးရဲ့ စကားကြောင့် အထွေး မျက်လုံးလေးပြူးသွားရသည်။

"ဖြစ်ပါ့မလား ကြီးကြီး..''

ညည်း အမတောင် ငါ့သားကို ဒီနည်းနဲ့ပြီး အိမ်ပေါ်ထိ တက်လာခဲ့တာပါအေ..ညည်းလည်း ဖြစ်နိုင်တယ်..

အထွေး စကားတစ်ခွန်းမျှ မဆိုတော့ဘဲ ငြိမ်သက်နေတော့သည်။

ဒေါ်ဝင့်ဝါကတော့ အကြံအစည်သာအောင်မြင်ရင် မောင်နှမတွေကို အရမ်းချစ်တတ်ကာ သံယောဇဥ်ကြီးပြီး တန်ဖိုးထားသည်က ခင်ဦးရဲ့ အားနည်းချက် ဖြစ်တာကြောင့် သားဖြစ်သူရဲ့ အနားကနေ ပညာတက်ညီမလေးရဲ့ အရှက်နဲ့သိက္ခာကြောင့် ထွက်သွားမည်မဟုတ်လား.။ ထိုအခါ သူမချွေးမတော်ချင်တဲ့ အထွေးကို ချွေးမတော်ရတော့မှာကို တွေးပြီး ဒေါ်ဝင့်ဝါတစ်ယောက် ကျေနပ်နေသည်။

ကြီးကြီးနဲ့အထွေး စကားပြောတော်တော်ကြာ ပြောဆိုပြီးတဲ့ အချိန်တစ်ခုမှာ နွားလှည်းသံကိုကြားလိုက်ရသည်။

"ကိုကြီးနဲ့မမ ပြန်လာပြီ ..''

လှည်းပေါ်ကနေ မမကို တယုတယ ပွေ့ချီပြီး အောက်ကိုအသာအယာချပေးနေသည်ကို မြင်ရတာကြောင့် အထွေး ရင်ထဲမှာ မပျော်မရွှင် ဖြစ်ရသည်။

"မမ..''

"ဟင်..''

ခင်ဦး အိမ်ထဲက အထွေးလှမ်းခေါ်သံကြောင့် ခင်ဦးရဲ့ ခြေလှမ်းတွေတန့်သွားသည်။ ကိုကြီးဇေယျာနဲ့ခင်ဦးကို ကြည့်နေပြီး မျက်နှာလေးညိုးနေတဲ့ အထွေးကိုကြည့်ပြီး ခင်ဦးမျက်ရည်တွေ ဝဲရစ်တွဲခိုလာတော့သည်။

အထွေးရယ်လို့ နှုတ်ကပင် ထွက်ပြီးမခေါ်နိုင်သလို ပြုံးရယ်ပြဖို့တောင် အားအင်တွေ မရှိတော့ပေ။

"သမီးက မမကိုလာတွေ့တာပါ..''

"အထွေးမမကို မမုန်းဘူးလား..''

"ဟင့်အင်း...ဘာလို့မုန်းရမှာလည်း မမရဲ့..သမီးက ညီအမတွေလေ...

မမလည်း သမီးကို မမုန်းရဘူးနော်..''

အထွေးရဲ့ စကားကြောင့် ခင်ဦး မျက်ရည်တွေ စီးကျလာခဲ့တော့သည်။

"မမကို အထွေး အရင်က မချစ်တာ ခံနိုင်ပေမယ့် အခု မမကို မုန်းသွားမှာ စိတ်နာသွားမှာကို သိပ်ကြောက်ခဲ့တာပါ..မမုန်းပေးတဲ့အတွက် မမ ဝမ်းသာလိုက်တာ အထွေးရယ်...မမ ဝမ်းသာလိုက်တာ ...''

ခင်ဦး အထွေးရဲ့ ကိုယ်လေးကို ပွေ့ဖက်ပြီး တသိမ့်သိမ့် ငိုရှိုက်ရင်း ပြုံးနေမိလေသည်။အထွေးက ခင်ဦးကို နားလည်းပေး၍ ဝမ်းနည်းဝမ်းသာ ဖြစ်ရသည်။

"အထွေး နားလည်ပေးလို့ ကျေးဇူးပါ...နေတောင်ညိုနေပြီပြန်တော့နော်... အထွေးဖိုးသားကို အဖော်ထည့်လိုက်မယ်..''

"ဟုတ်.. ကိုကြီးနဲ့မမ အထွေးသွားပြီနော်..အိမ်ကိုလည်း လာခဲ့ဦးနော်...အမေ မျှော်နေတယ်ထင်တယ်..စက်ခုံကိုကြည့်ကြည့်ပြီး မျက်နှာမကောင်းဘူး..''

"အင်း..''

