Bububai ဝတ္ထု တောင်ပေါ်သားလေးရဲ့ရင်ခုန်သံ အခန်းစာရင်း

အပိုင်း(၂၈)

တောင်ပေါ်သားလေးရဲ့ရင်ခုန်သံ

ခွန်းနဲ့မောင် ပြသာနာကြီးပြီးထဲက ခွန်းတို့နှစ်ယောက်ကြား စိတ်ဆိုးစိတ်ကောက်လေးတောင် မရှိခဲ့တော့ဘူး

ဒါပေမယ့် မောင်က တစ်ဖြေးဖြေးနဲ့ ကလေးဆန်လာလိုက်တာများ

“မောင် ဒီနေ့ ခွန်းကို နေ့လည်စာစားတဲ့ချိန် မစောင့်နဲ့တော့နော်”

နှစ်ယောက်က တူတူ စားနေကျဆိုပေမယ့် ဒီနေ့ ခွန်း ကုန်ပစ္စည်းမိတ်ဆက်ပွဲလေးရှိလို့ မစောင့်ဖို့ ပြောလိုက်တော့

“မရဘူး စောင့်မှာဘဲ”

“စောင့်ရင် မောင်ဗိုက်ဆာနေမှာပေါ့ ခွန်းက ကြာရင်ကြာမှာ”

“ကြာလည်း စောင့်မှာဘဲ မရဘူး”

“မောင်က ဆရာဝန်နော် အဆာလွန်ရင် ဘာဖြစ်တက်လဲဆိုတာ သိတယ်မလား”

“သိတယ် ဘာဖြစ်ဖြစ် မနဲ့တူတူ မစားရရင် မောင် မစားဘူး”

“ဟာ မောင်ရယ် ကလေးလား ဂျစ်တိုက်နေတာ”

“ဘာလဲ မက မောင်နဲ့တူတူမစားချင်လို့လား”

“မဟုတ်ပါဘူးဆို ကဲ ဒါဆိုလည်း မောင် ဆိုင်ကိုသာလာခဲ့တော့”

မောင်ရဲ့ရစ်မှုတွေက ဒါနဲ့တင် ပြီးမသွားဘူး တစ်စနဲ့တစ်စ ပိုဆိုးတာလာသည်။

**********

“ဟလို ကိုသက်ဦးပိုင် လား”

လုပ်ငန်းအသစ်တွက် ထုတ်လုပ်ရေးတာဝန်ခံနဲ့ စကားပြောနေတုန်း

ယောကျာ်းလေးနာမည်ကြားလိုက်တဲ့မောင်က ခွန်းအနားကို ရောက်လာပြီး

“အ့ ဟုတ်ကဲ့”

ခွန်းရဲ့ခါးကို အတင်းဆွဲဖက်ကာ လည်တိုင်းကို ဇွတ်အတင်း နမ်းနေတဲ့ မောင်ကို တွန်းလွှတ်ပေမယ့်

လုံးဝတွန်းထုတ်လို့ကိုမရတဲ့အပြင် ဖုန်းပြောလို့မရအောင် အတင်း လည်ပင်းသားလေးတွေကို နမ်းနေတာကြောင့်

“ဟုတ်ကဲ့ ဒါဆို တွေ့မှ ဆက်ပြောကြမယ်နော်”

ခွန်း စကားကို အမြန်ဆုံးလက်စသက်လိုက်ပြီး

“မောင် ဘယ်လိုဖြစ်နေတာလဲ”

“ဘာလို့လဲ”

“ခွန်း ဖုန်းပြောနေတာလဲ”

“ကိုယ့်မိန်းမကို ချစ်လို့နမ်းတာလေ မနမ်းရဖူးလား”

“နမ်းတာက မောင့်စိတ်ကြိုက်နမ်းလို့ရတယ် ဒါပေမယ့်….”

“နမ်းလို့ရတယ်ဆို ပြီးပြီလေ”

“မောင်နော် တအားကို ဆိုးလာတာ”

တကယ်လည်း ဆိုးလာတာပါ ခွန်းကို မျက်စိအောက်က အပျောက်ကိုမခံသလို သဝန်တိုတာကလည်း နှစ်ယောက်မရှိ

“အေ့…ဟင်းးး အော့”

“ဘာဖြစ်တာလဲ မ”

စကားပြောနေရင်း ရင်ထဲတစ်စို့သလို ခံစားချက်ကြီးနဲ့ မူးလာတာကြောင့်

“ခေါင်းတွေမူးလို့ မောင်”

“မနက်ကလည်း ဘာမှမစားပါဘူး”

ပြောနေရင်း မတ်တပ်ထရပ်လိုက်တဲ့ ခွန်းက မောင့်ရင်ခွင်ထဲမှာ ပျော့ခွေကျသွားတာမို့

“မ သတိထားဦး မ”

စိုင်း အိပ်ယာထဲ ပွေ့ချီသွားကာ မိဘတွေဆီ အရင်ဆုံးဖုန်းဆက်ခေါ်လိုက်ပြီး

စမ်းသပ်ကြည့်တော့

လက်ကောက်ဝတ် သွေးခုန်နှုန်းက ထူးဆန်းနေပေမယ့်

စိတ်ပူလွန်းနေတာကြောင့် ကွဲကွဲပြားပြားသူကိုယ်တိုင် မသိနိုင်တော့တာမို့ မိန်းကလေး။ Doctor တစ်ယောက်ကို ဖုန်းဆက်ခေါ်လိုက်ရသည်။

“ဟာ…..ကိုယ်ဝန်ဘဲ ဒေါက်တာ”

အနောက်မှာ ရပ်နေကြတဲ့ မိခင်ဖြစ်သူတွေလည်း ထိုစကားကြောင့် ဝမ်းသာမျက်ရည်တွေ ဝိုင်းနေကြကာ

“ငါထင်တယ် စမ်းတော့စမ်းနေတာ မသေချာမှာစိုးလို့ ခေါ်လိုက်တာ”

“သေချာတယ် ကိုယ်ဝန်ပါ ဒေါက်တာ”

“OGဆရာမနဲ့ ချိတ်ပြီး ဒီကို နှစ်ယောက်လောက် လွှတ်ပေးဦး”

“ဟုတ်ကဲ့ ဒေါက်တာ ချက်ချင်း လွှတ်လိုက်ပါ့မယ် ခွင့်ပြုပါဦးနော်”

ခွန်းလက်ကလေးကိုကိုင်ပြီး တစ်ဖွဖွနမ်းကာ ကိုယ်ဝန်ကြောင့် နွမ်းလှနေတဲ့ မျက်နှာလေးကို တစ်စိမ့်စိမ့်ကြည့်ပြီး

“ပင်ပန်းသွားပြီ မောင့် အချစ်ကလေး”

« ရှေ့အခန်း - အပိုင်း(၂၉) နောက်အခန်း - အပိုင်း(၃၀)ဇာတ်သိမ်း »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