Bububai ဝတ္ထု အချစ်ဘတ္ထရီလေး အခန်းစာရင်း

အပိုင်း (၆ )

💛သီဟသက်လင်း + ဖြူရှင်းသန့်💛

ရှင်းသန့်သူ့ကိုကြောက်လို့သာ အခန်းထဲဝင်လာရပေမယ့် မျက်လုံးထဲမှာ ကိုကို့လက်ကဓားဒဏ်ရာနှင့် သွေးတွေကိုသာ ပြန်မြင်ယောင်လာမိသည်။

ကိုကို အဆင်ရော ပြေပါ့မလား။

"ဟူး ..."

သီဟသက်လင်း စိတ်ပျက်လက်ပျက်နှင့် ဆံပင်တွေကို ထိုးဖွလိုက်ရင်း လေပူတွေသာ အဆက်မပြတ်မှုတ်ထုတ်လိုက်သည်။

ဆေးလိပ်ငွေ့တွေနဲ့လည်း သူ့အပူလုံးတွေက ပါမသွားတာကြောင့်

ဆိုဖာမှ ထိုင်နေရာမှ ထကာ ရေခဲသေတ္တာထဲက အရက်ပုလင်းကို သွားယူလိုက်သည်။

ပြီးလျှင် ဖန်ခွက်လည်းမရှာတော့ပဲ အရက်ပုလင်းကိုဖွင့်ကာ ပုလင်းလိုက်မော့ချပစ်လိုက်၏။

လည်ချောင်းထဲ ပူဆင်းသွားပြီး ခါးသက်ပြင်းရှနေကာ

အရက်ရဲ့အပူနှင့် ရင်ထဲက အပူလုံးနှင့် ထိတွေ့ကာ တိုက်ပွဲဝင်ကြလေသည်။

__________

မနက်မိုးလင်းတာနှင့် သီဟသက်လင်းက ဖြူရှင်းသန့်

လက်အားဆွဲကာ သူမမိဘတွေဆီကို သွားလေသည်။

မနေ့ညကအကြောင်းစုံကို ရှင်းပြလိုက်လျှင် အကုန်လုံး မျက်နှာတွေ

ပျက်ယွင်းကုန်ကြတော့သည်။

"အဲ့တာကြောင့် ကျွန်တော် စေ့စပ်ပွဲပြီးတာနဲ့ တစ်ပတ်အတွင်း လက်ထပ်ချင်ပါတယ်ဗျ။ လက်ထပ်ပွဲအတွက်လည်း ကျွန်တော်ပဲ

အကုန်စီစဉ်မှာပါ။ "

"ဟင် ...

ဟင့်အင်း မဖြစ်ဘူး။ ရှင်းသန့် လက်မထပ်ချင်သေးဘူးနော်

မေမေ အင့် ဟင့် "

သူမအမေလက်အား အားကိုးတကြီး ဆုပ်ကိုင်ကာ ပြောလိုက်လျှင် ‌

သူမအမေလည်း သက်ပြင်းတွေသာချလေ၏။

"ဖေဖေ သမီး သမီးတောင်းပန်ပါတယ်။

သမီး လက်မထပ်ချင်သေးဘူးနော်။ "

"ကျွန်တော် ရှင်းသန့်နဲ့ ခဏလောက်စကားသွားပြောလို့ရမလားဗျ။ "

သီဟသက်လင်းက တောင်းဆိုသလိုပြောလိုက်လျှင် သူမမိဘနှစ်ယောက်က ခေါင်းငြိမ့်ပြကြပြီး ရှင်းသန့်ကတော့ အသည်းအသန်ခေါင်းခါလေ၏။

"ဟင့်အင်း ... မလိုက်ဘူး။

ရှင်းသန့်မှာ ခင်ဗျားနဲ့ ပြောစရာဘာစကားမှမရှိဘူး။ "

"ကိုယ့်မှာ ရှိတယ်။

ခဏပဲ လိုက်ခဲ့နော်။ "

"ကဲ ... သမီးတို့ချင်း ခဏသွားညှိကြပေါ့ကွယ်။

လိုက်သွားလိုက် နော် ... သမီး။ "

ရှင်းသန့်အမေက ဝင်ပြောပေးလျှင် ရှင်းသန့်မလိုက်ချင်

လိုက်ချင်နှင့် လိုက်သွားရလေသည်။

"အင်း ... အဟင့် ဟင့် "

"မငိုတော့နဲ့။"

"ငိုမှာပဲ။

ခင်ဗျားကို ခင်ဗျားကြီးကို မုန်းတယ်။"

"မုန်းလည်း ကိုယ့်ကိုပဲယူရမှာ။ "

"ရွံလိုက်တာ။

ခင်ဗျားကို လုံးဝ မယူဘူး။

အင်း အဟင့် ဟင့် "

"ကျစ် ... အဲ့စကားနောက်တစ်ခွန်းပြောကြည့်

မင်းအကောင်ကို ချက်ချင်းသွားသတ်မှာ။

မင်းကိုယ့်ကို ယူပြီးမှပဲ အဲ့ကောင်အသက်ကို အာမခံနိုင်မှာ။ "

