Bububai ဝတ္ထု အချစ်ဘတ္ထရီလေး အခန်းစာရင်း

အပိုင်း ( ၁၀)

💛သီဟသက်လင်း + ဖြူရှင်းသန့်💛

"ဟယ်လို "

ဟိုလူယုတ်မာကြီးက ရှင်းသန့်ဖုန်းကို ပြန်ပေးထားပြီမို့

သူအပြင်သွားတုန်း ခင်ဇာ့ဆီဖုန်းခေါ်လိုက်သည်။

ရှင်းသန့်ဖုန်းထဲမှာ မစ်ကောတွေဝင်နေတာ မနည်းမနောပဲလေ။

ကိုကိုကလည်း ခေါ်ထားပေမယ့် ကိုကို့ကိုတော့ ရှင်းသန့်

မဆက်သွယ်ဝံ့တာကြောင့် ခင်ဇာ့ဆီသာ ခေါ်လိုက်သည်။

ခင်ဇာကလည်း ဖုန်းဝဝင်တာနှင့် ချက်ချင်းတန်းကိုင်လေ၏။

"ဟယ်လို ရှင်းသန့်လား။ "

"အင်း ... ဟုတ်တယ်။ "

"ဘယ်လိုဖြစ်တာလဲဟယ်။

အခုမှပဲ ခေါ်တော့တယ်။ "

"ငါ့ဖုန်းအသိမ်းခံထားရလို့ "

"အင်း ... နင်အဆင်ပြေရဲ့လား။

ဘယ်အဆင်ပြေပါ့မလဲနော်။ "

"အင်း "

"ငါတို့ နင့်မင်္ဂလာဆောင်တုန်းက လာသေးတယ်သိလား။

ကိုဩရထူးရောပဲ "

"ဟင် ...ကိုကိုရောလား။

ငါငါလည်း မတွေ့ပါလား "

"ဘယ်တွေ့မလဲဟ။

ငါတို့က မင်္ဂလာပွဲ လာတက်တာမဟုတ်ဘူးလေ။

နင့်ကိုလာခိုးကြတာ။ "

"ဘယ်လို ... ဘာတွေလဲဟင်။

ငါလည်းဘာမှမသိပါလား။ "

"ဟင်း ...မပြောချင်တော့ပါဘူးဟယ်။"

"နင့်လူကြီးက တော်တော်လည်တယ်သိလား။

ငါတို့လာမှာ သိလို့ထင်တယ်။ သတို့သမီးအတု ထားထားတယ်လေ။

ငါတို့လည်း လောလောနဲ့ နင်ထင်ပြီး ခိုးလာလိုက်တာပေါ့။

အဲ့ဒါ ဟိုရောက်မှ ကိုဩရထူးက နင်မဟုတ်မှန်းသိတာ။ "

"ဟင် ... ကိုကိုက လာခဲ့သေးတာပေါ့။

ကိုကိုရော အဆင်ပြေရဲ့လားဟင်။

သူ့လက်ကဒဏ်ရာရော။ "

"အင်း ... အခုတော့ သက်သာပါတယ်။

ဖြစ်ဖြစ်ချင်းနေ့တုန်းကတော့ သတိမေ့သွားတာ ကိုရဲမာန်တို့ ဆေးရုံအပို့မြန်လို့။ "

"ကိုကို ... အဲ့လောက်တောင် ဖြစ်သွားတာလား။

အဟင့် ဟင့် အဲ့လူကြီးကိုမုန်းလိုက်တာ။ "

"ပြီးပြီးသွားပြီပဲဟာ ဘာလုပ်လို့ရမှာလဲ။

အခု ကိုဩရထူးလည်း တောင်ကြီးကို ပြန်မယ်တဲ့။

အပြင်ဒဏ်ရာသက်သာပေမယ့် အတွင်းဒဏ်ရာကတော့

ဘယ်ပျောက်ပါ့မလဲဟာ။ "

"အဟင့် အင့် ငါ့ကြောင့် ငါ့ကြောင့်ပါ။ "

"နင့်ကြောင့် မဟုတ်ပါဘူးဟယ်။

နင့်လူကြီးကြောင့်"

"ငါ့လူကြီးလို့ မပြောစမ်းပါနဲ့ဟာ။

နားခါးလွန်းလို့ပါ။ "

"အေးပါ။

အဲ့လူကြီးကလေ တော်တော် ယုတ်မာတာ သိလား။

သတို့သမီးအတုအစားထိုးရုံတင်မကဘူး။

အဲ့သတို့သမီးအတုရဲ့ မိဘတွေကို အမှုဖွင့်ခိုင်းလိုက်တာ ငါတို့တွေအကုန်လုံး ရဲစခန်းရောက်သွားတာ မိဘတွေခေါ်ပြီး ခံဝန်ထိုးမှပဲ ပြန်လွတ်ခဲ့တာ။ "

"ဘာ ... အဲ့လူက အဲ့လောက်တောက် ယုတ်မာတာလား။ "

"အင်း ... တကယ်ကြောက်ဖို့ကောင်းတဲ့လူကြီး။ "

