Bububai ဝတ္ထု ကျွန်မအတွက်ဆို ခမ်းနားမှုတွေပေးတဲ့ဦး အခန်းစာရင်း

အပိုင်း(၂)

“ဟိုနေ့က ကိုယ်တို့တွေ့တဲ့အကြောင်းလေး ဆက်ပြောကြမလား”

“ဘာပြောစရာရှိလို့လဲ အဲ့နေ့က ပြီးသွားပြီ ကို”

မသိချင်ယောင်ဆောင်ကာ စကားကိုဝေ့နေတဲ့ ကလေးလေးကို အူယားနေကာ

“မွှေတုန်းက မွှေပြီး အခု ပြီးလို့ရတယ်ပေါ့”

“မုန့်စားတော့မယ်နော် ဟီး”

မုန့်တွေချက်ချင်းရောက်လာလို့ ကံကောင်းသွားတဲ့

ပီတိလေး

ဆံပင်လေးက ဖားလျားချထားတာကြောင့် စားနေတုန်း ဆံပင်ခနခနသပ်နေတဲ့ သူလေးကြောင့်

“စွမ်းထက် ဟိုဆိုငိက ခေါင်းစီးကြိုး ဘူးလိုက် ဝယ်ခဲ့”

“ဟုတ်ကဲ့”

စွမ်းထက်ဝယ်လာတဲ့ ခေါင်းစီးကြိုး ဘူးထဲက ခေါင်းစီးကြိုးကို ယူပြီး ဆံပင်တွေနဲ့ အလုပ်ရှုပ်နေတဲ့ သူလေးကို

ရုတ်တရက်ဆိုသလို မင်းတခေတ် ထပြီး အနောက်က ရပ်ကာ ရှေ့မှာ ကျနေတဲ့ ဆံပင်လေးတွေကို စုယူလိုက်တာကြောင့် ပီတိလေး လန့်သွားပြီး နောက်လှည့်ကြည့်တာမို့

“စားစရာရှိတာ စား ကိုယ် မင်းကို ဝါးမစားဘူး”

သူကိုပြောလိုက်တာကြောင့် ခေါင်းလေးငြိမ့်ပြီးဘဲ အရသာရှိရှိ ဆက်စားနေတဲ့ သူလေးရယ်ပါ

မုန့်တွေနဲ့အလုပ်ရှုပ်နေပြီး ကလေးလေး လို ချစ်စရာကောင်း​နေတဲ့သူလေးကို အရမ်း ဂရုတစိုက် ရှိနေတဲ့

ခန့်ညားလွန်းသူ တို့နှစ်ယောက် ပုံရိပ်ကို ကြည့်နေရသူတွေကတော့ ချစ်စရာ ကောင်းလိုက်တဲ့အတွဲလေးဆိုပြီး ကြည့်သွားကြသည်။

“စားပြီးပြီ ဆို သွားကြစို့”

“မရသေးဘူး ဒီမှာ”

မင်းတစ်ခေတ် အကျီ လက်ဖျားက အစလေးကို ဆွဲကာ ဂျီကျနေတဲ့ ကလေးလေးသဖွယ်

ခြေထောက်ကို ထိုးပြနေတာမို့ မင်းတစ်ခေတ် ထိုင်လိုက်ပြီး ခြေထောက်ကို ကြည့်လိုက်တော့

“ဟာ…ပွန်းနေပြီ ဖိနပ်ကရော”

နီမြန်း နုနယ်တဲ့ ခြေဖဝါးလေးက ရဲနေက ခြေဖဝါးလေးက ခဲတွေ တက်နင်းမိတာကြောင့် ထိခိုက်မိထားတာမို့

“ဖိနပ်က ကားထဲပါသွားပြီ”

“ခနနေဦီး စွမ်းထက် ကလေးကို ကြည့်ထားနော်

ငါသွားဝယ်လိုက်ဦးမယ်”

စွမ်းထက်ကိုတောင် မခိုင်းဘဲ သူကိုယ်တိုင်တောင် သတိမထားမိဘဲ စိတ်ပူနေတဲ့ ဦးရယ်ပါ သူကလေးလေး ပျောက်သွားမှာစိုးရိမ်လို့ မှာက မှာခဲ့သေးတယ်☺️

