Bububai ဝတ္ထု ဘီလီယံနာသူဌေးလေးရဲ့အသဲSeason (2) အခန်းစာရင်း

အပိုင်း(၂)

ဘီလီယံတာသူဌေးလေးရဲ့အသဲ

ဇွဲတို့ကားလေး ကျော်ခန့်တို့ခြံထဲရပ်ပြီး မကြာလိုက် မဟာတို့ကားလေးပါ ခြံထဲ ဝင်လာတော့

“မင်းတို့က ဘာလို့ ခုမှရောက်ကြတာလဲ”

သူတို့ထက် ကြိုထွက်တဲ့သူတွေက တူတူလောက်ရောက်နေတာမို့ ဘာများဖြစ်လ်ို့လဲဆ်ိုပြီး မဟာမေးမိတော့

“လမ်းမှာ အရူးမတစ်ယောက်နဲ့တွေ့နေလို့”

“ဟမ်”

ဇွဲအဖြေကြောင့် ဘေးက မရီးဖြစ်သူရွှန်းလဲ့ကြည်လင်လေးကတော့ ပြသာနာတစ်ခုခုဘဲဆိုတာ သဘောပေါက်လိုက်သည်။

“ဒီလိုပါ ကိုကြီးရာ ဇွဲက ကျွန်တော်တို့ အိမ်ကပ်ရပ်က ကောင်မလေးကို…………”

ကျော်ခန့်အကြောင်းစုံကိုဖောက်သည်ချနေသည်။

“ဇွဲ ဘာလို့ အဲ့လိုတွေပြောရတာတုန်း”

“ဟာ သူ အရင်စပြောတာကြ ကိုကြီးမှမသိတာ အဲ့ကောင်မလေးနဲ့က အကြောကိုမတည့်ဘူး နှစ်ခါစလုံး”

“ဘယ်သူမို့လို့လဲ”

“ဟိုတစ်ခါ ကိုကြီး ဆိုင်ကယ်လျှော်ပေးတဲ့တစ်ယောက်လေ”

ထိုစကားကိုကြားတော့မှ ရွှန်းရီမိတော့ လူကို မကျေနပ်သလ်ုကြည့်ပြီး

“မရီး ဘာလို့လာရီတာလဲ”

“ရီသင့်တယ်လေ ဖူးစာလေ ဖူးစာ မသိဘူးလား”

“အဲ့လိုကောင်မလေးနဲ့ ဖူးစာ စုံမိရင် ကိုယ့်ငယ်ပါကို ဖြတ်ပြစ်မယ်”

“ဟားးးး”

ဇွဲရဲ့စကားကြောင့် အကုန်လုံး ရီလိုက်ကြသည်။

“အပြောအစောနဲ့နော် ဇွဲ ပြီးမှ တကယ်ဖြတ်နေရမယ်”

“ဒီကောင် သေချင်နေပြီထင်တယ်”

“ဟားးးး”

“မင်းတို့ဘာသာ ဘယ်လောက်ပြောပြော အဲ့ဒီ ဝဝပုပုလုံးလုံးနဲ့ ဟာလေးတွေကို လုံးဝကို မကြိုက်ဘူး ငါကြိုက်တာတွေက လုံးဝ စလင်းဘော်ဒီလေးတွေကွ”

