Bububai ဝတ္ထု ဘီလီယံနာ သူဌေးလေးရဲ့ အခန်းစာရင်း

အပိုင်းပို(extra)

“သားရေ babyလေးရေ”

“မေမေ သားသား ဦးဦးနဲ့ဆော့နေတာ”

ဟော အရုပ်တွေအများကြီး ဝယ်ပြီးရောက်လာတဲ့ ဦးလေးဇွဲနား ကပ်ပြီး ချွဲနေတဲ့ သားဖြစ်သူ

“မရုပ်သာရရင် ကပ်နေပြီ သားကတော့မခွါတော့ဘူး”

“နေပါစေ ကလေးရယ် သားကပ်မှဘဲ ရမှာလေ မဟုတ်ရင် သူက မိန်းမတွေနားကခွါတာမဟုတ်ဘူး”

“ဟ မခွါစရာလား”

“အပိုတွေမပြောနဲ့ မင်း ကွန်ဒိုကို ပြန်မအိပ်တာ ၁လကျော်နေပြီဆိုတာ ငါသိတယ်”

“ကိုကြီးကလည်းဗျာ”

“အပိုတွေမပြောနဲ့ ပြန်အိမ်မှာလာနေမလား မိန်းမယူမလား အဲ့ဒါဘဲ စဉ်းစား”

ကိုကြီးက သူမိန်းမရပြီးထဲက လူတိုင်းကို မိန်းမပေးစားနေတော့တာ

“ကျွန်တော်က ကိုကြီးလို အသက်ကြီးမှဘဲ ယူတော့မယ်”

“အပိုတွေမပြောနဲ့”

ညီအစ်ကိုနှစ်ယောက် ရန်ဖြစ်နေတာကို ထိုင်ကြည့်ပြီး ရီနေတဲ့ ရွှန်း

“ဦးရယ် မပြောပါနဲ့ သူတကယ်ချစ်တဲ့လူမတွေ့သေးလို့ပါ တွေ့လို့ကတော့”

“တွေ့စရာအကြောင်းမရှိဘူး မိန်းကလေးတွေကို ကစားဖို့လောက်ဘဲ”

“ဒီကောင်ကတော့ သေတော့မယ်”

“အဟက် ပြန်တော့မယ် ညနေ စိန်လေးကြည့်ဖို့နဲ့ပန်းထိမ်ကို ဝင်ရဦးမှာမို့”

“ဟုတ်ပီ ဟုတ်ပီ”

“ဘိုင်ဘိုင် သား”

“အာဘွား ဘိုင်ဘိုင်”

ဦးလေးဖြစ်သူကို အနမ်းလေးပေးပြီး တာ့တာပြကာထွက်သွားတော့သည်။

~~~~~~~~~~~~~~~~~~~

သားဖြစ်သူအခန်းထဲကို ဝင်လာပြီး

“ကလေး သားအိပ်ပြီလား”

“အင်းခုမှအိပ်တာ”

“အဲ့တာဆိုညသွားကြစို့ ကိုယ် ဆာလှပြီ”

“ဘာစားချင်တာလဲ ရွှန်းလုပ်ပေးရမှာလား”

“အွန်း ကလေးလုပ်ပေးရမှာ”

ရီသဲ့သဲ့အကြည့်နဲ့ပြောလာတဲ့ဦးကြောင့် ရွှန်း သဘောပေါက်လိုက်ပြီး

“ဦးနော် ဘာဖြစ်နေတာလဲ”

“ကလေးကကွာ သားလေးနားဘဲကပ်နေတာ ဦးက အမြဲ သူ့အလစ်ချောင်းနေရတာ”

“ဦးကလည်း”

“သားကို ဦးကပိုချစ်မှာလေး ဘာလေးနဲ့ ဦးရွှန်းနားမကပ်မှာဆိုးတာတဲ့ အခုကျ ကလေးကဘဲ ဦးနားက ခွါပြီး သားနားဘဲ ကပ်နေတာ”

“ဒါကတော့”

“တော်ပီ မသိချင်ဘူး”

စိတ်ဆိုးပြီး အခန်းထဲက ထွက်သွားတဲ့ဦး ဒီဦးဟာလေ အသက်ကြီးလာလေလေ ပိုပြီး စိတ်ဆိုးလာလေလေဘဲ

“ဦးလို့ ခနနေဦး”

“မနေနိုင်တော့ဘူးလာတော့”

ပွေချီပြီးတာနဲ့ ဦးခေါ်ဆောင်ရာ ကမ္ဘာငယ်လေးကို ရောက်သွားတဲ့ ရွှန်းလေး

