Bububai ဝတ္ထု ကျွန်မအတွက်ဆို ခမ်းနားမှုတွေပေးတဲ့ဦး အခန်းစာရင်း

အပိုင်း(၈)

“ဟောဗျာ မပြောင်းရပါဘူး ခုကိစ္စ ကိုယ့်နဲ့လက်ထပ်ဖို့ သဘောတူပေးလို့ ကိုယ်ကျေးဇူးတင်ပါတယ် ပြီးတော့ ကိုယ်ကလေးလေးကို အရမ်းချစ်တယ် ချစ်ခဲ့တာလဲ ကြာပြီ”

“ရှင်”

သူ့ကိုချစ်ခဲ့တာကြာပြီပြောတဲ့ ဦးစကားကြောင့် ပီတိအံ့ဩသွားတာမို့

မင်းတခေတ် ပီတိလေး အံ့ဩနေတဲ့ပုံလေးကို အသဲယားကာ ပီတိရဲ့ပါးလေးကို လက်မလေးနဲ့ ပွတ်ပြီး

“ကိုယ်ပြောပြမယ် ကိုယ်အသက် ၂၅နှစ်တုန်းက ကိုယ့်မိဘတွေ ဆုံးသွားတယ် ဘွဲ့ရရပြီးချင်းအခြေအနေမို့ ကိုယ် ကုမ္မဏီကို အုပ်ချုပ်ဖို့က ဝါနုသေးတော့ ရှယ်ယာရှင်တွေက ယုံကြည်မှုမရှိဘူး ကြားထဲ ပထမဆုံးထားဖူးတဲ့ ချစ်သူက ကိုယ့်ကို ထားပြီး နိုငိငံငံခြားကို ထွက်သွားတယ် အဘိုးကလည်း ကိုယ့်မိဘတွေ ဆုံးတဲ့စိတ်ကြောင့် အိပ်ယာထဲ လဲသွားတာဘဲ ပြီးတော့……..”

မင်းတခေတိပြောပြနေတာတွေက ဝမ်းနည်းတဲ့မျက်လုံးလေးနဲ့ကြည့်ပြီး နားထောင်နေကာ

“ဦး အဲ့ချိန်ကအရမ်းပင်ပန်းခဲ့မှာဘဲနော် ဟင့် ခုတစ်ခုခုဖြစ်ရင် ပီတိကိုပြောနော် ပီတိကာကွယ်ပေးမယ်”

မင်းတခေတ်ခံစားခဲ့ရတာတွေကို မျက်ရည်လေးကျပြီး ဝမ်းနည်းနေတဲ့သူလေးကို

မင်းတခေတ် မျက်ရည်လေးတွေသုပ်ပေးပြီး ကောင်မလေးကို ရင်ခွင်ထဲ ထည့်လိုက်ကာ

“အဲ့တုန်းကလည်း ဒီကောင်မလေးကြောင့် စိတ်သက်သာယာရခဲ့တာပေါ့”

“ပီတိကြောင့်”

“အွန်း ကလေး မှတ်မိမလား အမှိုက်ပုံးဘေးမှာ ထိုင်နေတဲ့ကောင်လေးကို”

“၈တန်းလား၉တန်းလားတော့ သေချာမသိဘူး မှတ်တော့မှတ်မိတယ်”

“အွန်း ကိုယ်အဲ့ဒီနေ့က ဘာမှမစားဘဲ နေတာ တစ်ပတ်ရှိပြီ ကိုယ့်မိဘတွေ ရက်လည်တဲ့နေ့ ကုမ္မဏီမှာလဲ ပြသာနာတွေနဲ့ပေါ့ အဲ့ဒီနေ့က ကလေးနဲ့သာမတွေ့ရင် ကိုခုချိိန်ဆို ဒီနေရာမှာ ဒီလိုရှိမနေဘူး”

“ဘာလို့လဲ”

“ကလေးက ကိုယ့်အတွက် ကိတ်မုန့်လေး ယူလာပေးတယ်လေ ပြီးတော့ပြောသေးတယ် ကိုကြီးက ချောလိုက်တာ ဘာလို့ ဒီလိုနေရာမှာ ထိုင်နေတာလဲတဲ့”

“ဦးတစ်ခုမကျန်မှတ်မိတယ်ပေါ့”

