Bububai ဝတ္ထု ချစ်ခြင်းတစ်စ နေကမ္ဘာလွှမ်း & လရိပ်မြူ အခန်းစာရင်း

အခန်း -၃၈

ခန်းမရဲ့ အဓိကနေရာတွင်တော့ နေကမ္ဘာလွှမ်းဘယ်သူနဲ့မှစကားမပြောဘဲသူ့ရင်ခွင်ထဲရှိ ဖြူဖွေးနေသော ကြောင်လေးကို လက်ဖြင့် ညင်သာစွာ ပွတ်သပ်ပေးရင်း တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေသည်။

နေ့လယ်စာစားပွဲလည်း ပြီးခါနီးလာသည်နှင့်အမျှ စည်ကားနေသော အငွေ့အသက်က တဖြည်းဖြည်း ငြိမ်သက်သွားသည်။

လူတိုင်းရဲ့အကြည့်များက မသိမသာနဲ့ အဓိကနေရာတွင် ထိုင်နေ သာသူဆီသို့ ရောက်ရောက်လာကြသည်။

အနက်ရောင်ကားများက ဟိုတယ် ရှေ့မှာပွဲမပြီးခင်အချိန်အတော်ကြာကတည်းက စောင့်ဆိုင်းနေကြပြီဖြစ်သည်။

ကားတံခါးဘေးတွင်လည်း အနက်ရောင်ဝတ်စုံများ ဝတ်ဆင်ထားသော ကိုယ်ရံတော်များက ကိုယ်စီမတ်မတ်ရပ်နေကြသည်။

ပွဲပြီးသွားပေမဲ့ ခန်းမထဲကလူကြီးများအားလုံးက အခြေအနေကိုသာ အကဲခတ်နေပြီးဘယ်သူမှ အရင်မပြန်ကြပေ။

အားလုံးက နေကမ္ဘာလွှမ်း ကားပေါ်တက်မဲ့အချိန်ကိုသာ စောင့်နေကြသည်။

နေကမ္ဘာလွှမ်းကတော့ ဘယ်သူ့ကိုမှ မကြည့်ပဲ

သူ့ရင်ခွင်ထဲက ကြောင်ဖြူလေးရဲ့ အမွေးတွေကို နောက်တစ်ကြိမ် ညင်သာစွာ သပ်ပေးပြီးမှ ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။

သူထရပ်လိုက်တာနဲ့ချက်ချင်းပင် လူတစ်ယောက်က ရှေ့တိုးလာပြီး ခန်းမတံခါးကို

ဖွင့်ပေးလိုက်သည်။

အဲ့အချိန် သူ့ခြေတစ်ဖက်က တံခါးအပြင်ဘက်ကို ထွက်လိုက်တဲ့အချိန်မှာပဲရုတ်တရက် သူ့ရင်ခွင်ထဲက နှင်းလုံး လေးကဘဲ ခုန်ထွက်သွားခဲ့သည်။

လှုပ်ရှားမှုက အလွန်မြန်ဆန်လွန်းတာကြောင့်

လူတိုင်းမြင်လိုက်ရသည်မှာ ဖြူဖွေးသော အရိပ်တစ်ခုသာဖြစ်သည်။

ကြောင်ဖြူလေးက အပြင်ဘက်ကို လျင်မြန်စွာ ပြေးသွားပြီး လူများတဲ့လမ်းကြားဘက်ကို တန်းပြေးဝင်သွားကာ မျက်စိတစ်မှိတ်အတွင်းပင် ဘာမှမလုပ်နိုင်ခင်မှာပင်ပျောက်ကွယ်သွားတော့သည်။

နေကမ္ဘာလွှမ်း ရုတ်တရက်တော့ ခဏကြောင်သွားပြီး တောင့်တင်းသွားပြီးမှအစောပိုင်းက ဗလာကျင်းနေသည့် သူ့မျက်လုံးများထဲတွင် ချက်ချင်းပင် စူးရှတဲ့ အရိပ်အယောင်တွေပေါ်လာကာ...

