Bububai ဝတ္ထု အချစ်ဘတ္ထရီလေး အခန်းစာရင်း

Love Battery အပိုင်း (၃၃ )

💛သီဟသက်လင်း + ဖြူရှင်းသန့်💛

ရှင်းသန့် အိမ်သို့ရောက်လျှင် ထင်တဲ့အတိုင်း မေမေက ရှင်းသန့်ကို လိုက်ရှာနေ၏။

"ဟဲ့ ... သမီး ဘယ်သွားနေတာလဲ။

မေမေက ပျောက်လို့လိုက်ရှာနေတာ။ "

မေမေက ရှင်းသန့်ကို မျက်ခုံးတွေတွန့်ချိုးလျှက်မေးလျှင် ရှင်းသန့် ခေါင်းကိုကုတ်ရင်း အထစ်ထစ်အငေါ့ငေါ့နှင့် ပြန်ဖြေလိုက်သည်။

"ဟို ... ဟို လမ်းထိပ်မှာ မုန့်သွားစားတာ မေမေ "

"ဟယ် ... ဒီအချိန်ကြီး မုန့်သွားစားတာ။ "

"ဟုတ် "

"အမယ်လေး ... ညဉ်းနှယ့်အေ ဘာမုန့်မလို့ ဒီအချိန်ကြီး

သွားစားတာတုန်း "

"ဟို ...မုန့်လင်မယား "

"အမယ်လေး ... မုန့်လင်မယားများအေ

ဘယ်အချိန်ဝယ်စားစားရတာကို "

"ရှင်းသန့်တအားစားချင်လာလို့ သွားစားတာပါ ဟီး ဟီး "

"‌လာပြီး သွားဖြီးပြမနေနဲ့ နောက်တစ်ခါ ဒီအချိန်ကြီးထိ

အပြင်မထွက်နဲ့နော်။ "

"ဟုတ် ... ရှင်းသန့် ရေသွားချိုးလိုက်ဦးမယ်နော် မေမေ "

"ဟဲ့ ... အလုပ်က ပြန်လာတြန်းက ရေချိုးပြီးသွားပြီမလား။ "

"ဟုတ် ... အခု ပြန်ပူလာလို့ မေမေ "

"ဟင်း ... ‌အချိန်မရှိတော့ပါဘူးဆို။

ဖျားပြန်ဦးမယ် "

"မဖျားပါဘူး မေမေရဲ့။"

"မြန်မြန်ချိုးနော် "

"ဟုတ် "

ရှင်းသန့် အပေါ်ထပ်သို့တက်သွားလျှင် ဒေါ်ဖြူဖြူခက်တစ်ယောက် သူ့သမီးသူလှမ်းကြည့်ရင်း ခေါင်းတွေရမ်းလိုက်သည်။

________________

"ဟယ်လို ... လူကြီး "

"အင်း ... မနက်က မတွေ့လိုက်ရလို့ "

"ဟုတ်တယ် ... မနက်က အလုပ်အစောကြီး ထွက်လာခဲ့လိုက်ရတာ။ "

"အင်း ... ညက အဆူခံလိုက်ရသေးလား။

ကိုယ် ဟင်းလာပို့တော့ ကလေးမကို မတွေ့လို့

ဖုန်းခေါ်တော့လဲ မကိုင်လို့လေ"

"ဟင့်အင်း ... အဆူမခံရပါဘူး။

ညက လူကြီးကြောင့် ရှင်းသန့်ပင်ပမ်းပြီး အစောကြီးအိပ်ပျော်သွားတာလေ "

"အဟက် ... ဒီညရော မပင်ပမ်းချင်ဘူးလား။ "

"လူကြီးနော်... ဒီမှာ လူက ညကအရှိန်နဲ့တောင် တအားနာနေသေးတာ။ ဒီနေ့လူကြီးဆီမလာတော့ဘူး။ "