“အွန်း ကိုကြီး ဒီမုန့်လေးစားကြည့်ပါ့လား ညီမလေးလုပ်လာတာတဲ့ ဒီမုန့်ကိုစားရင် စိတ်ညစ်စရာတွေပျောက်တယ်တဲ့ အဲ့တုန်းက လျှောက်ပြောတဲ့ကောင်မလေးရဲ့စကားကို တကယ်ဝမ်းနည်းမှုတွေ မေ့မလားဆိုပြီး စားလိုက်တာ”

“မေ့သွားရောလား”

“မမေ့ပါဘူး အဲ့ဒီကောင်မလေးကလည်းပြောပါတယ် ဘာမှမစားရသေးဘူးထင်လို့ လိမ်ကျွေးတာတဲ့ ညီမလေး လုပ်တဲ့ကိတ်မုန့်ကို ပထမဆုံးစားပေးတဲ့လူတဲ့ ကိတ်မုန့်က စိတ်ညစ်တာတွေ မမေ့စေဘဲ သူရဲ့အပြုံးလေးက စိတ်ညစ်တာတွေ မေ့သွားတာဘဲ “

“ဦးကပိုလိုက်တာ”

“သူကကြီးလာရင် ကိတ်မုန့်ဆိုင်အကြီးကြီး သူဖွင့်မှာမို့လို့ နေ့စဉ်အမှာအော်ဒါ အများကြီးတင်ပေးပြီး VIPဧည့်သည် လုပ်ပေးတဲ့ ကိုကြီး ပိုက်ဆံအများကြီးရှာရမယ်နော်တဲ့ ညီမလေးကို အားပေမယ့် vipက ကိုကြီးတဲ့ အဲ့ဒီစကားလေးက ဘာမှမဟုတ်ခဲ့ပေမယ့်လေ”

“အွန်း”

“ကိုယ်တွေးလိုက်တာက ကိုယ့်ကို လိုအပ်နေတဲ့သူတွေရှိသေးတယ်ဆိုတာရယ် ကိုယ်ချမ်းသာအောင်ကြိုးစားပြီ မင်းလေးကို ပြီးပြည့်စုံအောင်ထားမယ်လို့ပေါ့”

“ဦးကံကောင်းတာနော် ပီတိ ရည်းစားမထားတာ”

“ထားလို့လည်း မရပါဘူး ကိုယ် ၃နှစ်လောက် အလုပ်တွေကြိုးစားနေတုန်း မင်းလေးကို ဘယ်သူလဲဆိုတာ မစုံစမ်းသေးတာ မင်း ပထမနှစ်တက်ထဲက ကိုယ် မင်းအကြောင်း စပြီး စုံစမ်းတာဘဲ”

သူများအကြောင်းကို နောက်ယောင်ခံလိုက်နေတဲ့သူကြီးကြောင့် ပီတိလေး မျက်စောင်းလေးထိုးကာကြည့်လိုက်တာမို့ ဦးကရီသွားပြီ သူရဲ့အသဲလေးကို ရင်ခွင်ထဲမြုပ်အောင် ဖတ်ထားလိုက်သည်။

………………………..

“တောက် ငါအခုချက်ချင်း မြန်မာနိုင်ငံကိုပြန်မယ်”

မင်းတခေတ်ရဲ့မဂ်လာပွဲသတင်းက သတင်းဌာနတိုင်းအလိုလိုကကြေညာနေကာ Facebook တစ်ခွင်မှာလဲ အ Hot ဆုံး သတင်းဖြစ်နေတာမို့

မဂ်လာပွဲ သတင်းကြားတာနဲ့ မြန်မာနိုင်ငံကို ပြန်ဖို့လုပ်နေတဲ့ မင်းတခေတ်ရဲ့ ရည်းစားဟောင်း သဇင်နွယ်”

“မမလေးပြန်လို့မရသေးပါဘူး နောက်၇လလောက်နေမှ ပြန်လို့ရပါ့မယ် ခုချိန်ပြန်ရင် ပြသာနာတွေ တက်ကုန်လိမ့်မယ်”

နိုင်ငံခြားမှာ နေပြီး အရေပြားရောဂါ ခံစားနေရကာ နေနဲ့ အချိန်တော်ကြာ ထိလို့မရတာမို့ ဆေးကုနေရကာ ဆေးအပြီးထိမကုရသေးဘဲ ပြန်ရင် အသားအရည်ကင်ဆာ ဖြစ်နိုင်တာမို့

“ငါဒီတိုင်းဘဲ လက်ပိုက်ကြည့်နေရမှာလား”

