ဒီနေ့က ခမ်းနား အဂ်လန်ကို ပြန်သွားတာ တစ်ပတ်ပြည့်တဲ့နေ့ ယမုံ ဖုန်းပိတ်ထားတာ တစ်ပတ်ပြည့်ပြီပဲ..
ဖွင့်မကြည့်ချင်ဘူးဆိုတာထက် ဖွင့်မကြည့်ရဲတာဆို ပိုမှန်ပါ လိမ့်မည် မနက်ဖန်ဆို လွင်ပြင်မုန်းရဲ့ မဂ်လာညစာ စားပွဲမို့ ယမုံ တတ်ရပေဦးမယ်
ညအချိန်က ရှစ်နာရီမို့ အပြင်မှာတော့ အတော်မှောင်နေပြီ ဖြစ်လောက်သည်၊ အိပ်မပျော်လို့ ဝရန်တာ ထွက်ဖို့ ပြင်လိုက်ပြီးမှ ယမုံ မထွက်ဖြစ်တော့ဘဲ စာအုပ် တစ်အုပ်ကို ယူပြီး ဖတ်ဖို့ပြင်လိုက်သည်၊
ဒေါက် ဒေါက်..
တံခါးခေါက်သံကြောင့် ယမုံ နားစွင့်လိုက်ပြီး..
သူအသစ်ခေါ်ထားသည့် နန်းမူ ဆိုသည့် ကလေးမကို နွာနို့လာပို့ ဖို့ မှာထားသည်မို့..
"နန်းမူ ဝင်လာခဲ့ မမ တံခါးလော့ မချဘူးနော်"
ချောက်(တံခါးဖွင့်သံ)
"စားပွဲပေါ်ပဲ တင်ထားလိုက်နော် နန်းမူ တံခါးတွေ သေချာ ပိတ်လိုက်ဦးနော် မမ လည်း ခဏနေ အိပ်တော့မယ်"
ကျောပြင်နားနီးကပ်လာတဲ့ ကိုယ်သင်းနံ့ တစ်ခုကြောင့် ယမုံ့ စိတ်ထဲ တစ်မျိုးဖြစ်လာရပြီး စာအုပ်ကို ခုံပေါ်ကို ပြန်တင်လိုက်ကာ
"နန်း..
"ခဏလေး ငြိမ်ငြိမ်နေပေးပါ ယမုံ ကိုယ် အရမ်းလွမ်းနေလို့ "
"ဟင်"
စကားပြောသံ မကြားလို့ နန်းမူကို သူမလှည့်ကြည့်ဖို့ပြင်လိုက်ပေမယ့် လျင်မြန်တဲ့ ခမ်းနားရဲ့ လက်တွေက သူမကျောပြင်ကနေ အနားကပ်လိုက်ပြီး တစ်ကိုယ်လုံး သိမ်းကျုံးဖက်ထားလိုက်သည်မို့ ယမုံ ရုတ်တရပ် စွံ့အ အံ့ဩသွားရသည်၊
သူ ဘယ်တုန်းက ပြန်လာတာလဲ ၊ဘယ်လိုလုပ် ယမုံ ခြံဝန်းထဲ ဝင်လာပြီး ယမုံ့ အခန်းထဲ ဘယ်လိုလုပ် ဝင်လာတာလဲမေးခွန်းများစွာက ဦးနှောက်ထဲ ပြည့်လျှံလာပေမယ့် ယမုံ လည်ချောင်းဝ တွင် စကားလုံးများစွာ ပျောက်ရှ ကုန်၏ ၊ပူနွေးတဲ့ ခမ်းနားရင်ငွေ့က သူမ သူ့ကို လွမ်းနေတဲ့ အလွမ်းတွေကို ပြေပျောက်စေသည်၊
သူ့ရင်ခွင်ထဲ ယမုံ့တစ်ကိုယ်လုံး ရောက်သွားတော့မှ ခမ်းနားက သက်ပြင်းကို ခပ်ပြင်းပြင်း ချလိုက်သည်။ ထိုသက်ပြင်းသံထဲမှာ ယမုံ့ကို ဘယ်လောက်တောင် လွမ်းနေခဲ့ရလဲဆိုတာ အထင်အရှား။
"ကိုယ့်ကို ဖုန်းပိတ်ပြီးရှောင်နေတာ ရက်စက်လိုက်တာ ယမုံရယ်... ကိုယ် ဟိုမှာ ဘယ်လိုမှ နေလို့မရလို့ အစည်းဝေးပြီးတာနဲ့ချက်ချင်း စီစဉ်ပြီးပြန်လာတာ......"
