Bububai ဝတ္ထု သခင့်စံအိမ် အခန်းစာရင်း

အပိုင်း (၁)

နေမင်းသခင် + စံအိမ်

မိန်းကလေးတစ်ယောက်ရဲ့ ဘဝမှာ အမြတ်နိုးရဆုံး၊ ရင်အခုန်ရဆုံးနှင့်အပျော်ဆုံးအချိန်က ကိုယ်မြတ်နိုးတန်ဖိုးထားရတဲ့ ချစ်သူနဲ့ လက်တွဲခွင့်ရတဲ့ သတို့သမီးလေးဖြစ်နေချိန်တဲ့။

ဟုတ်ကဲ့ အခု ကျွန်မ အဲ့ဒီပျော်ရွှင်မှုကို ရနေပါပြီ။

ကျွန်မ ချစ်ရတဲ့အမျိုးသားနဲ့ ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာခန်းမကြီးထဲမှာ လက်ထပ်ပွဲကို ဆင်နွှဲနေပါပြီ။

ဒါပေမယ့် အဲ့ဒီလို ပျော်ရွှင်ဖွယ်ကောင်းတဲ့ မနက်ခင်းလေးက ညအချိန်မှာတော့ ဆန့်ကျင်ဘက်အဖြစ်ပြောင်းလဲ သွားရလိမ့်မယ်လို့ ဘယ်သူက ထင်ခဲ့မလဲ။

မင်္ဂလာခန်းမဆောင်တစ်ခုလုံးကို နှင်းဆီပွင့်ဖတ်တွေ၊ ဖယောင်းတိုင်မီးအလင်းရောင် မှိန်ပျပျတွေနဲ့ အလှဆင်ထားပြီး သင်းပျံ့နေသော ရေမွှေးနံ့သင်းသင်းလေးနှင့် ရောယှက်ကာ ဆိတ်ငြိမ်အေးချမ်းနေ၏။

ဒါပေမယ့် ကုတင်ထက်တွင် ထိုင်နေသော စံအိမ် ၏ နှလုံးသားကမူ ထိုဆိတ်ငြိမ်မှုကို ဆန့်ကျင်ကာ တဒိန်းဒိန်း ခုန်လှုပ်နေသည်။

သူမ မျှော်လင့်နေခဲ့ရသည့် အချိန်လေး ရောက်လာခဲ့ပြီ။

နေမင်းသခင် ... သူ့နာမည်နဲ့ လိုက်ဖက်ညီစွာပင် တောက်ပလွန်းသူ၊ နွေးထွေးသူ၊ ပြီးတော့ သူမကို ကာကွယ်ပေးသူ။

ဒီလူသားကို သူမ ပိုင်ဆိုင်ခွင့်ရခဲ့ပြီ။

"ဂျိမ်း..."

တံခါးဖွင့်သံ ခပ်ကြမ်းကြမ်းတစ်ခုကြောင့် စံအိမ် အတွေးစတို့ ပြတ်တောက်သွားရသည်။ အခန်းဝတွင် ရပ်နေသူက သူမ မျှော်လင့်နေသော နေမင်းသခင်။ ဒါပေမယ့်... သူ့မျက်နှာထားက ထူးဆန်းနေ၏။

မနက်ခင်းက မင်္ဂလာပွဲမှာ မြင်ခဲ့ရတဲ့ အပြုံးချိုချိုတွေ ပျောက်ဆုံးနေပြီး မျက်ဝန်းတွေက နီရဲကာ ဒေါသအငွေ့အသက်တွေ လွှမ်းခြုံနေသလို။

"သခင်... ဘာ... ဘာဖြစ်လာတာလဲဟင်"

စံအိမ် စိုးရိမ်တကြီး မေးလိုက်မိပေမယ့် အဖြေစကားထွက်မလာ။ နေမင်းသခင်က သူမရှိရာ ကုတင်ဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းလာကာ သူ့ခြေလှမ်းတိုင်းက မင်္ဂလာဦးညရဲ့ ကြည်နူးမှုအစား ကြောက်မက်ဖွယ်ရာ အငွေ့အသက်တွေကို သယ်ဆောင်လာသယောင်။

