Bububai ဝတ္ထု ဘီလီယံနာသူဌေးလေးရဲ့အသဲSeason (2) အခန်းစာရင်း

အပိုင်း(၄)

ဘီလီယံတာသူဌေးလေးရဲ့အသဲ

“စပ်နေတာကို မမြင်ဖူးလား”

တကယ်စပ်နေတယ် ထင်ပါရဲ့ မျက်နှာကလည်း ရဲလို့ ခရာ ရေပြေးခပ်ကာ တိုက်လိုက်ပြီး

“ရလား အစပ်ပြေရဲ့လား”

“အင်း နည်းနည်းပြေတယ်”

“ပင်ဖိန်းလေး နည်းနည်းထပ်စားကြည့်နော်”

“အင်း”

ဒီဂရုစိုက်မှုလေး ကိုယ်ကို စပ်နေမှာစိုးနေတဲ့သူရဲ့ ဂရုစိုက်မှု့လေးက မေတ္တာမှန်တယ်ထင်ပါရဲ့ လူကို ပရိတ်ရေ ဖြန်းလိုက်သလို အေးစိမ့်သွားတာ

“ကျေးဇူးတင်ပါတယ်”

အမြဲတမ်း ဘုကလန့်တွေဘဲ ပြောတက်တဲ့ သူဆီက ဒီလိုလေးကြားရတာ နားဝင်ချိုလွန်းနေတာတော့အမှန် ခရာ ပြုံးလိုက်ပြီး