“အလွန်ဆုံး၆လ လောက်ထိပါဘဲ ခြောက်လကျော်တာနဲ့ ကျွန်တော်အမြန်ဆုံးပြန်နိုင်အောင် စီစဉ်ပေါ့မယ်”

သဇင်နွယ် မြန်မာပြည်ကို ပြန်မရတာကြောင့် ဒေါသတကြီး ဖြစ်ကာ ပစ္စည်းတွေ ရိုက်ခွဲပြီး အရုပ်ကြိုးပျက်ဖြစ်နေသည်။

ပီတိလေးတို့ရဲ့ မဂ်လာပွဲလေးက သူတို့ရဲ့မြို့မှာ အကြီးကျယ်ဆုံးအခမ်းနားဆုံးအစည်းကားဆုံး ဖြစ်နေကာ

လူတိုင်းက အားကျရပြီး လူတိုင်းရဲ့ ပါးစပ်ဖျားက ဇနီးမောင်နှံလေးကလိုက်ဖက်လိုက်တာဆိုတဲ့ စကားသံတွေနဲ့ ကောင်းချီးပေးခံရတဲ့ စကားသံတွေဘဲ ကြားနေရပြီး

“ဦး အဲ့လောက်မကြည့်ပါနဲ့”

သူကတော့ အစောကြီးထဲက ထပြင်ဆင်ထားကာ ပီတိလေးအလှပြင်နေတာကို ထိုင်ကြည့်နေတဲ့ ဦးရယ်ပါ

သူကိုယ်တိုင် makeup artist ကို အကောင်းဆုံးတွေထဲက စိတ်ကြိုက်ရွေးထားပြီး လိုအပ်တာ ဖြစ်မှာဆိုးတာကြောင့်

တစ်ချိန်လုံး ထိုင်ကြည့်နေကာ မကြည့်ဖို့ပြောတဲ့

ပီတိလေးကို

“ကိုယ့်ဇနီးလေးမို့ ကိုယ်ကြည့်တာ ဘာဖြစ်လဲ”

“ပြီးပါပြီ”

မိတ်ကပ်ဆရာက ပြီးပြီ ပြောလိုက်တာနဲ့ ဦးကတော့ သူရဲ့ သတိုးသမီးလေးကို

“ကိုယ့်မျက်လုံးထဲမှာ ကလေးလေးက ဘယ်သူနဲ့မှယှဉ်လို့မရဘူး အလှဆုံးနဲ့ ဒီနေ့ပွဲရဲ့ ဘုရင်မလေးဘဲ “

“ဟီး” ဦးပြောလိုက်မှ လူပါတကယ်မြှောက်တက်သွားပြီ”

“သွားကြစို့ “

ဆိုကာ ကြီးမားလှတဲ့မဂ်လာအခမ်းမကြီးထဲမှာ နတ်ဖက်ထားသလားထင်မှတ်ရအောင် လှပ ကျော့ရှင်းနေတဲ့ သတို့သားနဲ့သတို့သမီးလေးတို့က အပြုံးကိုယ်စီနဲ့ ဝင်ရောက်လာကြပြီး

အခမ်းနားမှုးရဲ့ အစီအစဉ်အတိုင်း မဂ်လာပွဲလေးကို ဆက်လက်ကျင်းပကြသည်။

“ညောင်းလိုက်တာ ဦးရယ်”

မနက်ကနေ ညနေအထိ မဂ်လာပွဲပြီးသည်အထိ ဒေါက်ဖိနပ်လေးကို စီးထားရတာမို့

အိမ်အပြန်လမ်းကားပေါ်မှာ ခြေထောက်လေးကို ထုကာ ညီးနေတဲ့ ပီတိရယ်ပါ

“ပေး ခြေထောက်လေး”

ကောင်မလေးရဲ့ ခြေထောက်လေးကို ပေါင်ပေါ်တင်လိုက်ပြီး သူရဲ့နူးညံ့လှတဲ့လုက်လေးတွေနဲ့ နှိပ်ပေးနေကာ

“ရပါတယ် ဦးရဲ့ ဦးလည်း ပင်ပန်းမှာဘဲကို”

“မပင်ပန်းပါဘူး ပင်ပန်းလည်း တောင့်ခံထားရဦးမယ်”

“ဘာလို့လဲ”

“ညကျ ဒီထက်ပင်ပန်းတဲ့အရာတွေ လုပ်ရဦးမှာလေ”

“ဦးနော်”

“အဟက်”

« ရှေ့အခန်း - အပိုင်း(၇) နောက်အခန်း - အပိုင်း(၉) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