ခမ်းနားက လွမ်းစွတ်စွတ်ေလသံဖြင့် ပြောရင်း ယမုံ့ပုခုံးပေါ် မေးတင်ကာ ပိုပြီး တင်းတင်းကြပ်ကြပ် ဖက်ထားမိသည်။ ယမုံငြိမ်သက်နေရင် မျက်ရည်တွေ ရစ်ဝဲလာမိသည်၊ဤ ယောက်ျားနှင့် ပက်သက်ရင် ခံနိုင်ရည် မရှိတဲ့ သူမနှလုံးသားကိုပဲ အပြစ်တင်မိပါသည်၊
"ကိုယ့်ဖုန်းတွေကိုလည်း မကိုင်ဘူး၊ ပို့ထားတဲ့စာတွေကိုလည်း တစ်စောင်မှ ဖတ်မကြည့်ဘူး... ဘာလို့ ဖုန်းကြီးပိတ်ပြီး ကိုယ့်ကို ဒီလောက်တောင် စိမ်းကားပစ်ရတာလဲ ယမုံရယ်..."
ခမ်းနားရဲ့ မေးခွန်းကြောင့် ယမုံ့မျက်ဝန်းအစုံက လှုပ်ခတ်သွားရသည်။ သူမ ရင်ဘတ်ထဲက တိုးထွက်လာတဲ့ စကားသံလေးက တုန်ရင်နေ၏။
"နောက်တစ်ခါ... နောက်တစ်ခါ ထပ်ပြီး ရှင် ယမုံ့ကို ထားခဲ့ဦးမှာ ကြောက်လို့... အဲဒီလို အထားခဲ့ခံရမှာကို ယမုံ တကယ်ကြောက်လို့ပါ..."
ယမုံ့နှုတ်ခမ်းဖျားက ထွက်လာတဲ့ ထိုစကားလေးက ခမ်းနားရဲ့ နှလုံးသားကို ဓားနဲ့မွှန်းလိုက်သလို ခံစားလိုက်ရသည်။ ဘယ်လောက်တောင် ဝမ်းနည်း နာကျင်နေခဲ့ရှာမလဲဆိုတာ တွေးမိတော့ ခမ်းနား ရင်ထဲ မချိအောင် ဖြစ်သွားရကာ..တကယ်တမ်း ယမုံက အပြင်ပန်းကြည့်ရင် မာကြောသယောင် ထင်ရပေမယ့် တကယ်ကို နူးညံ့တဲ့ မိန်းကလေး တစ်ယောက်ဆိုတာ ခမ်းနား သိပ်သိတာပေါ့!
"ယမုံရယ်..."