ထွက်သွားသည့် အထွေးကို ကြည့်ပြီး ခင်ဦး မျက်ရည်တွေက ထိန်းမရ စီးကျဆဲ ဖြစ်သည်။ကိုကြီးဇေယျာကတော့ ခင်ဦး မျက်ရည်တွေကို သုတ်ပေးပြီးနောက် ပုခုံးကို ကိုင်ပြီး အိမ်ထဲကို ဝင်စေခဲ့သည်။

"အရမ်းမငိုနဲ့ အိမ်ထဲဝင်ရအောင်..''

ခင်ဦး ခေါင်းညိတ်လိုက်၏။

ခင်ဦး ကြီးကြီးဝင့်ဝါကိုတောင် မကြည့်အား အပေါ်ကိုသာတက်ခဲ့ပြီး ခဏလောက် နေပြီးမှ ရေချိုးလိုက်သည်။ကိုကြီးဇေယျာကတော့ ခင်ဦး ပြီးမှ ချိုးသည်။ညနေစာက ခင်ဦးချက်ထားတာမဟုတ်တော့ ရဲရဲမစားရဲပေ။ခင်ဦး ပုံစံကို ရိပ်မိတဲ့ ကိုကြီးဇေယျာက ဟင်းတွေခပ်ထည့်ပေးတော့ ကြီးကြီးဝင့်ဝါက မကျေနပ်သည့် အသံတို့ဖြင့် ခင်ဦးကို တုန့်ပြန်လာသည်။မဆူ မရိုက်တော့သော်လည်း အကြည့်က ကြောက်စရာကောင်းနေတာကြောင့် ခင်ဦးကြောက်ရဆဲ ဖြစ်သည်။

တနေ့တနေ့ အချိန်တွေကုန်လာတာနဲ့ ခင်ဦး ဗိုက်ကလေးက ပူပူလာတော့သည်။ကိုကြီးဇေယျာကတော့ ကျောင်းသွားတိုင်း ဗိုက်လေးပေါ် ကလေးတင်လိုက်နားနဲ့ကပ်ပြီး နားထောင်လိုက်ဗိုက်ကလေးကို နမ်းလိုက်နဲ့ သဘောတွေကျလေသည်။ညဖက်ဆိုလည်း သမီးကညာလေး သမီးကညာလေးဆိုပြီး ဗိုက်ကလေးကို ကိုင်ပြီး စကားတွေပြောနေတာအမောခင်ဦးက သမီးလေးမလိုချင်ဘူး..ကိုကြီးဇေယျာနဲ့တူတဲ့သားလေးကို လိုချင်သည်။

ခင်ဦးဗိုက်က ခုနစ်လထဲမှာဆိုတော့ ကလေးလေးက အထဲကနေလှုပ်ရှားတော့ ကိုကြီးဇေယျာ သဘောကျလို့မဆုံးပေ။ခင်ဦး အရမ်းဂရုစိုက်လာတယ်ပြောရမယ်အရက်လည်း မသောက်တော့သလို ကြက်လည်း မတိုက်..ဖဲဝိုင်းလည်း မထိုင်တော့ပေ။

"ခင်ဦး.''

"ရှင်.''

"မင်း သမီးလေးလိုချင်လား...သားလေးလိုချင်လား ကိုယ်ကတော့ သမီးလေးလိုချင်တယ်..''

"ကိုကြီးလိုချင်တဲ့ သမီးလေးကို ခင်ဦး မွေးပါ့မယ်..ဒါပေမယ့် သမီးလေးက ခင်ဦးနဲ့တူပြီး ရုပ်ဆိုးမှာ ဆိုးတယ်..''

"အင်း..မင်းနဲ့တူရင်တော့ ရုပ်ဆိုးမှာ သေချာတယ်ဒါပေမယ့်လည်း သမီးလေးပဲ မွေးပေး.ကြားလား..''

"ဟုတ်...''

"ကောင်းသုတ မင်းကို ဖက်သေးလားလက်တွေ ကိုင်သေးလား.. ဆံပင်တွေ နမ်းသေးလား..''

"ဟင့်အင်း..''

"တကယ် ဟုတ်လို့လား..ကိုယ် မယုံဘူး.''

"တကယ်ပါ..''

"လိမ္မာတယ်.. ကိုယ်သွားပြီနော်..တစ်ခုခုခိုင်းမယ်ဆိုရင် ဖိုးသားရှိတယ်..ဖိုးသားကို ခိုင်း ကြားလား..''

"ဟုတ်..''

