Bububai ဝတ္ထု အချစ်ဦး ပုံပြင် အခန်းစာရင်း

အပိုင်း(၅)

စနိူးကဘာရယ်မဟုတ်ဘူး ပြောလိုက်တဲ့စကားတစ်ခွန်းက သူ့အတွက် မှန်နေတာမို့ ခမ်းနားမျက်နှာထား ပိုလို့ တင်းမာသွားရသည်၊တကယ်ဆိုရင် ယမုံနဲ့ သူ့အကြောင်းကို စနိုးမသိသေးပေ၊

စနိုးအော်လိုက်တဲ့ အသံ အနည်းငယ် ကျယ်သွားသည်မို့ ဧည့်ခံပွဲထဲက လူတွေက သူတို့ကို အကဲခတ်သလို လှမ်းကြည့်ကြသည်၊

‌ဦးစိုးထွဋ် သမီးငယ်နဲ့ သမက်ဖြစ်သူကို လှမ်းကြည့်ပြီး ခမ်းနားရဲ့ မျက်နှာပျက်ယွင်းမှုကြောင့်သိမ်ငယ်စိတ်က ဝင်လာပြန်သည်၊ခမည်းခမက်ဖြစ်သူ ဒေါ်မာလာခင်ကတော့ မသိသလိုပုံစံမျိုးဖြင့်သာ သူ့မိတ်ဆွေတွေနဲ့ စကားပြောနေလေသည်၊

ဦးစိုးထွဋ် သက်ပြင်းချလိုက်ပြီး သမီးကြီးဖြစ်သူကို လှည့်ကြည့်တော့ သူမထိုင်တဲ့ နေရာမှာ မတွေ့ရသဖြင့် ဟိုကြည့်ဒီကြည့်လှည့်ရှာလိုက်မိသည်သို့ပေမယ့် အရိပ်အယောင်ကို ပင် မတွေ့ရချေ၊

မဂ်လာပွဲလေးက တဖြေးဖြေးပြီး‌ဆုံးမဲ့ အချိန်ကို ရောက်လာပြီမို့ ဧည့်သည်တော်များလည်း တရွေ့ရွေ့ပြန်သွားကြလေပြီ ၊နောက်ဆုံး ခမ်းနားနဲ့ စနိုးအတွက် ပြင်ဆင်ထားတဲ့ မဂ်လာကားလေးက ဟိုတယ်က နေ စတင်ထွက်ခွါလာခဲ့ကြသည်၊

မောင်းသူ နေရာက ခမ်းနားရဲ့ မျက်နှာက ချောမွေ့မှုအပေါင်းခညောင်းနေပေမယ့် တိတ်ဆိတ်နေတတ်တဲ့ အမူအရာတွေ ၊ဝတ္ထရား တစ်ခုလို စနိုးကို ဆက်ဆံနေပုံတွေကြောင့် စနိုးစိတ်ထဲ မကျေနပ်ဖြစ်မိတာ အမှန်ပါ .

ကားလေးက ကိုကို့ တို့အိမ်ရှေ့ရောက်လာတော့ ခြံစောင့်ဟု ထင်ရသော ကောင်လေးတစ်ယောက်က ရောက်လာပြီး တံခါးကို တွန်းဖွင့်ပေးသည်နှင့် စနိုးတို့ ကားလေးက ခြံဝန်းထဲ မောင်းဝင်လာကာပေါ်တီကိုအောက်ရောက်တော့ ရပ်သွားလေသည်၊

ကားတံခါးဖွင့်ပြီးဆင်းလိုက်သည်နှင့် ခမ်းနားကအရင်အိမ်ထဲဝင်ဖို့ ခြေလှမ်းကိုစတင်လှမ်းလေသည်မို့ လွန်းဒေါသကြီးစိတ်တိုလာရကာ အသက်ရူတွေ ကြပ်လာရပြီး

ဟင်း....ဟင်း...

