ဘီလီယံတာ သူဌေးလေးရဲ့အသဲ
“သမီး ဆရာတော်တွေကြွလာတော့မယ် ခနနေရင်”
“ဟုတ်မေမေ”
နေရောင်ပျိုးပျိုးပျက်ပျက်လေးနဲ့တူတူ ဆရာတော် အတန်းရှည်ကြီး ကြွလာတော့မှာမို့ ခရာတို့ ကပ်လှူမည့်ပစ္စည်းတွေနား မေရာ ယူလိုက်ကြသည်။
“ဟော်တော်”
ခရာဝင်မယ့်နေရာလေးမှာ ခရာ့တူလေးက ဝင်လိုက်တာမို့
“ဘုန်းလေး ဖယ် အဲ့တာ တီတီနေရာ”
“ဖယ်ဘူးကွာ ဒါ သားသားနေရာ”
“ငါနေရာပါဆို”
“သားသားနေရာလို့ ဟင့် ဟင့် အီးးးးး”
ဘာမှလဲမလုပ်ရသေးဘူး ခရာထပ်ဦးအောင် ငိုပြနေတဲ့ တူတော်မောင်လေးကြောင့်
“သမီးရယ် ကလေးက ဘာသိမှာလဲ သူ့ဘေးဝင်လိုက်လေ ရနေတာဘဲကို”
ဘုန်းလေးရဲ့ ဘေးနေရာကို ကြည့်တော့ သူ့ကို ကြည့်နေတဲ့ ဇွဲကြောင့်
ချောလွန်း ခန့်လွန်း သန့်လွန်း နေတဲ့ သူအနားကို ဘယ်သူက ကြာကြာနေနိုင်မှာလဲ မေမေရယ် အဲ့လိုသာ တူတူရပ်ပြီး လှူမိရင် ခရာ ရင်ခုန်သံကို သူကြားသွားမလားဘဲ
“ရပါတယ် အမေ့မြေးကိုဘဲ ဖယ်ခိုင်းပေး ကိုကြီး မင်းသားကို ခေါ်ဟာ ငါနေရာကြီးလ်ို့”
သူနေရာကို ဖယ်ခိုင်းနေတဲ့ ဟိန်းလေးကလည်း လုံးဝဖယ်မပေးဘဲ သူ့အဒေါ်ကို လက်ညိုးထိုးကာ
“ပါးပါး တီတီက ကောင်းဝူး အီးးးဟီးးး”
“သူကလည်း အနိုင်ကျင့်သေးတယ် သူကဘဲ လာငိုပြနေသေးတယ် ဟင့်”
ပြိုင်တူအငိုပြိုင်နေတဲ့ တူရီးနှစ်ယောက်ကြောင့် ဇွဲ သူ့ဘေးက ကလေးပေါက်စနဲ့ ကလေးကြီးကို ကြည့်ပြီး အူတွေ တယားယား
“တိတ်စမ်း နှစ်ယောက်လုံး ငါကို တုတ်ပေးကြစမ်း မကြီး မငယ် ငိုတဲ့သူရော ဘာမှမဟုတ်ဘဲ ငိုတဲ့သူရော ရိုက်ရမယ်”
ရိုက်မယ်ပြောတာနဲ့ သူတို့ကလေးကို ချီခေါ်သွားတဲ့ ယောင်းမဖြစ်သူနဲ့အစ်ကိုဖြစ်သူ ကျန်နေခဲ့တာ ရွှန်း
တပ်ကူတောင်းမလို့ ဖေဖေ့ ကို ကြည့်လိုက်တော့ ဖေဖေကလည်း ဦးမင်းမဟာသွေးနဲ့စကားတွေ တစ်ပြောပြော
“လာခဲ့ မငိုနဲ့တော့ ကိုယ်နဲ့တူတူ ဝတ္ထုငွေ ကူလှုပေးနော်”
တစ်ယောက်မှ ခေါ်မယ့်သူမရှိတဲ့ ကလေးကြီးလေးကို ဇွဲက လာခေါ်ပေမယ့်
“နေပါစေသား မခေါ်နဲ့ ဆိုးနေတာ သူက”
“မေမေ့ မြေးက အရင် လုပ်တာကို”