"ဗြန်း "

စကားပင်မဆုံးလိုက်။ ဓာတ်ပုံအထပ်လိုက်သည် စံအိမ်၏ မျက်နှာတည့်တည့်ဆီသို့ လွင့်ပျံလာကာ ပါးပြင်ကို ရိုက်ခတ်ပြီး ကုတင်ပေါ်၊ ကြမ်းပြင်ပေါ်သို့ ဖွေးဖွေးလှုပ် ပြန့်ကျဲသွားသည်။

ထိုပုံများကို မကြည့်မိခင် ထိုပုံတွေကို သူမအရှေ့ ပစ်ချလိုက်တဲ့ လူကို မော့ကြည့်မိတော့ သူမ သိပ်ချစ်ရပါတယ်ဆိုတဲ့ အမျိုးသား။

ဟုတ်တယ် ... သူမအပေါ်မှာ အမြဲတမ်းကြင်နာမှုအပြည့်နဲ့ အချစ်ပေးနိုင်ဆုံးယောက်ျား။

ဒါပေမယ့် အခုတော့ ...

အမြဲတမ်း အကြင်နာတွေဖုံးလွှမ်းနေတတ်တဲ့ အကြည့်တွေကနေ

ထိုအမျိုးသားက သူမကို ရွံစရာသတ္တာဝါတစ်ကောင်အလား အကျည်းတန်စွာ ကြည့်နေသည်။

ဘာလဲ ... အဓိပ္ပါယ်ကို အဖြေရှာမရခင် ထိုအမျိုးသား

ပစ်ပေးလိုက်တဲ့ သူမအရှေ့တည့်တည့်မှာ ရှိနေသည့် ပုံတွေဆီ အကြည့်ရောက်သွားမိခိုက်။

"ဟင် ..."

ထိုစကားသံက စိတ်ထဲကနေပဲ ပြောလိုက်မိတာပါ။

အပြင်ကို ထွက်မလာခဲ့။

အပြင်ကို ထွက်မလာနိုင်အောင်ကို သူမစိတ်ကို တုန်ခါနိုင်စွမ်းရှိတဲ့ ပုံတွေ။

အဲ့ဒါထက် မင်္ဂလာဦးညမှာ ဒီပုံတွေ သူမဆီ ပစ်ပေးလိုက်တဲ့ အမျိုးသားလို့ပြောရမလား။

ပုံတွေကို သူမကောက်ကိုင်လိုက်ပြီး သူမ သိပ်ချစ်ရတဲ့ အမျိုးသားကို တဖန်ပြန်မော့ကြည့်လိုက်တော့ အံကို တင်းတင်းကြိတ်ကာ ကြည့်နေတဲ့ အကြည့်တွေက တစ်ခါမျှ မမြင်ဖူးတဲ့ အကြည့်မျိုး။

လူတစ်ယောက်ကို ဒီလို အကြည့်မျိုးနဲ့ ကြည့်တတ်မှန်းတောင် မထင်ရတဲ့ ထိုအမျိုးသားဆီက။

သူမကို ချစ်ပါတယ်လို့ တဖွဖွ ပြောတဲ့ အမျိုးသားဆီက။

"ဘာသဘောလဲ။ "

ပုံတွေ ခပ်တင်းတင်းဆုပ်ရင်း တုန်ယင်နေသော အသံအား ထိန်းကာ မေးလိုက်လျှင် အရင်လိုနူးညံ့ချိုသာတဲ့ အသံမျိုးမဟုတ်ပဲ သိပ်ကို မာထန်ကာ မာန်ပါသော လေသံဖြင့် သူ့စကားတွေက သူမရင်ကို ဖောက်ထွင်းလိုက်သည့် စူးတစ်ချောင်းအလား။

"အံ့ဩသွားလား "

"ဒါ... ဒါတွေက အတိတ်က ပုံတွေပါ ... စံအိမ်နဲ့ ကိုထက်အာကာက လမ်းခွဲခဲ့ကြတာ ကြာပါပြီ... ပြီးတော့ သူက..."

"သူက ငါ့အစ်မ နွေအရိပ်ရဲ့ ယောက်ျား..."

