"ခင်ဦး...''
"ဟင်...''
ဒေါသတွေ ရောယှက်နေသော အသံပိုင်ရှင်က ကိုကြီးဇေယျာရဲ့ အသံဖြစ်တာကြောင့် ခင်ဦးကိုယ်လေးတုန်သွားသော်လည်း အသံလာရာကို လှည့်ကြည့်လိုက်၏။မီးတောင်ချော်ရည်ပူလို ရဲရဲနီနေသော မျက်လုံးအစုံကို တွေ့လိုက်တာကြောင့် ခင်ဦး ကိုကြီးဇေယျာမျက်နှာကို စေ့စေ့မကြည့်ရဲပေ။
"လာခဲ့ အိမ်ပြန်မယ်...''
"ဟုတ်...''
ခင်ဦး မလိုက်ဘူးဟု မငြင်းရဲပါ။မျက်လုံးအကြည့်နဲ့တင် ခင်ဦး တုန်တက်မတက်ကြောက်နေတာ ခင်ဦး မလိုက်ဘူးလို့ ပြောလိုက်ရင် ရိုက်မှာကို အရမ်းကြောက်သည်။ကိုကြီးဇေယျာက တစ်ခါမှ မရိုက်ဘူးသေးပေမယ့် ရိုက်လာမှာကို ကြောက်မိသည်။ကိုကြီးဇေယျာရဲ့ ဒေါသတကြီး ခေါ်ဆောင်ရာကို လိုက်ခဲ့ရတာမို့ အမေ့ကိုလည်း ပြန်တော့မယ် အမေရယ် နှုတ်ဆက်ဖို့ အသံကမထွက်ချေ။
ဇေယျာ သူဆုပ်ကိုင်ထားသည့် ခင်ဦး၏လက်တွေ အေးစက်တုန်ယင်နေသည်ကို သတိထားမိလိုက်သည်။ လက်ဖဝါးလေးတွေရဲ့ အေးစက်မှုကို သတိထားမိတော့မှ သူ့ကို ခင်ဦး အများကြီး ကြောက်လန့်နေသည်ကို ဇေယျာ ရင်ထဲ၌ ခံစားလိုက်ရ၏။ သို့သော်လည်း ရင်ထဲက ဒေါသစိတ်တို့က ထိုကြောက်လန့်မှုကို လစ်လျုရှု့ကာ နေခဲ့သည်။
ကလေးအဖေသူဆိုတာကို ငါ့ဂုဏ်သိက္ခာတွေရစရာမရှိအောင် သူမလုပ်လို့ တစ်ရွာလုံး သိသွားခဲ့ပြီးမှ အခုမှ သူ့အိမ်ကိုပြန်နေတယ် သိလိုက်ရထဲက သူ့ရင်ထဲမှာ ဒေါသတွေပဲ ရှိတော့သည်။သူမကို သနားငှဲ့ညှာဖို့အတွက် သူ့နှလုံးသားက လုံလောက်စွာ လက်မခံနိုင်ပေ။
"ဘာကြောင့် မင်းပြန်သွားလဲ ခင်ဦး...''
"ဟို..ဟို ဒေါ်လေးစန်းက ခင်ဦးကလေးကို အမေနဲ့ကိုကိုက ဖျက်ချခိုင်းလို့မရတော့ဘူးဆိုတာနဲ့ ခင်ဦးပြန်မိတာပါ...''
"မယုံနဲ့...မင်းကို အိမ်လာအောင်လုပ်ပြီး သူတို့က မင်းကလေးကို တစ်ခုခုလုပ်ပစ်မှာ...ငါ အချိန်မှီမင်းကို ပြန်လာခေါ်တာ မင်းကလေးလေး တစ်ခုခုမဖြစ်တာ သိလား ခင်ဦး...''
"ဟုတ်လို့လား ကိုကြီးဇေယျာရယ်..ဒေါ်လေးစန်းက ခင်ဦးကို မညာလောက်ပါဘူး...''
"မင်းက တုံးတာကို ဘယ်သိမလဲ...ဒီနေ့စပြီး ဒေါ်လေးစန်းနဲ့လည်းစကားမပြောရဘူး...မင်းအမေအိမ်လည်း မသွားရတော့ဘူး...''
"ဟုတ်...''