"အဟင့် ... ငါတောင်းပန်ပါတယ်ဟာ။

ငါ့ကြောင့် "

"မဟုတ်ပါဘူးဆိုဟယ်။

ငါတို့လည်း ဘာမှမဖြစ်ပါဘူး။

တကယ်က ကိုဩရထူးကိုပဲ သနားတယ်သိလား။

နင်လည်း အဆင်ပြေအောင်နေပေါ့ဟာ "

"အဟင့် ...ငါ ကိုကို့ကို တွေ့ချင်လိုက်တာဟာ။ "

"‌ ကိုဩရထူး အခုမသွားလောက်သေးဘူးထင်တယ်။

နင်ထွက်လို့ရရင် ထွက်ခဲ့လေ။ ငါနင်တို့အိမ်ရှေ့မှာ လာခေါ်မယ်။ "

"အင်း အင်း။

ငါထွက်ခဲ့မယ် ကျေးဇူးပါပဲဟာ "

"ရတယ် နင်သာ မြန်မြန်ထွက်ခဲ့နော်။

အခု ဟိုလူကြီးက မရှိဘူးလား။ "

"မရှိဘူး "

"အေးအေး "

ရှင်းသန့် ခင်ခင်ဇာနှင့် ဖုန်းပြောပြီးတာနှင့် အိမ်ပြင်သို့

ပြေးထွက်ခဲ့လိုက်သည်။

ရှင်းသန့်က ခင်ခင်ဇာကို မျှော်နေပေမယ့် ‌အရင်ဆုံးရောက်လာတာက မမျှော်လင့်ထားတဲ့သူကြီးပင်။

"ကလေးမ ... အပြင်မှာ ဘာထွက်လုပ်နေတာလဲ။

ဘာလဲ ကိုယ့်ကိုထွက်ကြိုနေတာလား။ "

ကားပေါ်မှဆင်းကာ ဟင်းချက်စရာအထုပ်တွေဆွဲလာပြီး

လူကိုစပ်ဖြီးဖြီးနှင့် လာမေးနေတာကြောင့် ရှင်းသန့်အမြင်ကပ်ကပ်နှင့် မျက်စောင်းထိုးပစ်လိုက်သည်။

"ဟိတ် မေးနေတယ်လေ။

ဒီမှာ ကလေးမအတွက် မုန့်တွေလည်းပါတယ်။ "

သီဟလက်ထဲမှ အထုပ်အကြီးဆုံးတစ်ခုအား မြှောက်ပြလိုက်သည်။

မဲရှုပ်ညစ်မလေး ကြိုက်တတ်တာတွေရွေးဝယ်ရင်း အများကြီးဖြစ်သွားတော့သည်။

"ဟာ မယူဘူးလား။ "

"အိမ်ထဲမှာ ထားလိုက်လေ။ "

အရစ်ရှည်နေတာကြောင့် ရှင်းသန့်အော်ပစ်လိုက်သည်။

ထိုအချိန် ခင်ဇာ့ကားကလည်း မေမေတို့အိမ်ရှေ့ထိုးရပ်လာတာကြောင့် ရှင်းသန့်လက်လှမ်းပြကာ ကားဆီသွားမယ်အလုပ်

သီဟက ရှင်းသန့်လက်မောင်းအား လှမ်းဆွဲထားလေသည်။

"ဘာလုပ်တာလဲ။ "

မျက်မှောင်လေးကုတ်ကာ လှည့်မေးလိုက်လျှင်

သီဟက သူမကိုတစ်လှည့် ကားထဲမှ ခင်ဇာ့ကိုတစ်လှည့် လှမ်းကြည့်ကာ ...

"ဘယ်သွားမလို့လဲ။ "

"ဘယ်သွားသွားပေါ့ "

"ဘယ်မှ မသွားရဘူး။ "

"ဘာ "

"ဟုတ်တယ် ။

ကိုယ်မပါပဲ ဘယ်မှမသွားရဘူး။ "

"အဲ့တာ ဘာစကားလဲ။

ကိုယ့်ဟာကိုယ် ဘယ်သွားသွား ခင်ဗျားနဲ့ဘာဆိုင်လဲ။

သွားမှာပဲ။ ရှင်းသန့်ကို လာချုပ်ခြယ်လို့ရမယ်ထက်မနေနဲ့"

"ကျစ် ... မသွားရဘူး။

ဟိုကောင့်ဆီသွားမလို့မလား။

ကိုယ်တကယ် အဲ့ကောင်ကို သတ်မိတော့မယ်နော်။ "

"ခင်ဗျား။ "

"ဒီနေရာကနေ ခြေတစ်လှမ်းရွှေ့ရဲရင် ရွှေ့ကြည့်လိုက်။

မင်းခြေထောက်တွေရိုက်ချိုးပြီး ဟိုအကောင်ကို သွားသတ်မှာ။ "

"အင်း ... အဟင့် ဟင့် "

"လာခဲ့ အိမ်ထဲဝင်မယ် "

"ဟင့်အင်း ... မဝင်ဘူး။"

"ကျစ် "