သူ့စကားသံကြားသည်နှင့် မျက်လုံးအစုံ ပြူးကျယ်ကာ တုန်ယင်သွားကာ နှုတ်ခမ်းဖျားလေးတွေပင် တုန်လှုပ်သွား၏။

"ရှင်... ရှင် ဘာပြောလိုက်တာလဲ"

သူကတော့ တုန်လှုပ်သွားတဲ့ သူမ မျက်နှာအား ခပ်စူးစူးစိုက်ကြည့်နေလေရဲ့။

ထိုအကြည့်ထဲတွင် ဒေါသ၊နာကျင်မှု၊ထို့အပြင် ဘာတွေပါနေနိုင်ဦးမလဲ။

"ဟက်... မင်းက မသိချင်ယောင်ဆောင်နေတာလား... ထက်အာကာဆိုတဲ့ကောင်က ငါ့အစ်မ နွေအရိပ်ရဲ့ ယောက်ျား...

မင်းနဲ့ အဲ့ဒီကောင် ဖောက်ပြန်နေကြလို့ ငါ့အစ်မ စိတ်ဆင်းရဲပြီး ဆုံးပါးသွားခဲ့ရတာ ...မင်းတို့နှစ်ယောက်စလုံးက လူသတ်သမားတွေပဲ"

စံအိမ် ခေါင်းကို တွင်တွင်ခါလိုက်သည်။

အမှန်တရားက ထိုသို့မဟုတ်။

"မဟုတ်ဘူး သခင်... ရှင် အထင်လွဲနေပြီ...စံအိမ် စံအိမ် ..."

"တိတ်စိမ်း ... ဘာလဲ ... တအားကြောက်သွားလား။

နိုး အခုမှ အစပဲရှိသေးတာ။

ငါ့အမ ခံစားရထက် မင်းကို နှစ်ဆ မဟုတ်ဘူး။

အဆ တစ်ရာ မင်းအသက်ရှိသရွေ့ ငရဲလို ပူလောင်ခံစားနေရအောင် ငါလုပ်ပြမယ်။မင်းရဲ့ စိတ်တွေ၊ ခန္ဓာကိုယ်တွေ အားလုံး ကျေမွသွားတဲ့အထိ ငါ နှိပ်စက်မှာ..." "

သခင့်စကားလုံးများက စံအိမ့် နှလုံးသားကို ဆွဲဆုတ်လိုက်သလို ခံစားလိုက်ရသည်။ သူမကို ချစ်လို့ လက်ထပ်ခဲ့တာ မဟုတ်ဘူးတဲ့လား။

ဒီတစ်လျှောက်လုံး သူမအပေါ် ချစ်ပြ ကြင်နာပြခဲ့တာတွေက အတုအယောင်တွေတဲ့လား။

လက်စားချေချင်လို့ တမင်အကွက်ကျကျ စီစဉ်ခဲ့တာတွေတဲ့လား။

"ရှင် ... ရှင် တော်တော် ယုတ်မာတဲ့လူပဲ။ "

သူမ လက်ညှိုးတထိုးထိုးနှင့် ဆိုလျှင် အသံနက်ကြီးနှင့် အော်ချလိုက်၏။

"မင်းလိုတော့ ရွံစရာမကောင်းဘူး။ "

ထိုအခါ သူမ ကိုယ်လေး တွန့်သွားကာ သူမ မျက်ဝန်းတွေက ကြောက်ရွံ့မှုကို အထင်းသားပေးနေသယောင်။

နာကျင်လွန်းသဖြင့် မျက်ရည်များကြားမှ စံအိမ် မတ်တပ်ထရပ်လိုက်သည်။ သူမ၏ ကာကွယ်မှုမဲ့နေသော မျက်ဝန်းများက သခင့်ကို စိုက်ကြည့်လိုက်သည်။

"ကွာရှင်းမယ် ... ကျွန်မ ရှင်နဲ့ အခုချက်ချင်းကွာရှင်းမယ်။ "

ကပြာကယာနှင့် ကျုံးထကာ အခန်းပြင်ထွက်ဖို့လုပ်လျှင် သူက သူမလက်အား ဆောင့်ဆွဲလိုက်ကာ စံအိမ်နှင့် မျက်နှာချင်းဆိုင်သို့ တိုးကပ်လာပြီး သူမ၏ မေးဖျားကို ကြမ်းတမ်းစွာ ဆွဲမော့လိုက်သည်။..

