Bububai ဝတ္ထု တောင်ပေါ်သားလေးရဲ့ရင်ခုန်သံ အခန်းစာရင်း

အပိုင်း(၇)

တောင်ပေါ်သားလေးရဲ့ရင်ခုန်သံ

သူငယ်ချင်းတွေ မပြန်ခင် ခွန်းတစ်ယောက်ထဲ နေခဲ့ရင် အဆင်ပြေမယ့် အခန်းမျိုးကို တစ်ခါတည်း ပြောင်းခဲ့လိုက်သည်။

ညကျရင် တောင်ကြီးကို ခွဲရတော့မှာမို့ နှုတ်ဆက် ပါတီဆိုကာ ဟိုတယ်ရဲ့ barမှာ ပွဲလုပ်မလို့တဲ့လေ

“ငါမလိုက်တော့ဘူး နင်တို့ဘဲ သွားကြတော့”

“နင်မပါဘဲ ငါတို့က ဘယိလို သွားမှာလဲ တူတူ သွားမယ်”

“ငါ အရက်သောက်ရင် မရဘူးဆိုတာ နင်တို့ သိတယ်နော် ထိန်းချုပ်မှု မရှိလွန်းလို့ဘာ”

အရက်သောက်လိုက်ပြီဆို သာမာန် အနေအေးတဲ့ ခွန်းက ဟော့လွန်းတဲ့ မိန်းကလေး စတိုင် ချက်ချင်းပြောင်းသွားတာ ကိုယ်အကြောင်း ကိုယ် သိတာမို့ ဘယ်မှ မလိုက်ချင်

“ငါတို့ပါနေတာဘဲ ခွန်းရယ်”

“လိုက်ခဲ့ပါ နင်ကလည်း”

မလိုက်မချင်း ဇွတ်တွေကြည့် လုပ်နေမို့ ခေါင်းငြိမ့်လိုက်ရပြီး

“တစ်ခုတော့ ရှိတယ်နော် ငါရဲ့ စံချိန် ကျော်သွားပြီဆို

ဘယ်သူအနားမှ အကပ်မခံဘဲ အခန်းထဲကို ခေါ်ခဲ့ပေးနော်”

“အင်းပါ”

“အထူးသဖြင့် ဟိုကောင်လေး နားလေးကို လုံးဝကပ်လို့ မဖြစ်ဘူးနော်”

မှာသာမှာနေရတယ် မြူဖူးနဲ့ခိုင်က စိုင်းဘက်က လူတွေဖြစ်နေတာမို့ ကိုယ်ကိုကိုယ် ပိုထိန်းရမယ်ဆိုတဲ့ သတိကို ကပ်ပြီး barရောက်သွားတော့သည်။

“နွန်း ဟိုမယ် မင်းမမ လာနေပြီ”

ခါတိုင်း ရိုးရိုးလေးတွေဘဲ မြင်ရတဲ့ မမက အနောက်ရောင် ဝတ်စုံကို ကျောမှာ ကြိုး တွေ ယှက်နေတဲ့ ရင်ပြတ် ဂါဝန်လေးနဲ့မို့ အမြင်လေးက ဆန်းလွန်းနေပြန်ရော

မမ ဝင်လာထဲက barထဲက လူတွေ အကြည့်က မဆီမှာဘဲမို့ စိုင်း ချက်ချင်းဘဲ ခွန်းဆီ လျှောက်သွားကာ

“ဒီနေ့က ညနတ်သမီးလေးပေါ့”

“ဘယ်လိုထင်လို့လဲ”

“အရမ်းလှလို့ နတ်သမီးလေးလူယောင်ဖန်ဆင်းလာတယ်ထင်နေတာ”

“အဟွန်း မင်း မိန်းကလေး ဘယ်နှယောက်လောက်ကို အဲ့လိုပြောပြီးပြီလဲ”

“ပါးစပ်က မရေမတွက်နိုင်အောင် ပြောမိလည်း ကျွန်တော် နှလုံးသားထဲထိ ဝင်ရောက်တာ မမ ဘဲရှိတယ်”

အနားကပ်ကာ ချွဲနေတဲ့ အသံလေးနဲ့ အပြောကောင်းလွန်းတဲ့ စိုင်း ရဲ့ရင်ဘတ်လေးကို တွန်းကာ

“ရင်မခုန်ဘူး”

“အဟက် မမရာ”

အရက်တွေက ပြင်းမှာ စိုးတာကြောင့် အရက်မသောက်ဖို့ ဆုံရဖြတ်ထားပေမယ့် မသောက်ပြန်ရင်လည်း တစ်ခုခု လိုအပ်နေသလို

“ဒါသောက်လိုက် ဒါသိပ်ပြီး မပြင်းဘူးရယ်”

ခိုင် ယူလာပေးတဲ့ ကော့တေးခွက်လေးကို ယူလိုက်ပြီး

“အပြင်းစားတွေနဲ့ရောထားဦးမယ်နော်”

“မပြင်းပါဘူးဆို ငါတောင် တစ်ခွက်သောက်ပြီး သွားပြီ”

“အင်းအင်း”

ခွန်း မသောက်သေးဘဲ စာပွဲဝိုင်းပေါ်မှာသာ တင်ထားလိုက်ပြီး ခါတိုင်းဆို ခွန်းနား ယင်ကောင်လို ဝဲနေတဲ့ သူပျောက်နေတယ်လို့ တွေးမိပြီး မျက်လုံးလေး ကစားမိတော့

“ဟွန့် ယောကျာ်းတွေများ”

