ဦးပိုင်တဲ့ရစ်လုံးလေး
“သွားလေ”
“အော် ခုတော့ သွားလေ ပြောပြီပေါ့”
အခန်းထဲကနေ မျက်နှာလေးဆူပုပ်ကာ ထွက်လာတဲ့ တေးလေးကြောင့် အခန်းအပြင်က လူတွေ ပြာယာခက်နေတဲ့အထိ
“မမလေး ဘာဖြစ်လာတာလဲ”
ဝန်းရံဆီက မေးလာတဲ့ အမေးကို ကြားတာနဲ့ မျက်ဝန်းလေးထဲမှာ မျက်ရည်က အပြည့်
“ရှင်တို့ ရဲ့ ဥက္ကဌက အသစ်ရနေပြီ”
“ဗျာ”
“ရှင်”
တေးရဲ့ စကားကြောင့် အခန်းအပြင်ဘက်မှာ ဆူပူနေတာကိုတော့ ခန့်ကြားပေမယ့် သူ့ကို ပြောလို့ဆိုတာကိုတော့ မသိ
“မဟုတ်တာတွေ မမလေးရယ် ဥက္ကဌ ဘေးမှာ ကျွန်တော် အမြဲရှိနေတာ အသစ်ရရင် ကျွန်တော်သိမှာပေါ့ မမလေးကို ချစ်….”
“မကြားချင်ဘူး သူနဲ့လည်း မပတ်သတ်ချင်တော့ဘူး”
ခါတိုင်းဆို တေးလေးက ခေါင်းမာတာမှန်ပေမယ့် ဒီလောက်ဝမ်းနည်းတာမျိုးကို မမြင်ဖူးတဲ့ ဝန်းရံ
ဘယ်လိုချော့ရမလဲ မသိတော့တာမို့ ဥက္ကဌကို ခေါ်ဖို့ ခြေလှန်းပြင်လိုက်တော့
“သွားမခေါ်နဲ့ သူနဲ့စကားလည်း မပြောချင်ဘူး သူရှိတဲ့ ဒီအိမ်မှာလည်း မနေဘူး”
ဆိုကာ ချက်ချင်း အိမ်ပေါ်ကနေ ပြေးဆင်းသွားတာကို အနောက်ကနေ အိမ်အကူဝန်ထမ်းမလေးတွေ ချော့မော့ကာ တားပေမယ့် လုံးဝတားလို့မရ
“ဥက္ကဌ မမလေး…..”
“ငါမအားဘူး အရေးမကြီးဘဲ ဘယ်သူမှဝင်မလာနဲ့”
“ဗျာ”
“ထွက်သွား”
ခါတိုင်း မမလေးနဲ့ ပတ်သတ်ရင် စိုးရိမ်လွန်းတဲ့ ဥက္ကဌက ဒီနေ့မှ ဘာဖြစ်နေတာလဲ
ဒါဆို မမလေးပြောသလို အသစ်များ ရနေတာလား ဝန်းရံတစ်ယောက် စဉ်စားမရတဲ့အဆုံး ရုံးခန်းအပြင်မှာဘဲ ထွက်စောင့်နေခဲ့သည်။
****************
“နင်တို့ဘဲ စဉ်းစားကြည့်လိုက်တော့ဟာ”
သူငယ်ချင်းတွေကို ငိုကာ ရင်ဖွင့်နေတဲ့ တေးလေးကို
“နင့်တို့လင်မယားက ဂဏန်းလေးတစ်ပွဲကြောင့် အဲ့လောက်တင်းမာသွားတာလား”
“ဟက် ဂဏာန်းကြောင့်မဟုတ်ပါဘူး သူ့ ဦး ကိုက ဖြစ်နေတာ”
“ငိုမနေနဲ့ တေး ပျော်ပျော်နေ”
တစ်ယောက်ချင်းစီ ချော့မော့နေကြကာ
“ငါတို့ Barသွားရအောင်”
“ဟမ် တေး နင် ဦးက….”
