ဦးပိုင်တဲ့ရစ်လုံးလေး
“မင်း ဘာတွေ လုပ်နေတာလဲ”
“ဘာတွေ လုပ်နေတယ် ထင်လို့လဲ”
တေးရဲ့ဒေါသ အရှိန်လျော့မရတော့တာမို့ ဦးကိုလည်း လုံးဝမကြည့်ချင်ပါ သူရည်းစားဟောင်းကို ထိလို့ တေးကို လာအော်နေတာ တေးသိပြီးသား
“တေး စိတ်လျော့ပါဟယ်”
“တေး နင့်ဒေါသကိုထိန်း”
“တေး စိတ်လျော့”
သူငယ်ချင်းတွေ တေးကို ဘေးကနေ ဝိုင်းပြောနေပေမယ် တေး နားတွေ အူပြီး သူတို့စကားတွေက ကြားပေမယ့်
တေးရဲ့ဒေါသကို လျော့ဖို့ဆိုတာ လုံးဝကိုမဖြစ်နိုင်တဲ့အခြေအနေ
“ပြန်မယ် သံသာတေး”
ဦးလာတော့မှ ပါးကို ကိုင်ကာ မျက်ရည်ကျပြနေတဲ့ ရည်းစားဟောင်းမျက်နှာကို မကြည့်ရက်လို့ ထင်ပါရဲ့
တေးကို လက်ဆွဲကာ အိမ်ပြန်ဖို့ ခေါ်နေတာမို့
“မပြန်နိုင်ဘူး ဒီကောင်မနဲ့ ဇယားရှင်းရဦးမှာ”
“မင်း ဘာလို့ ဒီလောက် ကလေးဆန်နေတာလဲ တေး”
“ဘာလဲ ဦးက သူ့ကို တေးက ထပ်လုပ်မှာ စိုးနေတာလား”
“သံသာတေး!!!”
တစ်ခါမှ အအော်မခံးဖူးတဲ့ တေး အအော်ခံလိုက်ရတာမို့ ရှက်တာရော ဒေါသတွေရော ပေါင်းစပ်ကာ
“လာမအော်နဲ့ ငါနော်…တောက်…”
“ခလွမ်း…ဒုန်း…ခလွမ်း….”
စာပွဲကုန်ပေါ်မှာရှိသမျှ ပန်းကန်တွေကို ပစ်ချခွဲကာ
တေး သူကိုယ်တိုင် လက်တွေ ဖန်ကွဲစ ထိကုန်တာတောင် မမှု ဒေါသကြီးလွန်းနေတဲ့ တေးကို ခန့် ဇွတ် ပွေ့ချီသွားတော့
“ဘာလုပ်တာလဲ အခုချနော် ကျွန်မအသားကို လာမထိနဲ့ ကျွန်မ ဒေါသက ဒီလောက်နဲ့ ပြီးမသွားဘူးနော်”
အလိုလိုက်ခံရသလို အဆိုးဆုံးကလေးတွေထဲက တစ်ယောက်ဆိုတာ ခန့်သိပြီးသားဆိုပေမယိ့
ဒီလောက် ဒေါသကြီးတာကို အခုမှတွေ့ဖူးတဲ့ ခန့်တစ်ယောက် တေးကို မနည်းထိန်းခဲ့ရတာတော့အမှန်
“ဖယ် အခုချက်ချင်း ကားတံခါးဖွင့်”
ကား တံခါးလော့တွေကို အတင်း ဖွင့်နေသလို မှန်တွေကိုလည်း 6သွ;တွေပေနေတဲ့လက်နဲ့ အတင်းထုနေကာ
“ဝန်းရံ ကားlockချထား”
“ဟုတ်ကဲ့ ဥက္ကဌ”
“တေး တော်ပြီ လက်မှာလည်း ဒဏ်ရာတွေနဲ့လေ”
“ခုချက်ချင်း တံခါးဖွင့်နော်”
“တေး ဦးပြောနေတယ်လေ”
“ရှင့်ရည်းစားဟောင်းဘက်က ပြောနေတာ ရှင့်ကိုလည်း မုန်းတယ် အရမ်း မုန်းတယ် အွန့်…..