"အမြန်...သွားရှာကြ"

သူ့ စကားဆုံးသည်နှင့် ကားဘေးတွင် စောင့်နေကြသော အနက်ရောင်ဝတ် ကိုယ်ရံတော်များချက်ချင်း လှုပ်ရှားကြတော့သည်။

သူတို့က လေ့ကျင့်ထားသည့်အတိုင်း အုပ်စုခွဲကာ ပတ်လည်ကို လိုက်ရှာကြသလိုဟိုတယ် ဝန်ထမ်းများပင် အလျင်အမြန်ထွက်လာကြပြီး

ရှာပေးကြတော့သည်။

အခြေအနေကို ဘာမှမသိသည့်‌ဧည့်သည် တွေကတော့ တအံ့တဩဖြင့် လှည့်ကြည့်နေကြသည်။

လင်းမြတ်ပိုင် လည်းချက်ချင်း မျက်နှာပျက်သွားပြီး စိုးရိမ်သွားသည်။

လွှမ်းအတွက် ထိုကြောင်လေးက ဘယ်လိုအဓိပ္ပာယ်ရှိသည်ကို သူက အခြားသူများထက် ပိုသိတာမို့သူလည်း လမ်းပေါ်တက်လိုက်ပြီး ရှာနေတဲ့သူများ ညွှန်ကြားလိုက်သည်။

"မြန်မြန်! ဟိုဘက်လမ်းကြားတွေထဲ သွားရှာကြ"

"ဖြည်းဖြည်းရှာနော်..ကြောင်လေးကို မလန့်စေနဲ့"

ရတုမင်းဆက် အပြင်ကိုထွက်လာပြီး ဘာတွေဖြစ်နေမှန်း နားမလည်သေးသည့် အမူအရာနဲ့ရှေ့ကမြင်ကွင်းကို မျက်လုံးပြူးပြီးကြည့်နေမိသည်။

"လင်းမြတ်... ဘာတွေဖြစ်နေတာလဲ"

ရတု ပြာယာခတ်နေတဲ့ လင်းမြတ်ပိုင် အနားကို လျှောက်သွားလိုက်ပြီး အသံတိုးတိုးနဲ့‌ မေးလိုက်တော့...

လင်းမြတ်ပိုင်က အသံကိုနိမ့်ပြီး သူ့အနားကပ်ကာ....

"နေကမ္ဘာလွှမ်းရဲ့ အသက်တမျှ တန်ဖိုးရှိတဲ့အရာ ပျောက်သွားတာလို့သာ သိထားလိုက်"

"နောက်ထပ်တော့ငါလည်း မရှင်းပြနိုင်တော့ဘူး...ငါလည်း သွားရှာရဦးမှာမို..."

"အေးဒါနဲ့ မင်းသာ အဲဒီကောင်လေးကို ရှာတွေ့နိုင်ရင်... မင်းရဲ့ ပရောဂျက်ကိစ္စကို လက်ခံဖို့ လွှမ်းကို ငါကိုယ်တိုင် ပြောပေးမယ်ကျန်တာ

ငါ့တာဝန်ထား..မင်းလဲလိုက်ရှာချည်"

ရတု လင်းမြတ်စကားကြောင့် မျက်လုံးများ ချက်ချင်း တောက်ပသွားကာ ဘာမှမစဉ်းစားနေတော့ဘဲ သူ ခေါင်းညိတ်လိုက်သည်။

"ဟုတ်ပြီ ငလင်း ငါ ရှာလိုက်မယ်"

ထိုသို့ပြောပြီးသည်နှင့် သူလည်း ကြောင်ရှာနေသည့် လူအုပ်ထဲ ဝင်သွားလိုက်သည်။

---

မြို့ရဲ့ လမ်းကြားများက ရှုပ်ထွေးလွန်းပြီး ကြီးမားသော ဝင်္ကပါကြီးတစ်ခုလိုပင်။

သို့သော် လင်းမြတ်ပိုင်အတွက်တော့ ကြောင်ဖြူလေးကို ရှာဖွေရတာ သိပ်မခက်ခဲ့ပေ..ကံတရားကသူ့ဘက်မှာရှိနေပုံပင်..