"ဟာ ... အဲ့လိုတော့ မလုပ်နဲ့လေကွာ။

ကိုယ်က ကလေးမကို လွမ်းနေတာ။

ကိုယ်ဘာမှ မလုပ်ပါဘူး။

ဒီအတိုင်း အိမ်လာခဲ့နော် ... ကိုယ်ကလေးမကြိုက်တဲ့

မုန့်တွေလုပ်ထားမယ်။ "

"ဟွန့် ... သူများကို မုန့်နဲ့လာမျှားနေတယ်။ "

"အဟွန်း ... လာမယ်မလား။ "

"အင်း... မနေ့ကလို အကြာကြီးတော့မရဘူး။

မနေ့က မေမေမေးလို့ ရှင်းသန့်မှာ မနည်းညာလိုက်ရတယ်။ "

"ဘယ်လိုညာလိုက်တာလဲ။ "

"မုန့်ထွက်စားတာလို့ ... မုန့်လင်မယားစားချင်လို့ သွားစားတာလို့ ပြောလိုက်ရတယ်။ "

"ဟားဟား ... အဲ့လိုပြောလိုက်တာဆို ကလေးမက

လိမ်ရာဘယ်ရောက်ပါ့မလဲကွ။ "

"ဟင် ..."

ရှင်းသန့် မျက်လုံးလေးဝိုင်းကာ စဉ်းစားနေမိပြီးမှ

တစ်ဖက်က ကိုကြီးရဲ့ ရယ်သံကြီးကြောင့် အတွေးပေါက်သွားကာ

မျက်နှာတပြင်လုံး ရဲတွတ်သွားတော့သည်။

"အာ .. လူကြီးနော် "

"အဟက် ... ဘယ်လိုလဲ မုန့်လင်မယားက တော်တော်စားကောင်းရဲ့လား။ "

"ဦးသီဟသက်လင်း "

ရှင်းသန့် မျက်နှာတွေ ပူထူလာကာ အသံစွစွာနှင့် အော်လိုက်လျှင်

တစ်ဖက်က လူကြီးရဲ့ ရယ်သံကြီးက အဆက်မပြတ်ထွက်လာတော့သည်။

ရှင်းသန့်လည်း ဖုန်းကိုချကာ ပိတ်ပစ်လိုက်တော့၏။

____________

"ဟဲ့ ရှင်းသန့် ဘယ်လိုလဲ နင်နဲ့နင့်လူကြီးအခြေအနေ "

ခင်ခင်ဇာက ရှင်းသန့်နှင့်တွေ့တာနဲ့ မေးလျှင် ရှင်းသန့်မျက်နှာလေး

သွားမစိနိုင်အောင် ပြုံးဖြီးသွားမိသည်။

"အဲ့ဒါလား ... ဟီ ဟီ "

မျက်နှာပိုးမသေတဲ့ ရှင်းသန့်အား ကြည့်ကာ အသွင်က နှာခေါင်းကြီးရှုံ့လျှက် ပြောလေသည်။

"အမယ် ... ဒီဟာမကို မေးစရာမလိုတော့ဘူး ရုပ်ကိုကြည့်။ "

"ဟီး ... သိရင်လည်း ပြီးရော "

"အဲ့ဒါဆို နင်တို့ကပြန်ပေါင်းတော့မှာပေါ့ "

ဒီတစ်ခါဝင်ပြောလာတာကတော့ ရှင်းသန့်တို့အဖွဲ့က အအေးဆုံး မေခိုင်ပါ။

"အင်း ... ပေါင်းမှာတော့ဟုတ်တယ်။

ဒါပေမယ့် အခုတော့မဟုတ်သေးဘူး။ "

"ဟင် ... နင့်ဟာကြီးက ဘယ်လိုကြီးတုန်း။

ဘာလဲ နင့်လူကြီးက နင့်ကိုမကျေနပ်လို့ ပြန်ချေနေတာလား။ "

