Bububai ဝတ္ထု တောင်ပေါ်သားလေးရဲ့ရင်ခုန်သံ အခန်းစာရင်း

အပိုင်း(၂)

တောင်ပေါ်သားလေးရဲ့ရင်ခုန်သံ

“ဟာ အန်တီမိုး ဘယ်ကလာတာလဲ”

ခွန်း ဆိုင်မသွားခင် ဧည့်ခန်းထဲမှာ skincare ပစ္စည်းစာရင်းတွေ စစ်နေတုန်း မေမေ သူငယ်ချင်းရောက်လာတာမို့ ချက်ချင်းထကာ နှုတ်ဆက်လိုက်ပြီး

“ဒီဘဲ လာတာသမီးရဲ့ သမီးမေမေနဲ့ တီလေးတို့နှစ်ယောက်ရော”

“ရှိတယ် သမီးခေါ်ပေးမယ်နော်”

ခွန်း ကိုယ်တိုင်ဘဲ အိမ်ပေါ်တက်ခေါ်လိုက်ပြီး မေမေနဲ့ တီလေးတို့ နှစ်ယောက် ခွန်းနဲ့တူတူပါလာကာ

“မိုး ဘာကိစ္စရှိလို့လဲ သူငယ်ချင်း”

“ကိစ္စလည်းရှိတယ် အကူညီလည်း တောင်းချင်လို့”

“ပြောလေ ဘာကူညီရမှာလဲ”

“တစ်ခြားတော့ မဟုတ်ပါဘူး သမီးခွန်းကို ငါ့သမီးမင်္ဂလာဆောင်ကျ သတို့သမီးအရံလေး လုပ်ပေးစေချင်လို့လေ”

“ဟယ် နင်သမီးတောင် လက်ထပ်ပြီလား”

ဆိုပြီးတာနဲ့ မေမေနဲ့ တီလေးတို့ နှစ်ယောက်အကြည့်က ခွန်းကို အဖြစ်မရှိဘူးဆိုတဲ့အကြည့်နဲ့

“ကြားတယ်နော် ခွန်း သူများအိမ်က သမီးတွေက လက်ထပ်ကုန်ပြီ ဒါနဲ့ သမီးက အသက်ဘယ်လောက်ရှိပြီလဲမိုး”

“၂၂နှစ် စောသေးပေမယ့် ကောင်လေးနဲ့က တွဲလာတာကြာပြီလေ”

“မစောပါဘူး ဒီချိန်ယူပြီး ကလေးမွေး စီးပွါးရှာ ငယ်တုန်း အချိန်မျှ သုံးလို့ရတာပေါ့ အသက်ကြီးမှ တောင်စဉ်ရေမရတွေ ဖြစ်နေမှဖြင့်”

ဒီတစ်ခါလည်း တီကြီးရဲ့ ရွဲ့ပြောချင်းကို ခံလိုက်ရပြန်တဲ့ခွန်း

“ဟုတ်တယ် ရပြီးတာနဲ့ ကလေးကတော့ တန်းမွေးခိုင်းမှာလေ”

“ကောင်းတာပေါ့ ကောင်းတာပေါ့ဟယ်”

“ငါက အဲ့တာလေး လာအကူအညီတောင်းတာပါ အပြန် ဖိတ်စာ သွားကြည့်ကြမှာဆိုတော့ ငါပြန်တော့မယ်”

“အေးအေး ဟုတ်ပြီ သူငယ်ချင်း”

အန်တီမိုး ပြန်တာနဲ့ အလုပ်လုပ်နေတဲ့ ဖိုင်ရယ် Laptop လေးရယ်ကို ကိုင်ပြီး လစ်ဖို့ လုပ်နေတဲ့ ခွန်း

“ဘယ်လဲ မိခွန်းရှင်နံသာ”

“ဟာ နာမည်ကြီးကို အဲ့လောက်အရှည်ကြီး ဆွဲဆန့်မခေါ်ပါနဲ့ မမောဘူးလား”

“နာမည်ခေါ်ရတာမမောဘူး နင် လင်ယူဖို့ ပြောရတာက မောတာ”

“ယောကျာ်းမြန်း အချိန်တန်ရင်ရမှာဘဲကို”

“အချိန်တန်နေတာကို မဟုတ်ဘူး ကျော်နေလို့ ပြောနေတာ ၃၀ကျော်ရင် ကလေးမွေးရ ခ၊က်ခဲတာကို သိလား”

“အဲ့တော့ မယူယုံပေါ့ တီလေးရယ်”

“ဘာပြောတယ်!!!”

