ဦးပိုင်တဲ့ရစ်လုံးလေး
“မလိမ်ဘူး”
“သူမလိမ်ဘူးတဲ့ ကလေး”
မိန်းမဖြစ်သူဘက်က လိုက်မပြောဘဲ တစိမ်းဘက်က လိုက်ပြောနေတဲ့ ခန့်ကို
“ရှင်က ဘာသိလို့လဲ”
“မင်း တစ်ခုခု လုပ်ထားသေးလား မာန်”
“ဘာမှမလုပ်ထားပါဘူးဆို”
“ရှင်မလုပ်ဘဲ ထင်ထဲ ငွေက ရောက်နေစရာလား”
“ဘာငွေလဲ”
နောက်မှရောက်လာတဲ့ ခန့်ကို ယမင်း စ/ဆုံး ရှင်းပြလိုက်တော့
“ဘယ်လိုဖြစ်တာလဲ မာန်”
ခန့်နဲ့မာန် ရဲ့ ခင်မင်မှုက နှစ်တော်တော်လေး ကြာနေပြီမို့ မာန်အကြောင်း ကို ခန့် အသိဆုံး
ဆိုးချင်တိုင်း ဆိုးတက်တဲ့ သူဆိုပေမယ့် သူတစ်ပါးထိခိုက်အောင် လုပ်တက်တဲ့သူမျိုး လုံးဝမဟုတ်တာကြောင့် မေးခွန်ပြန်ထုတ်နေရသည်။
“ဦးကျော်ကြားဆိုတဲ့လူက ကျွန်တော့်ဆီ ကာ-စီနို လာဆော့တာ”
“ရှင်”
ထိုစကားရဲ့အဆုံးမှာ ယုံကြည်မှုကို အလွဲသုံးစား လုပ်ခံလိုက်ရတယ်လို့ ခံစားလိုက်ရတဲ့ ယမင်းက
“ဟင့် ဟင့် အီးးးးဟီးးးး”
ယမင်း ငိုတဲ့အသံကျယ်ချက်က ဘေးက ဘာသံဘာတစ်ခုမှ တိုးမဝင်တော့တဲ့ထိ
တေး ၊ စု ၊ ပိုး သုံးယောက်လုံးချော့နေတာတောင် စကားက တိုးမပေါက်
“ဟာ ဟိတ် မငိုနဲ့လေ”
နားညီးတာ လုံးဝမကြိုက် မခံနိုင်တဲ့ မာန်ဝန်းထည်
တစ်ယောက်
ဘယ်လောက်ပြောပြော ငိုနေတဲ့ကောင်မလေးကိုကြည့်ပြီး အသဲယားနေကာ
“မငိုနဲ့တော့ ပိုက်ဆံပြန်ပေးမယ်”
ထိုစကားဆုံးသွားတာနဲ့ ငိုသံတန်းရပ်သွားတဲ့ ယမင်းကြောင့်
တော်တော် တက်လည်း တက်နိုင်တဲ့ ကောင်မလေး ဆိုတဲ့အတွေးနဲ့တူတူ မာန်တစ်ယောက် ပြုံးနေလေရဲ့
“ မင်း ပြန်ပေးမယ်ဆို သေချာပေါက် ပြန်ပေးလိုက်
စု ယမင်း ပိုး အစ်ကို တေးကို ခေါ်သွားလိုက်တော့မယ်နော်”
လက်ကို ဆွဲကာ အတင်း ခေါ်ဖို့ ပြင်နေတဲ့ ခန့်
“ရှင့်နောက်ကို ဘယ်သူက လိုက်မယ်ပြောလို့လဲ”
“ကလေးရယ် ကိုယ်ရှင်းပြစရာတွေရှိသေးတယ်”
“နားမထောင်ချင်ဘူး”
စကားပြောရင် ပြတ်သားတယ် နှစ်ခါပြန်မပြောဘူး တင်းမာနေတဲ့ မျက်နှာကြောက လူတစ်ယောက်ကို ဖိန့်ဖိန့်တုန်စေနိုင်တဲ့ အရှိန်အဝါပိုင်ရှင် မြတ်ရှိန်ဝါခန့်လို လူက