ဘာလို့ဆို သူလိုက်ရှာပြီး မကြာခင်မှာပင် လမ်းကြားတစ်ခုနားမှာ ကြောင်ဖြူလေးကို

တွေ့လိုက်ရသည်။

ရတု အခွင့်အရေးကိုအလွတ်မခံဘဲ ချက်ချင်း ပြေးသွားကာ ကြောင်လေးကို ပွေ့ချီလိုက်သည်။

ကြောင်လေးက ခဏတာတော့‌လန့်သွားပြီး ရုန်းကန်သလို လုပ်သော်လည်း မကြာခင်

သူ့ရင်ခွင်ထဲတွင် ငြိမ်ကျသွားသည်။

ကြောင်လေးငြိမ်သွားတာနဲ့ ရတုလည်း

ချက်ချင်း ဖုန်းထုတ်ပြီး လင်းမြတ်ပိုင်ဆီ

ဖုန်းခေါ်လိုက်သည်။

"ဟယ်လို...လင်းမြတ် ရှာတွေ့ပြီ"

"ကြောင်လေး အခုငါ့ဆီမှာဘာမှမဖြစ်ဘူး အကောင်းအတိုင်းရှိနေတယ်"

ဖုန်းတစ်ဖက်မှာတော့ လင်းမြတ်ပိုင် ထိုစကားကိုကြားပြီး စိတ်သက်သာရာရသွားသော အသံ

နဲ့...

"တကယ်ရှာတွေ့ပြီလား.."

"ကောင်းလိုက်တာ...ရတု မင်းတကယ်တော်တယ်"

"ချီပြီး မြန်မြန် ပြန်လာခဲ..အခု CEO လွှမ်းရဲ့မျက်နှာက အိုးမဲသုတ်ခံထားရသလို ဖြစ်နေပြီ"

"ဟုတ်ပြီ...ကျွန်တော် ချက်ချင်းလာခဲ့မယ်"

ဖုန်းချလိုက်ပြီးတာနဲ့ ရတု ကြောင်လေးကို ပွေ့ချီကာ ပျော်ရွှင်စွာ ပြန်လျှောက်လာခဲ့သည်။

ဒီနေ့ဟာ သူ့အတွက် တကယ်ကံကောင်းတဲ့နေ့ပဲလို့ သူခံစားမိသည်။

တစ်နေ့တည်းနဲ့ သူ့ဘဝမှာ ပထမဆုံး ရင်ခုန်မိတဲ့ မိန်းကလေးကို တွေ့ခဲ့ရသလို..ပရောဂျက်ကိစ္စလည်း အဆင်ပြေတော့မည့်ပုံပင်။

လမ်းတစ်ကွေ့ကို ချိုးပြီး လမ်းမပေါ်ရောက်ခါနီးအချိန်မှာပဲ သူနဲ့ လရိပ်မြူတို့ ထပ်မံဆုံကြပြန်သည်။

လရိပ်မြူကို မြင်လိုက်ရတာနဲ့ ရတု နှလုံးခုန်သံက အကြောင်းပြချက်မရှိဘဲ အနည်းငယ် မြန်လာခဲ့သည်။

သူ ကြောင်လေးကို ပွေ့ထားရင်း အရင်ဆုံး သွားနှုတ်ဆက်လိုက်သည်။

"ထပ်တွေ့ပြန်ပြီနော်..."

သူ့နှုတ်ဆက်လိုက်ပေမဲ့ သံစဉ်က သူ့ရင်ခွင်ထဲက ကြောင်လေးကို မြင်လိုက်တာနဲ့သူမရဲ့ မျက်လုံးများက ချက်ချင်း ပြူးကျယ်သွားကာ...

"ဟင်"

"ဒီကြောင်လေးက... နှင်းလုံးနဲ့ တူလိုက်တာ"

လရိပ်ကဲ့ အကြည့်ကလည်း ကြောင်လေးဆီ ရောက်သွားကာသူမမျက်လုံးထဲတွင် လှုပ်ရှားမှုလေးတစ်ခုဖြတ်ပြေး သွားသည်။

ဒါပေမဲ့ ခဏလေးပင်... သူမ ချက်ချင်း ပုံမှန်အေးဆေးသည့်အမူအရာသို့ ပြန်ရောက်သွားသည်။

သံစဉ်ကတော့ ရတုမင်းဆက်ကို တစ်ချက်ကြည့်လိုက်ပြီး သူ့ရင်ခွင်ထဲက ကြောင်လေးကို ပါတစ်ချက်ကြည့်လိုက်ပြီးနောက် အဓိပ္ပာယ်ရှိသည့် အပြုံးတစ်ခု ပြုံးလိုက်ပြီး...

"အိုး... ဒါ ကံကြမ္မာပဲ"

"ကိုရတုမင်းဆက် ရှင်က ကျွန်မတို့ရဲ့ ကယ်တင်ရှင်ပဲ.."

"ကယ်တင်ရှင်..."