ကိုကြီးဇေယျာက ဗိုက်ထဲကကလေးကို နမ်းပြီး အဖြူအစိမ်းဝတ်စုံပေါ်မှာ တိုက်ပုံလေးထပ်ဝတ်ပြီး ထွက်သွားတော့သည်။ဒီနေ့ကြမှတော့ ထူးထူးဆန်းဆန်း ကြီးကြီးဝင့်ဝါက စကားချိုချိုပြောပြီး အိမ်ကိုသွားချင်ရင် သွားလို့ပြောလာသည်။

"ခင်ဦး..ညည်အမေ့ဆီကို သွားချင်ရင်သွားလေ...မမှောင်ခင် ဖိုးသားကို လာကြိုခိုင်းလိုက်မယ်...ယဥ်မေလည်း ညည်းကို တွေ့ချင်နေမှာပေါ့အေ...''

"အဲ့ဆို..သမီး သွားမယ်နော် ကြီးကြီးဝင့်ဝါ..''

"အေး..ဖြေးဖြေးချင်းသွားဦး...''

"ဟုတ်ကဲ့..''

"ဒါနဲ့ နေ့လည်ခင်းလောက်ကျရင် အထွေးကို ခဏလွှတ်လိုက်ပါဦး...ငါ လယ်ထဲသွားရင် ဖိုးသားပါ ခေါ်သွားရမှာဆိုတော့ အိမ်စောင့်ခိုင်းမလို့အေ..''

"ဟုတ်ကဲ့သမီး ပြောလိုက်မယ်..''

ခင်ဦး အိမ်ကိုရောက်တော့ အမေက ခင်ဦးလာတာ ကိုကြီးဇေယျာသိရဲ့လားလို့ မေးသည်။ခင်ဦးလည်း ကြီးကြီးဝင့်ဝါ သိပါတယ်လို့ ပြောလိုက်သည်။ကြီးကြီးဝင့်ဝါ မှာလိုက်တဲ့အတိုင်း အထွေးကို ပြောလိုက်သည်။

"အထွေး ကြီးကြီးဝင့်ဝါက နေ့လည် ခဏလာခဲ့ပါတဲ့..သွားလိုက်အုန်းနော်..''

"အင်းပါ..''

မီးဖိုတဲမှာ ချက်ပြုတ်နေတဲ့ အထွေးကိုကြည့်ပြီးနောက်

"အမေသမီးလေ အခုတလော မောတယ်ရင်ဘတ်တွေလည်း အောင့်တယ်.. ခါးကလည်း ညောင်းတာလား..နာတာလား..မပြောတက်ဘူး..''

"ညည်းတို့တွေကို ငါမွေးတုန်းကလည်း အဲ့လိုပဲ ခံစားရတာပဲ..ဘာမှမဖြစ်ဘူးတွေးပူမနေနဲ့..ကြောက်စိတ်မထားနဲ့ ဟုတ်ပြီလား..''

"ဟုတ်ကဲ့ အမေ..''

"ညည်းက အခုမှ တစ်ယောက်ပဲ မွေးမလို့ရှိသေးတာ...ငါဆို လေးယောက်တောင် မွေးထားတာ..ကလေးတစ်ခါမွေးရတာ ဘယ်လောက် ပင်ပန်းလဲဆိုတာ သိပြီးမလား...ဒါတောင် မမွေးရသေးဘူး..မွေးတဲ့အချိန် နာကျင်က ဘာနဲ့မှ မတူဘူး..ဒါပေမယ့် ဝမ်းကကျွတ်တဲ့ ကလေးရဲ့ အသံကိုကြားလိုက်တာနဲ့ အဲ့နာကျင်မှုက သေးသေး ဖြစ်သွားတာ..''

"ကျေးဇူးပါ အမေသမီးကို မွေးပေးခဲ့လို့ပါ...အမေ့အပေါ် စိတ်ဆိုးမိတာတွေကို ခွင့်လွှတ်ပေးပါနော်..''

"မိဘတိုင်းက သားသမီးတိုင်းကို ခွင့်လွှတ်ပြီးသားပါ...အမေ့သမီးကြီးကတော့ ခြွင်းချက်ပေါ့..''

ခင်ဦး အမေ့ကို ဖက်ပြီး နမ်းလိုက်တော့သည်။ခင်ဦးက ပြုံးပြီး နမ်းပေမယ့် အမေ့ကတော့ ငိုနေသည်။အမေက မျက်ရည်တွေကို မြန်သုတ်ကာ ထိုင်ရာကနေ ထပြီး ဝါးခတ်တံမျတ်စည်းကို ယူပြီး ခြံထဲက သစ်ရွက်မှိုက်တွေကို လှည်းတော့သည်။ထိုအခါ ခင်ဦးလည်း မနေသာ၍ ဝိုင်းလှည်းပေးလိုက်သည်။အမေနဲ့ စကားတွေ အများကြီး ပြောတယ်..အဖေ့အကြောင်းတွေကိုလည်း မေးတယ်အမေ့က အဖေ့အကြောင်းမေးတဲ့အခါ ငိုရှာလေသည်။အမေငိုတဲ့ ခင်ဦး စကားလွှဲမေးလိုက်ပြီး အာရုံလွှဲလိုက်ရ၏။