ကိုကြီးဇေယျာက ခင်ဦးကိုကြည့်ပြီး ပြုံးလာသည်။ခင်ဦး ကိုကြီးဇေယျာရဲ့ အပြုံးကို တွေ့ခဲရသည့် အဖိုးတန်အရာတစ်ခုလို ငေးမောကြည့်မိသည်။ကိုကြီးဇေယျာက ချောလွန်းလို့ ခင်ဦးကလေးလေးကိုတောင် ကိုကြီးဇေယျာနဲ့တူပါစေရဲ့လို့ ဆုတောင်းမိသည်။
အိမ်ထဲရောက်တာနဲ့ မနှစ်မြို့တဲ့အကြည့်တို့ဖြင့် စီးကြိုနေသည့် ကြီးကြီးဝင့်ဝါရဲ့ အကြည့်တို့ကို ခင်ဦး ရင်ဆိုင်လိုက်ရသည်။နှုတ်ကမပြောသော်လည်း မျက်လုံးအကြည့်နဲ့ တင် ခင်ဦးကြောက်ရပါသည်။
"ခင်ဦး အပေါ်တက်နှင့် ..''
"ဟုတ်...''
ခင်ဦးအပေါ်ထပ်ကို တက်သွားတာနဲ့ ဇေယျာ မေမေကို ခင်ဦးနဲ့ပတ်သတ်ပြီး စကားဆိုလိုက်သည်။
"မေမေ သားကြောင့် ခင်ဦးကို အမြင်မကြည်ဖြစ်နေတာ သားသိတယ်...ဒါပေမဲ့ ခင်ဦးအပေါ် လက်မပါနဲ့ မေမေ...ပတ်ဝန်းကျင်က မေမေ့ကိုမကောင်းပြောမှာ သားမလိုချင်ဘူး...သားကို ပြောခံနိုင်ပေမယ့် မေမေ့ကို ပြောမှာကိုတော့ သားမခံနိုင်ဘူး မေမေ...''
"အေးပါသားရယ်...မေမေ ခင်ဦးအပေါ် လက်မပါတော့ပါဘူးကွယ်...ကဲ...ခရီးက ပင်ပန်းလာတယ်မဟုတ်လား... သွားနားတော့သွား...''
"ဟုတ်မေမေ...''
ဇေယျာအပေါ်ရောက်လာတော့ ခင်ဦးက အိပ်ယာခင်းခြင်ထောင်ထောင်ပြီးသားဖြစ်သည်။သူ့ကို ပြုံးပြလာတဲ့အခါ မျက်မှောင်ကျုံ့ကြည့်လိုက်သည်။ထိုအခါ ပြုံးရာကနေ မျက်နှာကလေးညိုးငယ်သွားပြီး ခေါင်းလေးငုံ့ကာ လက်ထိတ်တွေကို ဆိတ်နေတာကြောင့် လက်ကို စောင့်ဆွဲလိုက်သည်။
"ကိုကြီးဇေယျာ ခင်ဦးကို မရိုက်ပါနဲ့နော်...ခင်ဦး ကိုကြီးဇေယျာကို နောက်မပြုံးပြတော့ပါဘူး...မရိုက်ပါနဲ့နော်...''
"ကျစ်..''
ဇေယျာ ခင်ဦး၏ လက်သွယ်သွယ်လေးတွေကို အကြာကြီး ကိုင်တွယ်ထားပြီးမှ သူ့ကိုကြောက်လန့်နေသော ခင်ဦးမျက်နှာကလေးကို သေချာစိုက်ကြည့်ပြီးမှ စုတ်သပ်ပြီး လွှတ်ပေးလိုက်၏။ခင်ဦး သူ့ကိုလိုတာထက်ပိုကြောက်နေတာကို ဘဝင်မကျ..အရင်က ခင်ဦးမပေါ် သူဒေါသထွက်ရင် လက်ပါကောင်းပါလိမ့်မယ်...ခင်ဦး အိမ်ကိုရောက်လာတဲ့နေ့ထဲက လက်နဲ့တောင်မရွယ်မိပါ..။
"မင်းကို ငါရိုက်ကသေးလို့ ကြောက်နေတာလား ခင်ဦး...''
"ဟင်..!ကိုကြီးဇေယျာက သမီးကို ရိုက်တော့မလို့လားဟင်...''