"ခင်ဗျား ... ခင်ဗျား တော်တော် အောက်တန်းကျပါလား။

လူယုတ်မာ "

"နာမ်စားတွေကလည်း များလိုက်တာ။

ကိုယ်အပိုပြောနေတာမဟုတ်ဘူး ... အဲ့ဓားကိုကြည့်ထား

မင်းကိုယ့်ကို မယူတာနဲ့ အဲ့ကောင်အသက်ကိုခြွေမယ့်ဓား။ "

ခါးကြားက ဓါးအား သူမရှေ့ ပစ်ချကာ ပြောလိုက်လျှင် သူမကိုယ်လေး တုန်သွားကာ ပိုမိုငိုရှိုက်တော့သည်။

မနေ့ညက ကိုကို့ သွေးတွေတောင် မခြောက်သေးဘူး။

နောက်ဆုံးတော့ ရှင်းသန့် ခေါင်းငြိမ့်လိုက်ရကာ စေ့စပ်ပွဲပြီးတာနှင့်

သူက သူပြောထားတဲ့အတိုင်း လက်ထပ်ပွဲကို တစ်ပတ်အတွင်း ရအောင် စီစဉ်လေသည်။

အဲ့ဒီအချိန်အတွင်း သူက ရှင်းသန့်ကို ခြိမ်းခြေက်ကာ ရှင်းသန့်ဖုန်းကိုလည်း သိမ်းသွားပြီး ရှင်းသန့်ကို သူမပါပဲ ဘယ်မှ မသွားခိုင်းပေ။

မေမေတို့ အရှေ့ကျ လူကောင်းလိုလိုနှင့် တကယ်က ဘီလူးခေါင်း ဆောင်းထားတဲ့ လူယုတ်မာကြီး။

___________

မင်္ဂလာကိစ္စတွေအားလုံး သူပဲစီစဉ်ကာ ရှင်းသန့်သီငယ်ချင်းတွေကိုလည်း မေမေ့ကိုမေးကာ သူ့လူတွေကို လိုက်ဖိတ်ခိုင်းလေသည်။

သူ့အိမ်နဲ့ ရှင်းသန့်တို့အိမ်မှာလည်း သူ့ပွဲရုံက အလုပ်သမားတွေနှင့် ရှုပ်ရှက်ခတ်နေလေသည်။

၁ပတ်အတွင်း ရအောင်စီစဉ်မယ်ဟုဆိုကာ အလုပ်သမားတွေအကုန်

ခေါ်လာ၏။

ရှင်းသန့်ကတော့ ဘယ်သူနဲ့မျှ စကားမပြောပဲ အခန်းထဲမှာသာ

ငိုနေလေ၏။

ငိုလည်း ငို ငိုပါပဲ အဲ့လူယုတ်မာကြီးက သူ့လုပ်စရာရှိတာတွေသာ ဆက်လုပ်လေသည်။

ကိုကိုရော ဘယ်လောက်တောင်အဆင်မပြေဖြစ်နေရှာမလဲ။

__________

ဩရထူးတစ်ယောက် ထိုနေ့က သူမဆီက ပြန်လာပြီး

ဒဏ်ရာကိုလည်း ဘာမှမလုပ်ပဲ နေလိုက်တာ သွေးထွက်လွန်ပြီး

သတိမေ့သွားလေသည်။

ထိုအခါ သူ့သူငယ်ချင်းတွေက ဆေးရုံလိုက်ပို့ပေးလို့သာ မသေရုံတမယ် ကံကောင်းသွား၏။

"အင်း ... ဟင်း ရှင်းသန့် ရှင်းသန့် "

"ဟာ ... သတိရပြီလား။ "

"ရှင်း ရှင်းသန့်ရောဟင် "

"ရှင်းသန့်က ဘယ်လိုလုပ်ရှိမှာလဲကွ။

အခုတောင် ငါတို့လိုက်ပို့ပေးလို့ မင်းဆေးရုံရောက်နေတာ။

မင်းလက်က ဘယ်လိုဖြစ်လာတာလဲကွာ။

နောက်ပြီး ရှင်းသန့်က တခြားသူနဲ့ လက်ထပ်တော့မှာတဲ့။

အကုန်လုံး အံ့ဩနေကြတယ်။

ရှင်းသန့်ဆီလည်း ဆက်သွယ်လို့မရဘူး။ "

ထိုစကားအဆုံးတွင် ဩရထူး သွေးသွင်းထားတဲ့ အပ်တွေကို ဆွဲဖြုတ်ကာ ထလိုက်သည်။

"ဟာ ... ဟေ့ကောင်ဘာလုပ်တာလဲ။ "

"ငါ ရှင်းသန့်ဆီသွားမယ် "

"ဟာ ... မင်းအခြေအနေနဲ့ ဘယ်လိုသွားလို့ရမှာလဲကွ။ "

"သွားမှ ဖြစ်မှာကွ။မဟုတ်ရင် ရှင်းသန့် အဲ့ဘိုးတေယ်ဆီ ပါသွားလိမ့်မယ်။ "