~~~~~~~~~~~~

“ကိုကြီးရေ ကိုကြီး”

“ဘာလဲ မနက်စောကြီးထဲက အိမ်ကိုဘဲ လာနေတာ”

“ဟာ ကိုယ့်အိမ်ကိုလာလို့မရဘူးလား”

“ပြောပြောဘာလဲ”

“သဘက်ခါ နယ်ဘက်ဆင်းမလို့”

“ဘာကိစ်စလဲ”

“သူငယ်ချင်းတွေနဲ့လေ ဘုရားထီးတင် လိုက်မလို့”

“ဘယ်နေရာတုန်း”

“မုံရွာရဲ့ဟိုဘက်မှာ နဲနဲချောင်ကျတယ်”

“ဦး ရွှန်းတို့ရော လိုက်ကြမလားဟင် သားမွေးပြီးထဲက ဘယ်မှ မသွားဖြစ်ဘူး အခုကုသိုလ်ရေးဆိုတော့

ရွှန်းတို့လည်း လှူကြတာပေါ့”

မိန်းမဖြစ်သူစကားဆို ပယ်မချတက်တဲ့ အစ်ကိုဖြစိသူကတော့

“ဟုတ်ပီ ကလေးသဘော ဇွဲ မင်းစီစဉ်ပေးဦး”

“စိတ်ချပါ ကိုကြီးရဲ့”

ဒီမိသားစုလေးနဲ့သွားရမှာမို့ ဇွဲတစ်ယောက်ပျော်

နေသည်။ အစ်ကိုဖြစ်သူအိမ် ခနခန သွားနေရတာလည်း နွေးထွေးလွန်း ကလေးသံတွေနဲ့ရော သယာလွန်းတဲ့ အငွေ့အသက်ကို ဇွဲတကယ်သဘောကျတာမို့

တစ်ခါလေ ကိုကြီးတို့ကို ကြည့်ပြီး မိန်းမယူချင်ပေမယ့် ကိုယ့် စိတ်ထဲလည်း မိန်းမတွေကို အပျော်ကစားယုံလောက်လို့ သက်မှတ်ထားတာ

ငါချစ်တဲ့မိန်းကလေးဆိုတာ ဒီကမ္ဘာမှာ မရှိဘူး ငါကိုချစ်တဲ့မိန်းမတွေဘဲရှိစေရမယ်

ကြိမ်းဝါးနေတဲ့ ဇွဲမဟာသွေးလေး ခရာလေးနဲ့ ဘယ်လိုအကြောင်းဖန်မလဲဆိုတာ

Season 2 ဘီလီယံတာသူဌေးလေးရဲ့အသဲ

ဇွဲတို့အတွဲလေး(စ/ဆုံး)ရနေပါပြီ

မှာ ဇွဲတို့ ဇာတ်လမ်းလေးကို ဧည့်သည် သရုပ်ဆောင် တော်တော်များများ ဝတ္ထုလေးတွေထဲက ဇာတ်ကောင်လေးတွေ ပါဝင်မှာမို့ Season 2လေးရပါပြီ

📚 ဘီလီယံနာသူဌေးလေးရဲ့အသဲSeason (2)
9.2သောင်းစာလုံး · အခြားဝတ္ထုများ အသေးစိတ်ကြည့် ›
« ရှေ့အခန်း - အပိအပိုင်း(၂၆) နောက်ဆုံးအခန်းဖြစ်ပြီး

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