ရတု သံစဉ်စကားကဘာကိုဆိုလိုမှန်းမသိတာကြောင့် ကြောင်သွားရသည်။

"ဟုတ်ပါတယ် ကယ်တင်ရှင်ပါ..."

ပြောရင်း သံစဉ်က ဘေးမှာထားသည့် ကင်မရာကို ပုတ်ပြလိုက်ကာ

"ဒီနေ့ညနေမှာ ရိုက်ကူးဖို့ video တစ်ပုဒ်ရှိ နေတာ ဒါမဲ့ အဲဒီမှာ အမျိုးသားမော်ဒယ်တစ်ယောက် လိုနေတာ"

"ကျွန်မတို့ ဘယ်လိုမှလူရှာလို့မရတော့လို့ရှင် ကျွန်မတို့ကို ကူညီပေးလို့ရမလားဟင်..."

"အချိန်အများကြီး မယူပါဘူး...ခဏလေးပါပဲ"

"ဒီလိုပြန်တွေ့ရတယ်ဆိုတာလည်း ရေစက်ပဲမလား ကျေးဇူးပြုပြီး ကူညီပေးပါနော်"

ရတု ပြောနေတာက သံစဉ်ဆိုပေမဲ့ သူလရိပ်ကို ကြည့်လိုက်မိတော့သူ့ ရင်ထဲက နှလုံးခုန်နှုန်းတွေမြန်လာပြီး....သူ မတွန့်ဆုတ်ဘဲ ချက်ချင်း ဖြေလိုက်သည်။

"ကျွန်တော် အားပါတယ်..."

"အားပါတယ် ဘာကူပေးရမလဲ ပြောသာပြောပါ"

သံစဉ်က သူ့ရဲ့ အဖြေကြောင့် ချက်ချင်း ပျော်ရွှင်စွာ ပြုံးလိုက်သည်။

"အာဆို ခဏလေးပါနော် ကျွန်တော် ဒီကြောင်လေးကို အရင်ဟိုတယ်ပြန်ပို့လိုက်ပါအုံးမယ် ပြီးရင် ပြန်လာခဲ့မယ်ဗျ"

"ဟုတ်ရပါတယ်...အာဆို ကျွန်မတို့ဒီမှာပဲစောင့်နေ့မယ်နော်"

"ဟုတ်ကဲ့ဗျ..ကျွန်တော်အမြန်ပြန်လာခဲ့ပါမယ်နော်"

---

ရတု ကြောင်လေးကို ပွေ့ချီပြီး ဟိုတယ်ဘက်ကိုခပ်သွက်သွက်လေး ပြန်လာခဲ့သည်။

သူဟိုတယ်ဝင်ပေါက်ကို မရောက်ခင်အဝေးကတည်းကအထဲက မြင်ကွင်းကို မြင်နေရသည်။

ကားဘေးတွင်သာမက ဟိုတယ်ဝင်ပေါက်ရဲ့ ဘေးနှစ်ဖက်စလုံးတွင် အနက်ရောင်ဝတ်စုံများ ဝတ်ဆင်ထားပြီး နားကြပ်တပ်ထားသော အမျိုးသားများ အုပ်စုလိုက် ရပ်နေကြသည်။

အားလုံးက အရပ်ရှည်ကြပြီး မျက်နှာများက အေးစက်နေကာသူတို့ မျက်လုံးများက ပတ်ဝန်းကျင်ကို သတိကြီးစွာ လိုက်လံစောင့်ကြည့်နေကြသည်။

ကြည့်ရုံနှင့်ပင် ပရော်ဖက်ရှင်နယ်ဆန်တဲ့ ကိုယ်ရံတော်များဖြစ်ကြောင်း သိသာလှသည်။

သေချာပေါက် ဒီလိုလူအုပ်ကြီးကို ဘယ်သူ့အတွက်လဲဆိုတာ ပြောနေစရာမလိုပေ။

အဲဒီလူအတွက်ပဲ....

ရတု ကြောင်လေးကို ပွေ့ချီရင်း ရောက်လာတာနဲ့ အနက်ရောင်ဝတ် အမျိုးသားများရဲ့မျက်လုံးများက ချက်ချင်း သူ့ဆီ ရောက်လာသည်။

သူတို့ အကြည့်များက သံသယနှင့် သတိထားမှုအပြည့်ပင်...