ခမ်းနားက တိုးသဲ့သဲ့ အသံဖြင့် ခပ်တိုးတိုး ရေရွတ်ရင်း ယမုံ့ကိုယ်လေးကို အားပါးတရ တင်းကျပ်စွာ ဆွဲပွေ့ဖက်လိုက်တော့သည်။ ရင်ခွင်ထဲက ကောင်မလေးကို ပျောက်ကွယ်သွားမှာ စိုးရိမ်သည့်အလား တိုးဖက်ထားရင်း ခမ်းနားရဲ့ နှုတ်ခမ်းပါးတွေက ယမုံ့ရဲ့ ပါးပြင်အနှံ့ဆီသို့ ချက်ချင်း ရောက်ရှိသွားတော့သည်။
လွမ်းခဲ့ရသမျှ၊ နာကျင်ခဲ့ရသမျှအချစ်တွေ အကုန်ပုံအောပြီး ယမုံ့ရဲ့ ပါးပြင်နုနုလေးနှစ်ဖက်စလုံးကို ဘယ်ပြန်ညာပြန် တမြတ်တနိုး လိုက်လံဖိသိပ်နမ်းရှိုက်နေမိသည်။ မျက်ရည်စတွေ အနည်းငယ်စိုစွတ်နေတဲ့ ပါးပြင်လေးမှတစ်ဆင့် နားသယ်စပ်လေးတွေအထိ မလွတ်တမ်း အနမ်းချွေနေသည့် ခမ်းနားရဲ့ အနမ်းကြမ်းကြမ်း တွေကြောင့် ယမုံ့တစ်ကိုယ်လုံး ထူပူရှိန်းမြပြီး ရင်ခုန်သံတွေ ဗလောင်ဆူကုန်ရသည်။
ဒီတစ်ခါတော့ ယမုံ မငြင်းဆန်မိတော့ပါ။ ခမ်းနားပေးတဲ့ ရင်ခုန်စရာ အနမ်းမိုးတွေအောက်မှာ မျက်ဝန်းလေးမှိတ်ကာ ငြိမ်သက်စွာဖြင့်သာ ခံယူနေမိတော့သည်။
🍀🍀
အတန်ကြာအောင် အနမ်းမိုးရွာပြီးမှ ခမ်းနားက နှုတ်ခမ်းချင်း အသာခွာလိုက်သည်။ သို့သော် ယမုံ့ကိုယ်လေးကိုတော့ ရင်ခွင်ထဲကနေ မလွှတ်ပေးသေးဘဲ အခန်းထဲက ဆိုဖာအိအိကြီးပေါ်သို့ အတူတွဲခေါ်လာကာ တွဲလျက်သား ထိုင်လိုက်ကြသည်။ ခမ်းနားက ဆိုဖာပေါ်တွင် မှီထိုင်ရင်း ယမုံ့ကိုယ်လေးကို ရင်ခွင်ထဲသို့ နွေးထွေးစွာ ထွေးပွေ့ထားဆဲပင်။
ယမုံက ခမ်းနားရဲ့ ရင်ခွင်ထဲမှာ ငြိမ်သက်နေရင်းမှ ရုတ်တရက် သတိရသွားကာ မော့ကြည့်ပြီး မေးလိုက်သည်။
"ဒါနဲ့... ခမ်းနားက ဘယ်လိုလုပ်ပြီး အခန်းထဲအထိ ဝင်လာတာလဲ... ခြံတံခါးတွေရော၊ အိမ်တံခါးတွေရော အကုန်ပိတ်ထားတာကို..."
ယမုံ့ရဲ့ အမေးကြောင့် ခမ်းနားက သဘောကျသလို ခပ်တိုးတိုး ရယ်လိုက်ပြီး ယမုံ့နဖူးလေးကို နှုတ်ခမ်းဖြင့် ခပ်ဖွဖွလေး ဖိကပ်လိုက်ရင်း ရှင်းပြသည်။
"ကိုယ် ရောက်လာတော့ အိမ်ရှေ့မှာ ခဏရပ်စောင့်နေတာ... အဲဒါနဲ့ နန်းမူ ဆိုတဲ့ ကလေးမ ခြံတံခါးဆင်းပိတ်တာနဲ့ ကွက်တိတိုးတာပဲ... ကိုယ်လည်း အခြေအနေကို ပြောပြပြီး အကူအညီတောင်းလိုက်တော့ သူကပဲ ခြံထဲရော အိမ်ထဲပါ လမ်းဖွင့်ပေးလိုက်တာပေါ့"
"အော်... နန်းမူကတော့ လုပ်ပြီ"
ယမုံက ညည်းတွားသလိုလေး ပြောလိုက်တော့ ခမ်းနားက ပြုံးလျက်ဖြင့် ယမုံ့ရဲ့ ပါးပြင်နုနုလေးကို လက်ချောင်းသွယ်သွယ်လေးတွေဖြင့် အသာအယာ ထိတွေ့ပွတ်သပ်ပေးလာသည်။ သူ့ရဲ့ မျက်ဝန်းနက်တွေက ယမုံ့ကို တမြတ်တနိုး စိုက်ကြည့်နေရင်းမှ...