အနိုင်တဲ့အဆုံး လက်တွေကို အတင်းချုပ်ထားရကာ မျက်နှာလေးကိုထိန်းပြီး ဆွဲနမ်းလိုက်တဲ့ ခန့်
“အွန့် ဖယ် အွန့်”
တေး ရုန်းနေပေမယ့် လုံးဝမလွှတ်တဲ့အပြင် အသက်ရှုကြပ်လောက်အောင်ကို အတင်းနမ်းနေတဲ့ ဦးကြောင့်
အချိန်တော်တော်ကြာတော့ မခံနိုင်တော့တာမို့ တေးဘက်က ငြိမ်လိုက်တော့မှ နမ်းတာကို ရပ်ပေးပြီး
“လိမ္မာတယ် ခုလိုလေး ငြိမ်ငြိမ်နေ”
တေး ဒေါသကြောင့် မျက်ရည်တွေကတော့ အဆက််မပြတ်ကို ကျနေတာကို ဦးက သုတ်ပေးနေသလို
ထိထားတဲ့လက်ကိုလည်း 6သွ;ဆက်မထွက်အောင် အဝတ်နဲ့ ဖိထားပေးတဲ့ ဦး
“ဟာ…သခင်မလေး ဘာဖြစ်လာတာလဲ”
ကားပေါ်က တေးကို ပွေ့ချီဆင်းလာတဲ့ 6သွးစတွေနဲ့ပုံကို မြင်ပြီး ထိတ်လန့်သွားကြတဲ့ အိမ်တော်က လူတေ
ခန့် မျက်လုံးနဲ့တစ်ချက်ကြည့်လိုက်တာမို့ ဆက်မမေးကြတော့ဘဲ
“ဟိန်းထက် ရောက်ပြီလား”
“ဟုတ်ကဲ့ ဥက္ကဌ ဒေါက်တာ အပေါ်ထပ်မှာပါ”
အခန်းထဲရောက်ပြန်တော့လဲ ဒဏ်ရာတွေကို မပြဘူးဆိုကာ ခေါင်းထက်မာနေတဲ့ တေး
“မနာဘူး ညီမလေး အစ်ကို့ကို ပြ”
“မပြဘူး”
“မပြလို့မရဘူးလေ ဒဏ်ရာက နက်မနက် ကြည့်ရဦးမှာ”
“မကြည့်နဲ့”
ဘယ်လိုမှပြောမရတဲ့အဆုံး ဟိန်းထက် တစ်ယောက် ခန့်ကို မျက်ပစ်ပြလိုက်တော့
“ကားပေါ်မှာလို ငြိမ်အောင် လုပ်ပေးရမလား”
အိမ်တော်ကလူတွေရှေ့ရော ဒေါက်တာတွေရှေ့ပါ အသက်ရှုကြပ်လောက်အောင်နမ်းတဲ့ ဦးရဲ့ အနမ်းတွေကို ကြောက်တာမို့
နှုတ်ခမ်းလေးဆူကာ ဦးကို မျက်စောင်းထိုးပြီး ဆရာဝန်ဆီ လက်လေး ထိုးပေးတော့သည်။
ခန့်ကတော့ သူ့ကလေးလေးကို ကြည့်ပြီး ကျေနပ်နေတဲ့အပြုံးနဲ့ပြုံးနေကာ
ဆေးထည့်ပေးတဲ့တစ်လျှောက်လုံးလည်း ရစ်လိုက် ဂျစ်လိုက်လုပ်ပြီး မောလို့ထင်ပါရဲ့ ဆေးထည့်ပြီးတာနဲ့ ခန့်ရင်ခွင်ထဲ တန်းအိပ်ပျော်သွားတော့သည်။
“ဂုဏ်ယူပါတယ် ရှိန်ဝါရာ မင်း တကယ် ငဂျစ်ကို ယူနိုင်တာ”
“အေး ကြားလို့ နိုးလာပြီး ရစ်နေရင် မင်းချော့နော်”
“အမလေး သူရစ်တဲ့ အရစ်က နည်းတာမဟုတ်ဘူး တော်ပါ ငါ ဆေးရုံသွားရမှာမို့ ပြန်တော့မယ် တစ်ခုခုဆို ဖုန်းဆက်”
“အင်း”
ရင်ခွင်ထဲမှာ အိပ်နေတဲ့ သူ့ကလေးလေးရဲ့ မျက်နှာလေးကို ကိုင်ပြီး
“လက်မထပ်ခင်တုန်းက သံသာတေးက ယုန်မလေး အခုတော့ ရစ်လိုက်ဆိုးလိုက်နဲ့ ဒေါသအိုးကျားသစ်မလေး ဖြစ်နေပြီ”
ပြောလည်းပြော မိန်းမဖြစ်သူရဲ့ပါးလေးကို နမ်းကာ
နိုးလာရင်လည်း ဘယ်လို ရစ်မလဲဆိုတာကို တွေးရင်းချစ်မဝဖြစ်နေပြန်တဲ့ မြတ်ရှိန်ဝါခန့်ရယ်ပါ
အခန်းမှတ်ချက်များ (0)