လင်းမြတ်ပိုင် ရတုကို မြင်လိုက်ရတာနဲ့သူက ကယ်တင်ရှင်တစ်ယောက်ကို တွေ့လိုက်ရသလို ချက်ချင်း ပြေးလာသလိုတင်းမာနေသော သူ့မျက်နှာကလည်း ချက်ချင်း ပြေလျော့သွားကာ...

"ရတု နောက်ဆုံးတော့ ပြန်လာပြီပေါ"

လင်းမြတ်ပိုင် စကားပင် မဆုံးသေးခင်မှာပဲ

ဟိုတယ်ရဲ့ လှည့်တံခါးတိတ်တဆိတ် ပွင့်သွားပြီး အထဲမှလူတစ်ယောက် ထွက်လာသည်။

နေကမ္ဘာလွှမ်း.....

ထိုသူရဲ့ အကြည့်က ရတုပေါ်ရင်ခွင်ထဲရှိ ကြောင်ဖြူလေးပေါ်သို့ သာရောက်နေပြီး

ဘာစကားမှ မပြောပဲလက်တစ်ဖက်ကိုသာ

ရှေ့သို့ ဆန့်ထုတ်လိုက်သည်။

ရတုလည်း ချက်ချင်း နားလည်လိုက်ပြီး ကြောင်လေးကို ဂရုတစိုက် လက်လွှဲပေးလိုက်သည်။

ကြောင်ဖြူလေးက နေကမ္ဘာလွှမ်းရဲ့ ရင်ခွင်ထဲ ရောက်သွားတာနဲ့ ထိုသူက ခေါင်းငုံ့ပြီး ကြောင်လေးရဲ့ မေးစေ့ကို လက်ချောင်းထိပ်များဖြင့် ညင်သာစွာ ကုတ်ပေး နေသည်။

သူ့လှုပ်ရှားမှုက အလွန်နူးညံ့ နေသလိုကြောင်လေးကို အလွန်တန်ဖိုးထားမြတ်နိုးသူတစ်ယောက်မှန်းသိသာလှသည်။

လင်းမြတ်ပိုင်ကတော့ အနားမှာ ရပ်ကြည့်ရင်း စိတ်လှုပ်ရှားနေဆဲပင်။

နေကမ္ဘာလွှမ်းကတော့ ဘာမှမပြောဘဲ ကြောင်လေးကို ရင်ခွင်ထဲပွေ့ချီကာလှည့်ထွက်သွားခဲ့သည်။

ကြောင်လေး အန္တရာယ်ကင်းကင်းနဲ့ လွှမ်းရင်ခွင်ထဲ ပြန်ရောက်သွားတာကို မြင်လိုက်မှပင်

လင်းမြတ်ပိုင်က အပြည့်အဝ စိတ်သက်သာရာ

ရသွားပုံရသည်။

လင်းမြတ်ပိုင် ချက်ချင်း ရတုဘက်ကိုလှည့်လိုက်ကာ....

"ရတု...မင်း တကယ်တော်တယ်"

"ဒီတစ်ခါ အများကြီး ကူညီပေးလိုက်တာပဲ"

"မင်းရဲ့ ပရောဂျက်ကိစ္စအတွက် စိတ်မပူနဲ့တော့ ငါ လွှမ်းကို ချက်ချင်းသွားပြောပေးမယ်"

"ပြီးတော့ သေချာပေါက် မင်းအတွက် အဲဒီ

ပရောဂျက်ရအောင် လုပ်ပေးမယ်"

ရတု ကြောင်လေးကို ပွေ့ချီကာ ဟိုတယ်ထဲသို့ ပြန်ဝင်သွားသော နေကမ္ဘာလွှမ်းရဲ့ နောက်ကျောကို ကြည့်နေမိပြီးမှ သူ့ဘေးတွင် ရပ်နေသော လင်းမြတ်ပိုင်ကို ကြည့်လိုက်ကာ.. စိတ်ထဲမှာလည်း တိတ်တိတ်လေး ရေရွတ်‌ နေမိသည်။

**Sun လုပ်ငန်းစု CEOရဲ့ ကြောင်လေးကို ရှာပေးရုံနဲ့ သန်းရာချီတန်တဲ့ ပရောဂျက်တစ်ခု ရနိုင်တယ်တဲ့လား***

**ဒီကြောင်လေးရဲ့ တန်ဖိုးကတော့ တကယ်ကို မယုံနိုင်စရာပဲ...**

« ရှေ့အခန်း - အခန်း- ၃၇ နောက်အခန်း - အခန်း- ၃၉ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