“ရပါတယ် အစပ်ပြေရင်ပြီးတာဘဲ”

~~~~~~~~~~~

“သမီးထတော့”

“မေမေကလည်း သမီး ညက ၁၂နာရီမှ အိပ်တာ”

“ဘယ်နှနာရီအိပ်အိပ် အခုထချိန်ရောက်ပြီ”

ကုတင်လေးပေါ် ဆူပုပ်ပုပ်လေးနဲ့လူးလှိမ်းပြီး ဖုန်းလေးဖွင့်ကြည့်မိတော့ မနက် ၂နာရီ

“ဟာမေမေ အိမ်မက် ယောင်တာလားဟင် အခုမှ ၂နာရီရှိသေးတယ်”

“အိပ်ချင်မူးတူးနဲ့ငါကိုများ ယောင်တယ်ပြောရသေးတယ် ဒီနေ့ ဆွမ်းလောင်းပွဲရှိတယ်လေ ထ ကူလုပ်ရမှာ”

“ဟာ”

လုံးဝ မျက်လုံးဖွင့်မရတာကြောင့် ဆင်ခြေလေး စဉ်းစားနေတုန်း

“အသံထပ်မကြားချင်ဘူး ချက်ချင်းထ နင့်အစ်က်ုနဲ့ယောင်းမတောင် ထနေပြီ ငါမြေးလေးတောင် လိုက်ထတာ”

မေမေကလေ သူမြေးဦးလေးကို အရမ်းသဲတာဘဲ အခုလည်း ခရာနဲ့လာယှဉ်နေပြန်ပြီ”

“မေမေမြေးကမှ မနေ့က အစောကြီး အိပ်တာကို”

“ညည်းလည်း စောအိပ်လေ”

“သမီးက တဇိုင်းဆွဲနေရတဲ့ဟာကို”

ခရာကသင်တန်းတောင် မတက်ဘဲ အရမ်းဝါသနာပါတဲ့ ရတနာတဇိုင်းဆွဲတာကို နေစဉ် လှုပ်ရှားမှု ဗီဒီယ်ုလေးတွေတင်ရင်း ခရာ တဇိုင်းကို ကြိုက်ကြတဲ့ စိန်ဆိုင် ရွေဆိုင်တွေက တဇ်ုင်းတွေအပ်ကြသည်။

ဒီနေ့ရတနာတဇိုင်းတွေ အပ်ရမှာမို့ မနေ့ညက အပြီးဆွဲလိုက်တာ အခုကျ ၂နာရီထဲ အိပ်ရပြီး ပြန်ထနေရပြီ

“ချက်ချင်း ဆင်းလာခဲ့နော် မကြာနဲ့ ပြီးမှ လုပ်စရာရှိတာလုပ်”

“ဟုတ်”

ဆိုတဲ့အသံလေးနဲ့တူတူ မေမေနောက်ကနေ လိုက်လာခဲ့သည်။

“ခရာ နင် မျက်နှာ မသစ်ဘူးလား”

“မသစ်ဘူးဟာ”

လူကမှ အခုထိ မလင်သေးပါဘူးဆို အစ်ကိုဖြစ်သူက မျက်နှာ သစ်ခိုင်းနေတာမို့ ဘယ်သူကိုမှ မကြည့်ဘဲ ဘောက်ဆက်ဆက် ပြန်ဖြေမိသည်။

သူမလေးကို ကြည့်ပြီး ကိုယ်ကိုကိုယ် ဘယ်လောက်တောင်ပြုံးမိနေလဲ သတိမထားမိတဲ့သူကြီး မျက်နှာမှာ ပုရွက်ဆိတ်တောင် တက်နိုင်လောက်တဲ့ ချိုမြိန်လွန်းတဲ့အပြုံးတွေနဲ့

“နင်မရှက်ဘူးလား လူတွေနဲ့”

“ဘယ်သူ့ကို ဂရုစ်ုက်ရမှာလဲ ကိုယ့်ထမင်းကိုယ်စားတာ သစ်သစ်မသစ်သစ်ပေါ့ မသစ်လည်း လှနေတာဘဲ”

“သွားသစ်စမ်း”

“မသစ်ဘူး ဟားးးး”

မသစ်ဘူးဆိုကာ ထပြီး အစ်ကိုဖြစ်သူ မျက်နှာနားကို ပါးစပ်ကြီးဟပြီး ဟားးနဲ့လုပ်လိုက်တာကြောင့်

“နင်မညစ်ပတ်နဲ့နော် ခရာ”

“နောက်တစ်ခါ နောက်တစ်ခါ”

အစ်ကိုဖြစ်သူ ခရာ ခေါင်းလေးက်ု က်ုင်ပြီး နောက်ကို တွန်းနေပေမယ့် အတင်း လိုက်စနေတဲ့ ခရာကြောင့်

အကုန်လုံး ဝိုင်းကြည့်ပြီး ရီနေကြကာ

“အာ့”

အရှိန်နဲ့ တွန်းလိုက်တဲ့နောက်မှာ အလိုက်သင့်လေးထိန်းပေးလိုက်တာ ဇွဲ လက်လေးတွေ ခရာ ခန္တာက်ုယ်လေး ဇွဲ ရင်ခွင်ထဲကို အလိုက်သင့်နဲ့ ဝင်သွားကာ

“ရရဲ့လား”

“ဟင်”

ခရာမျက်လုံးပြူးကတယ်သွားကာ သူက ဘယ်လိုရောက်နေတာတုန်း အခုမှရောက်လာတာလား အစထဲကဆို ငါရဲ့ အားးးးသွားပါပြီ အရှက်တော့ ကွဲပါပြီ

လူတွေ ရှိတယ်ဆိုတာသိပေမယ့် ရွာထဲက လူငယ်တွေဘဲလို့ စိတ်ထဲထင်ထားတာ သူတို့မိသားစုပါ ခရာတို့ အိမ်ဘက်ရှိနေမယ်လို့ ဘယ်လိုလုပ်သိမှာလဲ

“ဟိတ် ရရဲ့လား”

သူမျက်နှာကို ကြောင်အမ်းအမ်းနဲ့ကြည့်နေတဲ့ သူမလေးကြောင့် သတိပေးလိုက်တော့

“ဟင် အင်း အင်း ရတယ်”

အခုမှ ပါးစပ်လေးကို လက်လေးနဲ့ အုပ်ပြီး ထွက်ပြေးသွားတဲ့ ခရာလေးကြောင့် လူတိုင်း ရီနေကြတော့သည်။

“ခရာ ပြီးပြီလား”

“မမ ခရာမလာရဲဘူး ရှက်လို့”

ခရာ့ယောင်းမက ခရာကိုကို လာခေါ်နေပေမယ့် အရှေ့ကို ဘယ်မျက်မှာနဲ့ထွက်ရမှာလဲ”

“ဘာလို့လဲ”

“မမ သူတို့အဖွဲလေ ဟိုဘက်အိမ်က ဇွဲတို့ကလေ အိမ်ဘက်ရောက်နေတာကြာပြီလား”

“အင်းလေ ညီမလေး မနိုးခင်ထဲက ရောက်နေကြတာ သူတို့က အလှူငွေတွေ စာအိတ်ထဲ ထည့်နေကြတာ မုန့်ခြောက်တွေရော ငွေကများတယ် တော်တော်ချမ်းသာကြတယ်ထင်တယ် တစ်ပါးကို လှူတဲ့ ဝတ္ထုငွေရော ပစ္စည်းတွေရော တော်တော်လေးကို များတာ”

မမက ဆက်ပြောနေပေမယ့် ခရာနားထဲကြားတာကတော့ ညီမလေးမနိုးခင်ထဲက ရောက်နေတာဆိုတဲ့အသံဘဲ ဘယ်မျက်နှာနဲ့များ အရှေ့ ထွက်ရမှာလဲ

« ရှေ့အခန်း - အပိုင်း(၃) နောက်အခန်း - အပိုင်း(၅) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