"မင်းကို ဘယ်သူက ကွာရှင်းပေးမယ်ပြောလို့လဲ။

အဟက်... မင်းက သိပ်ရယ်ရတာပဲ စံအိမ်... ငါ့ဘက်က ဂိမ်းစတောင် မစရသေးဘူး... မင်းက ထွက်ပြေးချင်နေပြီလား... မရဘူး မင်း ငါ့အစ်မကို ပေးခဲ့တဲ့ နာကျင်မှုတွေ အကုန်လုံး ပြန်မပေးဆပ်ရသေးသရွေ့ မင်း ဒီအိမ်က ခြေတစ်လှမ်းတောင် ခွာခွင့်မရှိဘူး။

မင်းချစ်တဲ့ ယောက်ျားက တခြားမိန်းမတစ်ယောက်နဲ့ ဖောက်ပြန်နေတဲ့ ခံစားချက်ကြီးကို ခံစားကြည့်။

တစ်သက်လုံး ကွာရှင်းမပေးဘူး။ "

"ရှင်... ရှင်က လူယုတ်မာပဲ နေမင်းသခင် မနေနိုင်ဘူး ... လွှတ် ရှင့်လို လူမျိုးနဲ့ ကျွန်မ လုံးဝ အတူမနေနိုင်ဘူး။ "

စံအိမ်က သခင့်ရင်ဘတ်ကို တွန်းထုတ်ကာ တံခါးပေါက်ဆီသို့ အတင်းပြေးထွက်ရန် ကြိုးစားလိုက်သည်။ သို့သော် သူမခြေလှမ်း နှစ်လှမ်းပင် မပြည့်လိုက်။ သခင့်လက်များက သူမ ခါးသိမ်သိမ်လေးကို နောက်မှနေ၍ ရစ်ပတ်ဆွဲယူလိုက်သည်။

"ငါကလည်း မင်းကို တစ်သက်လုံး ငါ့အနားထားပြီး နှိပ်စက်မှာ။ "

"လွှတ်... လွှတ်စမ်း... ကျွန်မကို လွှတ်"

"ဘယ်ကိုပြေးမလို့လဲ... ဒီညက ငါတို့ရဲ့ မင်္ဂလာဦးညလေ... ဇနီးသည်က ခင်ပွန်းသည်အတွက်ဖြည့်ဆည်းပေးရမယ့် တာဝန်ကို ကျေပွန်ရမယ် မဟုတ်လား"

ပြောပြောဆိုဆိုနှင့်ပင် နေမင်းသခင်သည် ရုန်းကန်နေသော စံအိမ်ကို ပွေ့ချီကာ ပန်းရောင်လွှမ်းနေသော မင်္ဂလာဦးကုတင်ပေါ်သို့ အရှိန်ပြင်းပြင်းဖြင့် ပစ်ချလိုက်သည်။

"အ"

ကျောပြင်နှင့် မွေ့ရာ ထိရိုက်မိသော အရှိန်ကြောင့် စံအိမ် အင့်ခနဲ ဖြစ်သွားရသည်။ သူမ ထဖို့ ကြိုးစားသော်လည်း နေမင်းသခင်၏ သန်မာသော ခန္ဓာကိုယ်ကြီးက သူမအပေါ်သို့ အုပ်မိုးကာ ဖိချထားလိုက်ပြီ ဖြစ်၏။

"သခင်... ဖယ်... ဖယ်ပေးပါ... ကျွန်မ ရှင်းပြပါရစေ... ကိုထက်အာကာနဲ့ ကျွန်မက..."