💭ကုမ္မဏီမှာ ပြသာနာအကြီးကြီးဖြစ်တာမျိုးတို့ ရှယ်ယာထိုးကျတာမျိုး ဆိုရင်တောင် စက္ကန့်ပိုင်းအတွက်ဖြေရှင်းပြီး တုန့်လှုပ်မှု မရှိတဲ့ ဥက္ကဌက ပီတိကျမှ အဖြစ်ကို သည်းနေပြီး ပြာနေတာဘဲ💭

စွမ်းထက် ပီတိလေးကို ကြည့်ကာတွေးလိုက်သည်။

သူလည်းသိတာပေါ့ ပီတိလေးကျမှ ဥက္ကဌ ဘာလို့ ဒီလောက်ဂရုစိုက်နေရတာလဲ ဆိုတာ………

“ခြေထောက်က ငြိမ်ငြိမ်နေလေ”

“နာတယ် ဦး”

မင်းတခေတ် ပစ္စည်းတွေဝယ်ပြီး ရောက်လာကာ ပီတိခြေထောက်ကို သူ့ပေါင်ပေါ်တင်လိုက်ပြီး

ရေခဲရေဗူးနဲ့ အရင်ကပ်ပေးနေပြီးမှ အနာကပ်လေးကို အနာမှာ ကပ်ပေးမယ့်အချိန် နာလို့ လှုပ်နေတဲ့ ပီတိလေးကို ဆူလိုက်ပြီး

“မွှေတော့ မွှေတက်တဲ့ မင်းသမီးလေးက အသားနာဖို့တော့ သိသေးတာဘဲ”

မင်းတခေတ်ပြောနေပေမယ့် ပြန်မစွာဘဲ ငြိမ်နေတဲ့ သူလေးကို ကြည့်ပြီး တကယ်နာနေတယ်ဆိုတာ သူလည်း သိလို့ ဆက်မစတော့ပါ။

“ရပြီ ဒီဖိနပ်လေးစီး”

“လှလိုက်တာ ဖိနပ်လေးက”

ကြိမ်နဲ့ယက်လုပ်ထားတဲ့ ခြေညှပ်ဖိနပ်လေးက အရမ်းကို လှနေတာမို့ သူ့ကလေးလေးနဲ့လိုက်ဖက်အောင် ရွေးတက်လွန်းတဲ့ ဦးရယ်ပါ

“ကိုယ်က မင်းဒီဖိနပ်မှမကြိုက်ရင် မင်းသမီးလေးကို

ကားပေါ်ထိ ကိုယ်ပွေ့ချီရမလားလို့”

“ကြိုက်တယ် ဒီလောက်လှနေတာကို ကျေးဇူးပါနော်”

ကျေးဇူးတင်စကားပြောတဲ့ ပီတိလေးနားကို ခြေနှစ်လမ်း တိုးလိုက်ပြီး

“ဘယ်သူ့ကို ကျေးဇူးတင်တာလဲ”

ပီတိလေးလည်း ဦးရဲ့မျက်လုံးကို တည့်တည့်ကြည့်လိုက်ပြီး

“ကျေးဇူးပါ ဦးမင်းတခေတ်” ဆိုကာ ဘုရားဖူးချင်သေးတာမို့ ဘုရားဘက်ကို အမြန်လျှောက်လာလိုက်သည်။

ရင်ခုန်ရင်း ကျန်ခဲ့သူကတော့မင်းတခေတ်ပေါ့

ရှပ်အကျီလက်ကလေးကို ထပ်ခေါက်လိုက်ပြီး သူ့ရဲ့ကလေးလေးသွားတဲ့နေရာ လိုက်ရတော့သည်။

ပီတိလေး ဘုရားကတော့ပြီး သွားချင်ရာသွားကာ

နောက်ရက်တွေ စားဖို့ မုန့်တွေ ထပ်ဝယ်နေတဲ့နောက်ကို လိုက်ရတာ မောနေပေမယ့် ပျော်နေတဲ့သူကြီးရယ်ပါ

“ဦး ပြန်ကျစို့လေ ၂နာရီတောင်ထိုးတော့မယ်”

“တော်သေးတာပေါ့ ပြန်ဖို့သတိရလို့ စျေးသည်တွေ ပိတ်တဲ့အချိန်ထိ နေမယ်ထင်တာ”

“အဲ့အချိန်ဆို ညရောက်သွားလိမ့်မယ် မေမေတို့စိတ်ပူမှာစိုးလို့ ပြန်ကြစို့”

ဦး က ရွဲ့ပြောလိုက်ပေမယ် မိခင်စိတ်ပူမှာ စိုးလို့သာ သူ့စိတ်နဲ့သာဆို ညမှ ပြန်မယ့်ပုံ ဖမ်းနေတဲ့ ပီတိလေးကြည့်ပြီး

💭တကယ် စားလည်းစားနိုင်တဲ့ကောင်မလေး💭လို့ တွေးပြီးဘဲ ပြန်လိုက်ပို့ပေးခဲ့ရသည်။

……………………..