ခေါင်းကြီးတစ်မောမော့နဲ့ မဟုတ်ကြောင်းငြင်းရင်း ကြွယ်ပြနေတဲ့ ဇွဲမဟာသွေးလေးရယ်ပါ

~~~~~~~~~

မနေ့တုန်းက မေမေမှာထားသလို အိမ်က်ုစောပြန်လာပေမယ့် အကျီတွေ ပေပွပြီး တော်တော်လေး ဒေါသဖြစ်နေတာမို့

ရွာကျောင်းကိုမလိုက်သွားရဘူး ဒီနေ့တော့ သေချာပေါက် လိုက်ရမယ်လေ

“သမီးငယ် ပြီးပြီလား”

“ဟုတ်ပြီးပြီ ဖေဖေ”

အသံလေးနဲ့တူတူ အိမ်ပေါ်ကဆင်းလာတဲ့ခရာလေးက ကြက်သွေးရောင် ဝမ်းဆက် မြန်မာအကျီလေးနဲ့ အသားလေးက ဖြူတာမဟုတ်ဘဲ ဝါဝင်းနေတဲ့ မြန်မာအသားအရည်လေးမို့ ကြက်သွေးရောင်လေးနဲ့က ထင်ဟပ်ပြီး လုံးလုံးပြည့်ပြည့် ခန္တာကိုယ်လေးက

မြန်မြန်ဆန်ဆန်လေးနဲ့ကြည့်လ်ု့ကောင်းနေပြန်ရော

“ကဲသွားကြစို့”

ခရာတို့ မိသာစုလေး ရွာဦးကျောင်းကို အသွားတွေ့လိုက်ရတာက ကြက်သွေးရောင်ယောပုဆိုးလေး အကျီ စတစ်အဖြူလေးဝတ်ထားတဲ့ ဇွဲကိုမြင်လိုက်တာမို့ နှုတ်ခမ်းလေး ဆူမိသွားပြီး

ကြည့်မရတဲ့သူနဲ့မှ တည့်တည့်တိုးရုံတင်မကဘူး အရောင်ပါလာတူနေတယ်

“ဟဟျောင့် ဇွဲရေ မင်းတို့က မတည့်ဘူးသာပြောနေတာ မင်း ငယ်ပါတော့ ဖြတ်ရတော့မယ်ထင်တယ်”

“ဘာလို့လဲ”

သီတာ ဘာပြောနေတာလဲ မသိတာကြောင့် မေးမိပြီး

“ဟိုမှာလေ ဆင်တူတွေ တိုင်ပင်ထားကြတာကို”

ဇွဲလှည့်ကြည့်လိုက်တော့ သူ့ကို မျက်စောင်းလေး ထိုးသွားတဲ့ ဟာလေးကြောင့် အူကတယားယား

“ပေါက်ပေါက်ရှာရှာတွေ လာမပြောနဲ့နော် တိုက်ဆိုင်တာ”

ပြောနေတုန်း ဇွဲ လက်ထဲက ဖုန်းလေးအသံမြည်လာတာကြောင့်

“ဟလို”

“……….”

“ရပြီဆို အခု လာပို့လိုက် ရွာထိပ်ကနေ တစ်ယောက်ယောက်ကို စောင့်ခ်ိုင်းပေးမယ်”

ဇွဲဖုန်းလေးချပြီးတာနဲ့ ကျော်ခန့်ဘက်ကိုလှည့်ပြီး

“မနေ့ညက ငါပြောထားတဲ့ ဟိုဟာမလေးအတွက်

ပစ္စည်းလာပို့မှာ ရွာထိပ်ကို တစ်ယောက်ယောက် သွားစောင့်ခိုင်းလိုက်ဦး”

“အေး ငါ ကိုမြင့်အေး ကို မှာထားတယ် သွားပြောလိုက်ဦးမယ်”

“မင်းကိုယ်တိုင် သွားပေးနော် ဇွဲ”

ဇွဲလုပ်တဲ့အမှားမို့ တောင်းပန်ရင်း ကိုယ်တိုင်သွားပေးရင်း တောင်းပန်ရမယ်ဆိုတဲ့သဘောမျိုးပြောလာတဲ့ အစ်က်ုဖြစ်သူကြောင့်

“ဘယ်သူပေးပေး ရနေတာကို”

“ကားက ဘယ်သူမောင်းတာလဲ”

“ကျွန်တော်လေ”

“အဲ့တာဆို မင်းသွားလေ အပိုတွေ ငါထပ်မကြားချင်ဘူး”

အရင်လို မုန့်ဖိုး မတောင်းရလောက်အောင် ဇွဲ ရဲ့ စီးပွါးရေးက တော်တော်လေး အောင်မြင်နေတယ်ဆိုပေမယ့်

မဟာကိုတော့ အာမခံရဲပါ အာခံလိုက်တာနဲ့ နေ့ချင်းညချင်းပြောင်းလဲသွားလောက်မယ့်ထိ မဟာရဲ့ အာဏာကို ဇွဲ သဘောပေါက်တာမို့

“သိပြီ သိပြီ အခု ဘုန်းကြီးကျောင်း သွားကြစ်ု့”

ဘုန်းကြီးကျောင်းရောက်တော့လည်း ဇွဲတို့မိသားစုနဲ့ ခရာတို့ မိသားစုဘဲ ရွာဦးဘုန်းကြီးကျောင်းက ဆရာတော်ဘုရားကို လာဖူးကြသည်။

တစ်ရွာလုံးက မနေ့ဖြန်အလှူပွဲအတွက် ကျင်းပနေကြတယ် ထင်ပါရဲ့ ရွာထဲမှာဘဲ လူတွေ စည်ကားနေကြသည်။

“ခနလေး မင်းအားလား”

“အားနေတယ်ထင်လို့လား”

“ဟာ စကားအကောင်းပြောနေတာကို ပြန်ခံပြောနေတာလား

« ရှေ့အခန်း - အပိုင်း(၁) နောက်အခန်း - အပိုင်း(၃) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