မိန်းကလေး တစ်ဖက် သုံးယောက်က အရက်ငှဲ့ပေးလိုက် အသီးကျွေးလိုက် လုပ်နေတာကို ကြားထဲကနေထိုင်ပြီး

သူငယ်ချင်း အရွယ်မဟုတ်ဘဲ စိုင်းထက် အသက်အရွယ်အနည်းငယ် မျက်နှာချင်းဆိုင်က ယောကျာ်းလေးတွေ စကားပြောနေတဲ့ စိုင်း

ခွန်း ရှေ့က ကော့တေးခွက်ကို စိတ်တိုတိုနဲ့ ကောက်မော့ချလိုက်ပြီး

“လူရှုပ် လူပွေကောင် မုန်းစရာကောင်းတဲ့ကောင်”

စိုင်းကို စိုက်ကြည့်ပြီး ပါးစပ်က ပွစိပွစိပြောနေတဲ့ ခွန်းကို စိုင်း လှန်းကြည့်မိပြီး

“ဘာလဲ”ဆိုတဲ့ သဘောနဲ့ မေးလေးငေါ့ပြလိုက်တော့ စိုင်းကို မျက်စောင်းထိုးပြီး မျက်နှာ လွှဲသွားတဲ့ ခွန်း

“မြဖူး ငါပြန်တော့မယ်”

“ဘာလို့လဲ အစောကြီးရှိသေးတယ်”

“နားချင်လို့ နင်တို့နေခဲ့လိုက် ငါဘာသာ လမ်းလျှောက် ပြန်လိုက်တော့မယ် ဟိုတယ် ဝန်းထဲဘဲ ဘာမှမဖြစ်ဘူး”

“ရလို့လား”

“ရတယ် ဘာမှမဖြစ်ဘူး အေးဆေးနေမှ ပြန်လာခဲ့ကြ”

ခွန်း ပြန်မလို့ မတ်တပ်ရပ်လိုက်တော့ ခေါင်းထဲကက မူးရိတ်ရိတ်လေးဖြစ်သွားကာ ခေါင်းလေးကို လက်ကလေးနဲ့ ဖိပြီး

“ကျစ် တစ်ခွက်ထဲကို”

လို့ ကိုယ့်ကိုကိုယ် ပြောမိရင်း အားတင်းကာ အပြင်ကို မနည်းရောက်အောင် လမ်းလျှောက်ရသည်။

အပြင်ရောက်မှ barထဲကလောက် မွန်းကြပ်မနေဘဲ လေအေးအေးတွေ တိုက်နေတာကြောင့်

အနည်းငယ် ချမ်းစိမ့်စိမ့်ဖြစ်နေပေမယ့် အသက်ရှုချောင်သွားသလိုမို့ ပန်းခြံနားက ခုံလေးမှာ ထိုင်လိုက်မိရင်း

“ဟင်!!!!”

အနောက်ကနေ ကုတ်အကျီလေး ခွန်း ခန္တာကိုယ်ပေါ် ရောက်လာတာမို့

“အေးနေမှာစိုးလို့”

“အော်ရပါတယ်”

ခွန်း ခန္တာကိုယ်ပေါ်က အကျီလေးကို ပြန်ပေးမလို့လုပ်ပေမယ့်

“အပြင်မှာ အေးတယ် ခြုံထား”

အကျီလေးကို ခွန်း ခန္တာကိုယ်ပေါ် သေချာ ပြန်ခြုံပေးကာ

“ရတယ်ရှင့်”

“မကြောက်ပါနဲ့ ကိုယ်က ဝါးမစားပါဘူး ကိုယ့်နာမည်က ဟန်သာမင်း Han ဆောက်လုပ်ရေးကုမ္မဏီက CEOပါ”

Han ဆောက်လုပ်ရေးလုပ်ငန်းဆိုတာ နာမည်ကြီး လုပ်ငန်းစုလို့ ခွန်း ကြားဖူးတာမို့

“အော် ဟုတ်ကဲ့ ခွန်း နာမည်က ခွန်းရှင်နံသာပါ”

“ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ်”

ခွန်းဆီကို လက်တွဲနှုတ်ဆက်ဖို့ လက်လှန်းပေးလိုက်ပေမယ့်

“ဖြန်း!!!!”

“အ့”

ဟန်သာ လက်ကို ရိုက်ချလိုက်တာကတော့ အနောက်က ရောက်လာတဲ့ စိုင်းရဲ့လက်တစ်စုံ

သူ့မမ ခွန်းရဲ့လက်ကိုတော့ ကျစ်ကျစ်ပါအောင် ဆွဲထားပြီး

“တွေ့ရတာ ဝမ်းသာစရာဘာရှိလို့လဲ ရော့ မင်းအကျီ နောက်ခါ ငါ့ကောင်မလေး အရိပ်တောင် မနင်းမိစေနဲ့ “

“မင်းကောင်မလေး….”

“ဟုတ်တယ် အနာဂတ် ငါ့ချစ်သူ ငါ့ဇနီးလောင်း ငါ့ကလေးအမေ ဖြစ်လာမယ့်သူ မင်း လုပ်ငန်းတွေ နည်မြဲ ချင်သေးရင် ငါ့ချစ်သူနဲ့ ဝေးဝေးနေ”

“စိုင်း!!!”

“လာ မ ကျွန်တော်နဲ့ လိုက်ခဲ့”

“စိုင်း ခုချက်ချင်း လက်ကို လွှတ်စမ်း”

« ရှေ့အခန်း - အပိုင်း(၆) နောက်အခန်း - အပိုင်း(၈) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