ပျက်စီးနေတဲ့မျက်နှာလေးနဲ့ မေးလာပုံက အသည်းယားစရာ..ရိုက်မယ်သာ ပြောလိုက်ရင် ငိုတော့မလားမသိ...ဇေယျာ သူမလေးကို စချင်သွားတာနဲ့ ခေါင်းငြိတ့်ပြလိုက်သည်။
"မျက်လုံးမှိတ်ထားမလား...ဒါမှမဟုတ် ငါ ရိုက်တာကို မျက်လုံးဖွင့်ပြီး ကြည့်နေမလား...''
"ဟို..ဟို..သမီး မျက်လုံးမှိတ်လိုက်ပါမယ်...''
ခင်ဦး မျက်လုံးမှိတ်လိုက်တာနဲ့ ဇေယျာ နှစ်လိုဖွယ် ပြုံးလိုက်ပြီး ခင်ဦး၏နှုတ်ခမ်းလေးကို ထိကပ်နမ်းလိုက်ပြီးမှ နှုတ်ခမ်းသားလေးကို သူ့သွားနဲ့ကြိတ်လိုက်၏။
ခင်ဦးနှုတ်ခမ်းကို ကိုကြီးဇေယျာ၏ နှုတ်ခမ်းနှင့်ထိကပ်လာချိန်မှာ ထိုနေ့ညမှ အထိအတွေ့တွေကို ပြန်လည်သတိရလာသဖြင့် မျက်နှာတစ်ခုလုံး ပူထူလာ၏။ ကိုကြီးဇေယျာဟာ ခင်ဦး၏ နှုတ်ခမ်းသားကို သွားနှင့်ကြိတ်လိုက်သော်လည်း ခင်ဦး၏ နှုတ်ခမ်းတစ်စုံက နာကျင်မှုကို ခံစားရဟန်မပြ တွန့်ဆုတ်မှုမရှိ ငြိမ်သတ်လျက်ရှိသည်။
ဇေယျာ အချိန်တော်တော်ကြာ ခင်ဦးကို နမ်းရှိုက်ပြီးမှ လွှတ်ပေးလိုက်၏။သူလွှတ်ပေးလိုက်တာနှင့် မီးအိမ်၏အလင်းပျော့ပျော့အောက်မှာ ရှက်သွေးဖြာနေသည့် ခင်ဦး၏ မျက်နှာလေးကိုကြည့်ရင်း ဇေယျာသည် ခြင်ထောင်ထဲဝင်လှဲလိုက်ကာ နဖူးပေါ်လက်တင်ပြီး မျက်လုံးတို့ကို မှိတ်လိုက်၏။
ခင်ဦးလည်း ပူထူနေသလိုခံစားနေရသည့် ပါးနှစ်ဖက်ကို လက်နှစ်ဖက်နှင့် ကိုင်လိုက်ရင်း ခြင်ထောင်ထဲက ကိုကြီးဇေယျာကိုငေးကြည့်လိုက်သည်။ခင်ဦး ခြင်ထောင်လေးကို အသာလှန်ပြီး ကိုကြီးဇေယျာကို ကျောပေးပြီး ခြင်ထောင်အစွန်လေးမှာ ဝင်လှဲလိုက်၏။ ရင်ဘတ်က ခပ်မြန်မြန် နိမ့်လိုက်လိုက်မြင့်လိုက်ဖြစ်နေတာကြောင့် မောလာသလိုလို.. အသက်ရှူသံတွေ မြန်လာတာကိုလည်း ခင်ဦး ခံစားလာရသည်။
ရွာဦးကျောင်းက ကပ္ပိယကြီး၏မောင်းထုသံ၊ရောင်နီဦးအလင်းရောင်ကြောင့် ကြက်ဖတွေ၏တွန်သံ၊ကျေးဌက်တို့၏ကျလိကျလိနဲ့ အသံတို့ကြောင့် ခင်ဦး မနက်အိပ်ယာထ နိုးလာခဲ့သည်။ထုံးစံအတိုင်း နွေးထွေးသည့် ကိုကြီးဇေယျာ၏ ရင်ခွင်ထဲ၌ ခင်ဦးကိုယ်လေး ရှိနေခဲ့ပြန်ပါသည်။ခင်ဦး သက်ပြင်းတိုးတိုးလေးရှိုက်ချပြီး ဖြေးဖြေးလေး ကိုကြီးဇေယျာရဲ့ ရင်ခွင်ထဲကနေ ထလိုက်ရသည်။ဟူး..တော်ပါသေးရဲ့.. ဒီနေ့လည်း ကိုကြီးဇေယျာ မသိသေးလို့..သိရင် ခင်ဦးကို ဆူနိုင်သလို ရိုက်လည်းရိုက်နိုင်တယ်..။
