ဘီလီယံနာသူဌေးလေးရဲ့အသဲ
“မင်္ဂလာပါရှင့်”
“မင်းတို့ဆိုင်မှာ ခရာဖြူဆိုတဲ့ အလုပ်သမားကောင်မရှိလား”
အကျီအနက်ဝမ်းဆပ်တွေနဲ့ သက်တော်စောင့် လိုလူတွေအပါအဝင် ခရာဖြူဆိုပြီး မေးလာတဲ့သူကလည်း တကယ့်ဂိုဏ်းစတားလိုပုံ…..
ဒေါသမျက်လုံး အကြောတင်းနေတဲ့မျက်နှာ တစ်ဆိုင်လုံးကို အသံလွှမ်းမိုးအောင် မေးလာတာမို့
ဧည့်သည်တွေမျက်လုံးကအစ ထိုလူဆီကို အကြည့်ရောက်သည်အထိ
“ကျွန်မက ဆိုင်ရဲ့ မန်နေဂျာပါရှင့် ဘာများ ကူညီပေးရမလဲ”
“ငါမေးနေတာက ခရာဖြူဆိုတဲ့ ကောင်မနဲ့တွေ့ချင်တာ မန်နေဂျာနဲ့တွေ့ချင်တယ်လို့ ငါပြောတာ ကြားလိုက်လို့လား”
“ခရာက တဇိုင်းပိုင်းကပါ ဘာကိစ္စ ရှိလဲ အရင်ပြောပေးပါ”
“ငါနောက်မှာ ရပ်နေတာ ငါ့သမီး ငါ့သမီးကို အဲ့လို အောက်ခြေဝန်ထမ်းက စော်ကားလို့ လာရှင်းတာလေ”
အနောက်က သမီးဖြစ်သူဆိုတဲ့သူကို ကြည့်လိုက်တော့ MDနဲ့ဟိုနေကမှ VVIPအခန်းထဲမှာ တွေ့တဲ့ ဧည့်သည် ဖြစ်နေတာမို့
“တစ်ယောက်လောက် ခရာဖြူကို သွားခေါ်လိုက်ပါ”
ဒီလိုကိစ္စမျိုးမှာ ခရာကိုယ်တိုင်ဖြေရှင်းနိုင်တယ်ဆိုတာ ယုံကြည်တာမို့ ခေါ်ခိုင်းလိုက်ပြီး တစ်ဖက်မှာ ဂျာကြီးတစ်ယောက် ကျောက်သွားစစ်နေတဲ့ MDကိုလည်း ဖုန်းခေါ်ခဲ့သည်။
“ကျွန်မ ခရာဖြူပါ”
“ဖြန်းးး”
အရှေ့မှာ ဧည်သည်က အမနံမည်မေးနေလို့ ဂျာကြီးက ခေါ်ခိုင်းလိုက်တယ်ဆိုလို့ လိုက်လာခဲ့တာ…..
မပြောမဆိုနဲ့ ခရာကို ယောကျာ်းအားနဲ့ပါးရိုက်ခံလိုက်ရတာမို့ ခရာ ရိုက်ခံရတဲ့ပါးလေးကိုင်ရင်း ရိုက်တဲ့သူကို ကြည့်မိတော့
“အဟွန်း မငုဝါက တကယ် အဖြေကို ခေါ်လာတာဘဲ”
ခရာရဲ့ နုနုနယ်နယ်အသားလေးက ယောကျာ်းအားနဲ့ရိုက်ခံလိုက်ရတာမို့ နှုတ်ခမ်းစွန်းကနေ သွေးစတွေ ထွက်နေတဲ့ထိ
အရိုက်ခံလိုက်ရတဲ့ခရာကို မြင်ပြီး ဝန်ထမ်းတိုင်း စိတ်ပူသွားကျသလို ဂျာကြီး ကိုယ်တိုင်ကပါ ခေါ်ပေးမိတာ မှားပြီးလားဆိုပြီး ကိုယ်ကိုကိုယ်အပြစ်တင်နေတုန်း
“ဖြန်းးးး”
“အဲ့တာ ကျွန်မပါးကို ရှင်ရိုက်လို့”
ပြန်ရိုက်လိုက်တဲ့ရိုက်ချက်ကြောင့် တစ်ဖက်က အဖေလိုအရွယ် ဦးထွန်းတောက်ရဲ့ခေါင်းမှာ ချာကနဲ့….
“နင်လို ကောင်မကများ”
“ဖြန်းးးးးး”
ခရာကို ပြန်ရိုက်မယ်လုပ်နေတဲ့ ဦးထွန်းတောက်ရဲ့ လက်ကို ထိန်းပြီး တွန်းလိုက်ကာ ဒီတစ်ခါ အရိုက်ခံလိုက်ရတာကတော့ ငုဝါ
“ဒါက ရှင်သမီး ပါးစပ်က ပုပ်စော်နံလို့ ရိုက်တာ”
“ဘာ!!!!”