"ယမုံ... ကိုယ့်ကို ချစ်တယ်လို့ ပြောပါဦး... ကိုယ် အဲဒီစကားလေးကို အရမ်း ကြားချင်လို့ပါမကြားရတာ နှစ်တွေ အတော်ကြာခဲ့ပြီ မို့လို့ နော် ပြောပါဦး "
ခမ်းနားက ကလေးတစ်ယောက်လို တတွတ်တွတ် တောင်းဆိုနေသော်လည်း ယမုံက ချက်ချင်းမပြောဘဲ ပြုံးစစဖြင့် ခေါင်းလေးငုံ့ကာ ငြိမ်နေမိသည်။
"ပြောပါဦး ယမုံရဲ့... ကိုယ့်ကိုဟိုးအရင်ကလိုပဲ ချစ်တယ်မလားဟင်"
ဒုတိယအကြိမ် ထပ်မေးပြန်တော့လည်း ယမုံက ခမ်းနားရဲ့ ရင်ဘတ်ကို လက်ကလေးဖြင့် အသာထိတွေ့ရင်း ငြိမ်သက်နေလေသည်၊
"ကိုယ် စောင့်နေတယ်နော် ယမုံ... ပြောပါဦး..."
သုံးကြိမ်မြောက်အထိ ခမ်းနားက မလျှော့သော ဇွဲဖြင့် တတွတ်တွတ် မေးလာတော့မှ ယမုံက ပြုံးသဲ့သဲ့ မျက်နှာလေးဖြင့် ခမ်းနားကို စိုက်ကြည့်ကာ နှုတ်ခမ်းလေး လှုပ်ခတ်ရုံ ဖွင့်ဟလိုက်တော့သည်။
"ယမုံ စပြီး အချစ်ဆိုတာကို သိတတ်တဲ့ အချိန်ကနေ အခုအချိန်ထိ... ခမ်းနားသွင်ပြင် ဆိုတဲ့ ယောက်ျားတစ်ယောက်တည်းကိုပဲ ချစ်ခဲ့တာပါ... ခမ်းနားက ယမုံ့ရဲ့ အချစ်ဦးလည်းဖြစ်သလို အချစ်ဆုံးလည်း ဖြစ်ပါတယ်ရှင့်"
ထိုစကားကို ကြားလိုက်ရချိန်တွင် ခမ်းနား၏ မျက်နှာတစ်ခုလုံး ပျော်ရွှင်ကြည်နူးမှုတို့ကြောင့် ဝင်းပသွားရသည်။ ကမ္ဘာပေါ်မှာ အပျော်ဆုံးလူသားတစ်ယောက်အလား ယမုံ့ကို ကြည့်နေသည့် သူ့မျက်ဝန်းများက အရည်လဲ့နေ၏။
"ယမုံရယ်... ကိုယ် တကယ် ဝမ်းသာလွန်းလို့ပါ..."