ခင်ဦး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ ကိုကြီးဇေယျာရဲ့ မျက်နှာကို ငေးကြည့်မိပါသည်။ မနက်ခင်း အရုဏ်တက် အလင်းရောင်အောက်မှာ အထင်းသားပေါ်လွင်နေတာကြောင့် ကိုကြီးဇေယျာ၏မျက်နှာကျဟာ ခန့်ညားလွန်းနေ၏။ခင်ဦး ရင်ထဲမှာလည်း ညကလို တဒိတ်ဒိတ်နဲ့ ခုန်နေပြန်လေရဲ့.. ။
ခင်ဦး ခြင်ထောင်လေးကို အသာမပြီး အပြင်ကို ခြေဖွနင်းကာ ထွက်ခဲ့လိုက်သည်။မီးဖိုတဲဝင်ပြီး ဆားကိုလက်ဖဝါးပေါ် ပုံလာပြီး သွားတိုက်ပြီး မျက်နှာသစ်သည်။မျက်နှာသစ်ပြီးတာနဲ့ ချက်ပြုတ်ရသည်။အလုပ်သမားတွေအတွက် မချက်ပြုတ်ရတော့ ခင်ဦး သက်သာသွားရသည်။ခင်ဦးကို အနားမပေးချင်သည့် ကြီးကြီးဝင့်ဝါက ဘာခိုင်းဦးမလဲ မသိပါ။
"ငါ ဘာလို့ ကိုကြီးဇေယျာ့ ရင်ခွင်ထဲ အမြဲရောက်ရောက်သွားရတာလဲ...ပိုက်ပိုက်ထင်ပြီး သွားသွားဖက်ပြီး အိပ်မိတာလား...ကိုကြီးဇေယျာသာ သိသွားရင်.. ဟူး...''
ထိုအတွေးနဲ့တင် ခင်ဦး ကြက်သီးများပင် ထသွားရ၏။
"ခင်ဦး...''
အနောက်ကနေ ရုတ်တရက် ထွက်ပေါ်လာတဲ့ ကိုကြီးဇေယျာ၏ ဩရှရှ အသံကြောင့် ခင်ဦး အသံလာရာနောက်ကို လှည့်ကြည့်လိုက်သည်။ခင်ဦးဆီကို မျက်မှောင်ကျုံ့လျက် လျှောက်လာတဲ့ ကိုကြီးဇေယျာကြောင့် ခင်ဦး ရင်တွေ တဖျပ်ဖျပ်နဲ့ ခြေလက်တွေတောင် အေးစက်လာခဲ့သည်။သိများ သိသွားပြီလား..ခင်ဦးကိုဆူတော့မှာလား..ရိုက်မလို့ မီးဖိုထဲ ဝင်လာတာလာ..ခင်ဦး၏ ကြောက်စိတ်က တဖြေးဖြေးနဲ့ ကြီးထွားလာသည်။
"ပိတ်စတွေ ဝယ်လာတယ်.. ဗိုက်ဖုံးအကျီချုပ်ဝတ် ကြားလား...အပျိုတုန်းက အကျီတွေနဲ့ကြပ်ထုတ်နေတာ ကြည့်ရဆိုးတယ်...''
"ဟုတ်..ဟုတ်ကဲ့..''
ခင်ဦး စိတ်ထဲမှာ တော်ပါသေးရဲ့ လို့တွေးပြီးမှ ကြောက်စိတ်တွေကို အဝေးပို့နိုင်တော့သည်။ခင်ဦး ကိုကြီးဇေယျာကိုကြည့်ပြီး အထွေးကိုချစ်သလို ခင်ဦးကိုလည်း ချစ်သွားပြီးလားဆိုပြီး တွေးမိပြန်သည်။မဟုတ်လောက်ပါဘူး...အထွေးကို အမြဲပြုံးပြတက်တဲ့ ကိုကြီးဇေယျာက ခင်ဦးကိုဆို မျက်မှောင်ကျုံ့ပြီးသာ ကြည့်တာမဟုတ်လား..။
"ချက်ပြုတ်လို့ပြီးရင် မင်းတို့အိမ်ကို သွားမယ်...''