"ထက်အာကာဆိုတဲ့ နာမည်ကို မင်းပါးစပ်က ထပ်မထွက်စေနဲ့"

သခင်က ဟိန်းဟောက်လိုက်ရင်း စံအိမ်၏ လက်နှစ်ဖက်ကို ခေါင်းရင်းရှိရာသို့ ချုပ်ကိုင်ကာ ဖိကပ်ထားလိုက်သည်။

"ဟင့်အင်း... မဟုတ်ဘူး... မလုပ်ပါနဲ့ သခင်... ကျွန်မ တောင်းပန်ပါတယ်..."

စံအိမ် လက်အုပ်ကလေးချကာ ငိုယိုတောင်းပန်မိသည်။

သို့သော် သခင့်မျက်လုံးများတွင် သနားညှာတာမှု အရိပ်အယောင် တစ်စက်မျှမရှိ။

"မင်း ငါ့ကို ချစ်တယ်မလား စံအိမ်...မင်းရဲ့ အချစ်ဆိုတာ ဘယ်လိုအရသာရှိလဲ ငါမြည်းစမ်းကြည့်ရသေးတာပေါ့..."

ပြောပြောဆိုဆိုပင် သခင်က စံအိမ်၏ ပခုံးသား ဖွေးဖွေးဆီသို့ ကြမ်းတမ်းစွာ ငုံ့ဆင်းလိုက်သည်။ အနမ်းမဟုတ်သော... နာကျင်စေလိုသော ကိုက်ခဲမှုများဖြင့် သူမ လည်တိုင်နှင့် ပခုံးသားများကို သိမ်းပိုက်လိုက်၏။

"အ... နာတယ်... မလုပ်ပါနဲ့... ကျေးဇူးပြုပြီး..."

စံအိမ် အော်ဟစ်ရုန်းကန်သော်လည်း ယောကျာ်းအားကို မယှဉ်နိုင်။

"မလုပ်... အွန်း"

စံအိမ့် ငြင်းဆန်သံများသည် သခင့်နှုတ်ခမ်းထူထူများ၏ ကြမ်းတမ်းစွာ ဖိကပ်နမ်းရှိုက်ခြင်းအောက်တွင် ပျောက်ဆုံးသွားရသည်။

အနမ်းက ချိုမြိန်ခြင်းမရှိပဲ ကြမ်းတမ်းလွန်းသည်။

သူမ နှုတ်ခမ်းများ ပေါက်ပြဲသွားပြီး သွေးစတို့၏ ငန်ကျိကျိအရသာကို ခံစားလိုက်ရသည်။

စံအိမ့် လက်သီးဆုပ်လေးများက သခင့်ကျောပြင်ကို ထုရိုက်ကာ ရုန်းကန်သော်လည်း သခင်က သူမ လက်နှစ်ဖက်ကို ဦးခေါင်းထက်သို့ ဆွဲတင်ကာ လက်တစ်ဖက်တည်းဖြင့် ချုပ်နှောင်လိုက်သည်။

ထို့နောက် သခင့်လက်တစ်ဖက်က မင်္ဂလာဝတ်စုံကို ဆွဲဖြဲပစ်လိုက်၏။

"ဗြိ..."

အသစ်စက်စက် မင်္ဂလာဝတ်စုံလေး ပြဲသွားသံက အခန်းထဲတွင် စူးရှစွာ ထွက်ပေါ်လာသည်။ လှပသော မင်္ဂလာဝတ်စုံလေးသည်

သခင့် လက်ချက်ဖြင့် စုတ်ပြဲသွားကာ စံအိမ် ရင်ဘတ်က ဟာလာဟင်းလင်း ဖြစ်သွားတော့သည်။

"ဟင့်အင်း ... မလုပ် မလုပ်ပါနဲ့ "

စံအိမ့် လက်သည်းများနှင့် သခင့်ကျောပြင်ကို ကုတ်ခြစ်ပစ်လိုက်သော်လည်း သခင်က ရပ်တန့်မသွား။ သူမ ခန္ဓာကိုယ်အနှံ့ကို ပိုင်စိုးပိုင်နင်းဖြင့် နယ်ချဲ့လာသည်။

အပိုင်း (၂) ဆက်ရန် ...

Author -Anna Lynn

ပထမအခန်းဖြစ်ပြီး နောက်အခန်း - အပိုင်း (၂) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