ဦးမြတ်ရှိန်ဝါခန့်ဆိုတာ ခေသူမဟုတ် စီးပွါးရေး လောကကို ချုပ်ကိုင်ထားနိုင်တဲ့ နေရာမှာ ဘုရင်တပါး
ရှယ်ယာရှင် စာရင်းတွေမှာလည်း ထိပ်တန်းမှာ အမြဲ ရှိနေတဲ့သူ Bar တို့ clubဆိုတဲ့ နေရာတွေက ဦးခန့်ရဲ့ လက်အောက်ကကြည့်ဘဲ
သူမိန်းမက သွားချင်တာ ငါတို့က ခေါ်သွားတယ် ထင်ပြီး ငါတို့ကို တစ်ခုခုလုပ်လိုက်မှဖြင့်
“မဖြစ်ဘူး မဖြစ်ဘူး”
“ဘာဖြစ်တာလဲ စုရယ်”
“ဘာဖြစ်ရမှာလဲ သူ ယောကျာ်းသာသိရင် သူ့မိန်းမကို ငါတို့က ခေါ်တယ် ဆိုပြီး မြေလှန်လိုက်လိမ့်မယ်”
“ဘယ်သူက လုပ်ရဲမှာလဲ”
“ဦးမြတ်ရှိန်ဝါခန့်က လုပ်ရဲတယ် သူရဲ့အာဏာ ဘယ်လောက်ပြင်းလဲ”
ဦးကို ကြောက်ပြီး မသွားဖို့ ကြိုးစားပြီး တားလို့ရတဲ့ထဲ တေးမပါဘူး
သူတောင် တေးကို လစ်လျူရှုထားနိုင်သေးတာ တေးလည်း လုပ်ချင်တာ လုပ်လို့ရတယ်
“ရတယ် နင်တို့ ဦးကို ကြောက်လို့ မလိုက်လည်း ငါတစ်ယောက်ထဲ သွားမယ်”
“ဟာ တေး နေဦးလေ”
ကောက်ကနဲ့ အမြဲ လိုလို ပြောပြောဆိုဆို ထသွားတဲ့ တေးရဲ့နောက်ကို သူငယ်ချင်းတွေ အုပ်စုလိုက်ခဲ့ရတော့တာပေါ့
**************
“ငါ့မိန်းမရော”
ခန့်တစ်ယောက် ညနေ ၅နာရီကျော်မှ ရုံးခန်းထဲက ထွက်လာကာ အခုမှ မိန်းမဖြစ်သူကို မေးနေတာမို့
“မမလေး မရှိပါဘူး”
“မရှိသွားခေါ် ထမင်းစားမယ်လို့”
“အိမ်မှာ မရှိတာ ဥက္ကဌ”
“အိမ်မှာ မရှိရအောင် ကလေးက ဘယ်ကို သွားတာလဲ”
“ဥက္ကဌနဲ့ ရန်ဖြစ်ပြီး ထဲက ထွက်သွားတာ”
“ဘာ ငါနဲ့ ဖြစ်ပြီးထဲက အခုချိန်ထိဆို ဘယ်နှနာရီ ရှိနေပြီလဲ”
“၆နာရီလောက်ရှ်နေပြီ”
“အေး ဒီလောက် အရေးကြီးတာ မင်းတို့ ဘာက်စ္စ တစ်ယောက်မှ လာမပြောတာလဲ”
“ဥက္ကဌဘဲ အရေးမကြီးရင် လာမပြော…..”
“တောက်!!!!!! ငါ့မိန်းမ ထွက်သွားတာလေ ဒါအရေးမကြီးတဲ့ကိစ္စလား”
တောက် တစ်ချက်နဲ့ တူတူ အော်ဟောက်သံက မာန်တွေပါလိုက်တာမြန်း စိတ်တိုနေတဲ့ ဥက္ကဌကို ကြည့်ပြီး
မိန်းမ ထွက်သွားတာလည်း မပြောနဲ့ ခု တစ်မျိုး တော်ကြာ တစ်မျိုးနဲ့ အသက်ကြီးမှ ပြောမကောင်းတော့ဘူး
“ခုချက်ချင်း ငါ့မိန်းမ ဘယ်မှာလဲ ရအောင်စုံစမ်း”
“ဟုတ်ကဲ့”
“ခနနေဦး လူကြီးတွေ မသိပါစေနဲ့ ဆူဆူညံ့ညံ့တွေ မဖြစ်ချင်ဘူး”
“ဟုတ်ကဲ့ ဥက္ကဌ”
အခန်းမှတ်ချက်များ (0)