"ဟင့်အင်း.. ခင်ဦး မသွားဘူးနော်...ကလေးလေးတစ်ခုခုဖြစ်မှာကြောက်တယ်...''
"သူတို့ဘာမှလုပ်လို့မရဘူး...ငါလိုက်ခဲ့မှာ...မင်းချုပ်လို့ပြီးတဲ့အထိစောင့်နေပေးမယ်...''
"တကယ်လားဟင်..ကျောင်းသွားရမယ်မလား ကိုကြီးဇေယျာရဲ့...''
"မသွားလည်းရတယ်..တစ်ရက်ထဲဘာမှမဖြစ်ဘူး...''
ဇေယျာ ခင်ဦးကိုပြောပြီး အိမ်ရှေ့ကို ထွက်လာခဲ့သည်။သူ့စကားကို အမှန်ထင်ပြီး ကလေးကို တစ်ခုခုလုပ်မည်ကိုဆိုး၍ သူ့အိမ်သွားရမှာကို ကြောက်နေပြီး ပြာပြာသလဲလဲ ငြင်းနေသည့် ခင်ဦးပုံစံလေးကြောင့် ဇေယျာ ပြုံးလိုက်၏။ဖိုးသားကတော့ ခေါင်းလေးကုပ်ကာ သူ့ကို နားမလည်သလို ကြည့်လာသည်။သူ့မျက်နှာတည်နဲ့ကြည့်လိုက်တော့မှ ဖိုးသား လှစ်ခနဲနဲ့ မီးဖိုထဲ ဝင်သွားတော့သည်။
ဇေယျာ သူသွားတိုက်ဖို့ မီးဖိုထဲဝင်ပြီး ဆားမယူခဲ့တာကြောင့် မီးဖိုချောင်ဘက်ကို လာခဲ့သည်။ထိုနားရောက်တော့ ဖိုးသားနဲ့ခင်ဦးပြောနေသည့်စကားတွေကြောင့် ခြေလှမ်းတို့တန့်ပြီး ပြောနေသည့် စကားတွေကိုသာ နားစွင့်နေလိုက်၏။
"မကြီးခင်ဦး...သားကိုကြီးဇေယျာကို မြို့လိုက်ပို့တဲ့နေ့က ရိုက်ခံရသေးတယ်ဆို..အရမ်းနာလား မကြီးခင်ဦး... ''
"နာတာပေါ့ဖိုးသားရဲ့..ကျောကိုအောင့်သွားတာပဲ...အခုဆိုရင်လေ ကိုကြီးဇေယျာနဲ့ကြီးကြီးဝင့်ဝါကို ကြောက်ရလွန်းလို့ ကလေးလေးတောင် မြန်မြန်မွေးချင်နေပြီဟ...ကလေးလေးမွေးပြီးရင် မကြီးက ဒီမှာမနေရတော့ဘူးလေ...''
ဇေယျာ ဆားတောင်မယူဘဲ ပြန်ထွက်လာခဲ့သည်။ခင်ဦး ဒေါ်လေးစန်းပြောလို့ အိမ်ပြန်သွားတာ မေမေ့ကြောင့်များလာလို့ တွေးမိ၏။
"သား ဒီနေ့ကျောင်းတစ်ရက်ပျက်ပြီး မင်းအဖေကို မင်းဦးလေးတို့ဆီကနေ သွားကြိုပေးဦး...''
"ကျွန်တော် မအားဘူး မေမေ...ဖိုးသားကိုလွှတ်လိုက်ပါ..ဖိုးသားကို မလွှတ်ချင်လည်း မနက်မှ သွားကြိုပေးမယ် မေမေ...''
ဒေါ်ဝင့်ဝါ သားဖြစ်သူဇေယျာရဲ့ စကားကြောင့် မျက်နှာပျက်သွားသည်။သားဖြစ်သူရဲ့တွေ ခင်ဦးဆီကို အလုံးစုံရောက်မည်ကိုဆိုး၍ ပထုတ်သည်ကို သားကလက်မခံတာကြောင့် ဒေါ်ဝင့်ဝါတစ်ယောက် ခင်ဦးကို မကျေနပ်ချေ။
အခန်းမှတ်ချက်များ (0)