“မင်းပြန်မယ့် ဘုန်းကြီးကျောင်းတောင်က နံမည်ပြောဦး”

မင်းတခေတ် သူကသာစကားပြောနေပေမယ့် ကားမှန်ဘက်ကို မှီကာ ကားပေါ် ရောက်တာနဲ့ ချင်းချင်း အိပ်သွားတဲ့ ကောင်မလေးကိုကြည့်ပြီး

ပီတိ ခန္တာကိုယ်လေးကို ဖြေးဖြေးလေး ဆွဲပြီး သူပခုံးလေးပေါ်ကို ခေါင်းလေးမှီစေပြီး ကျေနပ်နေတဲ့ သူရယ်ပါ

“စွမ်းထက် သူ့အဖေကို ဖုန်းဆက်ပြီး လမ်းပြောခိုင်းလိုက် တိုးတိုးစကားပြောနော် လန့်ပြီး နိုးသွားမှာစိုးလို့”

“ဟုတ်ကဲ့ “

မင်းတခေတ်ကတော့ ပီတိလေးမျက်နှာပေါ်ကျလာတဲ့ ဆံပင်လေးတွေ သပ်ပေးရင်း အလုပ်ရှုပ်နေသည်။

“အားနာလိုက်တာ ဥက္ကဌရယ် သမီးလေးက သူလုပ်ချင်တာ လုပ်ပြီးလို့ ပင်ပန်းရင် အိပ်ပြီ မဟုတ်လို့ကတော့ ဘယ်လောက် ခရီးဝေးဝေး ကားပေါ်မှာ မအိပ်ဘူး ခုကတော့ သူ စိတိတိုင်းကျလာလို့ အိပ်လာတာ “

ကားတံခါးဖွင့်လိုက်တော့ မင်းတခေတ် ပခုံးပေါ်မှာ အိပ်ပျော်နေတဲ့ ပီတိလေးကို ကြည့်ပြီး ဥက္ကဌကိုအားနာနာနေလို့ ပြောနေတဲ့ မိခင်ရယ်ပါ

“သား ညီမလေးကို ချီသွားတော့”

“ဟုတ်ကဲ့ ဖေဖေ”ဆိုကာ ကားထဲက ပီတိလေးကို အစ်ကိုဖြစ်သူ ပွေ့ခေါ်သွားရသည်။

“ဥက္ကဌ ဒါလေးက ၁၀ရက်နေ့ကျ မန်းလေးမှာ သားကြီး မဂ်လာဆောင်ရှိတယ် ဖိတ်စာလေးပါ”

“ဟုတ်ကဲ့ ကျွန်တော် ညနေပိုင်း ပွဲကို တော့ လာခဲ့ပါ့မယ်”

“တက်ရောက်ပေးမယ်ဆိုရင်ဘဲ ဝမ်းသာလှပါပြီ

ဖြေးဖြေးပြန်ဦးနော် ဥက္ကဌ ဒီနေ့ သမီးလေးအတွက် ကျေးဇူးတင်ပါတယ်ဗျာ”

“ဟုတ်ကဲ့”

တကယ်တော့ ၁၀ရက်နေ့ က မင်းတခေတ်ရဲ့ အချိန်ဇယားအပြည့်ပါ သူနားရမယ်အချိန်လေးညနေကို ပွဲသွားတက်ပြီး ပီတိလေးကို သွားတွေ့မယ်လို့ တွေးပြီး ဖိတ်တာကို လက်ခံလိုက်သည်။

မင်းတခေတ် မဂ်လာပွဲကို တက်မယ်ဆိုတဲ့ သတင်းကို ကြားတာနဲ့တင်ဘဲ မင်းတခေတ်နဲ့ လက်တွဲလုပ်ချင်တဲ့ စီးပွါးရေး နယ်ပယ်အသီးသီးက လူတွေ တကူးတက မရောက်ရောက်အောင်လာပြီး ပွဲတက်ကြမှာ ဦးအောင်နိုင်သိတာပေါ့

………………..

« ရှေ့အခန်း - အပိုင်း(၁) နောက်အခန်း - အပိုင်း (၃) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