တောင်ပေါ်သားလေးရဲ့ရင်ခုန်သံ
မြဖူးတို့ ပြန်မှာမို့ ဟိုတယ်ရှေ့ လိုက်ပို့ပေးရင်း ဝန်ထမ်းလေးတွေနဲ့ ဆိုင် မန်နေဂျာတွေကို လုပ်ငန်း ကိစ္စဝဝ သေချာမှာနေရသည်။
“ဆိုင်အတွက် စိတ်ပူမနေနဲ့ ကိုယ်ကိုကိုယ် လည်း ဂရုစိုက်ဦးနော် ခွန်း”
“အေးပါ ငါကအဆင်ပြေပါတယ်”
“ဒီရက်ပိုင်း ချည်ထည်သွားကြည့်ရ စစ်ရနဲ့ ပင်ပန်းနေတော့မှာဘဲ”
“ငါဝါသနာပါတဲ့ အခုလုပ်ဘဲ မပင်ပန်းပါဘူး နင်တို့သာ ဂရုစိုက်ကြ ကလေးတွေကို သေချာထိန်းနော် ဒီဟာမလေးတွေက နင်တို့ဆို ကြောက်တာမဟုတ်ဘူး”
“ဟီး”””
“ရီမနေကြနဲ့ မမ မရှိတုန်း ဆိုင်ကို စိတ်ချမယ်နော်”
“ဟုတ်ကဲ့ မမ”
“ဟုတ်ပါပြီ သွားကြတော့ ရောက်ရင် ဖုန်းဆက်ကြဦးနော်”
“အေးအေး သွားပြီ ခွန်းရေ”
သူတို့လေးတွေကား ဟိုတယ် ဝန်းထဲက ထွက်တော့မှာ
“အာ မေ့နေလိုက်တာ ၇နာရီ ထိုးတော့မှာဘဲ”
ဒီနေ့ အင်းလေးဘက်ကို ချည်ထည် သွားဖို့အတွက်
လမ်းညွှန်တစ်ယောက်နဲ့ကားတစ်စီး
ခိုင်က စီစဉ်ပေးထားတာမို့ ဟိုတယ် ထဲ အမြန်ဝင်ကာ
အသင့်ပြင်ဆင်ပြီး လာကြိုတာကို စောင့်နေခဲ့သည်။
📩ကားရောက်နေပါပြီ📩
ဆိုတဲ့ message လေး ကျလာတာမို့ ခွန်း ကား ပါကင်ဘက်သွားကာ
“ရောက်နေပြီလဲ ပြောသေးတယ် ဘယ်မှာလဲ”
“ဒီမှာလဲ”
“အမလေး!!!”
ပခုံးလေးကို ပုတ်ပြောလိုက်တဲ့ စိုင်းကြောင့် ခွန်း
လန့်သွားကာ
“ဒီနေ့ သွားဖို့ ဖျက်လိုက်တော့”
“ဘာလို့လဲ”
“မင်းနဲ့ဆို မသွားချင်ဘူး”
“စိတ်ကောက်မပြေသေးဘူးလား”
“စိိတ်ကောက်ရအောင် မင်းနဲ့ခွန်းက ချစ်သူရည်းစားတွေမဟုတ်ဘူး”
ခွန်းလှည့်ထွက်ဖို့ ခြေလှန်း လှန်းလိုက်တာနဲ့ အနောက်ကနေ ခါးကို သိုင်းဖက်ထားပြီး
“မ ကျွန်တော့်ကို စိမ်းကားနေရင် မကို ကျွန်တော်
တစ်ခုခု လုပ်မိလိမ့်မယ်”
“ဘာလုပ်ချင်လို့……အွန့် အွန့် ဖယ်”
ခွန်းရဲ့ ခေါင်းလေးကို ထိန်းပြီး နှုတ်ခမ်းလေးသားလေးတွေကို အတင်း ဆွဲစုပ်နမ်းရှိုက်နေတဲ့ စိုင်း
“ဖယ် အွန့်”
ရင်ဘတ်လေးတွေကို လက်နဲ့ထုရိုက်နေလဲ မဖယ်ဘဲ ဆက်ပြီး နမ်းနေဆဲ စိုင်း
“အ့…”
ခွန်းရဲ့အောက်နှုတ်ခမ်းလေးကို ဆွဲကိုက်လိုက်ပြီးမှ လွှတ်ပေးကာ
“မဆိုးပါနဲ့ မရယ်”
အတင်းစွဲနမ်းတက်တဲ့ စိုင်းကို ရိုက်ထုတ်ပစ်ချင်ပေမယ့် စိုင်း အနမ်းတွေကို ခွန်း စွဲလမ်းမိနေပြီ”
“ကားပေါ်တက်!!”