စကားကို ထပ်တလဲလဲ ရှင်းပြနေသလို သကြားနဲ့ပျားရည်ရှိသမျှ အချိုတွေပေါင်းစပ်ထားသလား မေးယူရအောင် မိန်းမကို မျက်နှာချိုးသွေးနေတာများ
တစ်ခါမှမမြင်ဖူးတဲ့ ခန့်ရဲ့ ပုံရိတ်ကို ကြည့်ပြီး မာန် တစ်ယောက်
“အစ်ကို မိန်းမကို ဒီလောက်ကြောက်တာလား”
“ကျစ် မင်း အသာနေစမ်းပါ”
“ကြောက်ရင်ကြောက်တယ်ပေါ့ဗျာ”
“အေး မင်းချစ်တဲ့လူ တွေ့လာရင် နားလည်လိမ့်မယ် ခုမင်းကို ရှင်းပြဖို့ အချိန်မရှိဘူး”ဆိုကာ
တေးရဲ့ ကိုယ်လုံးလေးကို ချက်ချင်းကောက်ပွေ့လိုက်တော့
“စု ငါ့ကိုကယ်ဦး ပိုး လာခေါ်လို့”
သူငယ်ချင်းတွေကို ခန့် အပေါ်ကနေ လက်လေးလှန်းကာ အကူအညီတောင်းနေပေမယ့် တစ်ယောက်မှ မလှုပ်ကြ
“ယမင်း ငါ့ကို လာကယ်ဦး”
သူကျတော့ ကူညီခဲ့ရပြီး တေး အဖြစ်ကို မျက်နှာလွှဲလိုက်တဲ့ ယမင်းကြောင့်
“သစ္စာဖော-က်တွေ နင်တို့နဲ့ငါနဲ့ ပြ-တ်ပြီ”
အားမတန်တော့လဲ မာန်လျော့ပြီး ခန့် နောက်ကို လိုက်သွားရတော့သည်
************
“ပိန်သွားလိုက်တာ ကလေးရယ်”
ခါတိုင်းဆို သူ့ကလေးရဲ့ ခန္တာကိုယ်လေးက ချီလိုက်တာနဲ့ နင့်နေသလို ပါးလေးက အမြဲဖောင်းကားနေကျ
မတွေ့ရတဲ့ ရက်ပိုင်းအတွင်း မျက်ကွင်းလေးတွေ ကျသွားသလို ခန္တာကိုယ်လေးကလည်း သိသိသာသာကို ပေါ့သွားတာ
တေးရဲ့ ပါးလေးကို ကိုင်ကာ ပြောလာတဲ့ ခန့်
“ကျွန်မ အသားကိုမထိနဲ့”
“ဘယ်လိုတွေ ပြောနေတာလဲကွာ”
“ကြားတဲ့အတိုင်းဘဲ”
“ကိုယ့်ကို ဘာလို့ တစ်ယောက်ထဲ ပစ်ထားခဲ့တာလဲ”
ခန့်ရဲ့မျက်နှာကို တစ်ချက်ကြည့်လိုက်ကာ ပြုံးယောင်သမ်းပြီး
“သိပ် ဟန်ဆောင်ကောင်းမနေနဲ့ ဦးမြတ်ရှိန်ဝါခန့် ရှင့်လှည့်တဲ့ အကွက်တွေထဲ ကျွန်မ လွယ်လွယ်နဲ့ ထပ်ဝင်မယ်မထင်နဲ့”
“ကိုယ်မင်းအပေါ်ပေးခဲ့တာတွေ အကုန်လုံးက တကယ့် မေတ္တာအစစ်တွေ တေး တစ်ခုမှ လိမ်လည်ဟန်ဆောင်ထားတာ မရှိခဲ့ဘူး”
အခန်းမှတ်ချက်များ (0)