ခမ်းနားက ရင်ထဲရှိသမျှ အချစ်တွေ ပေါက်ကွဲထွက်မတတ် ပျော်ရွှင်သွားကာ ယမုံ့မျက်နှာလေးကို အနီးကပ် ဆွဲယူလိုက်ရင်း ခပ်တိုးတိုး ခွင့်တောင်းလိုက်သည်။
"ကိုယ်...ယမုံ့ကို ထပ်ပြီးနမ်းပါရစေ"
ယမုံ့ထံမှ အဖြေကိုပင် မစောင့်တော့ဘဲ ခမ်းနားက ရှက်သွေးဖြန်းကာ ရဲစိုနေသည့် ယမုံ့ရဲ့ နှုတ်ခမ်းလွှာလေးကို ထပ်မံ၍ အမိအရ သိမ်းပိုက်လိုက်ပြန်သည်။
ဒီတစ်ခါ အနမ်းများကတော့ စောစောကလို အလွမ်းတွေကြောင့် စိုးရိမ်တကြီး ပြင်းရှနေခြင်းမျိုး မဟုတ်တော့ဘဲ၊ အပြန်အလှန် အချစ်တွေ သက်သေပြနိုင်ခဲ့ပြီမို့ အဆုံးစွန်ထိ နူးညံ့အေးချမ်းကာ ရင်ခုန်ကြည်နူးစရာ အတိပြီးနေခဲ့လေတော့သည်။
~~~~~~~~~~~
နာရီဆီမှ တချက်ချက်မြည်သံနှင့်အတူ ညဉ့်က ပိုနက်လာခဲ့ပြီ။ နံရံကပ်နာရီကို လှမ်းကြည့်မိတော့ ညဆယ်နာရီ ရှိနေပြီမို့ ယမုံက ခမ်းနားရဲ့ရင်ခွင်ထဲကနေ အသာရုန်းရင်း ပြောလိုက်သည်။
"ခမ်းနား... ညဆယ်နာရီတောင် ရှိပြီ၊ အိမ်ပြန်တော့လေ...အန်တီလဲ မျှော်နေရောပေါ့ "
သို့သော် ခမ်းနားက ပြန်ဖို့နေနေသာသာ ယမုံ့ခါးလေးကို ပိုပြီး တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်ကာ ခေါင်းခါရင်း ငြင်းဆန်သည်။
"မပြန်ဘူး... ဒီညတော့ ယမုံ့ကို ဒီအတိုင်းလေး ရင်ခွင်ထဲထည့်ပြီး ဖက်ထားပါရစေ... ယမုံ အိပ်ချင်ရင် ကိုယ့်ရင်ခွင်ထဲမှာပဲ မှေးပြီးအိပ်လိုက်နော်... မနက်မှ ပြန်မယ် "
ကလေးဆိုးကြီးလို တဂျီဂျီလုပ်ပြီး ပြောမရဆိုမရဖြစ်နေတဲ့ ခမ်းနားကြောင့် ယမုံ့မှာ သက်ပြင်းခပ်ဖွဖွချရင်းပဲ အလျော့ပေးလိုက်ရတော့သည်။
"ကဲပါရှင်... ပြောလို့လည်း ရတာမဟုတ်ဘူး။ ဒီအတိုင်းပဲ အိပ်မယ်ဆိုရင်တော့ ကုတင်ပေါ် လိုက်အိပ်လို့ရတယ်"
"တကယ် နော် ယမုံ "
ယမုံ့ထံမှ ခွင့်ပြုချက်ရလိုက်သည်နှင့် ခမ်းနား အတိုင်းမသိ ပျော်ရွှင်သွားရကာ ယမုံ့ကိုယ်အိအိလေးကို ရင်ခွင်ထဲ ပွေ့ချီလျက်သားဖြင့် ကုတင်ထက်သို့ တစ်ပါတည်း ကူးပြောင်းလိုက်ကြတော့သည်။
ကျယ်ပြောလှသည့် အိပ်ရာထက်တွင် ခမ်းနားက ယမုံ့ကို သူ့ရင်ခွင်ကျယ်ကြီးထဲ အမိအရ ထည့်သွင်းကာ တင်းကျပ်စွာ ဖက်ထားမိသည်။ သို့သော် အချိန်အနည်းငယ်အကြာတွင် တောင့်တင်းကျစ်လျစ်သည့် ခမ်းနား၏ ခန္ဓာကိုယ်တစ်ခုလုံး တစ်ဖြည်းဖြည်းနှင့် အပူရှိန် တက်လာခဲ့ရသည်။ ရင်ခွင်ထဲက မြတ်နိုးရသူ မိန်းကလေး၏ ကိုယ်သင်းနံ့နှင့် နူးညံ့မှုတို့က ခမ်းနား၏ သွေးသားဆန္ဒကို အရှိန်အဟုန်ဖြင့် နှိုးဆွနေခဲ့ပြီ ဖြစ်သည်။
ယမုံက သိသိသာသာ ပြောင်းလဲလာသည့် ခမ်းနား၏ ခန္ဓာကိုယ်အပူရှိန်ကြောင့် စိုးရိမ်တကြီးဖြင့် မော့ကြည့်ကာ မေးလိုက်မိသည်။
"ခမ်းနား... ကိုယ်တွေ ပူနေပါလား၊ နေမကောင်းဘူးလားဟင်..."