ကားတံခါးဖွင့်လိုက်ပြီး သူမက အသက်ကိုမောဟိုက်စွာရှုလိုက်တဲ့ အသံကြောင့် ခမ်းနားခြေလှမ်းတို့ ရပ်တန့်သွားရပြီး ကားနားမှာ မှီလျက် ရင်ဘက်ဖိပြီး မောဟိုက်နေတဲ့စနိုး အနားကို အမြန် ပြေးသွားလိုက်ရင်း ပခုံးကို အသာထိန်းကိုင်လိုက်ကာ

"စနိုး ...ဘာဖြစ်တာလဲ သတိထားလေကွာ"

မနည်းအသက်လုရှူနေတဲ့ သူမကြောင့် သူ့စိတ်ညစ်မှုတွေကို ဘေးဖယ်ပြီးစနိုးကို ပွေ့ယူလိုက်ကာ အိမ်ထဲ အမြန် ဝင်လာခဲ့လိုက်ပြီး မိသားစု ဆရာဝန် ဆီ ဖုန်းဆက်လိုက်ရသည်

🍀🍀🍀🍀

"သမီး ရယ် ဖေဖေနဲ့အတူလာနေပါလားကွယ် သမီးငယ်လည်း မောင်ခမ်းနား နောက် လိုက်နေတာ ဆိုတော့ ဖေဖေ လည်း တစ်ယောက်ထဲ ရယ် တစ်ခါတစ်လေ တော့ မိသားစု စုံစုံလင်လင် လေး နေချင်မိသားကွယ်"

ဒီနေ့က မေမေဆုံးတာ ငါးနှစ်ပြည့်မို့ ဘုန်းကြီးကျောင်းကို ဆွမ်းချိုင့် ပို့ပြီး ဖေဖေ့ အတွက် ဟင်းချိုင့်တွေ လာပို့ခြင်းဖြစ်သည်၊

ဖေဖေ့စကားကြောင့် မရယ်မပြုံးမျက်နှာလေးထက် နှုတ်ခမ်းလေးလှုပ်ခတ်သွားရပြီး ယမုံခေါင်းခါလိုက်ကာ

"ယမုံ မေမေ ခေါင်းချခဲ့တဲ့ အိမ်ကို မစွန့်ခွါနိုင်သေးဘူးဖေဖေ၊ပြီးတော့ ယမုံရှိခြင်း မရှိခြင်းက ဖေဖေ့ အတွက် ဘာမှ အထူးအဆန်း ဖြစ်မလာပါဘူး ဟိုတုန်းကတည်းက ဖေဖေ နေနေ ကြပဲလေ "

ယမုံ့စကားကြောင့် ဦးစိုးထွဋ် ခေါင်းငိုက်စိုက်ကျသွားရပြီး မချိပြုံးလေး ပြုံးလိုက်မိသည်၊

"အဲ့ဒီလိုပဲ မဟုတ်ပါဘူး သမီးရယ် သမီးကလဲ ဖေဖေ့ သမီးပဲ လေ အတူတူပါပဲ"

"ကိစ္စ မရှိပါဘူးဖေဖေ ယမုံ ဆိုင်ကို သွားရဦးမှာမို့ ပြန်တော့မယ် နော်"

ပြောရင်း ယမုံက ထရပ်လိုက်သည့် အတွက် ဦးစိုးထွဋ်ပြာပြာသလဲ ဖြစ်သွားရကာ

"ခဏ ခဏနေပါဦး သမီးရယ် ဖေဖေ လေ ရှေ့မျက်နှာနောက်ထားပြီး သမီးကို တောင်းဆို စရာလေးရှိလို့ပါ"

ဖေဖေ့ စကားကြောင့် ယမုံ သက်ပြင်းချရင်း ပြန်ထိုင်လိုက်လေသည် ပြီးနောက်..

"ပြောပါ ဖေဖေ ဘာတောင်းဆိုစရာ ရှိလို့လဲ ဆိုကာ"

စကားပြောဖို့ အတွက်ကို ဦးစိုးထွဋ် အားယူလိုက်ပြီးယမုံကို ငြိုးငယ်သော အကြည့်ဖြင့် ကြည့်လိုက်ပြီး

"သမီးညီမလေးက ကိုယ်ဝန်လရင့်လာလေ ကျန်းမာရေးက ပို‌ဆိုးလာလေမို့ တကယ်လို့များဖေဖေ မတော်တဆ အသက်မရှိတော့ရင် သမီးကြီးကပဲညီမလေးကို စောင့်ရှောက်ပေးပါ နော် ဒါလေးတောင်းဆိုခြင်တာပါ "

နောက်‌‌ဆုံးတော့လည်း ဒီဘူတာကိုပဲ စိုက်တာမို့ ယမုံ ပြုံးလိုက်မိသည် ၊ယမုံအတွက် နားလည်ပေးတာ မေမေတစ်ယောက်ပဲ ရှိတာမို့..