စိုင်း ကားတံခါးလေးဖွင့်ပေးပေမယ့် လက်လေးပိုက်ကာ ရပ်နေတဲ့ ခွန်း
“ပြောပြီးပြီလေ မင်းနဲ့ဆို မလိုက်ဘူးလို့”
“ရတယ်လေ အဲ့ဒါဆို ဒီနေ့ ဒီနေရာမှာ အကြာကြီး နမ်းကြတာပေါ့”
“မင်း!!!!”
ဆိုကာ ထိုအခါမှ မျက်စောင်းလေး ထိုးကာ ကား ပေါ် တက်သွားသည်။
“မင်း ဘာလုပ်တာလဲ!!”
ခွန်း ထိုင်နေတဲ့ရှေ့ နမ်းလိုလိုနဲ့ စိုင်း မျက်နှာကြီး ရောက်လာတာမို့ နှုတ်ခမ်းကို လက်နဲ့ အမြန်ကာလိုက်ပြီး
“ခါးပတ်ပတ်ပေးမလို့လေ အဟက်”
ခွန်း ဖြစ်သွားတဲ့ပုံကို ကြည့်ကာ ပြုံးပြုံးကြီးနဲ့ ခါးပတ် ပတ်ပေးနေတဲ့ စိုင်းရဲ့ပုံစံလေးက
ချောပါတယ်ဆိုတဲ့ ယောကျာ်းလေးတွေထက်ကို ပိုပြီးကြည့်ကောင်းနေတာမျိုး ပြုံးလိုက်ရင် ငေးလို့ မဝနိုင်သလို ခပ်တည်တည်နေရင်လည်း လူကြီးဆန်ဆန်လေးနဲ့ ကြီးကောင်းနေတာ
ဒီကောင်လေးက ငါ့ကောင်လေးဖြစ်လာရင် perfect ဆိုပေမယ့် ဒီလို ဂျစ်ကန်ကန် ထင်ရာစိုင်းလေးနဲ့ လုံးဝဖြစ်မှာမဟုတ်ဘူး
“အင့်….”
ဟော ခုလည်းကြည့် နှုတ်ခမ်းကို လက်နဲ့ မကာမိလိုက်တာနဲ အလစ် နမ်းသွားသေးတာ ဒီလောက်ဆိုးနေမှပေါ့ မဖြစ်ဘူး
***************
အင်းလေးကို ရောက်တာနဲ့ စိုင်း ကြိုစီစဉ်ထားတဲ့ စက်လှေနဲ့ဘဲ
အင်းလေးမှာရှိတဲ့ အင်းချည် ရက္ကန်းခတ်နေတဲ့ နေရာတွေမှာ အရင်လေ့လာခဲ့ပြီး လိုချင်တဲ့ ပုံဖြစ်ဖို့နဲ့ ရိုးရာ ဓလေ့မပျောက်ဖို့အတွက် တိုင်ပင်ကြကာ
ခွန်းတို့ စီးပွါးရေးနဲ့ အလှန်းဝေးတယ်လို့ ထင်ခဲ့တဲ့စိုင်းက ချည်ထည် တော်တော်များများ ခွန်း လိုချင်တဲ့ပုံကို ပြောလိုက်တာနဲ့ တန်းသဘောပေါက်တာမို့
“အင်း ခနက ပြောတဲ့ တဇိုင်းမျိုးတွေဘဲ လိုချင်တာ စိုင်း ပြောတာတွေလည်း မဆိုးဘူး”
“တစ်ခါတည်း အဲ့ဒီချည်ကို ရှာလိုက်မယ်လေ အဲ့လို နေရာတွေက ပေါပေမယ့် စိတ်ကြိုက်ရွေးဦး တစ်နေရာတည်း ကြည့်ပြီး မဆုံးဖြတ်နဲ့”
““တော်လိုက်တာ ဆရာဝန်ဖြစ်တာ ဒီလိုအချက်တွေကြောင့်ထင်တယ်”
“သဘောကျသွားပြီဆို အဖြေပေးလို့ရပြီနော်”
“မပေးပါဘူး ဘယ်သူက သူ့ကို ချစ်မှာ ကျလို့”
အခန်းမှတ်ချက်များ (0)