အနီးကပ်ထွက်ပေါ်လာသည့် ညို့ဓာတ်ပြင်းလှသော မေးခွန်းကြောင့် ခမ်းနားမှာ သွေးသားဆန္ဒကို အသည်းအသန် ထိန်းချုပ်နေရကာ မေးရိုးများပင် တင်းကနဲ ဖြစ်သွားရသည်။ သူ မျက်ဝန်းတို့ကို ကြိတ်မှိတ်ဖိပိတ်ထားကာ ခေါင်းခါပြလိုက်ပြီး ယမုံ့နဖူးပြင်လေးကို နှုတ်ခမ်းဖြင့် ဖိကပ်နမ်းရှိုက်ကာ ဆန္ဒကို ထိန်းချုပ်ရန် ကြိုးစားနေရှာသည်။
ယမုံကဒီလိုကိစ္စမျိုး အတွေ့အကြုံ မရှိခဲ့ဖူးသော်လည်း အရွယ်ရောက်ပြီးသား မိန်းကလေးတစ်ယောက်မို့ ခမ်းနား ဘာဖြစ်နေသည်ကို အလိုအလျောက် ရိပ်မိသွားခဲ့သည်။ ထိန်းချုပ်ရခက်နေသည့် ထိုယောက်ျားအပေါ် သနားစိတ်နှင့်အတူ ချစ်စိတ်တို့က ရောပြွမ်းလျက် ယမုံ့လက်ချောင်းသွယ်သွယ်လေးများက ခမ်းနား၏ ပါးပြင်ကို အသာအယာ ထိတွေ့ကိုင်တွယ်လိုက်သည်။
ထို့နောက် ယမုံ့ဘက်က စတင်ကာ ခမ်းနား၏ နှုတ်ခမ်းပါးကို ခပ်ဖွဖွလေး ထိကပ်ကာ နမ်းလိုက်မိတော့သည်။
ထိုအနမ်းက ခမ်းနားအတွက်တော့ စနက်တံကို မီးရှို့လိုက်သည့်အလား အချက်ပေးသံ ဖြစ်သွားခဲ့ရသည်။ ခမ်းနားတစ်ယောက် ချက်ချင်းပင် ယမုံ့ကိုယ်လေးကို ကုတင်ပေါ်တွင် တစ်ပတ်လိမ့်ပစ်လိုက်ပြီး စက္ကန့်ပိုင်းအတွင်း သူ့ရဲ့ သန်မာလှလက်ေမာင်းေတွကြားကေန ရင်ခွင်အောက်သို့ ပို့ဆောင်ကာ အပေါ်စီးမှ အုပ်မိုးလိုက်တော့သည်။
ခမ်းနား၏ မျက်ဝန်းနက်နက်များက ဆန္ဒအရှိန်ကြောင့် အရိုင်းဆန်စွာ တောက်ပနေပြီး သူ၏ ပူနွေးလှသော နှုတ်ခမ်းများက ယမုံ့နှုတ်ခမ်းအစုံကို ပြင်းရှငမ်းငမ်းတက်စွာ စုပ်ယူနမ်းရှိုက်တော့ရာ ရင်ခုန်သံများ ညံစီသွားရသည်။