ဒီခါအော်လိုက်ကြတာ ပြိုင်တူ ညီအစ်မတွေလို့ မပြောရဘူး အသံညီလိုက်တာများးး

“တော်ပြီတော်ပြီ ညည်းကို ဒီတိုင်းလွတ်ထားလို့မရတော့ဘူး ဒီနှစ်ကုန်အတွင်း ညည်းအစွမ်းအစနဲ့ အိမ်ကို ကောင်လေးခေါ်လာချင်ခေါ်လာ မခေါ်လာရင် ငါတို့ပေးစားတဲ့လူကိုယူ”

“ဟာ….ဘယ်လိုကြီးလဲ သမီး မယူချင်သေးဘူး”

နှစ်ကုန်ဖို့၃လဘဲ လိုတော့တာ အချိန် သုံးလ အတွင်း ခွဘယ်ကယောကျာ်းကို ဆွဲခေါ်ရမှာလဲလို့သာ အော်

ပစ်လိုက်ချင်နေတဲ့ ခွန်း

“မယူဘူးဆို ငါတို့နဲ့ရှင်ခန်းဖြ၊တ်ဘဲ”

“မေမေနော်”

“တော်ပြီ ညည်း အသံ မကြားချင်တော့ဘူး လာငါတို့ အိမ်ပေါ်တက်ပြီး မနေ့က ကိုရီယားကားလေး ဆက်ကြည့်ရအောင်”

မေမေတို့ အိမ်ပေါ်တက်သွားတော့မှဘဲ ခွန်း သက်ပြင်းချနိုင်ကာ

“ယောကျာ်း ယောကျာ်းတဲ့ အဲ့ယောကျာ်းကို ငါက ဘယ်ကရှာရမှာလဲ”

*************

“ပီနွန်း ဒီနှစ် တန်ဆောင်တိုင် ကလောမှာဘဲ နေမှာလား တောင်ကြီး ပြန်မှာလား”

“ငါ တောင်ကြီး ပြန်မှာ ဆေးကျောင်းစတက်ထဲကနေ အခုထိ မီးပုံးပျံပွဲကို မသွားရတာ ကြာပြီလေကွာ ဒီနှစ်တော့ ရောက်အောင်သွားမယ်”

“အဲ့ဒါဆို ပီနွန်းက ဒီလကုန်ရင် ပြန်မှာပေါ့ “

“လမကုန်ခင်ပြန်မှာ ငါ ဆိုင်ကယ်အဖွဲ့နဲ့ကားအဖွဲ့ကို ချိန်ထားတာရှိလို့”

အမေနဲ့အစ်ကို မအားတာကြောင့် စိုင်း စပျစ်ခြံတွေကို လာကြည့်ကျပ်နေကာ

အသ၊က်အန္တာရာ၊ယ်များလွန်းတဲ့ ဆိုင်ကယ်ပြိုင်

မောင်းတာမျိုး ကားပြိုင်မောင်းတာမျိုးဆို

မိခင်နဲ့အစိကိုက သဘောမကျတာကြောင့် ဝါသနာပါရာကို ခိုးလုပ်နေရတဲ့ စိုင်း

“ဆိုင်ကယ် ပြန်မောင်းမလို့လား ပီနွန်း”

“အင်း မယ့်နဲ့ ပီစိုင်းကို ပြန်မပြောနဲ့နော် ငါဘာသာ ပြန်ရောက်မှပြောမယ်”

“ဟုတ်ကဲ့ ပီနွန်း”

*********************

“ခွန်း ဒီနှစ် ဆိုင်ကကလေးတွေကို ခရီး ဘယိလိုက်ပို့မှာလဲ”

ဆိုင်က ဝန်ထမ်းလေးတွေပျော်အောင် တစ်နှစ်တစ်ခါ အမြဲတမ်း ရပ်ဝေး ညအိပ် ခရီး အမြဲစီစဉ်ပေးတဲ့ ခွန်း

“စဉ်းစားတုန်း ဒီနှစ် ဘယ်သွားချင်ကြလဲ”

“တောင်ကြီး တန်ဆောင်တိုင်!!!!”

ခွန်းအမေးမှာ ကြိုတိုင်ပင်ထားကြတဲ့ အဖွဲ့တွေကတော့ ညီညီညာညာ ပြန်ဖြေလာတာက တောင်ကြီးတဲ့

“မဆိုးဘူး ခွန်း ငါတို့ ထပ်ထုတ်မယ့် Local brand အကျီအစကို အင်လေးမှာ ချီစရှာကြမယ်လေ တောင်ကြီးက ရှမ်းရိုးရာ လက်လုပ် အစလေးတွေလည်း စိတ်ကြိုက်ရှာလို့ရတယ်”

“ဟုတ်တယ် ခွန်း ငါတို့ ထိုင်းသွားပြီးရှာတာထက် ပြည်တွင်းဖြစ် ရိုးရာ ချည်တွေကို ရှာကြည့်ရင်ရော”

“အင်း နင်တို့အကြံမဆိုးဘူး”

ခွန်းက ငယ်ငယ်ထဲက ပေါင်းလာတဲ့ အချစ်ဆုံး သူငယ်ချင်းတွေနဲ့ Shinnဆိုတဲ့ skincare ဆိုင်ကြီးရယ်

Local brand အကျီဆိုင်ရယ်ကို စပ်တူ လုပ်ကြပြီး

သုံးယောက်ထဲမှာ ငွေအင်အားအများဆုံး ရင်နှီးမြုံနှံထားတဲ့ ခွန်းက အုပ်ချုပ်မှု အတွေးအခေါ်မြင့်မားမှုတွေကြောင့် ခွန်းတို့ဆိုင်လေးက online မှာ နံပါတ်၁ချိတ်နေတဲ့ ဆိုင်ဆိုလည်း မမှားဘူးပေါ့

« ရှေ့အခန်း - အပိုင်း(၁) နောက်အခန်း - အပိုင်း(၄) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