"မင်းသွားလည်း ဘာထူးမှာလဲကွာ။

မနေ့က ဖိတ်စာရရချင်း အေသင်တို့သွားတာတောင်

ရှင်းသန့်ကို မတွေ့ခဲ့ရဘူးတဲ့။

ဘဲကြီးတစ်ယောက်က တွေ့ခွင့်မပေးဘူးဆိုလားပဲ။ "

"တောက်ခ် ... အဲ့လူ တော်တော်တရားလွန်နေပြီ။ "

"မင်းလက်က ဒဏ်ရာကလည်း အဲ့ဘဲကြီးကြောင့်လား။ "

"ဟုတ်တယ်။

ငါ ငါ ရှင်းသန့်ကို ဘယ်လိုမှ အဆုံးရှုံးမခံနိုင်ဘူးကွာ။

ရှင်းသန့်ကလည်း အဲ့လူနဲ့လုံးဝ ယူချင်တာမဟုတ်ဘူးကွ။

ဘယ်လိုလုပ်ရမလဲ။ ငါ့ကို ကူညီကြပါဦးကွာ။ "

"ဟင်း ... မင်းတို့အဖြစ်ကလည်းကွာ။

ဒီအချိန်သွားရင်တော့ ဘာမှထူးမှာမဟုတ်ဘူး။

အဲ့ဘဲကြီးကလည်း မင်းအခုချိန်သွားရင် ပိုပြီးသတိထား‌နေမှာ။

ရှင်းသန့်နဲ့လည်း ဘယ်လိုမှ တွေ့လို့ရမှာမဟုတ်ဘူး။

အဲ့ဒါကြောင့် ရှင်းသန့်ဪယနဲ့ တွေ့လို့ရမယ့် အချိန်ကို ငါတို့ရွေးရမယ်။ "

"ဘယ်အချိန်လဲ။ "

"မင်္ဂလာပွဲနေ့။ အဲ့နေ့ဆို သူလည်း ရှင်းသန့်ကို ဖွတ်ထားလို့မရတော့ဘူး။ အဲ့နေ့မှ မင်း ရှင်းသန့်ကို ခိုးပြေးကွာ။

ငါတို့ အကုန်စီစဉ်ပေးမယ်။ အဲ့အချိန်ဆို မင်းဒဏ်ရာလည်း ပျောက်နေလောက်ပြီ။ "

"အင်း ... ကျေးဇူးပါကွာ "

"မလိုပါဘူးကွာ။

မင်းမိန်းမရဖို့ ငါတို့သာ အားကိုးထားလိုက် "

"အင်း "

ဝမ်းသာအားရခေါင်းငြိမ့်လိုက်ကာ ရှင်းသန့် ကိုကို့ကို ခဏလောက်ပဲ စောင့်ပေးပါ။ဟု စိတ်ထဲကနေ တီးတိုးရေရွတ်လိုက်၏။

__________

"သမီး သားသီဟက မင်္ဂလာဝတ်စုံတွေ သွားရွေးရအောင်တဲ့။ "

"ဘာလို့ ရွေးရမှာလဲ။

သမီးလုပ်ချင်တဲ့ မင်္ဂပွဲမှမဟုတ်ပဲ အကုန်သူ့ဟာသူပဲ

လုပ်ခိုင်းလိုက်ပါ မေမေ။ အဲ့ပွဲနဲ့ပတ်သတ်ပြီး သမီးကို

ဘာမှလာမပြောပါနဲ့။"

"ဟင်း ... တစ်သက်မှ တစ်ခါပဲဆောင်ရမယ့် မင်္ဂလာပွဲကို

သမီးစိတ်တိုင်းကျစေချင်တယ်တဲ့ "

"အဟမ့် ... ဘယ်လိုမျိုး သမီး စိတ်တိုင်းကျစေချင်တာလဲ။

လက်ထပ်ဪမယ့်သူကို စိတ်တိုင်းမကျမှတော့ ဘာကို စိတ်တိုင်းကျရဦးမှာလဲ။ ဒီလက်ထပ်ပွဲကိုလည်း သမီးလုံးဝအသိအမှတ်မပြုနိုင်ဘူး။ရှင်းသန့်အဲ့လူကြီးကို ကြောက်လည်းကြောက်တယ်။မုန်းလည်းမုန်းတယ်။ရွံလည်းရွံတယ်။ "

"ဟင်း ... ခက်တော့တာပဲ သမီးရယ်။ "

အခန်းတွင်းမှာရှိတဲ့ ရှင်းသန့်နဲ့ သူ့အမေမှာ မျက်နှာမကောင်းကြသလို အခန်းတံခါးရှေ့မှာ ရပ်နေတဲ့ သီဟသက်လင်းလည်း

သက်ပြင်းတချချနှင့် ဖြစ်နေလေသည်။

နောင်တရလားလို့ မေးရင်တော့ သူလုံးဝနောင်တမရပါ။

ဒီလိုနည်းနဲ့မှမဟုတ်ရင် သူဒီကလေးမလေးကို ဆုံးရှုံးရတော့မှာ။

အပိုင်း (၇) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း ( ၅) နောက်အခန်း - အပိုင်း (၇) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