ခမ်းနား၏ လက်ဖဝါးကြီးများက ယမုံ့ခါးသိမ်လေးကို ဆွဲကိုင်ကာ တစ်ကိုယ်လုံးကို ညှပ်ပူးညှပ်ပိတ် ဖိကပ်ထားပြီး၊ နူးညံ့လှသော ပါးပြင်၊ လည်တိုင်ဖြူဖြူလေးများဆီသို့ အငမ်းမရ နမ်းရှိုက်ကာ အချစ်ခရီးလမ်းကို စတင်မွှေနှောက်ပါတော့သည်။ ယမုံ့မှာ ခမ်းနား၏ စိတ်လှုပ်ရှားစရာ အထိအတွေ့အောက်တွင် ရုန်းထွက်နိုင်စွမ်းမရှိဘဲ ခန္ဓာကိုယ်လေး ကော့ညွတ်ကာ ရင်ခုန်သံ ဗလောင်ဆူလျက် စိတ်ရိုင်းတို့ ဖုံးလွှမ်းနေသည့် ခမ်းနားသွင်ပြင်၏ အချစ်လှိုင်းလုံးများအောက်မှာ သာယာစွာ နစ်မြုပ်သွားရလေသည်။
🍀🍀🍀🍀🍀
လွင်ပြင်မုန်းရဲ့ မင်္ဂလာညစာစားပွဲခန်းမတစ်ခုလုံး မီးရောင်စုံတွေ၊ ပန်းအလှတွေနဲ့ ခမ်းနားတောက်ပနေသည်။ သတို့သားနှင့် သတို့သမီးကို ဂုဏ်ပြုဖို့ ရောက်လာကြတဲ့ ဧည့်သည်တွေထဲမှာ အားလုံးရဲ့အမြင်ကို ဖမ်းစားထားတာကတော့ အနက်ရောင်ဝတ်စုံပြည့်နဲ့ ခန့်ညားလွန်းနေတဲ့ ခမ်းနားနဲ့ ခရမ်းနုရောင် ဂါဝန်လေးဝတ်ထားပြီး နုဖတ်ပွင့်လင်းနေတဲ့ ယမုံတို့စုံတွဲပဲ ဖြစ်သည်။
ခမ်းနားက ယမုံ့လက်ကလေးကို လူအများကြားထဲမှာ တင်းတင်းကြပ်ကြပ် တွဲထားပြီး လွင်ပြင်မုန်းတို့ဇနီးမောင်နှံဆီသို့ လျှောက်လှမ်းလာခဲ့သည်။
"ဂုဏ်ယူပါတယ် ကိုလွင်ပြင်မုန်း... ခင်ဗျားဇနီးမောင်နှံ ထာဝရရွှေလက်တွဲနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ"
ခမ်းနားက ပြုံးလျက် နှုတ်ဆက်စကားဆိုတော့ လွင်ပြင်မုန်းက ဝမ်းသာအားရ ပြန်လည်နှုတ်ဆက်သည်။ ယမုံကလည်း သတို့သမီးလေးကို နွေးထွေးစွာ ပြုံးပြရင်း မင်္ဂလာလက်ဆောင်ကို ကမ်းပေးလိုက်ကာ စိတ်ရင်းဖြင့် ဂုဏ်ပြုစကား ဆိုမိသည်။
လွင်ပြင်မုန်းတို့ Dinner wedding က ပြန်လာပြီးနောက် ယမုံ့ကို သူမအိမ်သို့ ပြန်မပို့ပဲ ခမ်းနားက သူ့အိမ်သို့ ခေါ်လာခဲ့လေသည်၊ပြီးနောက်...