"ဟာ ... မဟုတ်ပါဘူးဟ။

လူကြီးက အဲ့လိုမျိုးမဟုတ်ဘူး။

သူက ပြန်ပေါင်းကြမယ်ပြောတယ်

ငါက မေမေ့ကိုကြောက်လို့ ဟီး "

ရှင်းသန့်က သွားလေးဖြီးပြကာပြောလိုက်လျှင် သုံးယောက်လုံး နှုတ်ခမ်းတွေမဲ့သွားကြတော့သည်။

________________

"လူကြီး "

ခြံရှေ့မှာ ထွက်ရပ်နေတဲ့ လူကြီးအား ပြေးကာ ခုန်ပြီးဖက်လိုက်လျှင်

သူက ရှင်းသန့်ကိုယ်လေးအား တင်ပါးမှ ပွေ့ကာ ချီထားပေးလေသည်။

"အာ့ ... လေးလိုက်တာကွာ"

သီဟက မျက်နှာကြီးရှုံ့ကာ ရယ်ကျဲကျဲနှင့် ဆိုလိုက်လျှင်

ရှင်းသန့် လူကြီးရင်ဘတ်ကို လက်သီးစုပ်ကလေးနှင့် ခပ်ဖွဖွထုကာ ...

"ဘာလေးတာလဲ ...သူ့ခန္ဓာကိုယ်ကြီးမှ အားမနာ "

"ဟား ဟား ... လာ အိမ်ထဲသွားကြမယ် "

"အင်း "

ရှင်းသန့် ခြေထောက်နှစ်ဖက်အား လူကြီးခါးမှာခွကာ

လူကြီးလည်တိုင်အားဖက်ပြီး လိုက်သွားလိုက်သည်။

အိမ်ထဲရောက်တော့လည်း‌လူကြီးက ရှင်းသန့်ကို အောက်မချပေးပဲ

ချီထားတဲ့အတိုင်းပဲ သူကထိုင်ချကာ ရှင်းသန့်ကိုလည်း

သူ့ကိုခွလျှက်နှင့် သူ့ကိုယ်ပေါ်မှာ ထိုင်စေ၏။

"လူကြီး "

"ဗျ "

"ချစ်တယ် "

"ဟာကွာ ... ကလေးမက ခြွေလိုက်တာ။ "

သီဟသက်လင်းရဲ့မျက်နှာကြီးက မထိန်းနိုင်အောင် ပြုံးဖြီးသွားပြီး

သူမ မျက်နှာတစ်ပြင်လုံးကိုလည်း အသည်းယားစွာ လိုက်လံနမ်းရှိုက်တော့သည်။

"အို ... လူကြီး ခစ် ခစ် ခစ် "

"မွ မွ ... ပြွတ် ပြွတ်စ် "

လူကြီးက ရှင်းသန့်ကိုမျက်နှာကို နမ်းရှိုက်ရုံမကပဲ သူ့မေးစေ့က အမွှေးငုတ်စိလေးတွေနဲ့ပါ လိုက်ပွတ်နေတာကြောင့် ယားလာသလို ရင်တွေလည်း တဒိတ်ဒိတ်နှင့် အခုန်မြန်နေတော့သည်။

"အာ့ ... လူကြီး ယားတယ်လို့ ဟ့ ခစ် ခစ်"

"ကိုယ်တို့ ပြန်ပေါင်းကြစို့ကွာ "

"အာ့ ... ဖယ် လူကြီးမျက်နှာကြီး ဖယ်ပြီးမှ စကားပြော "

"အွန်း ... ပြွတ် "

သီဟက အဆုံးသတ်အနေနှင့် သူမနှုတ်ခမ်းလေးအား နမ်းပြီး

လွှတ်ပေးလိုက်လေသည်။

ပြီးမှ သူမလက်ကလေးနှစ်ဖက်အား ဆုပ်ကိုင်၍ မျက်နှာလေးအား အလေးအနက်စိုက်ကြည့်ကာ ...