နေ့လည်ခင်းရောက်တော့ အထွေးက ကြီးကြီးဝင့်ဝါဆီကို သွားသည်။အထွေးလည်းမရှိ ပိုက်ပိုက်ကလည်း ကျောင်းတက်နေတာဆိုတော့ အဝစာထမင်းဝိုင်းမှာ အမေရယ် ကိုကိုရယ် ခင်ဦးရယ်သာ စားရတော့သည်။

အထွေး အိမ်ခြံထဲက ထွက်လာထဲက ပျော်နေသည့် မမရဲ့မျက်နှာကလေးကို ကြည့်ပြီး လုပ်သင့်လား မလုပ်သင့်လား တွေဝေနေမိသည်။

"ကိုကြီးကိုလည်း အထွေး ချစ်တယ်..ကိုကြီးကလည်း အထွေးကိုချစ်တယ်..ဟုတ်တယ်..အထွေး လုပ်ရက်ကမမှားဘူး...''

အထွေးကိုတွေ့တာနဲ့ ဒေါ်ဝင့်ဝါတစ်ယောက် အားရဝမ်းသာ အထွေးအနားကို လာပြီး လက်ကိုဆွဲပြီး ခုံပေါ်မှာ ထိုင်စေသည်။သူမတို့နှစ်ယောက်ရဲ့ အကြံအတိုင်း ဇေယျာ့အတွက် အရံသင့် ပြင်ဆင်ပြီးသား ဖြစ်၏။ဒေါ်ဝင့်ဝါက ဖိုးသားကို တခြားရွာကို အကြွေးကောက်ခိုင်းပြီး ပထုတ်လိုက်သည်။သူမနှစ်ယောက် ဇေယျာ လာမယ့် အချိန်ကို စောင့်မျှော်ကြ၏။ခြေသံကြား၍ ဒေါ်ဝင့်ဝါ ပြုံးလိုက်သည်။

"မေမေသြော်..အထွေးရောက်နေပါလား..ခင်ဦးဆီကို လာတာလား အထွေးအိပ်နေလို့ မေမေနဲ့စကားပြောနေတာလား...''

"ရေသောက်လိုက်ပါဦး... ကိုကြီးမောနေမယ်..''

"ကျေးဇူးပဲ..''

"ရပါတယ်..''

ဇေယျာ အထွေးကမ်းပေးတဲ့ ရေကို ဆာဆာနဲ့ အကုန်မော့သောက်လိုက်သည်။ခင်ဦးကို တွေ့ချင်၍ အပေါ်ကို အမြန်တက်လာခဲ့သည်။အပေါ်တော့ ခင်ဦးက ရှိမနေပေ။ထို့ကြောင့် အောက်ကို ပြန်ဆင်းလာခဲ့ပြီး မေမေ့ကို မေးလိုက်၏။

မေမေခင်ဦး ဘယ်သွားလဲ... ကောင်းသုတအိမ်ကိုလား..''

"မဟုတ်ပါဘူး သားရယ်..သူ့အမေအိမ်ကို သွားတာပါ..''

ဇေယျာ အဖြူအစိမ်းချွတ် အိမ်အဝတ်အစား လှဲပြီး ခင်ဦးဆီကို သွားမယ်ပြင်တော့ ခေါင်းတွေမူးဝေလာခဲ့သည်။ထိုအချိန် အထွေးလှေတံခါးထစ်မှာ ရပ်နေရာနေ ဇေယျာဆီကို ရောက်လာခဲ့သည်။

"ကိုကြီး..ဘာဖြစ်တာလဲ..''

ဇေယျာ ဘယ်သူဘယ်ဝါ မကွဲခြားနိုင်တော့တာကြောင့် အထွေးကို ခင်ဦးအမှတ်နဲ့ ဖက်လိုက်၏။

"ကိုယ့်သက်လျာလေး...''

"ဟင်...''

ဇေယျာရဲ့ နှုတ်ကကိုယ့်သက်လျာဆိုတဲ့ စကားလုံးကြောင့် အထွေးရင်ထဲမှာ ဗြောင်းသတ်သွားရသည်။သူမအတွက်လို့ ထင်မိလိုက်တာကြောင့် သူမရဲ့ လုပ်ရက်က မှန်သည်ဟု တက်အပ်ယုံလိုက်တော့၏။

"ကိုယ့်ကို ချစ်လား..''

"အင်း..အများကြီးချစ်တယ်..''

« ရှေ့အခန်း - အပိုင်း ၃၆ နောက်အခန်း - အပိုင်း၃၈ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