🍂🍂🍂

ကိုယ်ဝန်က ခြောက်လကျော်ထဲ ရောက်လာပြီမို့ စနိုးကျန်းမာရေးက ပိုလို့ ဆိုးဝါးလာရသည်၊၊ကိုကို နဲ့ အဆင်မပြေတိုင်း စနိူးရဲ့ စိတ်ကြောင့် ခဏခဏ သတိလစ် လျှော့ရ လို့ ဆရာဝန် ပင့်ရတာ အမြဲပင်.

ကိုကိုက မဂ်လာဦးညကစလ်ု အခုလေးလကျော်အထိ စနိုးနဲ့ အတူ မအိပ်ပေ၊ မေးလိုက်ရင်း မင်းက ကိုယ်ဝန်နဲ့မို့လို့ ဆိုတာပဲ အမြဲ ဖြေပြီးရှောင်ထွက်လေသည်၊

ကိုကို့ အမေ စနိုးယောက္ခမကလည်း စနိုးကို အရမ်းကြီးကြည်ဖြူတဲ့ အထဲမှာ မပါပေမယ့် ကိုယ်ဝန်နဲ့ မို့ ဂရုစိုက်ပါသည်

ဒီနေ့ မမကို တွေ့ချင်တာ အရမ်းမို့ စနိုးက ကားလည်းသိပ်မစီးနိုင်တာမို့ မမဆီ ဖုန်းဆက်ပြီး စနိုးဆီလာဖို့ ပြောတော့ မမက နောက်ရက်မှ မမအိမ်ကို စနိုးလာခဲ့ဟု ပြောသည်မို့ စိတ်ထဲမှာ ခုသွားရပြန်သည်၊

မထူးတော့ပြီမို့ ဖေဖေ့က်ု ဖုန်းဆက်ပြီးစနိုးကို လာခေါ်ခ်ုင်းကာ မမပန်းဆိုင်ကို ထွက်လာခဲ့လိုက်သည်

ပန်းဆိုင်ရှေ့ ရောက်တော့ စနိုးမောလွန်းသဖြင့် ရင်ဘက်ကို ဖိပြီးအမောဖြေနေတုန်း သူမကို မြင်သွားဟန် ရှိသည့် မမက ဆိုင်အပြင်ကို ထွက်လာရင်း

"ဟင် စနိူးရယ် ကိုယ်ဝန်ကြီးနဲ့ကို ကွယ် နေလည်းသိပ်မကောင်းပဲနဲ့ ဘာလို့ မမဆီ လာရတာလဲ နောက်အားရင် မမ စနိူးဆီကို လာမှာပေါ့"

စနိုးကို အသာတွဲပြီး ဆိုင်အတွင်းဖက်က သူမနားနေတဲ့ အခန်းထဲသို့ စနိုးကို ခေါ်လာခဲ့လိုက်သည်၊

အထဲရောက်တော့ စနိူးက အမောဖြေပြီးနောက် မမကို လှမ်းကြည့်ကာ

'မမ '

"အင်း စနိုး ပြောလေ မမရှိတယ်'

စနိုးခေါင်းလေး ညိတ်လိုက်ပြီး မမကို ကြည့်လိုက်ကာ

"တကယ်လို့ ကလေးမွေးပြီး..."

ဆက်မပြောနိုင်ဘဒ စနိုးစိတ်က ဝမ်းနည်းလာရသည်"

"ပြောလေ စနိုး မမနားထောင်နေပါတယ်"

သူမ ပြောချင်နေသည့် စကားမို့ မမကို ပြန်ကြည့်လိုက်ပြီး

"ကလေးမွေးပြီး စနိုးတစ်ခုတစ်စုံ ဖြစ်ခဲ့ရင်"

"စနိုး ဘာတွေလျှောက်ပြောနေတာလဲ"

မမတားမြစ်လိုက်ပေမယ့် ဆုံးအောင်သူမ ဆက်ပြောလေသည်

",စနိူးကလေးလေးကို မမစောင့်ရှောက်ရမယ်နော်၊ကိုကို့ မှာ နောက်မိန်းမ ဆိုတာရှိလာခဲ့ရင် စနိုးကလေးလေးကို မိထွေးနဲ့ မထားချင်ဘူး မမရယ်"

ဟင်.။

« ရှေ့အခန်း - အပိုင်း(၄) နောက်အခန်း - အပိုင်း (၆) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