နှုတ်ခမ်းလေးဆူပြီး အစ်ကိုဖြစ်သူတို့ မိသားစုဘက်လေးကို လက်ညိုးထိုးကာ ငိုနေတဲ့သူလေးကြောင့်
“နေ့စဉ်နဲ့အမျှ ကလေးနဲ့တစ်ကျက်ကျက် ရန်ဖြစ်နေတာပြီးရင် နင်က ငိုလိုက် ဟိုက ငိုလိုက်နဲ့ အသက်က ၂၀ကျော်ပြီး အခုထိ ရင့်ကျက်မယ်လို့ လုံးဝကို မတွေးတာ”
“ပြီးရင် ခရာ့ အမှားကြည့်ဘဲ ခရာ့ကို ဘယ်သူမှ မချစ်တာ အပြစ်မြင်မှာပေါ့”
ဟော သူလေးက ဆိုးလည်းဆိုး ချွဲလည်း ချွဲတက်တဲ့ ကလေးပေါက်လေးဘဲ တူနဲ့အပြိုင်ကိုဆိုးနေတာကိုးးးး
“တိတ်တိတ် မငိုနဲ့တော့ သနပ်ခါးတွေ ပျက်တော့မယ် ကိုယ်နဲ့တူတူ ဒါဘဲ လှူတော့”
ဘာလို့ သူမလေးနားသွားပြီး ချော့မော့နေမိလဲ မသိတော့ပါဘူး လေးလံနေတဲ့ ခြေလှန်းတွေက သူမလေးနား သွားဖို့ဆို ဘယ်လိုရောက်သွားလည်းကို မသိတဲ့အထိ
သူနဲ့ခရာ့ရဲ့ပုံရိပ်လေးတွေကို ဓာတ်ပုံ အပြည့်ရိုက်ယာနေတာကတော့ ဇွဲရဲ့မရီးဖြစ်သူ ရွှန်းလဲ့နေကြည်လေးပါ
“မရွှန်း မြင်လား အဲ့ဒီကောင် ခါတိုင်းနဲ့ကို မတူဘူးနော် ဟိုနေ့က ငရုတ်သီး စပ်ပြီးထဲက ထူးဆန်းနေတာ”
“ငရုတ်သီးက အာဒံနဲ့အင်းဝရဲ့ ပန်းသီး လိုစွမ်းသွားတာနေမှာပေါ့”
ကျော်ခန့်စကားကို ထောက်ခံလိုက်တာကတော့ သီဟရယ်ပါ
“ကြားသွားရင် နင်တို့ အထောင်းခံနေရဦးမယ်နော်”
မရွှန်းကို ကြည့်လိုက်တော့လည်း သဘောတကျကျနဲ့ ပုံတွေရိုက်နေတာ ခရာက လင်ညီမဖြစ်လာမယ့်သူလို့ တွေးထားသလ်ုပင်
ဆရာတော် တွေလည်း ကြွလာပြီမို့ ဆွမ်း/ဟင်း/ဝတ္ထုငွေ တွေ တစ်ပါးချင်းဆီ ကပ်လှူပူဇော်ရင်း ဒီနေ့လေးက ဇွဲနဲ့တူတူ ဝတ္ထုငွေ ကပ်ရတဲ့ အချိန်လေးကို ပြီးဆုံးသွားတာ နှမြောတာတော့အမှန်
“ဟာ စာရွတ်တွေ လွှင့်ကုန်ပြီ”
လေပြင်းပြင်း ဆောင့်တိုက်လိုက်တာမို့ မနေ့ညက ဆွဲထားတဲ့ အကြမ်းထည်ဖြစ်တဲ့ခရာရဲ့ရတနာတဇိုင်းပုံလေးက အောက်ထပ်ကို လွှင့်လာတာမို့ ခရာကောက်နေတုန်း
“တွေ့လား ဇွဲ”
“ဒါ သာမာန်လက်ရာမဟုတ်ဘူး မမ”
လွှင့်လာတဲ့ စာရွက်လေးတစ်ရွက်ကိုကိုင်ပြီး တီးတိုးပြောနေကြတဲ့ မတ်လေးနဲ့မရီး
“ခရာ့စာရွပ်လေး ပြန်ပေးပါနော် ကောက်ပေးလို့ ကျေးဇူးတင်ပါတယ်”
အခန်းမှတ်ချက်များ (0)