"ကိုယ်တို့ ပြန်ပေါင်းကြစို့... ကိုယ်မင်းနဲ့ ပြန်ပေါင်းချင်ပြီ "

"ရှင်းသန့်လည်း ပြန်ပေါင်းချင်ပါတယ်။

ဒါပေမယ့် မေမေ့ကိုကြောက်တယ် "

"ကိုယ်လိုက်ပြောမယ်လေ ... ကလေးမ မိဘတွေကို "

"အင်း ... နည်းနည်းလောက်တော့စောင့်ပါဦး။

လူကြီးပြန်ရောက်တာတောင် မကြာသေးဘူး။

ပြန်ပေါင်းမယ်ဆို ပြောစရာဖြစ်နေလိမ့်မယ် "

"ဟာ ... လင်မယားအချင်းချင်းပြန်ပေါင်းတာကိုကွာ "

"ကဲပါ ... နည်းနည်းလောက် ထပ်စောင့်လို့ ဘာမှမဖြစ်ပါဘူး လူကြီးရဲ့ "

"ဖြစ်တယ်။

ကိုယ်ကတော့ တော်တော်ဖြစ်တယ် "

"ဘာဖြစ်တာလဲ "

ရှင်းသန့်က မျက်လုံးလေးလှန်ကာ မေးလျှင် လူကြီးက ပြုံးစိစိနှင့်

သူ့အောက်ကို မေးငေါ့ပြလေသည်။

"ဒီကောင်လေ "

"အား ... လူကြီးတအား ညစ်ပတ်ပတ်တယ် "

ရှင်းသန့် မျက်နှာကို သူ့ရင်ဘတ်ထဲတိုးဝင်ကာ လူကြီး

ရင်ဘတ်ကြီးအား ထုရိုက်လိုက်လျှင် သူက တဟားဟားနှင့် အော်ရယ်လေသည်။

"ဪ မေ့နေတာ။

ကိုယ်ကလေးမအတွက် မုန့်တွေလုပ်ထားတယ်။

လာ ထ စားရအောင်။ "

"အင်း "

ရှင်းသန့်ခေါင်းလေးကို လူကြီးရင်ဘတ်ထဲမှ ထွက်ကာ ခေါင်းညိတ်ပြလိုက်ပြီး လူကြီးက ထလို့ပြောပေမယ့် မထပဲ လူကြီးခါးကို ခြေထောက်နှစ်ဖက်နှင့်ခွလိုက်လျှင် လူကြီးကလည်း အလိုက်တသိနှင့် ရှင်းသန့်အား မီးဖိုခန်းထဲ ချီပြီးခေါ်သွားလေသည်။

မီးဖိုခန်းထဲရောက်လျှင် လူကြီးက အုပ်ဆောင်းဖွင်ပြတော့မှ ရှင်းသန့် လူကြီးကိုယ်ပေါ်ကနေ ဆင်းလိုက်၏။

"ဝါး ... အများကြီးပဲ "

"အင်း ... ကလေးမ ကြိုက်သလောက်စား။

မဝရင် လူကိုစားလည်းရတယ် "

"လူကိုတော့ မစားချင်ပါဘူး။ "

"ကိုယ်က ကျွေးချင်တာ။ "

စားစရာတွေတစ်ခုပြီးတစ်ခုနှိုက်စားနေတဲ့ ရှင်းသန့် နားရွက်ဖျားလေးအနားတိုးကပ်ကာ ပြောလျှင် ရှင်းသန့်စားလက်စမုန့်ပါနင်ပြီး

ရင်တွေ တလှပ်လှပ်ဖြစ်သွားရသည်။

အပိုင်း (၃၄) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - Love Battery အပိုင်း (၃၂ ) နောက်အခန်း - Love Battery အပိုင်း (၃၄ ) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