“ဟဲ့ကောင်တွေ မင်းတို့ ဘာရပ်ကြည့်နေကြတာလဲ ငါ့တို့ကို စော်ကားနေတဲ့ကောင်မကို ဆွဲခေါ်ခဲ့စမ်း”
“ဘယ်သူထိရဲလဲ”
အနောက်က ဩဇာအာဏာသံအပြည့် အနောက်တိုင်း အကျီကို မာန်ပါပါ ဝတ်ဆင်လာတဲ့
မင်းမဟာသွေး…..
ဇနီး ဖြစ်သူကို ဆိုင်ကို ဝင်ပို့တုန်း တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် မဟာနဲ့ရွှန်း ကားပေါ်က အမြန်ဆင်းလာခဲ့ရသည်။
“မောင်မင်းမဟာသွေးး!!!”
“ဟာ…”
“ဟင်…”
ဒီနိုင်ငံမှာ မင်းမဟာသွေးကို မသိတဲ့သူက ခပ်ရှားရှားရယ်ပါ ဒါကြောင့်လည်း ညီဖြစ်သူ ဇွဲမဟာသွေးရဲ့ စိန်ဆိုင်ကို သူ့ညီဖွင့်ထားကြောင်း ဖုံးကွယ်ထားခဲ့တာ ဇွဲကြောင့်မို့ဆိုပေမယ့် အခုတော့ ဆိုင်ထိ လာအစော်ကားခံနေရပြီ
“ကျုပ်ကို ခင်ဗျားတို့ မှတ်မိသားဘဲ”
“ဟုတ်ကဲ့ ဟုတ်ကဲ့”
ရွှန်းကနေ ခရာလေး မျက်နှာကို ကြည့်ပြီး ဒေါသတွေ တဖွားဖွားး
ရွှန်းဆိုတဲ့သူကလည်း မှန်တယ်ထင်ရင် အမျိုးတောင် ငြိမ်ခံနေတက်တဲ့လူစားမျိုးမဟုတ်တော့ အခုကိစ္စမှာလည်း ဝင်ပါချင်ပေမယ့် ဦးနဲ့ဇွဲ သေချာရှင်းမယ်ဆိုတာ ယုံကြည်တာမို့….
“ငါ့ကို တစ်ရူးပေးကြ ပြီးရင် ရေခဲ ပြင်ထားကြ မင်းတို့အကုန်လုံးလည်း အပြစ်ပေးခံရမယ် ကိုယ်ဆိုင်ကသူကို လမ်းဘေးခွေးတွေ ဝိုင်းဆွဲနေတာကို ရပ်ကြည့်နေကြလို့”
ဆိုင်ကလူတွေလဲ ရွှန်း ဆူတော့မှ ပြာပြာသလဲ ရွှန်းလဲ့ကြည်လင်ဆိုတဲ့ သူတို့ရဲ့ အမက ဒီလို တစ်ခုမှမပြောဖူးတာမို့ ဘယ်လောက် ဒေါသထွက်နေမလဲ ဆိုတာ ခံမှန်း မိကြသည်။
“ဘာလဲ ကျုပ်မိန်းမက ခွေးလို့ပြောတာ မကျေနပ်လို့ ကြည့်နေတာလား”
“မဟုတ် မဟုတ်ပါဘူး ကျေနပ်ပါတယ် ကျေနပ်ပါတယ်”
ဦးမင်းမဟာသွေးဆိုတာ ဇနီးငယ်ငယ်လေးကို ရထားပြီး ဘယ်လောက်ကြောက်ရကြောင်းဘယ်လောက်ချစ်ကြောင်း စီးပွါးရေးလောကမှာ သတင်းကမွှေးပြီးသားမို့ ဇနီးကို ထိလို့ရကတော့ သူကို ထိတာထက် ပိုဆိုရသွားမယ်မလားးး….
“ခင်များ ဆိုင်ထဲထိ မိန်းကလေး တစ်ယောက်ကို ထိပါးတာ ပိုင်နက်ကျူးလွန်မှုရော ကိုယ်ထိလက်ရောက် မှုရောနော် သိကြလား”
“သိပါတယ်”
“သိရင် ဘာကိစ္စထိရဲတာလဲ”
“သူက သူက ကျွန်တော့်သမီးကို”
“ခင်ဗျားမပြောနဲ့ အဲ့ကိစ္စ အစဆုံး အကုန် ကျုပ်သိပြီးပြီ ခင်ဗျားသမီး မှန်တယ် ထင်နေတာလား”
အခန်းမှတ်ချက်များ (0)