သီဟမျက်မှောင်ကြီးကြုတ်လျှက် စုပ်တစ်ခက်သပ်ကာ

ဝယ်လာတဲ့အထုပ်တွေကို လက်တစ်ဖက်တည်းမှာ စုကိုင်၍

ရှင်းသန့်ကိုယ်လုံး သေးသေးလေးအား လက်တစ်ဖက်တည်းနှင့်

မြှောက်ချီပြီးပခုံးပေါ်ထမ်းတင်လိုက်သည်။

ပြီးလျှင် ခြေလှမ်းကျဲကြီးတွေနှင့် အိမ်ထဲတန်းဝင်လာကာ

ရှင်းသန့်မှာ ဘာမှပြောချိန်တောင်မရလိုက်ပေ။

တစ်ဖက်ကားထဲမှ လှမ်းကြည့်နေတဲ့ ခင်ခင်ဇာမှာလည်း ‌ကားပေါ်က ဆင်းလိုက်ပေမယ့် ဘညမှမပြောရဲတာကြောင့် ဒီအတိုင်းရပ်ကြည့်နေရလေသည်။

အိမ်ထဲရောက်လျှင် သီဟက ရှင်းသန့်ကိုယ်လေးအား ချပေးကာ

ဟင်းချက်စရာအထုပ်တွေကြိလည်း စားပွဲပေါ်ချလိုက်သည်။

"ကွာရှင်းပေး။

အခုချက်ချင်းကွာရှင်းမယ်။

ခင်ဗျားနဲ့ လုံးဝမပေါင်းနိုင်ဘူး။ "

ရှင်းသန့် သီဟအား စူးစူးရားရားကြည့်ကာ အော်လျှင်

သီဟ သက်ပြင်းရှည်ကြီးတစ်ချက်ချလေသည်။

"မကွာပေးနိုင်ဘူး။

ချစ်လို့ယူထားတာ ကိုယ်က ဘာလို့ကွာပေးရမှာလဲ။ "

"ရှင်းသန့်ကတော့ ခင်ဗျားကိုမချစ်ဘူးလေ။

ခင်ဗျားကို အရမ်းမုန်းတယ် သိရဲ့လား။ "

"ဘယ်သူက မေးနေလို့လဲ။ "

"ကွာရှင်းပေးပါ။

ရှင်းသန့် တောင်းပန်ပါတယ် အင်း ဟင့် ဟင့် "

ရှင်းသန့်က ငိုယိုကာ တောင်းပန်လိုက်လျှင်

သီဟက မကြည့်ရက်စွာ မျက်လုံးကြီးစုံမှိတ်ချလိုက်လေသည်။

"တော်တော့ ... ကလေးမ

ငိုနေလို့လည်း ဘာမှမထူးဘူး။

ကိုယ်လုံးဝကွာရှင်းပေးမှာမဟုတ်ဘူး။ "

သီဟက စကားအပြတ်ပြောလိုက်လျှင်

ခုနက ငိုယိုနေတဲ့ ရှင်းသန့်က ဒေါသယောင်သမ်းနေတဲ့

မျက်လုံးအစုံနှင့် အံကြိတ်လျှက် သူ့အားစေ့စေ့ကြည့်ကာ ...

"ခင်ဗျားက လူယုတ်မာ အတ္တသမားပဲ။

ခင်ဗျား အတွက်ပဲကြည့်တာ။

လူစိတ်မရှိတဲ့လူ "

"ကျစ် ... တော်ပြီ ဒီမှာမုန့်တွေဝယ်လာတယ်

စားလိုက်နော် လိမ္မာတယ်။ "

စားပွဲပေါ်မှ မုန့်ထုပ်အားကောက်ယူကာ လှမ်းပေးရင်း သူမ မျက်ရည်တွေအား သုတ်ပေးလိုက်လျှင် ရှင်းသန့်က သူ့လက်ကြီးအား ခပ်ကြမ်းကြမ်းပုတ်ချပစ်လိုက်သည်။

"ငါ့အသားကို မထိနဲ့ "

ဒါကို သီဟက နောက်ပါးတစ်ဖက်က မျက်ရည်စက်တွေအား ထပ်သုတ်ပေးလိုက်လျှင် ရှင်းသန့်က စားပွဲပေါ်က အလှပန်းအိုးအား

ဆွဲယူကာ သူမ ရှေ့တည့်တည့်က သီဟနှဖူးအား ရိုက်ခွဲပစ်လိုက်လေသည်။

"အား ..."

ဒေါသရှိန်နဲ့ အားပါပါရိုက်ချလိုက်တာ‌ေကြာင့် ချက်ချင်းပဲ

နှဖူးကနေ သွေးတွေ စီးကျလာကာ

လူလည်း ခေါင်းတွေပါ မူးဝေသွားတော့သည်။

ထိုအခါမှ ရှင်းသန့်က သွေးတွေကြည့်ပြီး ကြောက်ကြောက်လန့်လန့်နှင့် ပန်းအိုးကြီး ပစ်ချကာ အခန်းထဲ ဝင်ပြေးသွားတော့သည်။

အပိုင်း (၁၁) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း ( ၉) နောက်အခန်း - အပိုင်း (၁၁ ) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