နောက်တစ်နေ့မနက်မှာတော့ ခမ်းနားက ယမုံ့ကို ခေါ်ပြီး မြို့ပြင်က တရားရိပ်သာတစ်ခုဆီသို့ကားလေးကို ဦးတည်မောင်းနှင်လာခဲ့သည်။ ထိုရိပ်သာမှာ ခမ်းနားရဲ့ မိခင် ဒေါ်ခင်မာလာ ယောဂီဝတ်လဲပြီး တရားအားထုတ်နေသည်မှာ လအတန်ကြာခဲ့ပြီဖြစ်သည်။
စိမ်းလန်းပြီး အေးချမ်းလှတဲ့ ရိပ်သာဝန်းထဲက သစ်ပင်ရိပ်အောက်ရှိ ခုံတန်းလေးတစ်ခုမှာ ဒေါ်ခင်မာလာနှင့် သူတို့နှစ်ယောက် ဆုံတွေ့ဖြစ်ကြသည်။ ဒေါ်ခင်မာလာရဲ့ ပုံစံက ယောဂီဝတ်စုံအဖြူလေးနှင့် အတော်ကို စိတ်အေးချမ်းနေပုံရသည်။
"မေမေ... နေရ အဆင်ပြေရဲ့လား "
ဒေါ်ခင်မာလာက ပြုံးလျက်ဖြင့်..သားဖြစ်သူနဲ့ ဘေးက ယမုံ့ကို ကြည့်ရင်း ခေါင်းညိတ်ပြလိုက်ကာ
"ဘုရားရိပ် တရားရိပ်က အေးချမ်းပါတယ် သားရယ်
သားတို့ အဆင်ပြေပြီဆို မေမေ အရမ်းဝမ်းသာတယ် သားလည်း ယမုံ့ကို စိတ်ချမ်းသာအောင် ထားပါကွယ်"
"ယမုံ ကို ကျွန်တော် အမြဲ စိတ်ချမ်းသာအောင် ထား်ယ်မေမေ ဒုတိယ အကြိမ် အမှားဆိုတာ မရှိတော့တာ ကျွန်တော့် အသက်နဲ့ လောင်းကြေးထပ်ရဲ တာမို့
ယမုံ ရော မေမေရော ကျွန်တော့်ကို ယုံကြည်ပေးပါလို့ ပြောချင်ပါတယ်"
ခမ်းနားက ယမုံ့လက်ကို ဆုပ်ကိုင်ရင်း မိခင်ဖြစ်သူနှင့် သူမ သိစေရန် စကားပါးလိုက်သည်။ ထိုစကားကို ကြားလိုက်ရချိန်မှာ ဒေါ်ခင်မာလာရဲ့ မျက်နှာတစ်ခုလုံး ပီတိအပြုံးတွေ ဝေဆာသွားရ၏။ သူတိုးတိုးတိတ်တိတ် ကြိတ်ပြီး စိုးရိမ်နေခဲ့ရတဲ့ သားဖြစ်သူရဲ့ အချစ်ရေးက အခုတော့ အဆင်ပြေသွားခဲ့ပြီ။
ဒေါ်ခင်မာလာက ယမုံ့ကိုကြည်စင်သော အပြုံးတို့ဖြင့် စိုက်ကြည့်ရင်း ပြောေလသည်။
"အန်တီတကယ်ပဲ ဝမ်းသာတယ် သမီး ယမုံရယ်... သားက သမီးအပေါ် ဘယ်လောက်ချစ်လဲဆိုတာ အန်တီအသိဆုံးမို့ပါ"
ယမုံက ဒေါ်ခင်မာလာရဲ့ လက်ကလေးကို အသာအယာ ပြန်လည်ဆုပ်ကိုင်လိုက်ပြီး နူးညံ့စွာ ပြုံးပြလိုက်သည်။
"အတိတ်ကကိစ္စတွေကို ယမုံ အကုန်မေ့ပစ်လိုက်ပါပြီ အန်တီ... အခု ခမ်းနားနဲ့ ယမုံ ရှေ့ဆက်မယ့် အနာဂတ်အတွက်ပဲ စဉ်းစားတော့မှာမို့လို့ အန်တီလည်း စိတ်အေးအေးနဲ့ တရားကိုပဲ အာရုံပြုပါနော်"
သားဖြစ်သူနဲ့ ချွေးမဖြစ်သူတို့ ဘေးနားမှာ အတူတူယှဉ်တွဲပြီး ကြည်နူးနေကြတာကို ကြည့်ရင်း ဒေါ်ခင်မာလာမှာ ရင်ထဲက လှိုက်တက်လာတဲ့ ပီတိကြောင့် မျက်ဝန်းမှာ မျက်ရည်စတွေတောင် ဝဲလာမိသည်။ အေးချမ်းလှတဲ့ ရိပ်သာဝန်းလေးထဲမှာ သူတို့သုံးယောက်ရဲ့ စကားသံတွေက အတိတ်က နာကျင်မှုအားလုံးကို ကုသပေးလိုက်သလိုမျိုး ကြည်နူးစရာကောင်းလှပေတော့သည်။
အခန်းမှတ်ချက်များ (0)