တောင်ပေါ်သားလေးရဲ့ရင်ခုန်သံ
“မေမေ မ အိမ်ရောက်နေတာလား”
“ဟုတ်တယ် သား ဘာဖြစ်လာကြတာလဲ”
ကားလည်းမရှိတာမို့ အမေတို့ ဆီ ထွက်သွားပြီဆိုတာ စိုင်း တန်းသဘောပေါက်တာမို့
ယောက္ခမဆီဖုန်းဆက်ကြည့်တော့ တကယ်လည်း အိမ်ရောက်နေတာတဲ့
“စိတ်ကောက်သွားတာ အမေ သား ဆေးရုံမှာ အရေးကြီးကိစ္စလေးရှိလို့ အပြန်ကျ သားလာခေါ်လိုက်မယ်နော်”
“ဟုတ်ပြီ သား အလုပ်ကိုဘဲ အာရုံစိုက်နော်”
“ဟုတ်ကဲ့ အမေ”
စိုင်းဖုန်းချသွားတာနဲ့ အမေဖြစ်သူဘေးကနေ
“မေမေ သမီးက မေမေသမီးနော် တကယ်ဆို အခုချက်ချင်းလာချော့လို့ အမေက ပြောသင့်တာမလား”
“ဟိုက လူနာတွေကိုလည်း စိတ်ရောလူရော အပင်ပန်းခံပြီး ဆေးကုနေရတာလေ”
“ဟာ သမီးလည်း စိတ်ရောလူရော ရင်းပြီး အလုပ်လုပါရတာဘဲလေ မေမေက သမီးဘက်ကို မပါဘူး”
အမြဲတမ်း တီလေးတို့ နှစ်ယောက်လုံးရော မေမေရော အကုန်လုံးက မောင့် ဘက်ကြည့်ဘဲ
ခွန်းဘက်ကို ပါမှာမယ့်မရှိလို့ ဝမ်းနည်းတဲ့အပြင် မောင့်ရဲ့ လျစ်လျူရှုမှုကို ခံနေရတာကြောင့် အသက်ရှုရပ်မတက် ရင်ထဲ မွန်းကြပ်နေခဲ့တာ
“ပြသာနာရဲ့အစက ခွန်းရှင်နံသာ ညည်းအမှားနော်”
“သမီးအမှား သမီးသိလို့ သူ့ကိုချော့တယ်လေ သူက အငယ်ဖြစ်ပြီး အလျော့မပေးဘူး”
“ညည်းတောင်အကြီးဖြစ်ပြီး ကိုယ်လုပ်ချင်တာ လုပ်ခဲ့သေးတာဘဲမလား”
“တော်ပြီ မေမေရာ သမီး ပြန်တော့မယ်”
ပြန်တော့မယ် ဆိုကာ မေမေတို့ အိမ်က ထွက်လာခဲ့ပေမယ့် ခွန်း ဘယ်သွားရမလဲဆိုတာ မသိ
“မြင်လား ညည်းတို့ တူမ လုပ်သွားတဲ့ အချိုးကို”
“ဟုတ်ပ မမရယ် သားက အလိုလိုက်ထားလို့ ဆိုးနေတာ”
“ဟင်းးးးဒီကောင်မလေးနဲ့တော့ တကယ်ပါဘဲ”
***********
“ဟလို မယ့်”
ခွန်း ကားပေါ်မှာ ငိုနေတုန်း မယ့် ဆီကာ ဖုန်းဝင်လာတာနဲ့
“သမီးလေး ဘာလုပ်နေလဲ”
“မယ့် အီးးးးဟီးးးးး…..”
မယ့်ရဲ့အသံကို ကြားလိုက်ရတာတဲ့ ရင်ထဲ အေးချမ်းသွားသလို
လုံးဝကို ဟန်မဆောင်နိုင်ဘဲ ငိုချလိုက်မိကာ
“သမီး ဘာဖြစ်တာလဲ မယ့် ကိုပြော သမီး”
“မယ့် မောင်ကလေ….####################***%%%%”
ဖြစ်ကြောင်းကုန်စင် မယ့် ကိုပြောပြလိုက်မိတော့
“တောက်…..ငါ့သမီးကိုများ စိုင်းနွမ်းခမ်း ဒီအချိုးချိုးရဲတယ်ပေါ့”
ခွန်း စိတ်ထဲမှာ ခွန်းနဲ့မောင် အမေတွေများ လွှဲနေသလားလို့ ထင်မိတဲ့အထိ
မယ့်က ခါတိုင်းနဲ့မတူ လေသံက ပြတ်သားနေသလို ဒေါသသံတွေလည်းပါနေသည်။
ပြောပြမိတာ လွန်များသွားလားလို့ တွေးမိပေမယ့် ဆေးရုံမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်ပျက်က ခုထိ ခွန်းရင်ထဲမှာတော့ အစိုင်အခဲတစ်ခုလိုဘဲ
“မယ့်… သမီးမှားသွားလားဟင်”
“သမီး မမှားဘူး သမီးလေး အခု ကားပေါ်မှာ မနေနဲ့ မယ့် တို့ စံအိမ်ကို သွား မယ့်အခု ဖုန်းဆက်ထားလိုက်မယ် ၃နာရီဘဲ စောင့် မယ့်လာခဲ့မယ်”
“ဟုတ်ကဲ့ မယ့်”
ခွန်းကားကို စံအိမ်ဆီ တန်းမောင်းပြီး မယ့် လာမည့်အချိန်ကိုဘဲ စောင့်နေလိုက်တော့သည်။
“သမီးလေး….”
“မယ့်….”
တွေ့တွေ့ချင်းမှာဘဲ ခွန်း မယ့်ကို ဖက်ပြီး ငိုချလိုက်တော့သည်။
“သမီးရယ် ပိန်သွားလိုက်တာ”
“ဟင့် ဟင့်”
“မငိုနဲ့တော့ တိတ် ပေး မယ့်ကို သမီးဖုန်း”
ခွန်း ဖုန်းထုတ်ပေးလိုက်တော့ မယ့်က ဖုန်းကို စက်ပိတ်လိုက်ကာ
“မယ့်နဲ့ တူတူ ဒီမှာနေ သူနဲ့အဆက်အသွယ်မလုပ်နဲ့”
“မယ့်”
ချွေးမဖြစ်သူလေးက မဆက်သွယ်ဘဲ မနေနိုင်တာသိပေမယ့် သားဖြစ်သူအကြောင်းက သူအသိဆုံးဘဲမို့
“ဘာမှမဖြစ်ဘူး ၃ရက်ဘဲ ညည်းခံ”
“ဟုတ်ကဲ့ မယ့်”
အခန်းမှတ်ချက်များ (0)